သူမ်ားေတြရဲ႕ အျမင္နဲ႔ မေနထိုင္ပဲ ကိုယ့္ျဖစ္တည္မႈကို ခ်စ္တတ္လာဖုိ႔ သိထားသင့္တဲ့ အခ်က္မ်ား - Amawpyay

သူမ်ားေတြရဲ႕ အျမင္နဲ႔ မေနထိုင္ပဲ ကိုယ့္ျဖစ္တည္မႈကို ခ်စ္တတ္လာဖုိ႔ သိထားသင့္တဲ့ အခ်က္မ်ား

သူမ်ားေတြရဲ႕ အျမင္နဲ႔ မေနထိုင္ပဲ ကိုယ့္ျဖစ္တည္မႈကို ခ်စ္တတ္လာဖုိ႔ သိထားသင့္တဲ့ အခ်က္မ်ား
Knowledge

သူမ်ားေတြရဲ႕ အျမင္နဲ႔ မေနထိုင္ပဲ ကိုယ့္ျဖစ္တည္မႈကို ခ်စ္တတ္လာဖုိ႔ သိထားသင့္တဲ့ အခ်က္မ်ား

လူတစ္ေယာက္ဟာ တစ္ျခား လူတစ္ေယာက္ အတြက္ထက္ ကိုယ္ကိုယ္တုိင္ အတြက္္ ႐ွင္သန္ျဖစ္တည္ေနဖို႔က အေရး အႀကီးဆံု းပါ။

တစ္ျခားသူေတြရဲ႕ အျမင္ေတြ၊ တစ္ျခားသူေတြရဲ႕ စကားသံေတြကို အရင္ဆံုး နားမေထာင္ၾကည့္ ခင္ ကိုယ့္ရင္ထဲဲက လာတဲ့ စကားသံေတြနဲ႔ ကိုယ့္ရဲ႕အျမင္ေတြကို သတိထားၾကည့္ဖုိ႔ လုိအပ္ ပါတယ္ေနာ္။

ဒီေတာ့ သူမ်ားေတြရဲ႕ အျမင္ေတြနဲ႔ မေနထိုင္ပဲ ကို္ယ္တုိင္ရဲ႕ ျဖစ္တည္မႈေလးကို လက္ခံၿပီး ခ်စ္တတ္လာဖို႔ ဒီ အခ်က္ေလးေတြနဲ႔ ကိုယ့္ကိုယ္ကို္ စတင္ၾကည့္ လုိက္ပါ။

အေကာင္းဆံုး ႐ွင္သန္ပါ

ဘဝႀကီးက နိမ့္တစ္ခါ ျမင့္တစ္လွည့္္ အခ်ိဳးအေကြ႔ေတြ လည္း အမ်ားသား မဟုတ္လား။ အျမဲတမ္း ေအာင္ျမင္ေပ်ာ္႐ႊင္ မေနသလုိ အျမဲတမ္း လည္း က်႐ံႈးဝမ္းနည္း မေနတတ္ ပါဘူး။ ဒါေၾကာင့္မို ႔လို႔ ဘဝမွာ အေကာင္းဆံုးေတြ ပဲ ပိုင္ဆုိင္ခ်င္ ရင္ေတာ့ အေကာင္းဆံုး ႐ွင္သန္ေန ဖို႔ပဲ လုိပါ တယ္။

ဘယ္သူ႔ အတြက္မွ အေကာင္းဆံုး ႐ွင္သန္ျပေနတာ မဟုတ္ပဲ ကိုယ္ကိုယ္တုိင္ အတြက္ အေကာင္းဆံုး ႐ွင္သန္ေနဖို႔ လုိတာပါ။ ဘဝမွာ ဘယ္လုိ အတားအဆီး အခက္အခဲပဲ ၾကံဳေန ပါေစ အေကာင္းဆံုး႐ွင္သန္မယ္လုိ႔ ေတြးမိ႐ံုနဲ႔ တင္ သင့္အတြက္ အေကာင္းဆံုးေတြ ပဲ ျဖစ္လာဖို႔ ကိုယ္တုိင္လမ္းစ ဖြင့္လိုက္တာပါပဲ။

ကိုယ့္ကိုယ္ကို အလွဆံုးျဖစ္ေအာင္ေနပါ

မိန္းကေလး တစ္ေယာက္ အလွေတြျပင္ေနတယ္၊ အျမဲတမ္း လွပေက်ာ့႐ွင္းေအာင္ ေနေနတယ္ ဆုိတာ တစ္စံုတစ္ေယာက္ရဲ႕ စိတ္ဝင္စားမႈကို ရခ်င္လုိ ႔မဟုတ္သလုိ တစ္ျခား သူေတြရဲ႕ ဂ႐ုစိုက္အေလး ထားျခင္းကို ခံခ်င္ လုိ႔လည္း မဟုတ္ ပါဘူး။

ကိုယ္ကိုယ္တုိင္ အတြက္ အလွေတြျပင္ေန တာျဖစ္ၿပီး ဒါက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပို႐ွိၿပီး စိတ္ခ်မ္းသာလုိ႔ ဘယ္သူေတြက လွတယ္ေျပာေျပာ မေျပာေျပာ လွေအာင္ေနဖို႔က ကိုယ့္ရဲ႕အလုပ္ျဖစ္ၿပီး

ကိုယ့္ရဲ႕ျဖစ္တည္ မႈေလးကို ခ်စ္တတ္တဲ့ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္တုိင္အတြက္ အလွဆံုးျဖစ္ေအာင္ ေနပါ။

စိတ္ထားေကာင္ေလး ေမြးျမဴပါ

ဘဝဆိုတာ တကယ္တမ္းေတာ့ ႐ိုး႐ွင္းပါတယ္ ဘဝႀကီးထဲမွာ က်င္လည္ၾကတဲ့ လူေတြကသာ ႐ႈပ္ေထြးေနတတ္္ၾကတာပါ။ လူတုိင္းက စိတ္ထားမေကာင္း ႏုိင္သလုိ စိတ္ဓာတ္ သိမ္ဖ်င္းတဲ့ လူေတြလည္း ေလာကႀကီး ထဲမွာ ဒုနဲ႔ေဒး ပါပဲ။

ဒီလုိ ႐ႈပ္ေထြးမႈေတြကို အႏုိင္လုိခ်င္ ရင္ေတာ့ စိတ္ထားေကာင္းေလး ေမြးျမဴပါ။ ကိုယ့္ရဲ႕ျဖစ္တည္မႈကိုခ်စ္တယ္၊ ကိုယ့္ကိုယ္ကို တန္ဖိုးထား တယ္ဆုိရင္ ပိုတန္ဖိုးျမွင့္တဲ့ လူျဖစ္ေအာင္

စိတ္ထားေကာင္းေလး ေမြးျမဴသင့္ပါတယ္ေနာ္။ လူတုိင္းက စိတ္ထား မေကာင္းနိုင္ေပမယ့္ ႐ွားပါးတဲ့ စိတ္ထားေကာင္းေလးကို ကိုယ့္ဆီမွာ ေမြးျမဴၾကည့္ပါ။ ဒါက တန္ဖိုးျဖတ္မရပါဘူးေနာ္။

အတိတ္ထဲဲမွာပဲ တဝဲလည္မေနပါနဲ႔

လူတုိင္းမွာ အတိတ္ဆိုတာ ႐ွိသလုိ ျပန္ျပင္လုိ႔လည္း မရႏုိင္ေတာ့တာ အတိတ္ေတြပါပဲ။ အဲဒီ႔ အတိတ္ေတြထဲမွာပဲ ကိုယ့္ကိုယ္ကို ေလွာင္ပိတ္ မေနမိ ပါေစနဲ႔။

ဘဝႀကီးမွာ ေ႐ွ႕ဆက္ရမယ့္ လမ္းေတြ အေတာ္ေလး မ်ားပါတယ္ ဒါေၾကာင့္ မွားခဲ့ ဖူးတဲ့ အတိတ္ေတြ၊ နာက်င္ခဲ့ ဖူးတဲ့ အတိတ္ေတြကို ရင္ဘတ္ တစ္ေနရာထဲဲ ျမဳပ္ၿပီး ေ႐ွ႕ကိုသာ ဆက္ေလွ်ာက္ပါ။ တကယ္လို႔ အတိတ္ ထဲမွာသာ တဝဲလည္ေနရင္ေတာ့ ေ႐ွ႕မေရာက္ပဲ ျဖစ္ေနတတ္ ပါတယ္။

က်႐ံႈးမႈေတြကို အိတ္ထဲသိမ္းၿပီး ေမွ်ာ္လင့္ခ်က္နဲ႔အတူ ခရီးဆက္ပါ

တစ္ခါတစ္ေလ က်႐ံႈးမယ္၊ တစ္ခါတစ္ေလ နာက်င္လြန္းလို႔ အ႐ံႈးေပးခ်င္္စိတ္ေတြ ေပၚလာမယ္ ဒါေပမယ့္ ကိုယ့္ကိုယ္ကို အ႐ံႈးေပး လုိက္လုိ႔ မျဖစ္ဘူး ဆိုတာကို နားလည္ ပါ။

အဲဒီ က်႐ံႈးမႈ ဆီကေန သင္ခန္းစာယူၿပီး က်႐ံႈးမႈကို အိတ္ထဲ သိမ္းၿပီး ေမွ်ာ္လင့္ခ်က္နဲ ႔အတူ ခရီးဆက္သင့္ ပါတယ္။ ဒါက သင့္ကိုသင္ အေကာင္းဆံုးဆီကိုေရာက္ေအာင္ ေခၚေဆာင္သြားေပးမွာပဲ ျဖစ္ပါတယ္။

Khin

Credit Aunty May

Unicode

သူများတွေရဲ့ အမြင်နဲ့ မနေထိုင်ပဲ ကိုယ့်ဖြစ်တည်မှုကို ချစ်တတ်လာဖို့ သိထားသင့်တဲ့ အချက်များ

လူတစ်ယောက်ဟာ တစ်ခြား လူတစ်ယောက် အတွက်ထက် ကိုယ်ကိုယ်တိုင် အတွက် ရှင်သန်ဖြစ်တည်နေဖို့က အရေး အကြီးဆုံ းပါ။

တစ်ခြားသူတွေရဲ့ အမြင်တွေ၊ တစ်ခြားသူတွေရဲ့ စကားသံတွေကို အရင်ဆုံး နားမထောင်ကြည့် ခင် ကိုယ့်ရင်ထဲက လာတဲ့ စကားသံတွေနဲ့ ကိုယ့်ရဲ့အမြင်တွေကို သတိထားကြည့်ဖို့ လိုအပ် ပါတယ်နော်။

ဒီတော့ သူများတွေရဲ့ အမြင်တွေနဲ့ မနေထိုင်ပဲ ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုလေးကို လက်ခံပြီး ချစ်တတ်လာဖို့ ဒီ အချက်လေးတွေနဲ့ ကိုယ့်ကိုယ်ကို စတင်ကြည့် လိုက်ပါ။

အကောင်းဆုံး ရှင်သန်ပါ

ဘဝကြီးက နိမ့်တစ်ခါ မြင့်တစ်လှည့်် အချိုးအကွေ့တွေ လည်း အများသား မဟုတ်လား။ အမြဲတမ်း အောင်မြင်ပျော်ရွှင် မနေသလို အမြဲတမ်း လည်း ကျရှုံးဝမ်းနည်း မနေတတ် ပါဘူး။ ဒါကြောင့်မို့လို့ ဘဝမှာ အကောင်းဆုံးတွေ ပဲ ပိုင်ဆိုင်ချင် ရင်တော့ အကောင်းဆုံး ရှင်သန်နေ ဖို့ပဲ လိုပါ တယ်။

ဘယ်သူ့ အတွက်မှ အကောင်းဆုံး ရှင်သန်ပြနေတာ မဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတွက် အကောင်းဆုံး ရှင်သန်နေဖို့ လိုတာပါ။ ဘဝမှာ ဘယ်လို အတားအဆီး အခက်အခဲပဲ ကြုံနေ ပါစေ အကောင်းဆုံးရှင်သန်မယ်လို့ တွေးမိရုံနဲ့ တင် သင့်အတွက် အကောင်းဆုံးတွေ ပဲ ဖြစ်လာဖို့ ကိုယ်တိုင်လမ်းစ ဖွင့်လိုက်တာပါပဲ။

ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင်နေပါ

မိန်းကလေး တစ်ယောက် အလှတွေပြင်နေတယ်၊ အမြဲတမ်း လှပကျော့ရှင်းအောင် နေနေတယ် ဆိုတာ တစ်စုံတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရချင်လို့မဟုတ်သလို တစ်ခြား သူတွေရဲ့ ဂရုစိုက်အလေး ထားခြင်းကို ခံချင် လို့လည်း မဟုတ် ပါဘူး။

ကိုယ်ကိုယ်တိုင် အတွက် အလှတွေပြင်နေ တာဖြစ်ပြီး ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိပြီး စိတ်ချမ်းသာလို့ ဘယ်သူတွေက လှတယ်ပြောပြော မပြောပြော လှအောင်နေဖို့က ကိုယ့်ရဲ့အလုပ်ဖြစ်ပြီး

ကိုယ့်ရဲ့ဖြစ်တည် မှုလေးကို ချစ်တတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်တိုင်အတွက် အလှဆုံးဖြစ်အောင် နေပါ။

စိတ်ထားကောင်လေး မွေးမြူပါ

ဘဝဆိုတာ တကယ်တမ်းတော့ ရိုးရှင်းပါတယ် ဘဝကြီးထဲမှာ ကျင်လည်ကြတဲ့ လူတွေကသာ ရှုပ်ထွေးနေတတ်ကြတာပါ။ လူတိုင်းက စိတ်ထားမကောင်း နိုင်သလို စိတ်ဓာတ် သိမ်ဖျင်းတဲ့ လူတွေလည်း လောကကြီး ထဲမှာ ဒုနဲ့ဒေး ပါပဲ။

ဒီလို ရှုပ်ထွေးမှုတွေကို အနိုင်လိုချင် ရင်တော့ စိတ်ထားကောင်းလေး မွေးမြူပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကိုချစ်တယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား တယ်ဆိုရင် ပိုတန်ဖိုးမြှင့်တဲ့ လူဖြစ်အောင်

စိတ်ထားကောင်းလေး မွေးမြူသင့်ပါတယ်နော်။ လူတိုင်းက စိတ်ထား မကောင်းနိုင်ပေမယ့် ရှားပါးတဲ့ စိတ်ထားကောင်းလေးကို ကိုယ့်ဆီမှာ မွေးမြူကြည့်ပါ။ ဒါက တန်ဖိုးဖြတ်မရပါဘူးနော်။

အတိတ်ထဲမှာပဲ တဝဲလည်မနေပါနဲ့

လူတိုင်းမှာ အတိတ်ဆိုတာ ရှိသလို ပြန်ပြင်လို့လည်း မရနိုင်တော့တာ အတိတ်တွေပါပဲ။ အဲဒီ့ အတိတ်တွေထဲမှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ် မနေမိ ပါစေနဲ့။

ဘဝကြီးမှာ ရှေ့ဆက်ရမယ့် လမ်းတွေ အတော်လေး များပါတယ် ဒါကြောင့် မှားခဲ့ ဖူးတဲ့ အတိတ်တွေ၊ နာကျင်ခဲ့ ဖူးတဲ့ အတိတ်တွေကို ရင်ဘတ် တစ်နေရာထဲ မြုပ်ပြီး ရှေ့ကိုသာ ဆက်လျှောက်ပါ။ တကယ်လို့ အတိတ် ထဲမှာသာ တဝဲလည်နေရင်တော့ ရှေ့မရောက်ပဲ ဖြစ်နေတတ် ပါတယ်။

ကျရှုံးမှုတွေကို အိတ်ထဲသိမ်းပြီး မျှော်လင့်ချက်နဲ့အတူ ခရီးဆက်ပါ

တစ်ခါတစ်လေ ကျရှုံးမယ်၊ တစ်ခါတစ်လေ နာကျင်လွန်းလို့ အရှုံးပေးချင်စိတ်တွေ ပေါ်လာမယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို အရှုံးပေး လိုက်လို့ မဖြစ်ဘူး ဆိုတာကို နားလည် ပါ။

အဲဒီ ကျရှုံးမှု ဆီကနေ သင်ခန်းစာယူပြီး ကျရှုံးမှုကို အိတ်ထဲ သိမ်းပြီး မျှော်လင့်ချက်နဲ့အတူ ခရီးဆက်သင့် ပါတယ်။ ဒါက သင့်ကိုသင် အကောင်းဆုံးဆီကိုရောက်အောင် ခေါ်ဆောင်သွားပေးမှာပဲ ဖြစ်ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …