
ပတ်ဝန်းကျင် ဆိုတာ ….
ခရက်ဒစ်
ယူနီကုတ်
ပတ်ဝန်းကျင် ဆိုတာ ….
လက်မထပ် ရသေးတဲ့ အပျို တစ်ယောက်ကို ပိန်တာ ဝတာမှ စလို့အိမ်ပြန်နောက်ကျ ချိန်အဆုံး “ဘာလုပ်နေမှန်း မှမသိတာ”ဆိုတဲ့ စကား တစ်လုံး တည်းနဲ့ ။
စေ့စပ် ထားပြီး(သို့မဟုတ်) ချစ်သူ ရှိတဲ့ မိန်းကလေးကို ဆိုရင်လည်း “ဒီလောက်ကြာတာ မယူကြာ သေးဘူး” “အပျော်ကြံ ခံနေရတာ လား မသိဘူး “အစရှိ သဖြင့် စကားလုံ းတွေနဲ့ ။
ချစ်သူနဲ့ ပြတ် သွားတဲ့ အချိန် ကိုယ့်ဘာသာ ပြန်ဂရုစိုက် လာတဲ့ အချိန် အရာရာကို ရင်ဆိုင် မယ် ဆိုပြီး ခေါင်းမော့လိုက်တဲ့ အချိန် “အေးလေ ဘာဖြစ် ခဲ့လို့ ဒီလို နေရဲထိုင်ရဲ ပြင်ရဲ လာတာ ဘာတွေဖြစ် လာလဲ မှ မသိတာအေ” ဆိုတဲ့ စကားလုံးတွေနဲ့ ။
ကဲ …အဟော့ဆုံးလို့ဆိုရမယ့် မုဆိုးမနဲ့ တစ်ခုလပ်တွေကို ဆိုရင်တော့ ဆိုဖွယ်ရာမရှိ လှုပ်တာနဲ့ကို မြှုပ်အောင် ပြောဖို့ပါးစပ်တွေ တပြင်ပြင် ဖြစ်နေကြ တာတွေ့နေ ရမှာပါ ။
အဲဒီလို မိန်းမ တစ်ယောက်ရဲ့ဘဝကို ဦးတည် တိုက်ခိုက် ကြတာ ဟာ သူစိမ်းတွေ လား ? မဟုတ်ဘူး ဆွေမျိုး အရင်းတွေ၊ ပတ်ဝန်းကျင်နဲ့ သူငယ်ချင်း အရင်းတွေ ပါပါ တယ်။
ဒါပေမဲ့ မမေ့နဲ့ … အဲ့ဒီလို ပြောနေတဲ့ လူတွေကို တစ်ယောက်ချင်း ကြည့်ကြည့် သေသေချာချာ ကြည့်သူတို့တွေ ထဲမှာ ကိုယ် ဒုက္ခရောက်တဲ့ အချိန် လက်ကမ်းပေး ဖူးသူ မပါ ဘူး။
ကိုယ် ငိုနေတဲ့ အချိန် မျက်ရည် သုတ်ပေး တဲ့လူ မပါဘူး။ ကိုယ်နာကျင်နေတဲ့ အချိန် ဆုပ်ကိုင် ဖို့ပေးထားတဲ့ လက်ပိုင်ရှင်တွေ မပါဘူး။
ကိုယ်ရင်ဖွင့်တဲ့ အခါ နားထောင်ပေး ခဲ့တဲ့ နားရွက် ပိုင်ရှင်တွေ မပါဘူး။ ကိုယ် မောပန်းနေတဲ့အခါ ရေတစ်ခွက် တိုက်ခဲ့ တဲ့ လူမ ပါဘူး။
ကိုယ်လမ်းမှားရောက် နေတာကို ဆွဲတင် ခဲ့တဲ့လူ မပါ ဘူး။ အဲ့ဒီတော့ ကိုယ့်လမ်း ကိုယ်သာ ဆက်လျောက်။ ကိုယ်ရဲ့ ဆိုးဝါးတဲ့ အချိန်မှာ အတူမရှိ ခဲ့ သူမို့ နားမလည်ဘူး လို့ သဘော ထားပြီး ဆက်လျှောက်။
ကိုယ်ဆိုတာ သူတို့ မော့ကြည့် ရတဲ့ ကြယ် တစ်ပွင့်ပဲ ဖြစ်နေပါစေ …။
No Comments