
ကိုယ့္ခံစားခ်က္ေတြနဲ႔ ထပ္တူက်တဲ့ ခ်စ္သူမ်ိဳးကို ပို္င္ဆိုင္ထားၿပီဆုိတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား
အခ်စ္က ႐ိုး႐ွင္းတယ္၊ ဆန္းျပားတယ္၊ အဓိပၸါယ္ သတ္မွတ္ရ ခက္သလုိ၊ မွန္းဆရ ခက္တဲ့အရာပါ။ ဘဝမွာ ကိုယ္ေ႐ြးခ်ယ္ လုိက္တဲ့ တစ္စံုတစ္ေယာက္ ဟာ ကိုယ္ရဲ႕ ခံစားခ်က္နဲ႔ ထပ္တူက်ဖို ႔လုိအပ္ၿပီး ကိုယ္နဲ႔ စိတ္သေဘာထားခ်င္း ကိုက္ညီ ဖုိိ႔လည္း လုိအပ္ ပါတယ္။
သင္လက္႐ွိ တြဲေနတဲ့ ခ်စ္သူက သင့္ရဲ႕ခံစားခ်က္ေတြနဲ႔ ထပ္တူက် မက် ဆုိိတာကို ဒီအခ်က္ေတြက ေဖာ္ျပေပးမွာ ျဖစ္ပါ တယ္။
နားလည္လြယ္တယ္
မတူညီတဲ့ လူႏွစ္ေယာက္ ေပါင္းစပ္ ဖုိ႔ရာ မ်ားစြာေသာ မတူညီခ်က္ေတြကို တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ေပးဖို႔ လိုအပ္ ပါတယ္။
ဒါမွ အဲဒီ ႔ဆက္ဆံေရးဟာ တည္ျမဲမွာ ျဖစ္ၿပီး အခ်စ္က ၾကာလာရင္ ေသြးေအး သြားႏုိင္ေပမယ့္ နားလည္မႈနဲ႔ တည္ေဆာက္ ထားတဲ့ ဆက္ဆံေရး ကေတာ့ အျမဲတမ္ းေႏြးေထြးေနတတ္ ပါတယ္ေနာ္။
ဒီလုိ ကိုယ့္အေပၚ အရာရာကို နားလည္ေပး ႏုိင္ၿပီး ကိုယ္ကလည္း သူ႔ရဲ႕လုိအပ္ ခ်က္ေတြကို နားလည္ေပးႏုိင္တဲ့ ဆက္ဆံံေရးမ်ိဳးးကို ပိုင္ဆုိင္ ထားရင္ေတာ့ သင္ဟာ ကံေကာင္းသူ တစ္ေယာက္ ပါေနာ္။
တစ္ေယာက္ရဲ႕ စကားကို တစ္ေယာက္ဂ႐ုစိုက္နားေထာင္ေပးတယ္
အခ်စ္ေရးမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ပြင့္ပြင့္လင္းလင္း တုိင္တုိင္ ပင္ပင္႐ွိဖုိ႔ အေရးႀကီးပ ါတယ္။ ကိုယ္ေျပာခ်င္တဲ့ စကား၊ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ဂ႐ုတစိုက္နားေထာင္ေပးမယ့္ ခ်စ္သူမ်ိဳးဟာ ခ်စ္သူစံုတြဲတုိင္းဆီမွာ ႐ွိမေန ပါဘူး။
ဒီလိုမ်ိဳး တစ္ေယာက္ရဲ႕ စကားကို တစ္ေယာက္ ဂ႐ုစိုက္ နားေထာင္ေပးတဲ့ အခါ သူ႔ကိုယ့္ကိုယ္ အေလးထားပါလား ဆိုတာကို ျမင္ေတြ ႔ႏုိင္ပါ တယ္။
ျပသနာေတြကို အတူတူ ေဝမွ်ေျဖ႐ွင္းတတ္တယ္
တစ္စံုတစ္ေယာက္ကို ခ်စ္မိတဲ့ အခါ အဲဒီ႔လူ ေပ်ာ္႐ႊင္ေနတာကိုပဲ ေတြ႔ျမင္ခ်င္ တတ္ၾက ပါတယ္တဲ့။ အခ်စ္မွာ တစ္ကိုယ္ေကာင္းဆန္မႈေတြ၊ အႏုိင္လုိ စိတ္ေတြ ႐ွိမေန ပါဘူး။
ဒါေၾကာင့္ ျပသနာတစ္ခုခု ျဖစ္လာခဲ့ရင္လည္း အတူတူေဝမွ်ေျဖ႐ွင္းေပး တတ္တာက အခ်စ္ရဲ႕ သေကၤတပါပဲ။ ကို္ယ့္ခ်စ္သူ စိတ္ညစ္ေနရင္ ကိုယ္လည္း မေပ်ာ္႐ႊင္ ႏုိင္သလို ကိုယ့္ခ်စ္သူ ဝမ္းသာေနရင္ ကိုယ္လည္း လုိက္ေပ်ာ္တတ္ တာက အခ်စ္ပါ။
မေဝဖန္တတ္ဘူး
ကိုယ္ခ်စ္လုိ႔ ေ႐ြးခ်ယ္ လုိက္ၿပီးတဲ့ သူတစ္ေယာက္ဟာ ဘာႀကီးပဲ ျဖစ္္ေနျဖစ္ေန အခ်စ္က မေျပာင္းလဲႏုိင္ ပါဘူး။ ဒီလုိမွ မဟုတ္ပဲ သူ႔ရဲ႕ လုိအပ္ခ်က္ေတြ၊ ခ်ိဳ႕ယြင္းခ်က္ေတြကို အျပစ္ျမင္ေနခဲ့တာ၊ ေဝဖန္တာေတြ ျပဳလုပ္ေန ခဲ့မယ္ ဆုိရင္ ဒါက အခ်စ္မစစ္ ႏုိင္ေတာ့ ပါဘူး။
တစ္ခါတစ္ေလမွာ လူေတြက အခ်စ္လို ႔ေခါင္းစဥ္တပ္ၿပီး ကိုယ္လိုခ်င္တဲ့ ပံုစံကိုရေအာင္ ပံုသြင္းခ်င္ၾကပါတယ္။
တစ္ေယာက္ရဲ႕ လုိအပ္ခ်က္ေတြကို တစ္ေယာက္က နားလည္ေပးၿပီး တစ္ေယာက္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ကို တစ္ေယာက္က လုိက္ျဖည့္ေပးျခင္း ကသာ ထပ္တူ က်တဲ့ ခ်စ္္ျခင္းမ်ိဳး ျဖစ္ပါတယ္။
Khin
Credit Aunty May
Unicode
ကိုယ့်ခံစားချက်တွေနဲ့ ထပ်တူကျတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားပြီဆိုတာ ဖော်ပြနေတဲ့ အချက်များ
အချစ်က ရိုးရှင်းတယ်၊ ဆန်းပြားတယ်၊ အဓိပ္ပါယ် သတ်မှတ်ရ ခက်သလို၊ မှန်းဆရ ခက်တဲ့အရာပါ။ ဘဝမှာ ကိုယ်ရွေးချယ် လိုက်တဲ့ တစ်စုံတစ်ယောက် ဟာ ကိုယ်ရဲ့ ခံစားချက်နဲ့ ထပ်တူကျဖို့လိုအပ်ပြီး ကိုယ်နဲ့ စိတ်သဘောထားချင်း ကိုက်ညီ ဖို့လည်း လိုအပ် ပါတယ်။
သင်လက်ရှိ တွဲနေတဲ့ ချစ်သူက သင့်ရဲ့ခံစားချက်တွေနဲ့ ထပ်တူကျ မကျ ဆိုတာကို ဒီအချက်တွေက ဖော်ပြပေးမှာ ဖြစ်ပါ တယ်။
နားလည်လွယ်တယ်
မတူညီတဲ့ လူနှစ်ယောက် ပေါင်းစပ် ဖို့ရာ များစွာသော မတူညီချက်တွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးဖို့ လိုအပ် ပါတယ်။
ဒါမှ အဲဒီ့ဆက်ဆံရေးဟာ တည်မြဲမှာ ဖြစ်ပြီး အချစ်က ကြာလာရင် သွေးအေး သွားနိုင်ပေမယ့် နားလည်မှုနဲ့ တည်ဆောက် ထားတဲ့ ဆက်ဆံရေး ကတော့ အမြဲတမ် းနွေးထွေးနေတတ် ပါတယ်နော်။
ဒီလို ကိုယ့်အပေါ် အရာရာကို နားလည်ပေး နိုင်ပြီး ကိုယ်ကလည်း သူ့ရဲ့လိုအပ် ချက်တွေကို နားလည်ပေးနိုင်တဲ့ ဆက်ဆံံရေးမျိုးးကို ပိုင်ဆိုင် ထားရင်တော့ သင်ဟာ ကံကောင်းသူ တစ်ယောက် ပါနော်။
တစ်ယောက်ရဲ့ စကားကို တစ်ယောက်ဂရုစိုက်နားထောင်ပေးတယ်
အချစ်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်တိုင် ပင်ပင်ရှိဖို့ အရေးကြီးပ ါတယ်။ ကိုယ်ပြောချင်တဲ့ စကား၊ ကိုယ့်ရဲ့ခံစားချက်တွေကို ဂရုတစိုက်နားထောင်ပေးမယ့် ချစ်သူမျိုးဟာ ချစ်သူစုံတွဲတိုင်းဆီမှာ ရှိမနေ ပါဘူး။
ဒီလိုမျိုး တစ်ယောက်ရဲ့ စကားကို တစ်ယောက် ဂရုစိုက် နားထောင်ပေးတဲ့ အခါ သူ့ကိုယ့်ကိုယ် အလေးထားပါလား ဆိုတာကို မြင်တွေ့နိုင်ပါ တယ်။
ပြသနာတွေကို အတူတူ ဝေမျှဖြေရှင်းတတ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိတဲ့ အခါ အဲဒီ့လူ ပျော်ရွှင်နေတာကိုပဲ တွေ့မြင်ချင် တတ်ကြ ပါတယ်တဲ့။ အချစ်မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အနိုင်လို စိတ်တွေ ရှိမနေ ပါဘူး။
ဒါကြောင့် ပြသနာတစ်ခုခု ဖြစ်လာခဲ့ရင်လည်း အတူတူဝေမျှဖြေရှင်းပေး တတ်တာက အချစ်ရဲ့ သင်္ကေတပါပဲ။ ကိုယ့်ချစ်သူ စိတ်ညစ်နေရင် ကိုယ်လည်း မပျော်ရွှင် နိုင်သလို ကိုယ့်ချစ်သူ ဝမ်းသာနေရင် ကိုယ်လည်း လိုက်ပျော်တတ် တာက အချစ်ပါ။
မဝေဖန်တတ်ဘူး
ကိုယ်ချစ်လို့ ရွေးချယ် လိုက်ပြီးတဲ့ သူတစ်ယောက်ဟာ ဘာကြီးပဲ ဖြစ်နေဖြစ်နေ အချစ်က မပြောင်းလဲနိုင် ပါဘူး။ ဒီလိုမှ မဟုတ်ပဲ သူ့ရဲ့ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်တွေကို အပြစ်မြင်နေခဲ့တာ၊ ဝေဖန်တာတွေ ပြုလုပ်နေ ခဲ့မယ် ဆိုရင် ဒါက အချစ်မစစ် နိုင်တော့ ပါဘူး။
တစ်ခါတစ်လေမှာ လူတွေက အချစ်လို့ခေါင်းစဉ်တပ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံကိုရအောင် ပုံသွင်းချင်ကြပါတယ်။
တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က နားလည်ပေးပြီး တစ်ယောက်ရဲ့ ချို့ယွင်းချက်ကို တစ်ယောက်က လိုက်ဖြည့်ပေးခြင်း ကသာ ထပ်တူ ကျတဲ့ ချစ်ခြင်းမျိုး ဖြစ်ပါတယ်။
Khin
No Comments