
တရားထိုင္တာ , ဘုရားစာရြတ္တာ နဲ႔ ဥပုသ္ေစာင့္တာ ဘယ္ဟာကပိုအက်ိဳးမ်ားလဲ
ေအာက္စဖို့ဒ္ ဆရာေတာ္ ေဒါက္တာဓမၼသာမိ “သင္ႏွင့္ ကၽြန္ုပ္တို့ အတြက္ ဗုဒၶ၏ ဦးေႏွာက္အေတြးအေခၚမ်ား (ဒု) (Buddha Brain for You and Me) ” တရားေတာ္မွ ေကာက္ႏွုတ္ မၽွေဝ ပါသည္။
ေမး ~ အရွင္ဘုရား တရားထိုင္လို့ ရတဲ့ ေကာင္းက်ိဳးနဲ႔ ဘုရားစာရြတ္ ဖတ္ၿပီး ဘုရားရွိခိုးတာ ၊ ဥပုသ္ေစာင့္တဲ့ ေကာင္းက်ိဳးနဲ႔ ဘယ္ဟာက ပိုၿပီး စိတ္ၿငိမ္း ခ်မ္းမွုကို ပိုရ နိုင္ပါ လဲ ဘုရား။
ေျဖ ~ ဘုန္းဘုန္းက အဲဒီလို မႏွိုင္းယွဥ္ တတ္ဘူး ႏွိုင္းယွဥ္ၿပီးေတာ့ ၾကည့္တဲ့ အေလ့အထ လုပ္မထားဘူး ကိုယ့္ကိုယ္ကို လည္းပဲ သူမ်ားနဲ႔ ႏွိုင္းယွဥ္ၿပီးေတာ့ ၾကည့္တဲ့ ဟာမ်ိဳး မလုပ္ ဘူးေပါ့။
အဲလို လုပ္မယ့္ အစား complementary approach ဆိုတာ ဥပုသ္ေစာင့္တဲ့ ဟာနဲ႔ တရားထိုင္ တဲ့ဟာ ဘယ္လို အျပန္အလွန္ အက်ိဳးျပဳတုန္း ဘုန္းဘုန္းက အဲလို ေတြးတယ္ တစ္ခုစီ ဘုန္းဘုန္းက မေတြး ဘူး။
မဂၢင္ ၈-ပါးကို ဘုန္းဘုန္း ဒါေလး ဆြဲျပ ခ်င္တယ္ ဗုဒၶဘာသာရဲ့ အေတြးအေခၚက ဒီထဲမွာ အကုန္ပါတယ္ ဒီ ဓမၼစၾကာ ထဲမွာ အကုန္ ပါတယ္ ။
အဲဒီ စၾကာက သူက အဲဒီ wheel ေလ တစ္ခု တည္းပဲ ဒါေပမဲ့ – အဲတစ္ခု တည္းက အရည္အေသြး ဘယ္ႏွစ္ခုကို integrate လုပ္ ထားတုန္း ေပါင္းစပ္ ထားတုန္း ဆိုေတာ့ ၈ ခု ေပါင္းစပ္ ထားတယ္။
အဲေတာ့ သမီးက ေမးတဲ့ အထဲမွာ ဥပုသ္ေစာင့္တာ နဲ႔ တရားထိုင္တာ ဘယ္ဟာက ပိုေကာင္းလဲ ဆိုတာ ဘုန္းဘုန္း အဲလို မေတြး တာက ဘုန္းဘုန္းက ဒီအေတြးေတြ အတိုင္း ကိုယ့္ကိုယ္ ကို train လုပ္ ထားလို့။
ဥပုသ္ေစာင့္ တာကို အကန႔္တစ္ကန႔္ လို့ ဘုန္းဘုန္းက ယူဆ တယ္ ဘုရားစာရြတ္တာကို အကန႔္တကန႔္လို့ ယူဆတယ္ တရားထိုင္ တာကို အကန႔္တစ္ကန႔္ လို့ ယူဆ ထားတယ္။
အဲလို အကန႔္ေတြ မ်ားလာရင္ ေကာင္းတဲ့အ ကန႔္ေတြ မ်ားလာရင္ ဒီလူက သူဘာပဲ လုပ္လုပ္ အကုန္လုံး အဲဒီ အရည္အေသြးေတြက အခ်င္းခ်င္း ဒီလို လက္ ၅ – ေခ်ာင္းလို .. တေခ်ာင္း နဲ႔ တေခ်ာင္း အေထာက္အကူ ျဖစ္တယ္ေပါ့။
အဲေတာ့ – ဥပုသ္ေစာင့္တဲ့ လူကလည္းပဲ သူရဲ့စိတ္ကို သူဆုံးမ တာပါပဲ , train လုပ္တာပါပဲ။
အစားအေသာက္နဲ႔ ပတ္သက္တာေတြ ေနာက္ music နဲ႔ ပတ္သတ္ တာေတြ အဲဒါ မ်ိဳးေတြ သူ႔စိတ္ကို သူ train လုပ္တယ္ Destruction ေတြ မမ်ားေအာင္ တရားထိုင္တဲ့ အခါလည္း ဒါပဲ လုပ္တာပဲ။
စိတ္ထဲမွာ Destruction ေတြ သိပ္ၿပီးေတာ့ မမ်ားေအာင္ ကိုယ့္စိတ္ကို ထိန္းနိုင္ေအာင္ လုပ္တာ ဒါေၾကာင့္ ရည္ရြယ္ ခ်က္ခ်င္း တူ တယ္ ။
ဒါေၾကာင့္ ဘုန္းဘုန္း အေနနဲ႔ သမီးကို ဘယ္လို ေတြးေစခ်င္း တုန္း ဆိုေတာ့ ဘယ္ဟာက ပိုေကာင္းတယ္ဆိုၿပီးေတာ့ ေတြးတာ ထက္ ဘယ္ဟာက ဘယ္ဟာနဲ႔ သူတို့ အခ်င္းခ်င္း အေထာက္အကူ ဘယ္လိုျဖစ္သလဲ အဲဒါေတြး ေစခ်င္ တယ္ ။
အဲဒီ approach ကို အဂၤလိပ္လို Integral Approach အရင္တုန္းကေလ – မင္းတုန္းမင္းေခတ္ တုန္းက ဒါနက ပိုအေရးႀကီး တယ္ တခ်ိဳ့ေျပာတာ တခ်ိဳ့ကေျပာ တယ္ မဟုတ္ဘူး ။
သီလက ပိုအေရးႀကီးတယ္ တခ်ိဳ့က ေျပာတယ္ တခ်ိဳ့က ဘာဝနာ ပိုအေရးႀကီး တယ္ ေယာမင္းႀကီး ဦးဖိုးလွိုင္က ဘာဝနာ တစ္ခုပဲ အေရးႀကီးတယ္ ဆိုၿပီးေတာ့ ဒါန နဲ႔ သီလ ကို သူက ပယ္လိုက္ တယ္။
အဲဒါကို မဟာဝိသုဒၶါ႐ုံ ဆရာေတာ္ႀကီးက ျပန္ၿပီးေတာ့ေရးၿပီး မဟုတ္ဘူး ဒီသုံးခု ဘယ္လို အက်ိဳးျပဳတယ္ ဆိုတာ ျပန္ၿပီးေတာ့ ေရးတယ္ ။
ဗုဒၶရဲ့အေတြးအေခၚ ဆိုလိုတာက ဗုဒၶရဲ့အေတြးအေခၚက အရည္အေသြးေတြ အမ်ားႀကီး ရွိတဲ့ေနရာမွာ အရည္အေသြးတစ္ခု နဲ႔ တစ္ခု ၿပိဳင္ေအာင္ မလုပ္ဘဲနဲ႔ အဲဒီ နည္းကို မရွာ ဘဲနဲ႔ ။
အဲဒီ အရည္အေသြးေတြ အားလုံး စုေပါင္းၿပီးတဲ့ အလုပ္လုပ္တဲ့ အခါ ဥပမာေလး တစ္ခုေျပာမယ္ဆိုရင္ လက္ငါးေခ်ာင္း သူတို့က ၿပိဳင္ၾက တယ္တဲ့။
လက္မ သူက ႏုလုံးသားနဲ႔ အနီးဆုံး ပဲတဲ့ ဒါေၾကာင့္ သူက ပိုအေရးပါ တယ္တဲ့ လက္ညႇိုးက – အဲဒါ မခံခ်င္ဘူး စကားမ်ား မေနနဲ႔တဲ့ အမိန႔္ေပးရင္ က်ဳပ္ကမွ အမိန ႔္ေပးတာ၊ က်ဳပ္စကားပဲ နားေထာင္ တယ္။
လက္မနဲ႔ ဒီလို သြားၿပီးထို း ဘယ္သူမွ နားမေထာင္ဘူးတဲ့ သူက ေျပာျပန္ေရာ ၿပိဳင္ေနတာ အဲဒါကို ဒီလက္ခလယ္က အဲဒါကို ၾကားၿပီးေတာ့ အရမ္းကို အျမင္ကပ္ တာနဲ႔ သူလည္း ထၿပီးေတာ့ ေျပာတယ္တဲ့ ငါ အရပ္အရွည္ ဆုံးပါ ။
အဲလိုေျပာေတာ့ ေနာက္ တေခ်ာင္း လက္သူႂကြယ္ -တိတ္တိတ္ေန စမ္းတဲ့ ရတနာရွိတယ္ ဆိုရင္ ငါကမွ စြပ္ရတာ ဘယ္သူမွ မစြပ္ ရဘူး သူကမွ တန္ဖိုး ရွိတာတဲ့။
အဲဒါကို အငယ္ဆုံးျဖစ္တဲ့ လက္သန္းေလးက လုံး၀ မခံခ်င္ဘူး ေအး ဘုရားရွိခိုးရင္ ငါ ေရွ႕က ေနရတယ္တဲ့။
အဲဒီလို မေတြးဘဲနဲ႔ ဒီ. လက္ေခ်ာင္း စုေပါင္းၿပီးေတာ့ဆုပ္ရင္ ဘယ္လို အားရွိ တယ္ ဒါေလး လက္ငါးေခ်ာင္းလုံး ေက်ာက္ခဲတစ္ခဲကို ကိုင္ၿပီးေတာ့ အတူတူ အေဝးကို လႊင့္ပစ္ ေပါ့ေနာ္ ။
စုေပါင္း အင္အား လုပ္ရင္ ဘယ္ေလာက္ထိ ပစ္နိုင္တယ္ ဒါေလး ေခါင္းထဲမွာ ထည့္ထားဖို့ ။
Credit_ Original Uploader
Unicode
တရားထိုင်တာ , ဘုရားစာရွတ်တာ နဲ့ ဥပုသ်စောင့်တာ ဘယ်ဟာကပိုအကျိုးများလဲ
အောက်စဖို့ဒ် ဆရာတော် ဒေါက်တာဓမ္မသာမိ “သင်နှင့် ကျွန်ုပ်တို့ အတွက် ဗုဒ္ဓ၏ ဦးနှောက်အတွေးအခေါ်များ (ဒု) (Buddha Brain for You and Me) ” တရားတော်မှ ကောက်နှုတ် မျှဝေ ပါသည်။
မေး ~ အရှင်ဘုရား တရားထိုင်လို့ ရတဲ့ ကောင်းကျိုးနဲ့ ဘုရားစာရွတ် ဖတ်ပြီး ဘုရားရှိခိုးတာ ၊ ဥပုသ်စောင့်တဲ့ ကောင်းကျိုးနဲ့ ဘယ်ဟာက ပိုပြီး စိတ်ငြိမ်း ချမ်းမှုကို ပိုရ နိုင်ပါ လဲ ဘုရား။
ဖြေ ~ ဘုန်းဘုန်းက အဲဒီလို မနှိုင်းယှဉ် တတ်ဘူး နှိုင်းယှဉ်ပြီးတော့ ကြည့်တဲ့ အလေ့အထ လုပ်မထားဘူး ကိုယ့်ကိုယ်ကို လည်းပဲ သူများနဲ့ နှိုင်းယှဉ်ပြီးတော့ ကြည့်တဲ့ ဟာမျိုး မလုပ် ဘူးပေါ့။
အဲလို လုပ်မယ့် အစား complementary approach ဆိုတာ ဥပုသ်စောင့်တဲ့ ဟာနဲ့ တရားထိုင် တဲ့ဟာ ဘယ်လို အပြန်အလှန် အကျိုးပြုတုန်း ဘုန်းဘုန်းက အဲလို တွေးတယ် တစ်ခုစီ ဘုန်းဘုန်းက မတွေး ဘူး။
မဂ္ဂင် ၈-ပါးကို ဘုန်းဘုန်း ဒါလေး ဆွဲပြ ချင်တယ် ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်က ဒီထဲမှာ အကုန်ပါတယ် ဒီ ဓမ္မစကြာ ထဲမှာ အကုန် ပါတယ် ။
အဲဒီ စကြာက သူက အဲဒီ wheel လေ တစ်ခု တည်းပဲ ဒါပေမဲ့ – အဲတစ်ခု တည်းက အရည်အသွေး ဘယ်နှစ်ခုကို integrate လုပ် ထားတုန်း ပေါင်းစပ် ထားတုန်း ဆိုတော့ ၈ ခု ပေါင်းစပ် ထားတယ်။
အဲတော့ သမီးက မေးတဲ့ အထဲမှာ ဥပုသ်စောင့်တာ နဲ့ တရားထိုင်တာ ဘယ်ဟာက ပိုကောင်းလဲ ဆိုတာ ဘုန်းဘုန်း အဲလို မတွေး တာက ဘုန်းဘုန်းက ဒီအတွေးတွေ အတိုင်း ကိုယ့်ကိုယ် ကို train လုပ် ထားလို့။
ဥပုသ်စောင့် တာကို အကန့်တစ်ကန့် လို့ ဘုန်းဘုန်းက ယူဆ တယ် ဘုရားစာရွတ်တာကို အကန့်တကန့်လို့ ယူဆတယ် တရားထိုင် တာကို အကန့်တစ်ကန့် လို့ ယူဆ ထားတယ်။
အဲလို အကန့်တွေ များလာရင် ကောင်းတဲ့အ ကန့်တွေ များလာရင် ဒီလူက သူဘာပဲ လုပ်လုပ် အကုန်လုံး အဲဒီ အရည်အသွေးတွေက အချင်းချင်း ဒီလို လက် ၅ – ချောင်းလို .. တချောင်း နဲ့ တချောင်း အထောက်အကူ ဖြစ်တယ်ပေါ့။
အဲတော့ – ဥပုသ်စောင့်တဲ့ လူကလည်းပဲ သူရဲ့စိတ်ကို သူဆုံးမ တာပါပဲ , train လုပ်တာပါပဲ။
အစားအသောက်နဲ့ ပတ်သက်တာတွေ နောက် music နဲ့ ပတ်သတ် တာတွေ အဲဒါ မျိုးတွေ သူ့စိတ်ကို သူ train လုပ်တယ် Destruction တွေ မများအောင် တရားထိုင်တဲ့ အခါလည်း ဒါပဲ လုပ်တာပဲ။
စိတ်ထဲမှာ Destruction တွေ သိပ်ပြီးတော့ မများအောင် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် လုပ်တာ ဒါကြောင့် ရည်ရွယ် ချက်ချင်း တူ တယ် ။
ဒါကြောင့် ဘုန်းဘုန်း အနေနဲ့ သမီးကို ဘယ်လို တွေးစေချင်း တုန်း ဆိုတော့ ဘယ်ဟာက ပိုကောင်းတယ်ဆိုပြီးတော့ တွေးတာ ထက် ဘယ်ဟာက ဘယ်ဟာနဲ့ သူတို့ အချင်းချင်း အထောက်အကူ ဘယ်လိုဖြစ်သလဲ အဲဒါတွေး စေချင် တယ် ။
အဲဒီ approach ကို အင်္ဂလိပ်လို Integral Approach အရင်တုန်းကလေ – မင်းတုန်းမင်းခေတ် တုန်းက ဒါနက ပိုအရေးကြီး တယ် တချို့ပြောတာ တချို့ကပြော တယ် မဟုတ်ဘူး ။
သီလက ပိုအရေးကြီးတယ် တချို့က ပြောတယ် တချို့က ဘာဝနာ ပိုအရေးကြီး တယ် ယောမင်းကြီး ဦးဖိုးလှိုင်က ဘာဝနာ တစ်ခုပဲ အရေးကြီးတယ် ဆိုပြီးတော့ ဒါန နဲ့ သီလ ကို သူက ပယ်လိုက် တယ်။
အဲဒါကို မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက ပြန်ပြီးတော့ရေးပြီး မဟုတ်ဘူး ဒီသုံးခု ဘယ်လို အကျိုးပြုတယ် ဆိုတာ ပြန်ပြီးတော့ ရေးတယ် ။
ဗုဒ္ဓရဲ့အတွေးအခေါ် ဆိုလိုတာက ဗုဒ္ဓရဲ့အတွေးအခေါ်က အရည်အသွေးတွေ အများကြီး ရှိတဲ့နေရာမှာ အရည်အသွေးတစ်ခု နဲ့ တစ်ခု ပြိုင်အောင် မလုပ်ဘဲနဲ့ အဲဒီ နည်းကို မရှာ ဘဲနဲ့ ။
အဲဒီ အရည်အသွေးတွေ အားလုံး စုပေါင်းပြီးတဲ့ အလုပ်လုပ်တဲ့ အခါ ဥပမာလေး တစ်ခုပြောမယ်ဆိုရင် လက်ငါးချောင်း သူတို့က ပြိုင်ကြ တယ်တဲ့။
လက်မ သူက နုလုံးသားနဲ့ အနီးဆုံး ပဲတဲ့ ဒါကြောင့် သူက ပိုအရေးပါ တယ်တဲ့ လက်ညှိုးက – အဲဒါ မခံချင်ဘူး စကားများ မနေနဲ့တဲ့ အမိန့်ပေးရင် ကျုပ်ကမှ အမိန့်ပေးတာ၊ ကျုပ်စကားပဲ နားထောင် တယ်။
လက်မနဲ့ ဒီလို သွားပြီးထို း ဘယ်သူမှ နားမထောင်ဘူးတဲ့ သူက ပြောပြန်ရော ပြိုင်နေတာ အဲဒါကို ဒီလက်ခလယ်က အဲဒါကို ကြားပြီးတော့ အရမ်းကို အမြင်ကပ် တာနဲ့ သူလည်း ထပြီးတော့ ပြောတယ်တဲ့ ငါ အရပ်အရှည် ဆုံးပါ ။
အဲလိုပြောတော့ နောက် တချောင်း လက်သူကြွယ် -တိတ်တိတ်နေ စမ်းတဲ့ ရတနာရှိတယ် ဆိုရင် ငါကမှ စွပ်ရတာ ဘယ်သူမှ မစွပ် ရဘူး သူကမှ တန်ဖိုး ရှိတာတဲ့။
အဲဒါကို အငယ်ဆုံးဖြစ်တဲ့ လက်သန်းလေးက လုံး၀ မခံချင်ဘူး အေး ဘုရားရှိခိုးရင် ငါ ရှေ့က နေရတယ်တဲ့။
အဲဒီလို မတွေးဘဲနဲ့ ဒီ. လက်ချောင်း စုပေါင်းပြီးတော့ဆုပ်ရင် ဘယ်လို အားရှိ တယ် ဒါလေး လက်ငါးချောင်းလုံး ကျောက်ခဲတစ်ခဲကို ကိုင်ပြီးတော့ အတူတူ အဝေးကို လွှင့်ပစ် ပေါ့နော် ။
စုပေါင်း အင်အား လုပ်ရင် ဘယ်လောက်ထိ ပစ်နိုင်တယ် ဒါလေး ခေါင်းထဲမှာ ထည့်ထားဖို့ ။
credit_ Original Uploader
No Comments