
ခရက်ဒစ်
ယူနီကုတ်
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်စေရန်နဲ့ ကောင်းမွန်တဲ့ အောင်မြင်ရေးလမ်းကြောင်းကို လျောက်လှမ်းနိုင်ဖို့အတွက် အချက် ၄ချက်
ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်း မရှိတာနဲ့ ယုံကြည်မှုပျောက်ဆုံးနေ တာဟာ ကျနော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အဓိက အချက်ဘဲ ဖြစ်ပါတယ်။ ငါဟာ ဉာဏ်တုံးတယ်၊ မိုက်မဲတယ်၊ အရည်အချင်းလည်း မရှိဘူး။
ငါနဲ့ ရွယ်တူတွေ အောင်မြင်မှု လမ်းကြောင်းကို လျောက်လှမ်းနေ ချိန်မှာ ငါဆိုတဲ့ ကောင်ကတော့ ဘယ်ကိုမှ မရောက်နိုင်သေးဘူး ဆိုတဲ့ ကိုယ့်ကိုကိုယ် ဝေဖန် တိုက်ခိုက်မှု တွေဟာ အကျိုးမဖြစ်စေတဲ့ အပြင် စိတ်ဓါတ်ကျ ဆင်းမှုနဲ့ စိတ်ကျရောဂါ ကိုပါ ခံစားရစေ နိုင်ပါ တယ်။
စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီး ဒဏ်တွေဟာ ကျနော်တို့ကို မူးယစ်ဆေးဝါးများနဲ့ အစားအသောက်ပိုင်း ဆိုင်ရာတွေကို အလွန်အကျွံ့ပြု မိစေခြင်း၊ ကိုယ့်ကိုကိုယ် ဒဏ်ရာအနာတရ များဖြစ်အောင် လုပ်မိစေခြင်း စတာတွေကို ဖြစ်ပေါ်လာစေနိုင် ပါတယ်။
ကျနော်တို့ တော်တော်များများ ယုံကြည်ထား တတ်ကြတာက ကိုယ့်ကိုကိုယ် ကြမ်းကြမ်းတမ်းတမ်းဝေဖန်ပစ်တင် မှုတွေပြုလုပ်မှ တိုးတက်မှုနဲ့ အောင်မြင်မှု လမ်းကြောင်းကို လျောက်လှမ် းနိုင်မယ်လို့ ထင်တတ်ကြ ပါတယ်။
ဒါပေမယ့် ဒီလို အပြုအမူတွေ ဟာ စိတ်ဖိစီးမှုတွေကို ပိုမိုဖြစ်စေတဲ့ အပြင် ကျနော်တို့ရဲ့ အောင်မြင်မှုလမ်းကြောင်းတွေ ကိုလည်း ဖျက်စီ းပစ်စေ ပါတယ်။
ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် တန်ဖိုး ထားတတ်စေရန်နဲ့ ကောင်းမွန်တဲ့ အောင်မြင်ရေး လမ်းကြောင်းကို လျောက်လှမ် းနိုင်ဖို့ အတွက် အချက် ၄ချက်ကို ဖော်ပြပေး လိုက်ပါ တယ်။
ကိုယ့်ကိုကိုယ် အားပေးပါ
ကျနော်တို့ ချစ်ခင်မြတ်နိုးရတဲ့ သူတွေ အခက်အခဲတွေ ကြုံတွေ့ရတဲ့ အခါ၊ စိတ်ဓါတ်ကျ ဆင်းမှုတွေကြုံတွေ့ရတဲ့ အခါ မျိုးမှာ စိတ်ဓါတ် မကျအောင်နဲ့
ဝမ်းနည်းပူဆွေး မှုတွေကို လျော့နည်းအောင် အားပေးနှစ်သိမ့်မ ှုတွေပြုလုပ် ကြသလို ကျနော်တို့ကိုယ်တိုင် အတွက်လည်း အားပေး နှစ်သိမ့်မှုတွေ ပြုလုပ်ရပါမယ်။
ကိုယ့်ကိုကိုယ် ဆိုးရွားတဲ့ အတွေးမျိုး ဝင်နေစေတာက အကောင်းဆုံး အနေအထားတွေကို ဖန်တီးဖို့ အကူအညီ မဖြစ်စေ ပါဘူး။
ကျရှုံးမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခါ ငါ အကောင်းဆုံးကြိုးစား ခဲ့တာဘဲ၊ ဒါဟာ ငါ့အတွက် အတွေ့အကြုံကောင်းတခု ဖြစ်တယ်။
ဒါကို အသုံးချပြီး အောင်မြင်မှုကို လှမ်းယူ နိုင်ရမယ် ဆိုတဲ့ အတွေးမျိုးက သာ အရှုံးကနေ ပြန်လည်ရုန်းထနိုင်စေ ပါလိမ့်မယ်။
ကိုယ်ချစ်ခင်ရတဲ့ သူတွေအကြောင်းတွေးပြီး အားအင်တွေရယူလိုက်ပါ
ကျနော်တို့ ချစ်ခင်ရတဲ့ သူတွေက ကျနော်တို့ကို ဘယ်လိုရှုမြင်လည်း ဆိုတာကို ပြန်တွေးကြည့်ပါ။ အဲဒီအခါမှာ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွေ့မြင်လာ ရပါ လိမ့်မယ်။
ကျနော်တို့ရဲ့ အစစ်အမှန် တန်ဖိုးကို သိရှိ နားလည်ပြီ ဆိုရင်တော့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ ကောင်းမွန်တဲ့ တွန်းအားတွေကို ခံစားမိ လာပါ လိမ့်မယ်။
ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို စာရင်းပြုစုကြည့်ပါ
သင်ဟာ ဘယ်လို လူ တယောက်ဖြစ်ပြီး ဘယ်လိုအရာတွေကို တန်ဖိုး ထားမြတ်နိုးတယ် ဆိုတာကို သိရှိနားလည် ဖို့လိုအပ် ပါတယ်။
ကိုယ့်ကိုကိုယ် သိရှိ နားလည်နိုင် ဖို့ အတွက် တတ်နိုင်သမျှ နည်းလမ်းတွေကို အသုံးချ ရပါ မယ်။ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိ နိုင်မှသာ ကိုယ့်ရဲ့ပျော်ရွှင်မ ှုအစစ်အမှန်ကို ခံစားလို့ရနိုင်မှာ ဘဲဖြစ် ပါတယ်။
သင်ဟာ လူသားတယောက်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့
လူဆိုတာ အရာရာမှာ ပြီးပြည့်စုံနိုင်ခြင်း မရှိ ပါဘူး။ ဘယ်လောက်ဘဲ ကြိုးစား ပါစေ ဖြစ်မလာနိုင်တာတွေ လည်း ရှိပါ တယ်။ အောင်မြင်မ ှုတွေကို ဆွတ်ခူး ရရှိ နိုင်သလို၊ ကျရှုံးမှု အတွေကိုလည်း ကြုံတွေ့လာ ရနိုင် ပါတယ်။
ဘယ်လို အနေအထားကို ဘဲကြုံတွေ့ ရပါစေ လူသား တယောက်ပီပီ ဖြစ်လာသမျှကို လက်ခံပေးပြီး ပျော်ရွှင်တတ်ဖို့ဘဲလို ပါတယ်။
ဒါကြောင့်မို့ လူသား တယောက်ဖြစ်တယ် ဆိုတာကို မမေ့ဖို့နဲ့ လူသား တယောက်ပီပီ လူ့ပတ်ဝန်းကျင်ကို တတ်စွမ်း သလောက် အကျိုးပြုနေထိုင် ဖို့ကို မမေ့ဖို့အတွက် လိုအပ် ပါတယ် ဆိုတဲ့ အကြောင်းကို ဖော်ပြပေး လိုက်ပါ တယ်။
No Comments