
အခ်စ္မရွိတဲ့ တစ္ေန႔ေသာအခါ – ရေဝႏြယ္ ( အင္းမ)
တစ္ခါတုန္းက ပရိယတၱိ ပဋိပတၱိ ကြၽမ္းက်င္တဲ့ ဆရာေတာ္ တစ္ပါး ရွိပါ တယ္။
ဆရာေတာ္က စာလည္း ခ်ပါတယ္၊ တရားလည္းေဟာ ပါတယ္၊ သံဃာ့ အဖြဲ႕အစည္းေတြ၊ ပရဟိတအဖြဲ႕အစည္းေတြ မွာလည္း ပါေနေတာ့ စည္းေဝးပြဲေတြ လည္း မၾကာခဏ တက္ေန ရပါတယ္။ ဆိုလိုတာကေတာ့ ေန႔စဥ္ အလုပ္မ်ားေနတဲ့ ဆရာေတာ္ ပါ။
တစ္ေန႔ေတာ့ ဆရာေတာ့္မွာ ႏွလုံးေရာဂါ ပုံစံမ်ိဳး ေရာဂါတစ္ခု ဝင္လာ ပါတယ္။ ဆရာဝန္ ျပၾကည့္ေတာ့ ဆရာဝန္က ဘာေျပာသလဲ ဆိုေတာ့ “ဆရာေတာ္ ႏွလုံးေရာဂါ ျဖစ္ခ်င္တဲ့ လကၡဏာပဲ ဘုရား၊
အဲဒါ ဆရာေတာ္ ဘာအလုပ္မွ မလုပ္ဘဲ တစ္လေလာက္ အနားယူေပး ပါဘုရား၊ စာလည္း မခ်ပါနဲ႔၊ တရားလည္း လိုက္မေဟာ ပါနဲ႔၊ သာေရးနာေရးေတြ လည္း မလိုက္ ပါနဲ႔၊
စိတ္ကိုလည္း အနားေပး၊ ႐ုပ္ကိုလည္း အနားေပးထား ပါဘုရား ” လို႔ ေလွ်ာက္ျပၿပီးေသာက္ ေဆးလည္း ေပးလိုက္ ပါတယ္။ ဆရာေတာ္ကလည္း ဆရာဝန္ေျပာတဲ့ အတိုင္းပဲ တစ္လအနားယူ လိုက္ပါ တယ္။
အဲဒီ တစ္လအတြင္း စာလည္း မခ်၊ တရားလည္း မေဟာ၊ သာေရးနာေရး လည္း မလိုက္ဘဲ ေနေနလိုက္ပါတယ္။ အဲဒီေတာ့ ဘာအလုပ္မွ မလုပ္ရေတာ့ အခ်ိန္ေတြက တအားပိုေန ပါတယ္။ တျခားဘာမွ လုပ္စရာမရွိ တာနဲ႔တရားပဲ ထိုင္အား ထုတ္ပစ္ေန လိုက္ပါ တယ္။
ဆရာေတာ္က တရားအား ထုတ္ရင္းနဲ႔ စိတ္ထဲမွာလည္း ေက်ေက်နပ္နပ္နဲ႔ ဝိပႆာနာ ဉာဏ္စဥ္ေလးေတြ ဝင္လာ ပါတယ္။ တစ္ေန႔ေတာ့ ဆရာေတာ္ရဲ႕ သူငယ္ခ်င္း ဆရာေတာ္ တစ္ပါး ႂကြလာ ပါတယ္။ ၾကြလာတာကေတာ့ လူနာေမးႂကြလာတာပါ။
စကားေတြေျပာၾကရင္းနဲ႔ ေရာဂါျဖစ္ေနတဲ့ ဆရာေတာ္က ဘာေျပာသလဲ ဆိုေတာ့
“ဆရာေတာ္ရယ္၊ တပည့္ေတာ္ ဒီေရာဂါျဖစ္လိုက္ေတာ့ စာလည္း မခ်ရ၊ တရားလည္း မေဟာရ၊ သာေရးနာေရးလည္း မလိုက္ရ ဆိုေတာ့ အခ်ိန္ေတြက ပိုေနတယ္ ဘုရား၊
တရားမွတ္ရင္းနဲ႔ ဉာဏ္စဥ္ေလးေတြ လည္း ထိုက္သင့္ သေလာက္ ဝင္လာေတာ့စိတ္ထဲမွာလည္း ေအးေအးခ်မ္းခ်မ္း ရွိလာတယ္ ဘုရား။
တပည့္ေတာ္ ဘယ္လို စဥ္းစားမိသလဲ ဆိုေတာ့ ငါ့ဒီေရာဂါသာ မျဖစ္ရင္ ဒီလို အားထုတ္ျဖစ္မွာ မဟုတ္ဘူး။ ေရာဂါျဖစ္လို႔ တရား အားထုတ္ျဖစ္တာလို ႔စဥ္းစားမိ တယ္ ဘုရား။ ၿပီးေတာ့ ေရာဂါျဖစ္တာေတာင္ ေက်းဇူးတင္ေန မိတယ္ ဘုရား” လို႔ ေလွ်ာက္ျပ ပါတယ္။
ဒီေတာ့ သူငယ္ခ်င္း အာဂႏၲဳဆရာေတာ္ ဘုရားက ဘာျပန္ေျပာသလဲ ဆိုေတာ့“ကပ္ႀကီးဆိုက္ေတာ့ လာဘ္ႀကီး တိုက္တာေပါ့”လို႔ ျပန္ေျပာလိုက္ ပါသတဲ့။
ေက်ာင္းထိုင္ ဆရာေတာ္ကလည္း အာဂႏၲဳဆရာေတာ္ေျပာတဲ့ “ကပ္ႀကီးဆိုက္ေတာ့ လာဘ္ႀကီး တိုက္တာေပါ့”ဆိုတဲ့စကားကို သိပ္သေဘာက် သြားပါ သတဲ့။ ဒါဟာ ေရာဂါေဝဒနာကဝိပသနာ ကုသိုလ္ျဖစ္ဖို႔ အတြက္ ေက်းဇူးျပဳ လိုက္တာပါ။ ေရာဂါ ျဖစ္တာကကို ေက်းဇူးတင္စရာ ျဖစ္သြာ းပါၿပီ။
တကယ္ေတာ့ ဝိပႆနာ တရားဟာ ေနရာတိုင္းမွာ အသုံးျပဳလို ႔ရေနတာ ပါ။ ဒါကကို အံ့ၾသစရာ ေကာင္းေနတာပါ။ ဒီလိုအျပဳအမူေလးေတြ ျပဳမူႏိုင္ဖို႔ ဆိုတာ ကလည္း ……ကိုယ့္မွာ တရားဗဟုသုတေလးေတြ ရွိမွပါ တရားဗဟုသုတ မရွိျပန္ရင္ လည္း ေအာ္လို႔ပဲ ၿငီးေနရ မွာပါ။ တရားဗဟုသုတေလးေတြ ရွိဖို႔ အလြယ္ကူဆုံး ကေတာ့ စာဖတ္တာ ပါပဲ။
ျပႆနာႀကဳံလာတဲ့အခါ ကိုယ္ဖတ္ထားတဲ့ အထဲက တရား ဗဟုသုတ ေလးေတြကို ျပန္ႏွလုံး သြင္းၿပီး က်င့္သုံး က်င့္သုံးသြားလို ႔ရပါ တယ္။
ကိုယ္သိထားတဲ့ ဗဟုသုတေလးေတြနဲ႔ လက္ေတြ႕ တစ္ခါ အသုံးခ်ၾကည့္ ျဖစ္တိုင္း ေတာ္ေတာ္ဟုတ္တဲ့ငါပါလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ သိပ္အားရ ေက်နပ္ ရတာ ပါ။
လူ႔ေလာကမွာ အပူျဖစ္စရာေတြ အမ်ားႀကီး ရယ္ပါ။ ကိုယ့္မွာ ႏွလုံးသြင္းစရာ တရားဗဟုသုတ တစ္ခုခု ရွိေနမွပါ။ မရွိရင္ သိပ္ပူေလာင္ ရတာပါ။
စာေရးသူကေတာ့ ႏွလုံးသြင္းစရာ တရား အသိေလးေတြ ရဖို႔ ေယာဆရာေတာ္ ဘုရား၊ ဆရာေတာ္ဦးေဇာတိက၊ ဘုန္းႀကီးဦးေဆကိႏၵ၊ ဦးဇင္းအရွင္ဆႏၵာဓိကတို႔ရဲ႕စာအုပ္ေတြ တရားေခြေတြကို အလုပ္တစ္ခုလိုကို သေဘာထားၿပီး ဖတ္ျဖစ္နာျဖစ္ ပါတယ္။
ဒီဆရာေတာ္ ဘုရားေတြက အျပင္မွာ လက္ေတြ႕ အသုံးခ်လို႔ရေအာင္ ေရးျပေဟာျပ ထားလို႔ပါ။ ကိုယ္တိုင္က ၾကည္ညိဳ တာလည္း ပါသလို ပုဂၢိဳလ္ေရး သံေယာဇဥ္ ရွိတာလည္း ပါပါ တယ္။
အဓိက ရည္႐ြယ္ခ်က္ ကေတာ့ အာ႐ုံဆိုးေတြနဲ ႔ေတြ႕တဲ့ အခါ ႏွလုံးမသြင္း တတ္ဘဲ အမွားေတြ က်ဴးလြန္မိမွာ စိုးလို႔ပါ။ ေလာဘေၾကာင့္ေသ ၿပိတၱာျပည္။ ေဒါသေၾကာင့္ေသ ငရဲျပည္။ ေမာဟေၾကာင့္ေသ တိရစာၦန္ျပည္။
အားလုံးၾကားဖူး ရဖူးတဲ့စကားေလးပါ။
ဒါေပမယ့္ “သုတ္ပါေထယ်အ႒ကထာ စကၠဝတၱိသုတ္” မွာက်ေတာ့-ေလာဘဆိုတဲ့ အငတ္ေဘးေၾကာင့္ေသရင္ ၿပိတၱာျပည္။
ေဒါသဆိုတဲ့ လက္နက္ေဘးေၾကာင့္ေသရင္ ငရဲျပည္။
“ေမာဟဆိုတဲ့ အနာေရာဂါ ေဘးေၾကာင့္ ေသရင္ နတ္ျပည္။”ဆိုေတာ့ ၾကားဖူးေနက် စကားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေန ပါတယ္။
အ႒ကထာဆရာက ေရာဂါေဝဒနာ ခံစားေနရတဲ့ အခါမွာ ကိုယ္ခံစားေန ရတဲ့ ေရာဂါေလးေတြကို အာ႐ုံျပဳၿပီး“အခုလို ငါစားေန ရသလို သတၱဝါေတြ မခံစား ရပါေစနဲ႔”လို႔ ေမတၱာ စိတ္ျဖစ္ေန မယ္၊
ေမတၱာပို႔ေန မယ္ဆိုရင္ အဲဒီ ေမတၱာစိတ္နဲ႔ ေသသြားရင္ နတ္ျပည္ ေရာက္မွ ာပါတဲ့။ ဒါေၾကာင့္ အနာေရာဂါနဲ႔ ေသရင္ နတ္ျပည္လို႔ ေျပာတာပါတဲ့။
ေရာဂါေဝဒနာ ျဖစ္လာတဲ့ အခါ ကိုယ္ခံစားေန ရတာကို အာ႐ုံျပဳရင္း ကိုယ္ခ်င္းစာ စိတ္ေမြးၿပီး“ငါခံစားေနရသလို သူလည္း မခံစားေန ရပါေစနဲ႔”လို႔ ေမတၱာပြားတဲ့ နည္းကလည္း တစ္မ်ိဳး စိတ္ဝင္ စားစရာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လက္ေတြ႕ အသုံးခ်ၾကည့္လို႔ ရလို႔ပါ။ ေရာဂါေဝဒနာ ႀကီးႀကီးမွတင္ မဟုတ္ပါဘူး။
ဥပမာ-ေခါင္းကိုက္ေန ရင္လည္း“ငါေခါင္းကိုက္ေဝဒနာ ခံစားေန ရသလို သူလည္း မခံစားရ ပါေစနဲ႔”လို႔ ေမတၱာပြားလို႔ ရပါတယ္။
လူတစ္ေယာက္ရဲ႕ ဘဝမွာ ကုသိုလ္စိတ္ အစဥ္သျဖင့္ ျဖစ္ေနဖို႔ သိပ္အေရးႀကီးတာဆိုေတာ့ကိုယ့္ရင္ထဲမွာ ေမတၱာစိတ္ျဖစ္ေနရင္လည္း ကုသိုလ္စိတ္ ျဖစ္ေနတာပါ။
အဲဒီ စိတ္ကေလးနဲ႔ ျဖတ္ကနဲေသသြား ရင္ေတာင္ ေကာင္းတဲ့ ဂတိ တစ္ခုခုေတာ့ ေရာက္သြားမွာ အေသအခ်ာပါပဲ။ ေဝဒနာျဖစ္လာၿပီ ဆိုရင္ ကိုယ့္မွာ တရားဗဟုသုတေလးေတြ ရွိေနမွ အဲဒီတရား ဗဟုသုတေလးေတြနဲ႔ ေနေနမွ အဆင္ေျပ တာပါ။ အဲဒီလိုမွမဟုတ္ဘဲ ျဖစ္ေပၚေနတဲ့ ေဝဒနာကို သည္းမခံႏိုင္ဘဲ၊ေအာ္ဟစ္ၿငီးတြားေနမယ္ ဆိုရင္ ပိုလို႔ပဲ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲျဖစ္ ရမွာပါ။
အေကာင္းဆုံးကေတာ့ ေဝဒနာျဖစ္လာၿပီဆိုရင္ တရားေလးနဲ႔ေနတာကေတာ့ အေကာင္းဆုံးပါပဲ။ ဂုဏ္ေတာ္ပဲပြားပြား ၊ ေမတၱာပဲပြားပြား၊ ဝိပႆနာပဲပြားပြား တစ္ခုခုကို ပြားေနဖို႔ပါ။ ဒါမွမဟုတ္ ဂုဏ္ေတာ္ တစ္လွည့္ပြားလိုက္၊ ေမတၱာတစ္လွည့္ပြားလိုက္၊ ဝိပႆနာတစ္လွည့္ပြားလိုက္တစ္လွည့္စီပြားေနလို႔လည္း ရပါတယ္။
ေရွ႕က အာဂႏၲဳဆရာေတာ္ဘုရားေျပာသလို ေဝဒနာျဖစ္လာတာ ကိုယ့္အတြက္ လာဘ္ႀကီးလာတိုက္တာပါ။ ေဝဒနာျဖစ္လာေတာ့ ဘာအလုပ္မွ လုပ္စရာမလိုေတာ့ဘဲ ၊အခ်ိန္ေတြ အျပည့္ရေနတာပါ။ လူတစ္ေယာက္ရဲ႕ ဘဝမွာ အဲဒီလို အခ်ိန္ျပည့္ရဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။
ဒီေတာ့ ကိုယ္က “ဒါဟာ ငါ့အတြက္ မဟာအခြင့္အေရးႀကီးပဲ”ဆိုၿပီး တရားကို ဖိအားထုတ္ပစ္ဖို႔ပါ။
ေရာဂါျဖစ္ေနတုန္း တရားအားထုတ္တာဟာ တစ္ဖက္က ဘုရားေဆးနဲ႔ ကုေပးေနတာပါ။ ေလာကီ ေဆးသက္ သက္တင္ မဟုတ္ဘဲ ၊ေလာကုတၱရာေဆးပါေပါင္းကုလိုက္ေတာ့ ေရာဂါအတြက္ တစ္ခုခုေတာ့ အေထာက္အကူျပဳသြားမွာပါ။
လူတိုင္းမဟုတ္ေပမယ့္ တခ်ိဳ႕ ကုလို႔မရေတာ့တဲ့ ေရာဂါေတြ ၊ဝိပႆနာတရားအားထုတ္ရင္း ေပ်ာက္သြားတဲ့သာဓကေတြ ကိုယ္ေတြ႕ျဖစ္ရပ္ေတြကို စာေတြထဲမွာ ျပန္ေရးျပထားတာေတြ ဖတ္ၾကရဖူး မွာပါ။
တစ္သက္လုံး နာလာခဲ့တဲ့ဒူး တရားအားထုတ္လိုက္မွ ေပ်ာက္သြားတာ၊ ဗိုက္ထဲကအလုံး တရားအားထုတ္ရင္းေပ်ာက္သြားတာ စသည္ျဖင့္ အမ်ားႀကီးပါပဲ။ တခ်ိဳ႕ ေရာဂါေဝဒနာေတြဟာ စိတ္ဆင္းရဲမႈေၾကာင့္ ေရာဂါပိုဆိုးသြားရေတာေတြ အမ်ားႀကီးရွိ ပါတယ္။ ဒါက အားလုံးသိပါတယ္။ ေရာဂါျဖစ္ေနခ်ိန္မွာ စိတ္ခ်မ္းသာေနဖို႔ သိပ္အေရးႀကီးပါတယ္။
စိတ္ခ်မ္းသာဖို႔အတြက္ ဝိပႆနာတရားက သိပ္အဓိက က်တာပါ။
စိတ္ဆင္းရဲတယ္ဆိုတာ ရင္ထဲမွာ အကုသိုလ္ကိေလသာတစ္ခုခု ဝင္ေနလို႔ပါ။ ဝိပႆနာတရားမွတ္ ေနရင္ အကုသိုလ္ ကိေလသာေတြ တဒဂၤ ၿငိမ္းေနတာပါ။
ရင္ထဲမွာအကုသိုလ္ကိေလသာ ၿငိမ္းေနရင္ စိတ္ခ်မ္းသာေနရတာပါ။
ဒါေၾကာင့္ ေရာဂါေဝဒနာ ျဖစ္လာရင္ စိတ္မဆင္းရဲဖို႔နဲ႔ ဝိပႆနာတရားေလးကို အေထာက္အကူ အျဖစ္ ယူထားသင့္ပါတယ္။ခႏၶာရွိေနတဲ့အတြက္ ေဝဒနာကလည္း ရွိေနမွာပါ။ ခႏၶာမရွိမွသာ ဒီေဝဒနာက မရွိေတာ့မွာပါ။ခႏၶာမရွိဖို႔အတြက္လည္း ဒီခႏၶာႀကီးကိုပဲ ျပန္အားကိုးရမွာပါ။ျပန္အသုံးခ်ရမွာပါ။
ဘာပဲေျပာေျပာ လူ႔ဘဝေနရတာကကို သိပ္ၿပီး ကံေကာင္းေနတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ လူ႔ျပည္မွာ စိတ္ႀကိဳက္ကုသိုလ္ေတြ ျပဳခြင့္ရေနလို႔ပါ။ ဒါနပဲျပဳျပဳ သီလပဲေဆာက္တည္ေဆာက္တည္၊ ပရဟိတပဲလုပ္လုပ္၊ သမထပဲပြားပြား၊ ဝိပႆနာပဲပြားပြားကိုယ္ႀကိဳက္ရာကို ႀကိဳက္သလို ျပဳခြင့္ရေနလို႔ပါ။
အခ်စ္ေၾကာင့္ ေသာကေရာက္လို႔ပဲ အားထုတ္အားထုတ္၊ ပါရမီျဖစ္ ကုသိုလ္ျဖစ္ပဲ အားထုတ္ အားထုတ္၊ စိတ္ခ်မ္းသာဖို႔ သက္သက္အတြက္ပဲ အားထုတ္အားထုတ္၊ စိတ္ဆင္းရဲမႈေတြ ေပ်ာက္ဖို႔ အတြက္ပဲ အားထုတ္အားထုတ္၊ ဘယ္လိုအေၾကာင္းေၾကာင့္ပဲ အားထုတ္အားထုတ္၊
ဝိပႆနာတရားကို အားထုတ္ျဖစ္ေနတာကကို လူ႔ဘဝရခိုက္မွာ အဓိပၸါယ္ရွိတဲ့ အလုပ္တစ္ခုကို လုပ္ေနတာပါပဲ။ “အခ်စ္မရွိတဲ့ တစ္ေန႔ေသာအခါ” ျဖစ္ေအာင္ကိုယ္စီႀကိဳးစားရမွာပါ။ ဘယ္ေတာ့ေရာက္ျဖစ္ ၾကမယ္ေတာ့ မသိပါဘူး။ သံသရာအဆက္ဆက္ ခ်စ္ခဲ့ရတဲ့အခ်စ္ေတြကလည္းမနည္းေတာ့ပါဘူးေလ။
ဘာပဲေျပာေျပာ “အခ်စ္မရွိတဲ့ တစ္ေန႔ေသာအခါ”ျဖစ္ဖို႔အတြက္ဝိပႆနာတရားမွတစ္ပါး အျခားမရွိတာေတာ့ အမွန္ပါပဲေလ။
ဆရာေတာ္အရွင္ရာဇိႏၵ (ရေဝႏြယ္ – အင္းမ)
ခရက္ဒစ္
ယူနီကုတ္
အချစ်မရှိတဲ့ တစ်နေ့သောအခါ – ရဝေနွယ် ( အင်းမ)
တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိ ကျွမ်းကျင်တဲ့ ဆရာတော် တစ်ပါး ရှိပါ တယ်။
ဆရာတော်က စာလည်း ချပါတယ်၊ တရားလည်းဟော ပါတယ်၊ သံဃာ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ မှာလည်း ပါနေတော့ စည်းဝေးပွဲတွေ လည်း မကြာခဏ တက်နေ ရပါတယ်။ ဆိုလိုတာကတော့ နေ့စဉ် အလုပ်များနေတဲ့ ဆရာတော် ပါ။
တစ်နေ့တော့ ဆရာတော့်မှာ နှလုံးရောဂါ ပုံစံမျိုး ရောဂါတစ်ခု ဝင်လာ ပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောသလဲ ဆိုတော့ “ဆရာတော် နှလုံးရောဂါ ဖြစ်ချင်တဲ့ လက္ခဏာပဲ ဘုရား၊
အဲဒါ ဆရာတော် ဘာအလုပ်မှ မလုပ်ဘဲ တစ်လလောက် အနားယူပေး ပါဘုရား၊ စာလည်း မချပါနဲ့၊ တရားလည်း လိုက်မဟော ပါနဲ့၊ သာရေးနာရေးတွေ လည်း မလိုက် ပါနဲ့၊
စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေးထား ပါဘုရား ” လို့ လျှောက်ပြပြီးသောက် ဆေးလည်း ပေးလိုက် ပါတယ်။ ဆရာတော်ကလည်း ဆရာဝန်ပြောတဲ့ အတိုင်းပဲ တစ်လအနားယူ လိုက်ပါ တယ်။
အဲဒီ တစ်လအတွင်း စာလည်း မချ၊ တရားလည်း မဟော၊ သာရေးနာရေး လည်း မလိုက်ဘဲ နေနေလိုက်ပါတယ်။ အဲဒီတော့ ဘာအလုပ်မှ မလုပ်ရတော့ အချိန်တွေက တအားပိုနေ ပါတယ်။ တခြားဘာမှ လုပ်စရာမရှိ တာနဲ့တရားပဲ ထိုင်အား ထုတ်ပစ်နေ လိုက်ပါ တယ်။
ဆရာတော်က တရားအား ထုတ်ရင်းနဲ့ စိတ်ထဲမှာလည်း ကျေကျေနပ်နပ်နဲ့ ဝိပဿာနာ ဉာဏ်စဉ်လေးတွေ ဝင်လာ ပါတယ်။ တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော် တစ်ပါး ကြွလာ ပါတယ်။ ကြွလာတာကတော့ လူနာမေးကြွလာတာပါ။
စကားတွေပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က ဘာပြောသလဲ ဆိုတော့
“ဆရာတော်ရယ်၊ တပည့်တော် ဒီရောဂါဖြစ်လိုက်တော့ စာလည်း မချရ၊ တရားလည်း မဟောရ၊ သာရေးနာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ် ဘုရား၊
တရားမှတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေ လည်း ထိုက်သင့် သလောက် ဝင်လာတော့စိတ်ထဲမှာလည်း အေးအေးချမ်းချမ်း ရှိလာတယ် ဘုရား။
တပည့်တော် ဘယ်လို စဉ်းစားမိသလဲ ဆိုတော့ ငါ့ဒီရောဂါသာ မဖြစ်ရင် ဒီလို အားထုတ်ဖြစ်မှာ မဟုတ်ဘူး။ ရောဂါဖြစ်လို့ တရား အားထုတ်ဖြစ်တာလို့စဉ်းစားမိ တယ် ဘုရား။ ပြီးတော့ ရောဂါဖြစ်တာတောင် ကျေးဇူးတင်နေ မိတယ် ဘုရား” လို့ လျှောက်ပြ ပါတယ်။
ဒီတော့ သူငယ်ချင်း အာဂန္တုဆရာတော် ဘုရားက ဘာပြန်ပြောသလဲ ဆိုတော့“ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့”လို့ ပြန်ပြောလိုက် ပါသတဲ့။
ကျောင်းထိုင် ဆရာတော်ကလည်း အာဂန္တုဆရာတော်ပြောတဲ့ “ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့”ဆိုတဲ့စကားကို သိပ်သဘောကျ သွားပါ သတဲ့။ ဒါဟာ ရောဂါဝေဒနာကဝိပသနာ ကုသိုလ်ဖြစ်ဖို့ အတွက် ကျေးဇူးပြု လိုက်တာပါ။ ရောဂါ ဖြစ်တာကကို ကျေးဇူးတင်စရာ ဖြစ်သွာ းပါပြီ။
တကယ်တော့ ဝိပဿနာ တရားဟာ နေရာတိုင်းမှာ အသုံးပြုလို့ရနေတာ ပါ။ ဒါကကို အံ့သြစရာ ကောင်းနေတာပါ။ ဒီလိုအပြုအမူလေးတွေ ပြုမူနိုင်ဖို့ ဆိုတာ ကလည်း ……ကိုယ့်မှာ တရားဗဟုသုတလေးတွေ ရှိမှပါ တရားဗဟုသုတ မရှိပြန်ရင် လည်း အော်လို့ပဲ ငြီးနေရ မှာပါ။ တရားဗဟုသုတလေးတွေ ရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာ ပါပဲ။
ပြဿနာကြုံလာတဲ့အခါ ကိုယ်ဖတ်ထားတဲ့ အထဲက တရား ဗဟုသုတ လေးတွေကို ပြန်နှလုံး သွင်းပြီး ကျင့်သုံး ကျင့်သုံးသွားလို့ရပါ တယ်။
ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေနဲ့ လက်တွေ့ တစ်ခါ အသုံးချကြည့် ဖြစ်တိုင်း တော်တော်ဟုတ်တဲ့ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အားရ ကျေနပ် ရတာ ပါ။
လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီး ရယ်ပါ။ ကိုယ့်မှာ နှလုံးသွင်းစရာ တရားဗဟုသုတ တစ်ခုခု ရှိနေမှပါ။ မရှိရင် သိပ်ပူလောင် ရတာပါ။
စာရေးသူကတော့ နှလုံးသွင်းစရာ တရား အသိလေးတွေ ရဖို့ ယောဆရာတော် ဘုရား၊ ဆရာတော်ဦးဇောတိက၊ ဘုန်းကြီးဦးဆေကိန္ဒ၊ ဦးဇင်းအရှင်ဆန္ဒာဓိကတို့ရဲ့စာအုပ်တွေ တရားခွေတွေကို အလုပ်တစ်ခုလိုကို သဘောထားပြီး ဖတ်ဖြစ်နာဖြစ် ပါတယ်။
ဒီဆရာတော် ဘုရားတွေက အပြင်မှာ လက်တွေ့ အသုံးချလို့ရအောင် ရေးပြဟောပြ ထားလို့ပါ။ ကိုယ်တိုင်က ကြည်ညို တာလည်း ပါသလို ပုဂ္ဂိုလ်ရေး သံယောဇဉ် ရှိတာလည်း ပါပါ တယ်။
အဓိက ရည်ရွယ်ချက် ကတော့ အာရုံဆိုးတွေနဲ့တွေ့တဲ့ အခါ နှလုံးမသွင်း တတ်ဘဲ အမှားတွေ ကျူးလွန်မိမှာ စိုးလို့ပါ။ လောဘကြောင့်သေ ပြိတ္တာပြည်။ ဒေါသကြောင့်သေ ငရဲပြည်။ မောဟကြောင့်သေ တိရစ္ဆာန်ပြည်။
အားလုံးကြားဖူး ရဖူးတဲ့စကားလေးပါ။
ဒါပေမယ့် “သုတ်ပါထေယျအဋ္ဌကထာ စက္ကဝတ္တိသုတ်” မှာကျတော့-လောဘဆိုတဲ့ အငတ်ဘေးကြောင့်သေရင် ပြိတ္တာပြည်။
ဒေါသဆိုတဲ့ လက်နက်ဘေးကြောင့်သေရင် ငရဲပြည်။
“မောဟဆိုတဲ့ အနာရောဂါ ဘေးကြောင့် သေရင် နတ်ပြည်။”ဆိုတော့ ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ ပါတယ်။
အဋ္ဌကထာဆရာက ရောဂါဝေဒနာ ခံစားနေရတဲ့ အခါမှာ ကိုယ်ခံစားနေ ရတဲ့ ရောဂါလေးတွေကို အာရုံပြုပြီး“အခုလို ငါစားနေ ရသလို သတ္တဝါတွေ မခံစား ရပါစေနဲ့”လို့ မေတ္တာ စိတ်ဖြစ်နေ မယ်၊
မေတ္တာပို့နေ မယ်ဆိုရင် အဲဒီ မေတ္တာစိတ်နဲ့ သေသွားရင် နတ်ပြည် ရောက်မှ ာပါတဲ့။ ဒါကြောင့် အနာရောဂါနဲ့ သေရင် နတ်ပြည်လို့ ပြောတာပါတဲ့။
ရောဂါဝေဒနာ ဖြစ်လာတဲ့ အခါ ကိုယ်ခံစားနေ ရတာကို အာရုံပြုရင်း ကိုယ်ချင်းစာ စိတ်မွေးပြီး“ငါခံစားနေရသလို သူလည်း မခံစားနေ ရပါစေနဲ့”လို့ မေတ္တာပွားတဲ့ နည်းကလည်း တစ်မျိုး စိတ်ဝင် စားစရာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့ အသုံးချကြည့်လို့ ရလို့ပါ။ ရောဂါဝေဒနာ ကြီးကြီးမှတင် မဟုတ်ပါဘူး။
ဥပမာ-ခေါင်းကိုက်နေ ရင်လည်း“ငါခေါင်းကိုက်ဝေဒနာ ခံစားနေ ရသလို သူလည်း မခံစားရ ပါစေနဲ့”လို့ မေတ္တာပွားလို့ ရပါတယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ ကုသိုလ်စိတ် အစဉ်သဖြင့် ဖြစ်နေဖို့ သိပ်အရေးကြီးတာဆိုတော့ကိုယ့်ရင်ထဲမှာ မေတ္တာစိတ်ဖြစ်နေရင်လည်း ကုသိုလ်စိတ် ဖြစ်နေတာပါ။
အဲဒီ စိတ်ကလေးနဲ့ ဖြတ်ကနဲသေသွား ရင်တောင် ကောင်းတဲ့ ဂတိ တစ်ခုခုတော့ ရောက်သွားမှာ အသေအချာပါပဲ။ ဝေဒနာဖြစ်လာပြီ ဆိုရင် ကိုယ့်မှာ တရားဗဟုသုတလေးတွေ ရှိနေမှ အဲဒီတရား ဗဟုသုတလေးတွေနဲ့ နေနေမှ အဆင်ပြေ တာပါ။ အဲဒီလိုမှမဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းမခံနိုင်ဘဲ၊အော်ဟစ်ငြီးတွားနေမယ် ဆိုရင် ပိုလို့ပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ် ရမှာပါ။
အကောင်းဆုံးကတော့ ဝေဒနာဖြစ်လာပြီဆိုရင် တရားလေးနဲ့နေတာကတော့ အကောင်းဆုံးပါပဲ။ ဂုဏ်တော်ပဲပွားပွား ၊ မေတ္တာပဲပွားပွား၊ ဝိပဿနာပဲပွားပွား တစ်ခုခုကို ပွားနေဖို့ပါ။ ဒါမှမဟုတ် ဂုဏ်တော် တစ်လှည့်ပွားလိုက်၊ မေတ္တာတစ်လှည့်ပွားလိုက်၊ ဝိပဿနာတစ်လှည့်ပွားလိုက်တစ်လှည့်စီပွားနေလို့လည်း ရပါတယ်။
ရှေ့က အာဂန္တုဆရာတော်ဘုရားပြောသလို ဝေဒနာဖြစ်လာတာ ကိုယ့်အတွက် လာဘ်ကြီးလာတိုက်တာပါ။ ဝေဒနာဖြစ်လာတော့ ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ ၊အချိန်တွေ အပြည့်ရနေတာပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ အဲဒီလို အချိန်ပြည့်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။
ဒီတော့ ကိုယ်က “ဒါဟာ ငါ့အတွက် မဟာအခွင့်အရေးကြီးပဲ”ဆိုပြီး တရားကို ဖိအားထုတ်ပစ်ဖို့ပါ။
ရောဂါဖြစ်နေတုန်း တရားအားထုတ်တာဟာ တစ်ဖက်က ဘုရားဆေးနဲ့ ကုပေးနေတာပါ။ လောကီ ဆေးသက် သက်တင် မဟုတ်ဘဲ ၊လောကုတ္တရာဆေးပါပေါင်းကုလိုက်တော့ ရောဂါအတွက် တစ်ခုခုတော့ အထောက်အကူပြုသွားမှာပါ။
လူတိုင်းမဟုတ်ပေမယ့် တချို့ ကုလို့မရတော့တဲ့ ရောဂါတွေ ၊ဝိပဿနာတရားအားထုတ်ရင်း ပျောက်သွားတဲ့သာဓကတွေ ကိုယ်တွေ့ဖြစ်ရပ်တွေကို စာတွေထဲမှာ ပြန်ရေးပြထားတာတွေ ဖတ်ကြရဖူး မှာပါ။
တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရားအားထုတ်လိုက်မှ ပျောက်သွားတာ၊ ဗိုက်ထဲကအလုံး တရားအားထုတ်ရင်းပျောက်သွားတာ စသည်ဖြင့် အများကြီးပါပဲ။ တချို့ ရောဂါဝေဒနာတွေဟာ စိတ်ဆင်းရဲမှုကြောင့် ရောဂါပိုဆိုးသွားရတောတွေ အများကြီးရှိ ပါတယ်။ ဒါက အားလုံးသိပါတယ်။ ရောဂါဖြစ်နေချိန်မှာ စိတ်ချမ်းသာနေဖို့ သိပ်အရေးကြီးပါတယ်။
စိတ်ချမ်းသာဖို့အတွက် ဝိပဿနာတရားက သိပ်အဓိက ကျတာပါ။
စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲမှာ အကုသိုလ်ကိလေသာတစ်ခုခု ဝင်နေလို့ပါ။ ဝိပဿနာတရားမှတ် နေရင် အကုသိုလ် ကိလေသာတွေ တဒင်္ဂ ငြိမ်းနေတာပါ။
ရင်ထဲမှာအကုသိုလ်ကိလေသာ ငြိမ်းနေရင် စိတ်ချမ်းသာနေရတာပါ။
ဒါကြောင့် ရောဂါဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့နဲ့ ဝိပဿနာတရားလေးကို အထောက်အကူ အဖြစ် ယူထားသင့်ပါတယ်။ခန္ဓာရှိနေတဲ့အတွက် ဝေဒနာကလည်း ရှိနေမှာပါ။ ခန္ဓာမရှိမှသာ ဒီဝေဒနာက မရှိတော့မှာပါ။ခန္ဓာမရှိဖို့အတွက်လည်း ဒီခန္ဓာကြီးကိုပဲ ပြန်အားကိုးရမှာပါ။ပြန်အသုံးချရမှာပါ။
ဘာပဲပြောပြော လူ့ဘဝနေရတာကကို သိပ်ပြီး ကံကောင်းနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက်ကုသိုလ်တွေ ပြုခွင့်ရနေလို့ပါ။ ဒါနပဲပြုပြု သီလပဲဆောက်တည်ဆောက်တည်၊ ပရဟိတပဲလုပ်လုပ်၊ သမထပဲပွားပွား၊ ဝိပဿနာပဲပွားပွားကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့်ရနေလို့ပါ။
အချစ်ကြောင့် သောကရောက်လို့ပဲ အားထုတ်အားထုတ်၊ ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ အားထုတ် အားထုတ်၊ စိတ်ချမ်းသာဖို့ သက်သက်အတွက်ပဲ အားထုတ်အားထုတ်၊ စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ အတွက်ပဲ အားထုတ်အားထုတ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ အားထုတ်အားထုတ်၊
ဝိပဿနာတရားကို အားထုတ်ဖြစ်နေတာကကို လူ့ဘဝရခိုက်မှာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ။ “အချစ်မရှိတဲ့ တစ်နေ့သောအခါ” ဖြစ်အောင်ကိုယ်စီကြိုးစားရမှာပါ။ ဘယ်တော့ရောက်ဖြစ် ကြမယ်တော့ မသိပါဘူး။ သံသရာအဆက်ဆက် ချစ်ခဲ့ရတဲ့အချစ်တွေကလည်းမနည်းတော့ပါဘူးလေ။
ဘာပဲပြောပြော “အချစ်မရှိတဲ့ တစ်နေ့သောအခါ”ဖြစ်ဖို့အတွက်ဝိပဿနာတရားမှတစ်ပါး အခြားမရှိတာတော့ အမှန်ပါပဲလေ။
ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် – အင်းမ)
No Comments