Khin
ခရက်ဒစ်
ယူနီကုတ်
ကိုယ့်ကို မုန်းနေတဲ့ သူတွေဆီကနေ သင်ယူနိုင်မယ့် ဘဝတိုးတက်ကြောင်း သင်ခန်းစာ(၄)ခု
တစ်ချို့လူတွေက ကိုယ့်ကိုယ် နေရင်းထိုင်ရင်း ကြည့်မရ တာတွေ ရှိသလို၊ ကိုယ်တောင် မသိလိုက်ခင်မှာ ကိုယ့်ကိုယ်မုန်းနေတဲ့ သူတစ်ချို့ကလည်း ရှိလု့ိနေ ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ် မုန်းနေတဲ့ သူတွေအတွက် စိတ်ဆင်းရဲ ဝမ်းနည်းနေလား။
ဒါဆိုရင်တော့ သင်ရွေးချယ်တဲ့ လမ်းကြောင်း မှားယွင်းနေ ပြီနော်။ သင်မှတ်ထား ရမှာက လူတိုင်းက ကိုယ့်ကိုယ် ချစ်မနေနိုင်ဘူး ဆိုတာ ပါပဲ။
ဘဝမှာ ကိုယ့်ကိုယ် ချစ်တဲ့ လူတွေ ရှိသလို၊ ကိုယ့်ကိုယ် မုန်းနေတဲ့ သူတွေလည်း ရှိနေနိုင် တာပဲလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ် မုန်းနေတဲ့ သူတွေဆီကနေ ဒီလို ခွန်အားမျိုး ကို ရယူတတ် တာက သင့်အတွက် အမြတ်ပဲ ဖြစ်ပါ တယ်။
မြှင့်မားတဲ့ နေရာကိုရောက်ဖို့ တွန်းအားအဖြစ် အသုံးချပါ
ကိုယ့်ကိုယ် မုန်းနေတဲ့ သူတွေ၊ ကြည့်မရတဲ့ သူတွေက ကိုယ့််ရဲ့ ကျရှုံးခြင်းကို စောင့်ဆိုင်းနေကြတယ်ဆိုတာ မမေ့ပါနဲ့။ သူတို့တွေ ပျော်ရွှင်ဖို့အတွက် သင့်ကိုယ်သင် အရှုံးပေးလိုက်လို့ မဖြစ်ဘူးနော်။ သူ့တို့အမုန်းတွေက သင့်အတွက် အားဆေး တစ်ခွက် ဖြစ်လာအောင်ပဲ ဖန်တီးရမှာ။
သူ့တို့တွေ သင့်ကို မရစေချင်တဲ့ အရာတွေကို သင်ရအောင် ယူပြရမှာ ဒါမှ သူတို့ရဲ့ ပြိုင်ဆိုင် လိုစိတ်၊ မနာလို မုန်းတီး စိတ်တွေကို သင်က ချိုးပစ် နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ သူတို့ရဲ့ အမုန်းတွေအတွက် ဝမ်းနည်းစိတ်ညစ်မနေပဲ ပိုမြှင့်မားတဲ့ နေရာကိုရောက်ဖို့ တွန်းအားအဖြစ် အသုံးချ လိုက်ပါ။
ကိုယ့်ကိုယ်မုန်းတဲ့သူတွေဆီကနေ သင်ခန်းစာယူပါ
တစ်စုံတစ်ယောက်ကို ဘာ အကြောင်းပြချက်မှ မရှိပဲ မနာလို မုန်းတီးနေရာ တာဟာ တကယ်တမ်းမှာတော့ အရမ်းပင်ပန်းပါတယ်။ အဲဒီ့လူက ဘာမှမဖြစ်ပေမယ့် မုန်းတီးနေသူရဲ့ စိတ်ထဲ မှာတော့ တစိမ့်စိမ့်နဲ့ ကိုယ့်ကိုယ်ကို လောင်မြိုက်နေစေ ပါတယ်နော်။
ဒါကြောင့် ကိုယ့်ကိုယ် မုန်းတီးနေတဲ့ သူတွေကို ကြည့်ပြီး ဒါဟာ တကယ့်ကို ဆိုးဝါးတဲ့ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့အရာ ပါလားဆိုတဲ့ သင်ခန်းစာကို ရယူ တတ်ဖို့ လို ပါတယ်။ သူတို့တွေ ဆီကနေ တစ်ခြားတစ်ယောက်ကို မမုန်းဖို့၊ မနာလို မဖြစ်မိ ဖို့ကို သင်ယူနိုင် ပါတယ်။
အပြုံးကို အမြဲချိတ်ဆွဲထားပါ
ကိုယ့်ကိုယ် မုန်းတီးနေသူတွေကို ဘယ်လိုတုံ့ပြန် ရမလဲ ဆိုတာကို ခေါင်းခြောက်ခံပြီး စဉ်းစား မနေပါနဲ့။ သင့်ရဲ့ မျက်နှာမှာ အပြုံးကို ချိတ်ဆွဲ ထားလေလေ သူတို့ကို အနိုင်ယူ နိုင်လေ ပါပဲ။
ကိုယ့်ရဲ့ပျော်ရွှင်မှုတွေက သူတို့ရဲ့ အမုန်းတွေကို ကောင်းကောင်းကြီး အနိုင်ယူ နိုင်ပါ တယ်။ ဘဝမှာ စိတ်ကောင်းလေးမွေးပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့က အဓိက ကျပြီးတော့ ဘယ်လို အခက်ခဲမျိုး လာလာ ကိုယ်က အပြုံးမပျက် ရင်ဆိုင်ရဲတယ် ဆိုတာကို မနာလို မုန်းတီး သူတွေ တွေ့မြင်စေ လိုတာ ဖြစ်ပါတယ်။
အရင်ကထက် ပိုကြိုးစားပါ
ဘဝဆိုတာက အမြဲတမ်း မတူညီတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေ ရတာဖြစ်ပြီး တိုက်ပွဲတိုင်းအတွက် ကိုယ်က အဆင်အသင့်ဖြစ်နေဖို့ လိုပါတယ်။ ဒီလိုဖြစ်နေဖို့ ဆိုရင် ပိုကြိုးစားဖို့ လိုအပ်ပါတယ်။
ကိုယ့်ကိုယ် အထင်သေးနေတဲ့သူတွေ၊ မနာလိုတဲ့ သူတွေ အတွက်လည်း ကိုယ်ဟာ အရင်ကထက် ပိုကြိုးစားဖို့ လိုအပ် ပါတယ်။ ကိုယ့်ရဲ့ ဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေထိုင်ခြင်းက ဒီပြိုင်ပွဲမှာ သင်ဝင်ပြိုင်စရာမလိုပဲ အနိုင်ရတာပဲ ဖြစ်ပါတယ်။
Khin
No Comments