
အပ်ိဳႀကီးဆိုတာ .. (မွန္ရင္ စိတ္ဆိုးနက္)
အပ်ိဳႀကီး ဆိုတာ အပ်ိဳေလး ဘဝ တုန္းက ေခ်ခဲ့ သမွ် ခုခ်ိန္မွာ တိုင္ပတ္ တာပဲ ေလးဆယ္ေက်ာ္မွ ဘဝက စတာ မဟုတ္ဘူး သုံးဆယ္ေက်ာ္ တာနဲ႔ ဖူးစာ က ဆုံးတာ
ျမားနတ္ေမာင္က အန္ဖရန္႔ လုပ္ၿပီးၿပီ ေအာင္သြယ္ေတာ္ ေပ့ခ္ က ဘေလာ့ခ္ ခံရၿပီ ေဗဒင္ဆရာေတြေတာင္ ” အပ်ိဳႀကီးမ်ား အတြက္ .. အခ်စ္ေရး မေဟာပါ ” လို႔ ဆိုင္းဘုတ္ေထာင္ ေနရၿပီ ။
မခူးပဲ ေႂကြ မက် ရဲ .. ခူးေတာ့လည္း ပဲ ေပးေနၿပီး လွည့္ထြက္ သြားမွ မွည့္ေန ပါၿပီ ေအာ္လည္း မရေတာ့ဘူး ။
ခက္တယ္ … ခက္တယ္ အပ်ိဳႀကီး … ဆိုတာ တိုင္ မေပၚတဲ့ ဆင္း ကဒ္လို Hello တစ္ခြန္းနဲ႔ လိုရာ မေရာက္ ပ႐ိုမိုးရွင္း ကာလနဲ႔ လည္း မရ ဒစ့္စေကာင့္နဲ႔ လည္း မျဖစ္ မိဘကို တစ္သက္ လုံး
ဒုကၡေပးမယ့္ အထာနဲ႔ ” အပ်ိဳႀကီး လုပ္မွာ “လို႔ ( အငိုမ်က္လုံး အၿပဳံးမ်က္ႏွာနဲ႔ ေျပာေသးတာ ) မရတာ ပဲျဖစ္ျဖစ္ မယူတာ ပဲျဖစ္ျဖစ္ ဆြဲဖဲ ပဲေသေသ ေဒါင္းဖဲပဲ မတက္ မတက္ ဘဝ တစ္သက္မွာ ေယာက္်ား တစ္ေယာက္ကို မစည္း႐ုံ းႏိူင္ခဲ့သူ
တံခြန္လည္း မရွိ တက္လည္း မပိုင္နဲ႔ ဘဝကို အရည္မပါပဲ ထမင္းစား ရသလို ေျခာက္ကပ္ကပ္ ဟန္းဆက္ ဘယ္ေလာက္ ျမင့္ျမင့္ … ခ်စ္ဆုံး / အာဘြား / ဘာညာ ကြိကြေတြ ဖုန္းထဲက အသံ မထြက္ ဖူးတာ အပ်ိဳႀကီး ကိုင္တဲ့ ဖုန္း
ေဖ့ဘုတ္ေတာင္ Like ေနရာမွာ Love သာ ပို အသုံးျပဳလို႔ ရေအာင္ ေျပာင္းလာ တယ္ အပ်ိဴႀကီးေတြ က တစ္ေယာက္တည္း ပုံ တင္လိုက္ သူငယ္ခ်င္းေတြနဲ႔
ပုံတင္ လိုက္ တူေလးေတြ ထိန္းေန တဲ့ ပုံတ င္လိုက္ ေၾကာင္ေလး ေခြးေလးေတြနဲ႔ ပုံတင္ လိုက္ အဆင့္က … မတိုးတက္ မေျပာင္းလဲ လာဘူး
တကယ္ေတာ့ … အပ်ိဳႀကီးေတြ ဆိုတာ ဘဝကို ေက်နပ္ခ်င္ ေယာင္ေဆာင္ေနတဲ့ အခ်စ္တစ္ျခမ္း ေလျဖတ္ထားတဲ့ ႏွလုံးသား ဒုကၡိတေတြပါ
Credìt.
Unicode
အပျိုကြီးဆိုတာ .. (မှန်ရင် စိတ်ဆိုးနက်)
အပျိုကြီး ဆိုတာ အပျိုလေး ဘဝ တုန်းက ချေခဲ့ သမျှ ခုချိန်မှာ တိုင်ပတ် တာပဲ လေးဆယ်ကျော်မှ ဘဝက စတာ မဟုတ်ဘူး သုံးဆယ်ကျော် တာနဲ့ ဖူးစာ က ဆုံးတာ
မြားနတ်မောင်က အန်ဖရန့် လုပ်ပြီးပြီ အောင်သွယ်တော် ပေ့ခ် က ဘလော့ခ် ခံရပြီ ဗေဒင်ဆရာတွေတောင် ” အပျိုကြီးများ အတွက် .. အချစ်ရေး မဟောပါ ” လို့ ဆိုင်းဘုတ်ထောင် နေရပြီ ။
မခူးပဲ ကြွေ မကျ ရဲ .. ခူးတော့လည်း ပဲ ပေးနေပြီး လှည့်ထွက် သွားမှ မှည့်နေ ပါပြီ အော်လည်း မရတော့ဘူး ။
ခက်တယ် … ခက်တယ် အပျိုကြီး … ဆိုတာ တိုင် မပေါ်တဲ့ ဆင်း ကဒ်လို Hello တစ်ခွန်းနဲ့ လိုရာ မရောက် ပရိုမိုးရှင်း ကာလနဲ့ လည်း မရ ဒစ့်စကောင့်နဲ့ လည်း မဖြစ် မိဘကို တစ်သက် လုံး
ဒုက္ခပေးမယ့် အထာနဲ့ ” အပျိုကြီး လုပ်မှာ “လို့ ( အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ပြောသေးတာ ) မရတာ ပဲဖြစ်ဖြစ် မယူတာ ပဲဖြစ်ဖြစ် ဆွဲဖဲ ပဲသေသေ ဒေါင်းဖဲပဲ မတက် မတက် ဘဝ တစ်သက်မှာ ယောက်ျား တစ်ယောက်ကို မစည်းရုံ းနိူင်ခဲ့သူ
တံခွန်လည်း မရှိ တက်လည်း မပိုင်နဲ့ ဘဝကို အရည်မပါပဲ ထမင်းစား ရသလို ခြောက်ကပ်ကပ် ဟန်းဆက် ဘယ်လောက် မြင့်မြင့် … ချစ်ဆုံး / အာဘွား / ဘာညာ ကွိကွတွေ ဖုန်းထဲက အသံ မထွက် ဖူးတာ အပျိုကြီး ကိုင်တဲ့ ဖုန်း
ဖေ့ဘုတ်တောင် Like နေရာမှာ Love သာ ပို အသုံးပြုလို့ ရအောင် ပြောင်းလာ တယ် အပျိူကြီးတွေ က တစ်ယောက်တည်း ပုံ တင်လိုက် သူငယ်ချင်းတွေနဲ့
ပုံတင် လိုက် တူလေးတွေ ထိန်းနေ တဲ့ ပုံတ င်လိုက် ကြောင်လေး ခွေးလေးတွေနဲ့ ပုံတင် လိုက် အဆင့်က … မတိုးတက် မပြောင်းလဲ လာဘူး
တကယ်တော့ … အပျိုကြီးတွေ ဆိုတာ ဘဝကို ကျေနပ်ချင် ယောင်ဆောင်နေတဲ့ အချစ်တစ်ခြမ်း လေဖြတ်ထားတဲ့ နှလုံးသား ဒုက္ခိတတွေပါ
No Comments