ညားျပီသြားျပီဆိုတဲ႔ အခါ ….အိမ္ခြဲေနလိုက္ပါ - Amawpyay

ညားျပီသြားျပီဆိုတဲ႔ အခါ ….အိမ္ခြဲေနလိုက္ပါ

ညားျပီသြားျပီဆိုတဲ႔ အခါ ….အိမ္ခြဲေနလိုက္ပါ
အခ်စ္ေရး

ညားျပီသြားျပီဆိုတဲ႔ အခါ ….အိမ္ခြဲေနလိုက္ပါ

လင္မယား ညားျပီးရင္္ မယားက လင္ေယာက္်ား ရဲ႕ အိမ္ကို လိုက္သြားႀကရတာ မ်ားပါတယ္

ဟုတ္ျပီ လင္ရဲ႕ အိမ္ကိုေရာက္ျပီ ေရာက္ကာစ ေယာက္ခမနဲ႔ ေခြ်းမ သိပ္အဆင္ေျပႀကတာ သမီးေလး သမီးေလး နဲ႔ ဟုတ္ႀက တယ္မလား ။အဲ့လို ညားကာစမွာ ေယာက္ခမ နဲ႔ ေခြ်းမ က သားအမိအရင္းလိုပဲ

အဲ့အခ်ိန္မွာ လင္က သူ႔မိန္းမအတြက္ စားစရာ ဝယ္လာတယ္၀တ္စရာ ဝယ္လာတယ္စသျဖင့္ ေခြ်းမအတြက္ သူ႔လင္ကဘာပဲ ဝယ္လာ ဝယ္လာလင္ရဲ႕ မိဘေတြက

ႀကည့္စမ္း လင္မယားေတြ ခ်စ္လိုက္ႀကတာ တို႔သား ကလည္း သူ႔မိန္းမကို ခ်စ္လိုက္တာ အရမ္း စသျဖင့္ညားကာစ မွာလင္က သူ႔မယားကို ခ်စ္တာကို ႀကည့္ျပီးမိိဘေတြ ပီတိျဖစ္ ႀကတာ ထံုးစံပါ

အဲ သို႔ေသာ္ သို႔ေသာ္ ႏွစ္ေတြ ႀကာလာတဲ့ အခါလည္း က်ေရာ လင္က သူ႔မယားအတြက္ ဘာပဲ ဝယ္လာ ဝယ္လာႀကည့္ ငါတို႔အတြက္က် မပါေတာ့ဘူး ငါတို ေ႔ေမြးလို႔ လူျဖစ္လာတဲ့ေကာင္က ဟင္းးးးး

အဲ့မွာ စေသျပီ …တအိမ္တည္း ေနျခင္းရဲ႕ ရလဒ္ကိုိ 3 ႏွစ္ 4 နွစ္ ေလာက္ကစျပီး ခံစားရျပီ …အဲ့ လင္ ႏွစ္ဖက္စလံုးကို ရေအာင္ ထိန္းေပေတာ့ မထိိန္းႏိုင္ ရင္ေတာ့ ပြဲႀကမ္းလာႏိုင္တယ္

မိန္းမအတြက္ ဘာပဲဝယ္လာ ဝယ္လာမိဘက လိုက္ႀကည့္ျပီး မေက်မနပ္ျဖစ္ျပီေဟာ မိဘအတြက္ ဘာပဲ ဝယ္လာ ဝယ္လာမယားက လိုက္ႀကည့္ျပီး တင္းျပီ

ႏွစ္ဖက္စလံုးအတြက္ အတူတူ ဝယ္လာရင္လဲ

ဥပမာ အေမ့အတြက္ရယ္ မိန္းမ အတြက္ရယ္ လဖက္ရည္ ႏွစ္ခြက္ဝယ္ လာတယ္ ဆိုပါစို႔ အေမကို အရင္သြားေပးရင္အေမက ေနာက္လက္တဖက္က လဖက္ရည္ ထုတ္ကို ႀကည့္ျပီး ေတြးျပီ

ႀကည့္ သူ႔မိန္းမကိုက် ရွယ္ဝယ္လာတယ္ငါ့ကိုက် ရိုးရိုး ဝယ္လာတယ္အဲ … အဲ့လို

သားက ေျပာမယ္ ဒီမွာ အေမ့အတြက္ လဖက္ရည္ ရွယ္ဝယ္လာတယ္ ဆိုရင္လည္း အေမက ေနာက္တထုတ္ကို လွမ္းႀကည့္ျပီး ေတြးျပန္ျပီ

ႀကည့္ သူ႔မိန္းမအတြက္က် လဖက္ရည္ထုတ္က အမ်ားႀကီးငါ့က် နည္းနည္းေလး လိုပဲ ။အဲ … အဲ့လို …အမွန္တကယ္က အတူတူပဲ ဝယ္လာတာ

ေဟာ မျပီးေသးဘူး အေမကို ေပးျပီး မယားကို သြားေပးေတာ့လည္း မယား က ေတြးျပန္တယ္

ႀကည့္ သူ႔အေမအတြက္က် မုန္႔ပါ ပါတယ္ထင္တယ္ ငါ့က်ေတာ့ လဖက္ရည္ ပဲ ဝယ္လာတယ္ အဲ… အဲ့လို

သေဘာက သင့္အေမေရာ သင့္မိိန္းမပါ သူတို႔ိ 2 ေယာက္စလံုးက သင္ဂရုစိုိက္တာ အသိအမွတ္ျပဳတာ ကို အျခားသူထက္ ပိုလုိခ်င္ႀကတာ

အခ်စ္ေပါ့ဗ်ာ တေယာက္ကလည္း သားအခ်စ္္ တေယာက္ကလည္း လင္အခ်စ္ အဲ့မွာ အဲ့ဒီလူ တဖက္ဖက္ကို ဦးစားေပးလိုိက္ရင္လည္း ေကယာမသ္ေန႔မွာ ရွင္းရအုန္းမယ္္

ဥပမာ အေမေက်နပ္ေအာင္ပဲ အေမ့အတြက္ခ်ည္းပဲ ဝယ္ေပးျပီး မိိန္းမကို ဂရုမစိုက္ရင္လည္း မျဖစ္ျပန္ဘူးေလ သူမ်ားသားသမီး ယူျပီးရင္ စိတ္ခ်မ္းသာေအာင္ ထားဖို႔လည္း လိုေသးတယ္ေလ

ေဟာ မိန္းမစိိတ္ခ်မ္းသာေအာင္ပဲထားျပီး မိိဘကို လွည့္မႀကည့္လို႔လဲ မရျပန္ဘူးေလ

အဲ့ေတာ့ တအိမ္ထဲမွာ ပဲ ေန ေနရင္္ မိိဘနဲ႔ မယား ႀကားထဲမွာ ဗ်ာမ်ားျပီး ႀကာေလ တိုင္ပတ္ေလ ျဖစ္သြားေရာ ။

သို႔ေသာ္ သို႔ေသာ္္ အိိမ္သီးသန္႔နဲ႔ ေနလိုက္ရင္္ မိဘကို ဘာပဲဝယ္ေပးေပး သင့္မိိန္းမ မသိဘူးေလ ။အဲ့လိုိပဲ သင့္မိန္းမကို ဘာပဲ ဝယ္ေပးေပး ဘယ္ေလာက္ပဲ ဂရုစိုိက္ စိုက္သင့္မိဘ မသိဘူးေလ

ဥပမာ သင့္အေမဆီကို လဖက္ရည္ ပါဆယ္ဝယ္ သြားမယ္ျပီးရင္ ေျပာလိုက္ အေမ့အတြက္ စပါယ္ရွယ္ဝယ္လာတာ လို႔

အကယ္၍ အေမက သားမိန္းမအတြက္ေရာ ဝယ္သြားအုန္းမွာလား လို႔ ေမးလာရင္ ခပ္ျပတ္ျပတ္ လိမ္ေပေတာ့ အဲ့ဒီမွာ လိိမ္တာ ခြ်င္းခ်က္မရွိပိုင္တယ္

ဘယ္လို လိမ္ရမလဲ ဆိုေတာ့

ဟာ အေမကလည္း သူ႔အတြက္ ဘာလို႔ဝယ္ ရမွာလဲ အေမက အသက္ႀကီးျပီ ေလ အေမ့ကိုပဲ ဦးစားေပးရမွာေပါ့ သူ႔ကိုေတာ့ ေနာက္ႀကံဳမွ ဝယ္ေပး လိုက္မယ္္

အဲ့လိုိ ေျပာလိုက္ရင္ သင့္အေမက ငါ့သား ငါ့ကို ဂရုစိုက္ပါလား ဆိုျပီး ခြတ္ရွီ ပဲ ဟုတ္တယ္မလား

အဲ ဟုတ္ျပီ အေမ့ဆီကေန မိန္းမအိမ္ ကိုျပန္ျပီ ျပန္ေတာ့ အခုနလိုပဲ လဖက္ရည္ ဝယ္သြားလိုက္

မိန္းမဆီေရာက္ရင္ ေရာ့ဒီမွာ ကိုယ့္အသည္းေလး အတြက္ စပါယ္ရွယ္ ဝယ္လာတာ

အဲ့အခ်ိန္ သင့္မိန္းမက ကိုယ့္အေမကိုေရာ ဝယ္ေပး လိုက္ေသးလား လို႔ ေမးလာရင္ ခပ္ျပတ္ျပတ္ လိမ္ေပေတာ့ ဘယ္လိုမ်ိဳး လိမ္ရမလဲ ဆိုေတာ့

ဟာ မိန္းမကလည္း ေနာက္က်ေနျပီေလ အခုခ်ိန္မွ ဝယ္ျပီး အေမ့ဆီ တေခါက္ဝင္ေနရင္ ဖယ္ရီ ဘယ္မွီေတာ့မလဲ ဒါ့ေႀကာင့္္ အသည္းအတြက္ပဲ ဝယ္လာ လိုက္တာ အေမ့ကို ေနာက္မွ ဝယ္ေပးေတာ့မယ္

အဲ့လို လိိမ္တာ လည္း ခြ်င္းခ်က္ မရွိ ပိုင္တယ္ ။အဲ့လို ေျပာလိုက္ေတာ့ မိိန္းမကလည္း ငါေယာက်ာ္း ငါ့ကို ဂရုစိုိက္ပါလား ဆိုျပီး ခြတ္ရွီပဲ ဟုတ္တယ္ မလား ။ အဲ အဲ့ဒါမ်ိဳးက အိိမ္သီးသန္႔နဲ႔ ေနမွ ရမယ့္ကိစၥမ်ိဳးပါ

တအိမ္တည္းမွာ ေနႀကရင္ေတာ့ အဲ့လို လိမ္ဂြင္လည္း လုပ္လို႔လည္း မရသလို အဲ့လိုမ်ိဳး မိဘေရာ မိန္းမ ပါ သင့္ကိုအခ်စ္တိုးေအာင္ လုပ္ဖို႔လည္းမလြယ္ပါ

တခုေတာ့ သတိေပးပါရေစ လင္မယား သီးသန္႔ေနျပီးရင္ လင္က မိမိရဲ႕ မိဘအိမ္ကို အနည္းဆံုး တေန႔ 2 ႀကိမ္ 3 ႀကိမ္ေလာက္ေတာ့ သြားျဖစ္ေအာင္ သြားဖို႔ အလြန္အင္မတန္ အေရးႀကီးပါတယ္

ဘာလို႔လဲဆိုေတာ့ သားေယာက်္ားေလးက မိမိ မိဘကို တသက္လံုး ေဖးမမႈ လုပ္ရမွာ မို႔လို႔ပါ ။အိမ္ေထာင္က်ျပီး သြားရင္လည္း မိဘကို ဆက္လက္ျပီး ဂရုတစိုက္္ လုပ္ေနရမွာပါ

ဒါ့ေႀကာင့္ အနည္းဆံုးတေန႔ 2 ႀကိမ္ 3 ႀကိမ္ေလာက္ မိဘအိမ္ကိုသြားျပီးမိဘရဲ႕ လိုအပ္ခ်က္ ဝတ္ႀကီးဝတ္ငယ္ ကိုျဖည့္ဆည္းေပး ရမွာပါ။ ဒါက လင္ေယာက်ာ္း လုပ္ရမယ့္ အေရးႀကီး တာဝန္တခု ကိုႀကားျဖတ္တင္ျပေပး တာပါ

ေနာက္တခု အိမ္သီးသန္႔နဲ႔ ေနရင္ သင္အိမ္ကိုျပန္ေရာက္ေတာ့ မိန္းမကို ေတြ႔တာနဲ႔ တန္းျပီး အာပြား ေပးလည္းအေႀကာင္း မဟုတ္ဘူးေလ ။ လင္မယား ႏွစ္ေယာက္တည္း ဆိုေတာ့ စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ေနလို႔ ရတယ္ေလ

အဲ့လို လင္မယားနွစ္ေယာက္ စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ေနတာ အရမ္းေကာင္း တယ္ေနာ္ အခ်စ္တိုးဖို႔ အေႀကာင္းခံ အမ်ားႀကီး ျဖစ္ႏိုင္တယ္

ေဟာ အိမ္တလံုးတည္းမွာ အကုန္စုေနေတာ့ ကိုိယ္က အိမ္ျပန္လာလို႔ ကိုယ့္မိန္းမကို အာပြားေပးခ်င္လည္း လူေတြနဲ႔ ဆိုေတာ့ မျဖစ္ျပန္

စသျဖင့္ စသျဖင့္ ေျပာ႐ရင္ေတာ့ post တအားရွည္ သြားလိမ့္မယ္ အခုေတာင္ မနည္းရွည္ေနျပီ ။ကဲ အခုေနာက္ဆံုး အေရးအႀကီးဆံုး အရာကို ေျပာပါေတာ့မယ္ လင္နဲ႔မယား လ်ာနဲ႔သြား ဆိုတာႀကားဖူးႀကမွာပါ

လင္မယား 2 ေယာက္ အိမ္သီးသန္႔နဲ႔ ေနတဲ့အခါ တေယာက္နဲ႔ တေယာက္ စကားမ်ား ရန္ျဖစ္ႀကတဲ့အခါ မေခၚမေျပာပဲ ဘယ္ေလာက္ပဲေနေန 1 ရက္ 2 ရက္ ေနာက္ဆံုး 3 ရက္ထက္မပိုပါဘူး

တေယာက္ေယာက္က အေႀကာင္းမရွိ အေႀကာင္းရွာျပီး စကားေျပာရင္းနဲ႔ ျပန္ျပီး ေျပလည္သြားႀကတာ မ်ားပါတယ္

အဲ … တအိမ္ထဲမွာစုေနတဲ့အခါ လင္နဲ႔မယား စကားမ်ားတဲ့အခါ မွာ 1 က်ပ္သား ျပႆနာ က 1 ပိႆာ ျပႆနာ ျဖစ္ျဖစ္သြားတတ္တယ္

ဘာလို႔လဲဆိုေတာ့ လင္မယား စကားမ်ားျပီဆိုရင္ ေယာက္ခမက သူ႔သားကို ေျပာမယ္ ငါ မေျပာခ်င္လို႔ ႀကည့္ေနတာ နင့္မယား လူပါးဝတာမ်ားေနျပီ

ေယာင္းမေတြ ရွိရင္ ေယာင္းမေတြကလည္း ေျပာမယ္ အကိုႀကီးမိန္းမကေလ မေျပာခ်င္ဘူး အကိုႀကီးမို႔လို႔ သည္းခံေနတာ မိိန္းမ မရွားပါဘူး အကိုႀကီးရယ္

အဲ … အဲ့လိုမၽိဳး ေညွာင့္ေပးလိုက္တဲ့အခါ လင္ျဖစ္သူက ေသြးနထင္ေရာက္သြားျပီး ေတာ္ရံု တန္ရံု နဲ႔ ျပီးရမယ့္ လင္မယား ျပႆနာ အေသးအမႊားကေန ဘယ္ေလာက္ႀကီးသြားလဲဆိုတာ ေနာက္ဆံုး ကြဲႀကျပဲႀကတဲ့အထိ ပါပဲ

အဲ့ဒါက အဆိုးဆံုးပါပဲ

မယံုရင္ လိုက္ေလ့လာႀကည့္ပါ ကြဲသြားႀကတဲ့ လင္မယားအမ်ားစု ေတြမွာ ေဘးလူေတြရဲ႕ ပေယာဂ အမ်ားႀကီး ပါပါတယ္

သို႔ေသာ္ အိိမ္တိုင္း အိမ္တိုင္းက လူတိုင္း လူတိုင္း ကိုေတာ့ မဆိုလိုပါ

တခ်ိဳ႕ေတြ ေကာင္းႀကပါတယ္ လင္မယား စကားမ်ားရင္ ေျပလည္သြားေအာင္ ႀကားဝင္ျဖန္ေျဖေပးတဲ့ မိဘ ေတြ ေယာင္းမ ေတြ လည္း ရွိႀကပါတယ္

အေကာင္းဆံုးကေတာ့ ကိုယ့္လင္မယား ျပႆနာ ကိုယ့္ဟာကိုယ္ ေျဖရွင္းႀကတာ အေကာင္းဆံုးနဲ႔ အျဖစ္သင့္ဆံုးပါ ႀကားလူ ပါမလာရင္ အခ်ိန္တန္ ေျပလည္သြားႀကတာခ်ည္းပါပဲ

အခုေလာက္ဆို အိမ္သီးသန္႔ေနျခင္းရဲ႕ အက်ိဳးရလဒ္ကို ခန္႔မွန္းႀကည့္လို႔ရပါျပီ

အခုလို လင္မယား အိမ္သီးသန္႔နဲ႔ေနဖို႔ိ တင္ျပေပးတာ အားလံုးစုေနတဲ့မိသားစု တကြဲတျပား ျဖစ္ေစခ်င္လို႔ိ တင္ျပျခင္း လံုးဝ လံုးဝ မဟုတ္ရပါ

လင္မယား ႏွစ္ေယာက္္ စိိတ္ခ်မ္းသာစြာနဲ႔ ဘဝကို အဓြန္႔ရွည္စြာ ျဖတ္သန္း ႏိုင္ဖို႔ ရည္ရြယ္ျပီး တင္ျပေပးတာပါ

ဒါ့ေႀကာင့္ သာသနာကလည္း လင္မယား ညားျပီဆိုရင္ မိဘအိမ္မွာ ေနတာထက္ လင္မယားႏွစ္ေယာက္ သီးသန္႔ေနဖို႔ကို ပိုမိုတိုက္တြန္းထားတာပါ

မယံုရင္ တတ္သိိနားလည္တဲ့ အာလင္မ္ပညာရွင္ေတြကို ေမးျမန္းႀကည့္ပါ

ဒီ POST က ဘယ္သူ႔ ဘယ္သူ႔ ကုိမွ မရည္ရြယ္ပါ တိုက္ဆိုင္မႈ ရွိရင္ ခြင္႔လႊတ္ပါ

အားလံုးပဲ သာယာခ်မ္းေျမ႕တဲ့ မိသားစု ဘဝကို ပိုင္ဆိုင္ ႏိုင္ႀကပါေစ

Credit to original writer

Unicode

ညားပြီသွားပြီဆိုတဲ့ အခါ ….အိမ်ခွဲနေလိုက်ပါ

လင်မယား ညားပြီးရင် မယားက လင်ယောက်ျား ရဲ့ အိမ်ကို လိုက်သွားကြရတာ များပါတယ်

ဟုတ်ပြီ လင်ရဲ့ အိမ်ကိုရောက်ပြီ ရောက်ကာစ ယောက်ခမနဲ့ ချွေးမ သိပ်အဆင်ပြေကြတာ သမီးလေး သမီးလေး နဲ့ ဟုတ်ကြ တယ်မလား ။အဲ့လို ညားကာစမှာ ယောက်ခမ နဲ့ ချွေးမ က သားအမိအရင်းလိုပဲ

အဲ့အချိန်မှာ လင်က သူ့မိန်းမအတွက် စားစရာ ဝယ်လာတယ်ဝတ်စရာ ဝယ်လာတယ်စသဖြင့် ချွေးမအတွက် သူ့လင်ကဘာပဲ ဝယ်လာ ဝယ်လာလင်ရဲ့ မိဘတွေက

ကြည့်စမ်း လင်မယားတွေ ချစ်လိုက်ကြတာ တို့သား ကလည်း သူ့မိန်းမကို ချစ်လိုက်တာ အရမ်း စသဖြင့်ညားကာစ မှာလင်က သူ့မယားကို ချစ်တာကို ကြည့်ပြီးမိဘတွေ ပီတိဖြစ် ကြတာ ထုံးစံပါ

အဲ သို့သော် သို့သော် နှစ်တွေ ကြာလာတဲ့ အခါလည်း ကျရော လင်က သူ့မယားအတွက် ဘာပဲ ဝယ်လာ ဝယ်လာကြည့် ငါတို့အတွက်ကျ မပါတော့ဘူး ငါတို ေ့မွေးလို့ လူဖြစ်လာတဲ့ကောင်က ဟင်းးးးး

အဲ့မှာ စသေပြီ …တအိမ်တည်း နေခြင်းရဲ့ ရလဒ်ကို 3 နှစ် 4 နှစ် လောက်ကစပြီး ခံစားရပြီ …အဲ့ လင် နှစ်ဖက်စလုံးကို ရအောင် ထိန်းပေတော့ မထိန်းနိုင် ရင်တော့ ပွဲကြမ်းလာနိုင်တယ်

မိန်းမအတွက် ဘာပဲဝယ်လာ ဝယ်လာမိဘက လိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ပြီဟော မိဘအတွက် ဘာပဲ ဝယ်လာ ဝယ်လာမယားက လိုက်ကြည့်ပြီး တင်းပြီ

နှစ်ဖက်စလုံးအတွက် အတူတူ ဝယ်လာရင်လဲ

ဥပမာ အမေ့အတွက်ရယ် မိန်းမ အတွက်ရယ် လဖက်ရည် နှစ်ခွက်ဝယ် လာတယ် ဆိုပါစို့ အမေကို အရင်သွားပေးရင်အမေက နောက်လက်တဖက်က လဖက်ရည် ထုတ်ကို ကြည့်ပြီး တွေးပြီ

ကြည့် သူ့မိန်းမကိုကျ ရှယ်ဝယ်လာတယ်ငါ့ကိုကျ ရိုးရိုး ဝယ်လာတယ်အဲ … အဲ့လို

သားက ပြောမယ် ဒီမှာ အမေ့အတွက် လဖက်ရည် ရှယ်ဝယ်လာတယ် ဆိုရင်လည်း အမေက နောက်တထုတ်ကို လှမ်းကြည့်ပြီး တွေးပြန်ပြီ

ကြည့် သူ့မိန်းမအတွက်ကျ လဖက်ရည်ထုတ်က အများကြီးငါ့ကျ နည်းနည်းလေး လိုပဲ ။အဲ … အဲ့လို …အမှန်တကယ်က အတူတူပဲ ဝယ်လာတာ

ဟော မပြီးသေးဘူး အမေကို ပေးပြီး မယားကို သွားပေးတော့လည်း မယား က တွေးပြန်တယ်

ကြည့် သူ့အမေအတွက်ကျ မုန့်ပါ ပါတယ်ထင်တယ် ငါ့ကျတော့ လဖက်ရည် ပဲ ဝယ်လာတယ် အဲ… အဲ့လို

သဘောက သင့်အမေရော သင့်မိန်းမပါ သူတို့ိ 2 ယောက်စလုံးက သင်ဂရုစိုက်တာ အသိအမှတ်ပြုတာ ကို အခြားသူထက် ပိုလိုချင်ကြတာ

အချစ်ပေါ့ဗျာ တယောက်ကလည်း သားအချစ် တယောက်ကလည်း လင်အချစ် အဲ့မှာ အဲ့ဒီလူ တဖက်ဖက်ကို ဦးစားပေးလိုက်ရင်လည်း ကေယာမသ်နေ့မှာ ရှင်းရအုန်းမယ်

ဥပမာ အမေကျေနပ်အောင်ပဲ အမေ့အတွက်ချည်းပဲ ဝယ်ပေးပြီး မိန်းမကို ဂရုမစိုက်ရင်လည်း မဖြစ်ပြန်ဘူးလေ သူများသားသမီး ယူပြီးရင် စိတ်ချမ်းသာအောင် ထားဖို့လည်း လိုသေးတယ်လေ

ဟော မိန်းမစိတ်ချမ်းသာအောင်ပဲထားပြီး မိဘကို လှည့်မကြည့်လို့လဲ မရပြန်ဘူးလေ

အဲ့တော့ တအိမ်ထဲမှာ ပဲ နေ နေရင် မိဘနဲ့ မယား ကြားထဲမှာ ဗျာများပြီး ကြာလေ တိုင်ပတ်လေ ဖြစ်သွားရော ။

သို့သော် သို့သော် အိမ်သီးသန့်နဲ့ နေလိုက်ရင် မိဘကို ဘာပဲဝယ်ပေးပေး သင့်မိန်းမ မသိဘူးလေ ။အဲ့လိုပဲ သင့်မိန်းမကို ဘာပဲ ဝယ်ပေးပေး ဘယ်လောက်ပဲ ဂရုစိုက် စိုက်သင့်မိဘ မသိဘူးလေ

ဥပမာ သင့်အမေဆီကို လဖက်ရည် ပါဆယ်ဝယ် သွားမယ်ပြီးရင် ပြောလိုက် အမေ့အတွက် စပါယ်ရှယ်ဝယ်လာတာ လို့

အကယ်၍ အမေက သားမိန်းမအတွက်ရော ဝယ်သွားအုန်းမှာလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ အဲ့ဒီမှာ လိမ်တာ ချွင်းချက်မရှိပိုင်တယ်

ဘယ်လို လိမ်ရမလဲ ဆိုတော့

ဟာ အမေကလည်း သူ့အတွက် ဘာလို့ဝယ် ရမှာလဲ အမေက အသက်ကြီးပြီ လေ အမေ့ကိုပဲ ဦးစားပေးရမှာပေါ့ သူ့ကိုတော့ နောက်ကြုံမှ ဝယ်ပေး လိုက်မယ်

အဲ့လို ပြောလိုက်ရင် သင့်အမေက ငါ့သား ငါ့ကို ဂရုစိုက်ပါလား ဆိုပြီး ခွတ်ရှီ ပဲ ဟုတ်တယ်မလား

အဲ ဟုတ်ပြီ အမေ့ဆီကနေ မိန်းမအိမ် ကိုပြန်ပြီ ပြန်တော့ အခုနလိုပဲ လဖက်ရည် ဝယ်သွားလိုက်

မိန်းမဆီရောက်ရင် ရော့ဒီမှာ ကိုယ့်အသည်းလေး အတွက် စပါယ်ရှယ် ဝယ်လာတာ

အဲ့အချိန် သင့်မိန်းမက ကိုယ့်အမေကိုရော ဝယ်ပေး လိုက်သေးလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ ဘယ်လိုမျိုး လိမ်ရမလဲ ဆိုတော့

ဟာ မိန်းမကလည်း နောက်ကျနေပြီလေ အခုချိန်မှ ဝယ်ပြီး အမေ့ဆီ တခေါက်ဝင်နေရင် ဖယ်ရီ ဘယ်မှီတော့မလဲ ဒါ့ကြောင့် အသည်းအတွက်ပဲ ဝယ်လာ လိုက်တာ အမေ့ကို နောက်မှ ဝယ်ပေးတော့မယ်

အဲ့လို လိမ်တာ လည်း ချွင်းချက် မရှိ ပိုင်တယ် ။အဲ့လို ပြောလိုက်တော့ မိန်းမကလည်း ငါယောကျာ်း ငါ့ကို ဂရုစိုက်ပါလား ဆိုပြီး ခွတ်ရှီပဲ ဟုတ်တယ် မလား ။ အဲ အဲ့ဒါမျိုးက အိမ်သီးသန့်နဲ့ နေမှ ရမယ့်ကိစ္စမျိုးပါ

တအိမ်တည်းမှာ နေကြရင်တော့ အဲ့လို လိမ်ဂွင်လည်း လုပ်လို့လည်း မရသလို အဲ့လိုမျိုး မိဘရော မိန်းမ ပါ သင့်ကိုအချစ်တိုးအောင် လုပ်ဖို့လည်းမလွယ်ပါ

တခုတော့ သတိပေးပါရစေ လင်မယား သီးသန့်နေပြီးရင် လင်က မိမိရဲ့ မိဘအိမ်ကို အနည်းဆုံး တနေ့ 2 ကြိမ် 3 ကြိမ်လောက်တော့ သွားဖြစ်အောင် သွားဖို့ အလွန်အင်မတန် အရေးကြီးပါတယ်

ဘာလို့လဲဆိုတော့ သားယောကျ်ားလေးက မိမိ မိဘကို တသက်လုံး ဖေးမမှု လုပ်ရမှာ မို့လို့ပါ ။အိမ်ထောင်ကျပြီး သွားရင်လည်း မိဘကို ဆက်လက်ပြီး ဂရုတစိုက် လုပ်နေရမှာပါ

ဒါ့ကြောင့် အနည်းဆုံးတနေ့ 2 ကြိမ် 3 ကြိမ်လောက် မိဘအိမ်ကိုသွားပြီးမိဘရဲ့ လိုအပ်ချက် ဝတ်ကြီးဝတ်ငယ် ကိုဖြည့်ဆည်းပေး ရမှာပါ။ ဒါက လင်ယောကျာ်း လုပ်ရမယ့် အရေးကြီး တာဝန်တခု ကိုကြားဖြတ်တင်ပြပေး တာပါ

နောက်တခု အိမ်သီးသန့်နဲ့ နေရင် သင်အိမ်ကိုပြန်ရောက်တော့ မိန်းမကို တွေ့တာနဲ့ တန်းပြီး အာပွား ပေးလည်းအကြောင်း မဟုတ်ဘူးလေ ။ လင်မယား နှစ်ယောက်တည်း ဆိုတော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေလို့ ရတယ်လေ

အဲ့လို လင်မယားနှစ်ယောက် စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေတာ အရမ်းကောင်း တယ်နော် အချစ်တိုးဖို့ အကြောင်းခံ အများကြီး ဖြစ်နိုင်တယ်

ဟော အိမ်တလုံးတည်းမှာ အကုန်စုနေတော့ ကိုယ်က အိမ်ပြန်လာလို့ ကိုယ့်မိန်းမကို အာပွားပေးချင်လည်း လူတွေနဲ့ ဆိုတော့ မဖြစ်ပြန်

စသဖြင့် စသဖြင့် ပြောရရင်တော့ post တအားရှည် သွားလိမ့်မယ် အခုတောင် မနည်းရှည်နေပြီ ။ကဲ အခုနောက်ဆုံး အရေးအကြီးဆုံး အရာကို ပြောပါတော့မယ် လင်နဲ့မယား လျာနဲ့သွား ဆိုတာကြားဖူးကြမှာပါ

လင်မယား 2 ယောက် အိမ်သီးသန့်နဲ့ နေတဲ့အခါ တယောက်နဲ့ တယောက် စကားများ ရန်ဖြစ်ကြတဲ့အခါ မခေါ်မပြောပဲ ဘယ်လောက်ပဲနေနေ 1 ရက် 2 ရက် နောက်ဆုံး 3 ရက်ထက်မပိုပါဘူး

တယောက်ယောက်က အကြောင်းမရှိ အကြောင်းရှာပြီး စကားပြောရင်းနဲ့ ပြန်ပြီး ပြေလည်သွားကြတာ များပါတယ်

အဲ … တအိမ်ထဲမှာစုနေတဲ့အခါ လင်နဲ့မယား စကားများတဲ့အခါ မှာ 1 ကျပ်သား ပြဿနာ က 1 ပိဿာ ပြဿနာ ဖြစ်ဖြစ်သွားတတ်တယ်

ဘာလို့လဲဆိုတော့ လင်မယား စကားများပြီဆိုရင် ယောက်ခမက သူ့သားကို ပြောမယ် ငါ မပြောချင်လို့ ကြည့်နေတာ နင့်မယား လူပါးဝတာများနေပြီ

ယောင်းမတွေ ရှိရင် ယောင်းမတွေကလည်း ပြောမယ် အကိုကြီးမိန်းမကလေ မပြောချင်ဘူး အကိုကြီးမို့လို့ သည်းခံနေတာ မိန်းမ မရှားပါဘူး အကိုကြီးရယ်

အဲ … အဲ့လိုမျိုး ညှောင့်ပေးလိုက်တဲ့အခါ လင်ဖြစ်သူက သွေးနထင်ရောက်သွားပြီး တော်ရုံ တန်ရုံ နဲ့ ပြီးရမယ့် လင်မယား ပြဿနာ အသေးအမွှားကနေ ဘယ်လောက်ကြီးသွားလဲဆိုတာ နောက်ဆုံး ကွဲကြပြဲကြတဲ့အထိ ပါပဲ

အဲ့ဒါက အဆိုးဆုံးပါပဲ

မယုံရင် လိုက်လေ့လာကြည့်ပါ ကွဲသွားကြတဲ့ လင်မယားအများစု တွေမှာ ဘေးလူတွေရဲ့ ပယောဂ အများကြီး ပါပါတယ်

သို့သော် အိမ်တိုင်း အိမ်တိုင်းက လူတိုင်း လူတိုင်း ကိုတော့ မဆိုလိုပါ

တချို့တွေ ကောင်းကြပါတယ် လင်မယား စကားများရင် ပြေလည်သွားအောင် ကြားဝင်ဖြန်ဖြေပေးတဲ့ မိဘ တွေ ယောင်းမ တွေ လည်း ရှိကြပါတယ်

အကောင်းဆုံးကတော့ ကိုယ့်လင်မယား ပြဿနာ ကိုယ့်ဟာကိုယ် ဖြေရှင်းကြတာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါ ကြားလူ ပါမလာရင် အချိန်တန် ပြေလည်သွားကြတာချည်းပါပဲ

အခုလောက်ဆို အိမ်သီးသန့်နေခြင်းရဲ့ အကျိုးရလဒ်ကို ခန့်မှန်းကြည့်လို့ရပါပြီ

အခုလို လင်မယား အိမ်သီးသန့်နဲ့နေဖို့ိ တင်ပြပေးတာ အားလုံးစုနေတဲ့မိသားစု တကွဲတပြား ဖြစ်စေချင်လို့ိ တင်ပြခြင်း လုံးဝ လုံးဝ မဟုတ်ရပါ

လင်မယား နှစ်ယောက် စိတ်ချမ်းသာစွာနဲ့ ဘဝကို အဓွန့်ရှည်စွာ ဖြတ်သန်း နိုင်ဖို့ ရည်ရွယ်ပြီး တင်ပြပေးတာပါ

ဒါ့ကြောင့် သာသနာကလည်း လင်မယား ညားပြီဆိုရင် မိဘအိမ်မှာ နေတာထက် လင်မယားနှစ်ယောက် သီးသန့်နေဖို့ကို ပိုမိုတိုက်တွန်းထားတာပါ

မယုံရင် တတ်သိနားလည်တဲ့ အာလင်မ်ပညာရှင်တွေကို မေးမြန်းကြည့်ပါ

ဒီ POST က ဘယ်သူ့ ဘယ်သူ့ ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ

အားလုံးပဲ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …