အသက္ရွင္သန္ေနထိုင္ရျခင္းအတြက္ ေပ်ာ္ရႊင္ျခင္းရဲ့ အေရးပါတဲ့ အခ်က္ ၇ ခ်က္ - Amawpyay

အသက္ရွင္သန္ေနထိုင္ရျခင္းအတြက္ ေပ်ာ္ရႊင္ျခင္းရဲ့ အေရးပါတဲ့ အခ်က္ ၇ ခ်က္

အသက္ရွင္သန္ေနထိုင္ရျခင္းအတြက္ ေပ်ာ္ရႊင္ျခင္းရဲ့ အေရးပါတဲ့ အခ်က္ ၇ ခ်က္
Knowledge

အသက္ရွင္သန္ေနထိုင္ရျခင္းအတြက္ ေပ်ာ္ရႊင္ျခင္းရဲ့ အေရးပါတဲ့ အခ်က္ ၇ ခ်က္

ေပ်ာ္ရႊင္မွု ဆိုတာကို ပိုၿပီးေတြ႕ၾကဳံခံစား နိုင္ဖို့ အတြက္ သတၱေလာက သားအားလုံး ႀကိဳးစားေနၾကပါတယ္။

လူတိုင္းရဲ့ ရည္မွန္းခ်က္ကို ေမးၾကည့္ လိုက္ရင္ စိတ္ခ်မ္းခ်မ္း သာသာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနနိုင္ဖို့ ဆိုတဲ့ အေျဖကို ေျဖၾက မွာပါဘဲ။ တနည္းအားျဖင့္ ေပ်ာ္ရႊင္မွု ဆိုတာ သက္ရွိေတြ အားလုံးရဲ့ အေရးပါတဲ့ ရည္မွန္းခ်က္ တခု ဘဲျဖစ္ ပါတယ္။

ပိုက္ဆံရွိမွ ေပ်ာ္ရႊင္မွုကို ဖန္တီး နိုင္မွာမို့ ပိုက္ဆံ အမ်ားႀကီး ရွိခ်င္တယ္။ ကိုယ္ခ်စ္ျမတ္နိုးရတဲ့ လူေတြနဲ႔ အတူတူ ရွိေနမွ ေပ်ာ္ရႊင္ရမွာမို့ အတူတူ ရွိေနခ်င္ တယ္။

ကိုယ့္ကို အေကာက္ႀကံ ဒုကၡေပး ခဲ့တဲ့ လူေတြကို ျပန္ကလဲ့စားေခ် နိုင္မွ ေပ်ာ္ရႊင္ ရမွာမို့ ျပန္ၿပီးကလဲ့စားေခ် ခ်င္တယ္။ ေပ်ာ္ရႊင္မွုကို ခံစား ရဖို့ အတြက္ ေလာဘေတြကို သတ္ၿပီး ေအးေအးခ်မ္းခ်မ္း ဘဲေနခ်င္တယ္

အစရွိတဲ့ လမ္းေၾကာင္းေတြရဲ့ အဆုံးသတ္ ပန္းတိုင္ဟာ ေပ်ာ္ရႊင္မွုကိုဘဲ ဦးတည္ေန ပါတယ္။ ေပ်ာ္ရႊင္မွုကို ခံစားတတ္ဖို့ ဆိုရာမွာ နည္းလမ္းေလးေတြကို သိရွိ ထားဖို့ေတာ့ လိုပါတယ္။

ခက္ခက္ခဲခဲ ႐ုန္းကန္လွုပ္ရွားေန တာေတာင္မွာ လက္ထဲ သံပုရာသီး ထည့္ေပးၿပီး ေရွာက္သီးေဖ်ာ္ရည္ ေဖ်ာ္ခိုင္းေန ရင္ေတာ့ အဲဒီဘဝ ဆိုတာႀကီးကို ဖင္ပိတ္ ကန္ပစ္ ရပါမယ္။

ဒီေလာက္ ဆိုရင္ေတာ့ ေပ်ာ္ရႊင္မွုရဲ့ အေရးပါမွုကို သိရွိ သြားနိုင္ေလာက္ၿပီမို့ ေပ်ာ္ရႊင္ဖို့ကို ဘာေၾကာင့္လိုအပ္တယ္ ဆိုတဲ့ အခ်က္ေတြကို ေျပာျပ ခ်င္ပါတယ္။

(၁) သင့္ကို ခ်စ္ျမတ္နိုးၾကတဲ့သူေတြရွိပါတယ္

သင့္အတြက္ အေရးႀကီးဆုံးလူေတြက ဘယ္သူေတြလဲ? ဒီရိုးရွင္းတဲ့ ေမးခြန္းေလးနဲ႔ သင့္ရဲ့ ေပ်ာ္ရႊင္မွုကို စတင္ တူးေဖာ္ၾကည့္ဖို့ တိုက္တြန္း ခ်င္ပါတယ္။

သင့္ရဲ့ ဘဝအေနအထား ဘယ္ေလာက္ဘဲ ဆိုးရြားေနပါေစ သင့္ကို ႁခြင္းခ်က္ မရွိခ်စ္ တဲ့သူ တေယာက္ေတာ့ အျမဲတမ္း ရွိပါတယ္။

သင့္ကို ခ်စ္ျမတ္နိုးတဲ့ သူေတြဟာ သင္မေပ်ာ္မရႊင္ျဖစ္ေန တာမ်ိဳးကို ျမင္ေတြ႕ခ်င္ၾက လိမ့္မယ္ မထင္ပါဘူး။

ဒါေၾကာင့္မို့ သင္ခ်စ္ျမတ္နိုးတဲ့ သူေတြ အတြက္ ေပ်ာ္ရႊင္နိုင္ဖို့ ႀကိဳးစား တာက သင္တို့ရဲ့ဆက္ဆံေရးမွာ ေပ်ာ္ရႊင္စရာေတြနဲ႔ ျပည့္ေနေစ ပါလိမ့္မယ္။

(၂) တဒဂၤအေျပာင္းအလဲေလးကို သတိထားလိုက္တာနဲ႔ တဘဝလုံးေျပာင္းလဲသြားနိုင္ပါတယ္

ဘဝဆို တာႀကီးက ဘယ္အခ်ိန္မွာ ဘာျဖစ္လာ နိုင္သလဲ ဆိုတာ ခန႔္မွန္း ရခက္ခဲ ပါတယ္။ မနက္မိုးလင္းလို့ မ်က္လုံးဖြင့္ လိုက္တဲ့ အခ်ိန္မွာဘဲ က်ေနာ္တို့ တန္ဖိုးထားတဲ့ အရာေတြ ပ်က္စီးေပ်ာက္ဆုံး သြားတာမ်ိဳးကို ၾကဳံလာ ရနိုင္ ပါတယ္။

ေမၽွာ္လင့္တႀကီး ႀကိဳးစားထားတဲ့ ရည္မွန္းခ်က္ေတြ ပ်က္စီး သြားနိုင္ တယ္။ ခ်စ္တဲ့ သူတေယာက္ေယာက္ကို ဆုံးရွုံး သြားနိုင္တယ္။ ဒါမွမဟုတ္ က်ေနာ္တို့ ကိုယ္တိုင္ ႐ုတ္တရက္ ေသဆုံး သြားနိုင္ ပါတယ္။

ဒါေၾကာင့္မို့ ႀကိဳၿပီး မျမင္နိုင္တဲ့ အနာဂတ္ေတြကို ႀကိဳးစား ႐ုန္းကန္ရင္း ေပ်ာ္ရႊင္ဖို့ကို ေမ့ေလ်ာ္မေနဖို့ လိုပါတယ္။ ယခု လက္ရွိ အခ်ိန္ ကာလမွာလည္း ေပ်ာ္ရႊင္စြာေနဖို့ အတြက္ ႀကိဳးစားသင့္ ပါတယ္။

(၃) ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့သူေတြဟာ ေအာင္ျမင္မွုပန္းတိုင္နဲ႔ ပိုၿပီးနီးနီးကပ္ကပ္ရွိပါတယ္

အေကာင္းျမင္စိတ္ ရွိၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္တဲ့ သူေတြက အရာရာကိုၿငီးျငဴၿပီး စိတ္ပ်က္ေနတတ္တဲ့ သူေတြထက္ ပိုၿပီးေတာ့ေအာင္ျမင္မွု လမ္းေၾကာင္းေပၚကို ေရာက္ရွိ နိုင္တယ္ ဆိုတာ ကိုေတာ့ ျငင္း မရနိုင္ ပါဘူး။

အျမဲတမ္း စိတ္ပ်က္ေနတဲ့ စကားေတြေျပာၿပီး ၿငီးျငဴေန တတ္တဲ့ သူကို အျခားေသာလူေတြကလည္း မႏွစ္သက္ၾက သလို လိုအပ္ေနတဲ့ အႀကံဉာဏ္နဲ႔ အကူအညီေတြကို ေပးဖို့လည္း တြန႔္ဆုတ္ တတ္ၾကပါတယ္။

ဒါေၾကာင့္မို့ အရာရာကို အေကာင္းျမင္ စိတ္ထားၿပီး ၿငီးျငဴး မေနဘဲ ျဖစ္လာ သမၽွကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရင္ဆိုင္ေျဖရွင္းတတ္တဲ့ စိတ္ကို ေမြးျမဴတာက ဘဝ အတြက္ ပိုၿပီး အဆင္ေျပ နိုင္ပါ လိမ့္မယ္။

(၄) ကမၻာႀကီးမွာ ေပ်ာ္ရႊင္တတ္တဲ့ လူေတြကို လိုအပ္ေနပါတယ္

လူသားေတြရဲ့ ေန႔စဥ္ရွင္သန္ မွုေတြဟာ သတင္းဆိုးေတြနဲ႔ ျပည့္ႏွက္ေန ပါတယ္။ စစ္ပြဲေတြ၊ အစာေရစာေခါင္းပါးမွုေတြ၊ ဆင္းရဲ ႏြမ္းပါးမွုေတြနဲ႔ ကပ္ေရာဂါေဘးေတြ ဟာ သဘာဝ ပတ္ဝန္းက်င္နဲ႔ ေပ်ာ္ရႊင္စရာ အေနအထားေတြကို တတိတိ ဖ်က္စီးေ န ၾကပါတယ္။

ဒီလို အျဖစ္ေတြကို စိတ္သက္သာ ရဖို့နဲ႔ ေျပာင္းလဲ ပစ္နိုင္ဖို့ အတြက္ ေကာင္းမြန္တဲ့ အေတြးအေခၚေတြနဲ႔ ေပ်ာ္ရႊင္တတ္တဲ့ စိတ္ဓါတ္ ရွိတဲ့ သူေတြကို အမ်ားအျပား လိုအပ္ေန ပါတယ္။ ေနေပ်ာ္စရာေလာ ကႀကီးဖန္တီး နိုင္ဖို့ဆို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ သူေတြသာ စြမ္းေဆာင္နိုင္ ပါလိမ့္ မယ္။

(၅) အသက္ရွင္သန္ေနတာကို မေမ့ပါနဲ႔

ဘယ္ေလာက္ဘဲ ေနမေကာင္းျဖစ္ေနပါေစ၊ ဝမ္းနည္းစရာေတြ ၾကဳံေတြ႕ေန ရပါေစ၊ မေပ်ာ္ရႊင္မွုေတြနဲ႔လုံးပန္းေနရပါေစ၊ အသက္ရွင္သန္ေနေသးတဲ့ အတြက္ အရာရာကို ေျပာင္းလဲပစ္နိုင္စြမ္းရွိပါေသးတယ္။

ဒီေန႔ဟာ ကမၻာႀကီးရဲ့ ေနာက္ဆုံးေသာေန ႔ျဖစ္တယ္ ဆိုရင္ေတာင္ အသက္ရွင္သန္ေနေသး တဲ့အတြက္ ကိုယ္ခ်စ္တဲ့ သူေတြနဲ႔ အတူတူ အခ်ိန္ျဖဳန္းခြင့္ ရွိနိုင္ ပါေသးတယ္။

ဒါေၾကာင့္မို့ ဘယ္ေလာက္ဘဲ ခက္ခဲ ပင္ပန္းေန ပါေစ အသက္ရွင္သန္ ရျခင္းကို မစြန႔္လႊတ္လိုက္ ဖို့လိုပါတယ္။ အသက္ရွင္သန္ေန မွသာ ေပ်ာ္ရႊင္မွုေတြကို ဖန္တီးလို့ ရနိုင္မွာ ဘဲျဖစ္ပါ တယ္။

(၆) ေပ်ာ္ရႊင္တတ္တဲ့လူေတြဟာ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္တတ္ၾကပါတယ္

စစ္တမ္းေကာက္ယူ မွုမ်ား အရ အိမ္ေထာင္သည္ အမ်ားစုဟာ တကိုယ္တည္း သမားေတြ ထက္ ေပ်ာ္ရႊင္မွုကို ပိုမို ခံစားၾက ရတယ္လို့ေတြ႕ ရပါတယ္။ ဆိုလို ခ်င္တာက ေပ်ာ္ရႊင္မွုကို ပိုမို ခံစားခြင့္ ရနိုင္ဖို့ လက္ထပ္ ဖို့လိုအပ္ တယ္လို့ေျပာခ်င္ တာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ေကာင္းမြန္တဲ့ အလုပ္တခုရယ္၊ မိတ္ေဆြ သူငယ္ခ်င္း အေပါင္းအသင္းေတြရယ္၊ မိသားစုဝင္ေတြနဲ႔ ကိုယ္ခ်စ္ခင္ ႏွစ္သက္ရတဲ့ သူတေယာက္ေလာက္ ရွိေနတာက ေပ်ာ္ရႊင္မွုကို ရရွိ နိုင္ဖို့ အတြက္ ပိုမိုလြယ္ကူတာကို ဆိုလိုရင္းျဖစ္ ပါတယ္။

(၇) ေပ်ာ္ရႊင္တဲ့လူေတြက ပိုၿပီးက်န္းမာေရးေကာင္းမြန္ၾကပါတယ္

သုေတသနျပဳခ်က္မ်ား အရ က်န္းမာေရးနဲ႔ ေပ်ာ္ရႊင္မွုဟာ တိုက္ရိုက္ဆက္စပ္ေနပ ါတယ္။ ေပ်ာ္ရႊင္မွုကို မရရွိတဲ့ သူေတြဟာ အသက္ရွင္ေနထိုင္ ရျခင္းကို အလဟသျဖစ္တယ္လို့ ထင္ျမင္ျခင္း၊

မိမိရဲ့ က်န္းမာေရးကို ဂ႐ုမစိုက္ဘဲ စိတ္ထင္ သလိုေနထိုင္ျခင္း၊ အစားအစာနဲ႔ မူးယစ္ေသာက္စားမွုေတြကို အလြန္အကၽြံသုံးစြဲ တတ္ျခင္း အစရွိတဲ့ အရာေတြကို လုပ္ေဆာင္ တတ္ၾက တာမို့ ေစာစီးစြာေသဆုံးတတ္ ၾကပါ တယ္။

ဒါေၾကာင့္မို့ အသက္ရွင္ေနထိုင္ ရတဲ့ သက္တမ္း တေလ်ာက္မွာ ေပ်ာ္ရႊင္စြာေနထိုင္ တတ္ဖို့နဲ႔ ေပ်ာ္ရႊင္မွုကို ေကာင္းမြန္စြာ အသုံးခ် တတ္ဖို့ လိုအပ္ ပါတယ္ဆိုတဲ့ အေၾကာင္းကို ေဖာ္ျပေပး လိုက္ပါ တယ္။

ခရက္ဒစ္

ယူနီကုတ္

အသက်ရှင်သန်နေထိုင်ရခြင်းအတွက် ပျော်ရွှင်ခြင်းရဲ့ အရေးပါတဲ့ အချက် ၇ ချက်

ပျော်ရွှင်မှု ဆိုတာကို ပိုပြီးတွေ့ကြုံခံစား နိုင်ဖို့ အတွက် သတ္တလောက သားအားလုံး ကြိုးစားနေကြပါတယ်။

လူတိုင်းရဲ့ ရည်မှန်းချက်ကို မေးကြည့် လိုက်ရင် စိတ်ချမ်းချမ်း သာသာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ ဆိုတဲ့ အဖြေကို ဖြေကြ မှာပါဘဲ။ တနည်းအားဖြင့် ပျော်ရွှင်မှု ဆိုတာ သက်ရှိတွေ အားလုံးရဲ့ အရေးပါတဲ့ ရည်မှန်းချက် တခု ဘဲဖြစ် ပါတယ်။

ပိုက်ဆံရှိမှ ပျော်ရွှင်မှုကို ဖန်တီး နိုင်မှာမို့ ပိုက်ဆံ အများကြီး ရှိချင်တယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့ လူတွေနဲ့ အတူတူ ရှိနေမှ ပျော်ရွှင်ရမှာမို့ အတူတူ ရှိနေချင် တယ်။

ကိုယ့်ကို အကောက်ကြံ ဒုက္ခပေး ခဲ့တဲ့ လူတွေကို ပြန်ကလဲ့စားချေ နိုင်မှ ပျော်ရွှင် ရမှာမို့ ပြန်ပြီးကလဲ့စားချေ ချင်တယ်။ ပျော်ရွှင်မှုကို ခံစား ရဖို့ အတွက် လောဘတွေကို သတ်ပြီး အေးအေးချမ်းချမ်း ဘဲနေချင်တယ်

အစရှိတဲ့ လမ်းကြောင်းတွေရဲ့ အဆုံးသတ် ပန်းတိုင်ဟာ ပျော်ရွှင်မှုကိုဘဲ ဦးတည်နေ ပါတယ်။ ပျော်ရွှင်မှုကို ခံစားတတ်ဖို့ ဆိုရာမှာ နည်းလမ်းလေးတွေကို သိရှိ ထားဖို့တော့ လိုပါတယ်။

ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေ တာတောင်မှာ လက်ထဲ သံပုရာသီး ထည့်ပေးပြီး ရှောက်သီးဖျော်ရည် ဖျော်ခိုင်းနေ ရင်တော့ အဲဒီဘဝ ဆိုတာကြီးကို ဖင်ပိတ် ကန်ပစ် ရပါမယ်။

ဒီလောက် ဆိုရင်တော့ ပျော်ရွှင်မှုရဲ့ အရေးပါမှုကို သိရှိ သွားနိုင်လောက်ပြီမို့ ပျော်ရွှင်ဖို့ကို ဘာကြောင့်လိုအပ်တယ် ဆိုတဲ့ အချက်တွေကို ပြောပြ ချင်ပါတယ်။

(၁) သင့်ကို ချစ်မြတ်နိုးကြတဲ့သူတွေရှိပါတယ်

သင့်အတွက် အရေးကြီးဆုံးလူတွေက ဘယ်သူတွေလဲ? ဒီရိုးရှင်းတဲ့ မေးခွန်းလေးနဲ့ သင့်ရဲ့ ပျော်ရွှင်မှုကို စတင် တူးဖော်ကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။

သင့်ရဲ့ ဘဝအနေအထား ဘယ်လောက်ဘဲ ဆိုးရွားနေပါစေ သင့်ကို ခြွင်းချက် မရှိချစ် တဲ့သူ တယောက်တော့ အမြဲတမ်း ရှိပါတယ်။

သင့်ကို ချစ်မြတ်နိုးတဲ့ သူတွေဟာ သင်မပျော်မရွှင်ဖြစ်နေ တာမျိုးကို မြင်တွေ့ချင်ကြ လိမ့်မယ် မထင်ပါဘူး။

ဒါကြောင့်မို့ သင်ချစ်မြတ်နိုးတဲ့ သူတွေ အတွက် ပျော်ရွှင်နိုင်ဖို့ ကြိုးစား တာက သင်တို့ရဲ့ဆက်ဆံရေးမှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေစေ ပါလိမ့်မယ်။

(၂) တဒင်္ဂအပြောင်းအလဲလေးကို သတိထားလိုက်တာနဲ့ တဘဝလုံးပြောင်းလဲသွားနိုင်ပါတယ်

ဘဝဆို တာကြီးက ဘယ်အချိန်မှာ ဘာဖြစ်လာ နိုင်သလဲ ဆိုတာ ခန့်မှန်း ရခက်ခဲ ပါတယ်။ မနက်မိုးလင်းလို့ မျက်လုံးဖွင့် လိုက်တဲ့ အချိန်မှာဘဲ ကျနော်တို့ တန်ဖိုးထားတဲ့ အရာတွေ ပျက်စီးပျောက်ဆုံး သွားတာမျိုးကို ကြုံလာ ရနိုင် ပါတယ်။

မျှော်လင့်တကြီး ကြိုးစားထားတဲ့ ရည်မှန်းချက်တွေ ပျက်စီး သွားနိုင် တယ်။ ချစ်တဲ့ သူတယောက်ယောက်ကို ဆုံးရှုံး သွားနိုင်တယ်။ ဒါမှမဟုတ် ကျနော်တို့ ကိုယ်တိုင် ရုတ်တရက် သေဆုံး သွားနိုင် ပါတယ်။

ဒါကြောင့်မို့ ကြိုပြီး မမြင်နိုင်တဲ့ အနာဂတ်တွေကို ကြိုးစား ရုန်းကန်ရင်း ပျော်ရွှင်ဖို့ကို မေ့လျော်မနေဖို့ လိုပါတယ်။ ယခု လက်ရှိ အချိန် ကာလမှာလည်း ပျော်ရွှင်စွာနေဖို့ အတွက် ကြိုးစားသင့် ပါတယ်။

(၃) ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေဟာ အောင်မြင်မှုပန်းတိုင်နဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိပါတယ်

အကောင်းမြင်စိတ် ရှိပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူတွေက အရာရာကိုငြီးငြူပြီး စိတ်ပျက်နေတတ်တဲ့ သူတွေထက် ပိုပြီးတော့အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိ နိုင်တယ် ဆိုတာ ကိုတော့ ငြင်း မရနိုင် ပါဘူး။

အမြဲတမ်း စိတ်ပျက်နေတဲ့ စကားတွေပြောပြီး ငြီးငြူနေ တတ်တဲ့ သူကို အခြားသောလူတွေကလည်း မနှစ်သက်ကြ သလို လိုအပ်နေတဲ့ အကြံဉာဏ်နဲ့ အကူအညီတွေကို ပေးဖို့လည်း တွန့်ဆုတ် တတ်ကြပါတယ်။

ဒါကြောင့်မို့ အရာရာကို အကောင်းမြင် စိတ်ထားပြီး ငြီးငြူး မနေဘဲ ဖြစ်လာ သမျှကို ပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်ဖြေရှင်းတတ်တဲ့ စိတ်ကို မွေးမြူတာက ဘဝ အတွက် ပိုပြီး အဆင်ပြေ နိုင်ပါ လိမ့်မယ်။

(၄) ကမ္ဘာကြီးမှာ ပျော်ရွှင်တတ်တဲ့ လူတွေကို လိုအပ်နေပါတယ်

လူသားတွေရဲ့ နေ့စဉ်ရှင်သန် မှုတွေဟာ သတင်းဆိုးတွေနဲ့ ပြည့်နှက်နေ ပါတယ်။ စစ်ပွဲတွေ၊ အစာရေစာခေါင်းပါးမှုတွေ၊ ဆင်းရဲ နွမ်းပါးမှုတွေနဲ့ ကပ်ရောဂါဘေးတွေ ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပျော်ရွှင်စရာ အနေအထားတွေကို တတိတိ ဖျက်စီးေ န ကြပါတယ်။

ဒီလို အဖြစ်တွေကို စိတ်သက်သာ ရဖို့နဲ့ ပြောင်းလဲ ပစ်နိုင်ဖို့ အတွက် ကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့ ပျော်ရွှင်တတ်တဲ့ စိတ်ဓါတ် ရှိတဲ့ သူတွေကို အများအပြား လိုအပ်နေ ပါတယ်။ နေပျော်စရာလော ကကြီးဖန်တီး နိုင်ဖို့ဆို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူတွေသာ စွမ်းဆောင်နိုင် ပါလိမ့် မယ်။

(၅) အသက်ရှင်သန်နေတာကို မမေ့ပါနဲ့

ဘယ်လောက်ဘဲ နေမကောင်းဖြစ်နေပါစေ၊ ဝမ်းနည်းစရာတွေ ကြုံတွေ့နေ ရပါစေ၊ မပျော်ရွှင်မှုတွေနဲ့လုံးပန်းနေရပါစေ၊ အသက်ရှင်သန်နေသေးတဲ့ အတွက် အရာရာကို ပြောင်းလဲပစ်နိုင်စွမ်းရှိပါသေးတယ်။

ဒီနေ့ဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးသောနေ့ဖြစ်တယ် ဆိုရင်တောင် အသက်ရှင်သန်နေသေး တဲ့အတွက် ကိုယ်ချစ်တဲ့ သူတွေနဲ့ အတူတူ အချိန်ဖြုန်းခွင့် ရှိနိုင် ပါသေးတယ်။

ဒါကြောင့်မို့ ဘယ်လောက်ဘဲ ခက်ခဲ ပင်ပန်းနေ ပါစေ အသက်ရှင်သန် ရခြင်းကို မစွန့်လွှတ်လိုက် ဖို့လိုပါတယ်။ အသက်ရှင်သန်နေ မှသာ ပျော်ရွှင်မှုတွေကို ဖန်တီးလို့ ရနိုင်မှာ ဘဲဖြစ်ပါ တယ်။

(၆) ပျော်ရွှင်တတ်တဲ့လူတွေဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်တတ်ကြပါတယ်

စစ်တမ်းကောက်ယူ မှုများ အရ အိမ်ထောင်သည် အများစုဟာ တကိုယ်တည်း သမားတွေ ထက် ပျော်ရွှင်မှုကို ပိုမို ခံစားကြ ရတယ်လို့တွေ့ ရပါတယ်။ ဆိုလို ချင်တာက ပျော်ရွှင်မှုကို ပိုမို ခံစားခွင့် ရနိုင်ဖို့ လက်ထပ် ဖို့လိုအပ် တယ်လို့ပြောချင် တာမျိုးတော့ မဟုတ်ပါဘူး။

ကောင်းမွန်တဲ့ အလုပ်တခုရယ်၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေရယ်၊ မိသားစုဝင်တွေနဲ့ ကိုယ်ချစ်ခင် နှစ်သက်ရတဲ့ သူတယောက်လောက် ရှိနေတာက ပျော်ရွှင်မှုကို ရရှိ နိုင်ဖို့ အတွက် ပိုမိုလွယ်ကူတာကို ဆိုလိုရင်းဖြစ် ပါတယ်။

(၇) ပျော်ရွှင်တဲ့လူတွေက ပိုပြီးကျန်းမာရေးကောင်းမွန်ကြပါတယ်

သုတေသနပြုချက်များ အရ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုဟာ တိုက်ရိုက်ဆက်စပ်နေပ ါတယ်။ ပျော်ရွှင်မှုကို မရရှိတဲ့ သူတွေဟာ အသက်ရှင်နေထိုင် ရခြင်းကို အလဟသဖြစ်တယ်လို့ ထင်မြင်ခြင်း၊

မိမိရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘဲ စိတ်ထင် သလိုနေထိုင်ခြင်း၊ အစားအစာနဲ့ မူးယစ်သောက်စားမှုတွေကို အလွန်အကျွံသုံးစွဲ တတ်ခြင်း အစရှိတဲ့ အရာတွေကို လုပ်ဆောင် တတ်ကြ တာမို့ စောစီးစွာသေဆုံးတတ် ကြပါ တယ်။

ဒါကြောင့်မို့ အသက်ရှင်နေထိုင် ရတဲ့ သက်တမ်း တလျောက်မှာ ပျော်ရွှင်စွာနေထိုင် တတ်ဖို့နဲ့ ပျော်ရွှင်မှုကို ကောင်းမွန်စွာ အသုံးချ တတ်ဖို့ လိုအပ် ပါတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေး လိုက်ပါ တယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …