(၁) ညှိနှိုင်းပါ
(၂) နားထောင်ပေးပါ
(၃) အလျော့ပေးပါ
(၄) အရွဲ့မတိုက်ပါနဲ့
ခရက်ဒစ်
ယူနီကုတ်
ရန်ဖြစ်နေတဲ့ အခြေအနေတွေကနေ ဘယ်လိုရုန်းထွက်မလဲ
Relationship တစ်ခု တည်ဆောက် မိပြီ ဆိုရင် ပျော်ရွှင်ရတဲ့ အချိန်တွေ ရှိသလို ပြဿနာတွေနဲ့ စိတ်ညစ်ရတဲ့အချိန်တွေ ဆိုတာလည်း ရှိပါ တယ်။
တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အကြောင်းအရာလေး တစ်ခုကနေလဲ ရန် အကြီးအကျယ် ဖြစ်သွား ရတာမျိုးတွေကြုံ ရတက် ပါတယ်။
သင်အခု လက်ရှိ ပိုင်ဆိုင် ထားတဲ့ အချစ်ရေးမှာ အမြဲလိုလိုပြဿနာတွေနဲ့ ပိတ်လှောင်မွန်းကျပ်နေ ရတယ်ဆို ရင်တော့ အခုပြောပြမယ့် အချက်တွေ လုပ်ဆောင်ကြည့်ဖို့ အကြံပြု ချင်ပါ တယ်။
(၁) ညှိနှိုင်းပါ
တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြောဆို ဆက်ဆံခြင်းက ပြဿနာတွေ တော်တော်များများ ကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်း တစ်ခုပါ။
ကိုယ်က ဘယ်လို အရာတွေ မကြိုက်ဘူးလဲ သူကရော ဘယ်အရာတွေ မကြိုက်ဘူ းလဲ စသည်ဖြင့် တစ်ယောက် မကြိုက်တဲ့ အချက်တွေ တစ်ယောက်ပြောပြပြီး ညှိနှိုင်းမယ် ဆိုရင် လက်ရှိအခြေအနေထက် ကောင်းမွန်တဲ့ ရလဒ် တစ်ခု ထွက်လာမှာ ဖြစ်ပါတယ် ။
(၂) နားထောင်ပေးပါ
စကားများ ရန်ဖြစ်ကြပြီ ဆိုရင် ကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင် မိကြတာ သဘာဝပါ။ ကိုယ်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အနိုင်မခံ အရှုံးမပေးချင်တဲ့ စိတ်တွေနဲ့ စကားနိုင်လု ကြတာမျိူး ရှိပါတယ်။
တကယ်တော့ တစ်ဖက်က ခံစားချက်မှာ ကိုယ်မမြင်နိုင်တဲ့ အရာတွေ ရှိနေတက် ပါတယ်။ ဒါကြောင့်ဒေါသစိတ်တွေ လျာ့ပြီး အရင်ဆုံး တစ်ဖက် ကလူရဲ့စကားတွေကို သေချာနားထောင်ပေးဖို့ အကြံပြု ချင်ပါတယ်။
(၃) အလျော့ပေးပါ
မိန်းကလေး အများစု ကတော့ အနိုင်လိုချင် စိတ် ကိုယ်ချစ်သူ အပေါ်ဆိုးချင်တဲ့ စိတ်တွေကြောင့် တော်ရုံ အလျော့ပေးမှာ မဟုတ် ပါဘူး။ ယောကျာ်းလေးတွေ ဘက်ကပဲ အလျော့ပေး ရမှာဖြစ် ပါတယ်။
တစ်ဘက်နဲ့ တစ်ဘက်ပြဿနာတွေကို ဆွဲဆန့်နေကြ မယ်ဆိုရင် အခြေအနေ ပိုမို တင်းမာ လာဖို့ပဲ ရှိပါတယ်။ တစ်ဖက်ကလျော့ရင် တစ်ဖက် ကလည်း သူအလိုလိုလျေ့ာ လာမှာပါ။ဒါကြောင့်ပြဿနာဖြစ်ပြီဆိုရင် အတက်နိုင်ဆုံး အလျော့ပေးဖို့အကြံပြုချင် ပါတယ်။
(၄) အရွဲ့မတိုက်ပါနဲ့
ငယ်ရွှယ်တဲ့ စုံတွဲတော်တော် များများ ပြဿနာဖြစ်ကြတဲ့ အခါ တစ်ယောက်ကို တစ်ယောက်အရွဲ့တိုက်ကြတာမျိုး လုပ်တက် ကြပါ တယ်။
တကယ်တော့ အရွဲ့တိုက်တယ် ဆိုတာ ပြဿနာကိုပြေလည် သွားဖို့ထက် ပြဿနာပိုကြီးဖို့ကို ဦးတည်နေပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကိုလည်း ဖြစ်စေ ပါတယ်။
ဒါကြောင့်ရန်ဖြစ်ရင် တစ်ယောက်ကို တစ်ယောက် အရွဲ့မတိုက်မိဖို့ ထိန်းချုပ် သင့်ပါတယ်။
No Comments