တစ္စုံတစ္ေယာက္အေပၚ တစ္ဖက္သတ္ခ်စ္ေနမိတဲ့ လကၡဏာမ်ား - Amawpyay

တစ္စုံတစ္ေယာက္အေပၚ တစ္ဖက္သတ္ခ်စ္ေနမိတဲ့ လကၡဏာမ်ား

တစ္စုံတစ္ေယာက္အေပၚ တစ္ဖက္သတ္ခ်စ္ေနမိတဲ့ လကၡဏာမ်ား
အခ်စ္ေရး

တစ္စုံတစ္ေယာက္အေပၚ တစ္ဖက္သတ္ခ်စ္ေနမိတဲ့ လကၡဏာမ်ား

တစ္ဖက္သက္အခ်စ္ဆိုတာ လူတစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာဟာ သူတို့ခ်စ္ျမတ္နိုး ရသူႏွင့္ အျပန္အလွန္ တုံ႔ျပန္မွုမရွိေသာ အေျခအေန ျဖစ္ပါတယ္။

အေၾကာင္းရင္းက အျခားသူ တစ္ဦးဟာ ကိုယ့္ရဲ့ခ်စ္ျခင္းေမတၱာႏွင့္ ရင္ခုန္စရာ ခံစားခ်က္ကို သတိမျပဳ မိတာေၾကာင့္ (သို့) သူတို့ သတိမထား မိဘဲ ျငင္းပယ္ေနတာေၾကာင့္ ျဖစ္နိုင္ ပါတယ္။

တစ္ဖက္သတ္အခ်စ္ရဲ့ လကၡဏာမ်ား

၁။ သင္ေပးတဲ့ အေရးပါမွုကို သင္ဘယ္ေတာ့မွ ျပန္မရတာ – သူတို့ ဘယ္အခ်ိန္ ဖုန္းေခၚေခၚ သင့္မွာ မညည္းမညဴ ဖုန္းကိုင္ေပး၊ အကူညီေပးၿပီး ထိုသူ အတြက္ အျမဲတမ္း အဆင္သင့္ ရွိေနတတ္ ပါတယ္၊ ဒါေပမယ့္ သင့္ကို ကူညီဖို့ႏွင့္ ပတ္သတ္ လာတဲ့ အခါ သူတို့မွာ စိတ္ေရာ ကိုယ္ပါ မရွိၾက ပါဘူး။

၂။ အလြယ္တကူ လ်စ္လ်ဴရွုခံရတာ- သင့္မက္ေဆ့ခ်္ေတြ၊ ဖုန္းေခၚဆိုမွုေတြကို သင္ခ်စ္ျမတ္နို းရသူမွ လ်စ္လ်ဴရွုၿပီး သူတို ဘယ္ေနရာမွာ ရွိေနတယ္ ဆိုတာ မေျပာျပ တတ္ပါဘူး။

ဒါ့အျပင္ သူတို့ကို ဆက္သြယ္ဖို့ ႀကိဳးစားတဲ့ အခါ သူတို့က စိတ္ဆိုးတတ္ၾကၿပီး သင္က သူတို့ဘဝကို အျမဲတမ္ းေထာက္လွမ္းေန တယ္လို့ စြပ္စြဲ တတ္ၾက ပါတယ္။

၃။ သင္ဘက္ကသာ အဆက္အသြယ္ စလုပ္ရတာ- သင္ဖုန္းေခၚ ဆိုတာကို ျပန္ေခၚဖို့ ၊ စာျပန္ပို့ဖို့ နာရီ(သို့) ရက္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းေန ရလၽွင္ သင္ဟာ သူတို့ အတြက္ ေမၽွာ္လင့္ ထားသလို အေရးမပါတာ ျဖစ္နိုင္ ပါတယ္။

သင့္အတြက္ေတာ့ သူတို့နဲ႔ စကားမေျပာ ရဘဲ တစ္ေန႔တာကို ျဖတ္သန္းဖို့ ဆိုတာ မျဖစ္နိုင္ ဘူးလို့ ထင္ရပါတယ္။ သို့ေသာ္ သူတို့ဟာ သင့္ကို လြမ္းဆြတ္မွု မရွိ တာေၾကာင့္ သင့္အား ရက္ေပါင္းမ်ားစြာ အဆက္အသြယ္လုပ္ဖို့ မစဥ္းစား မိၾက ပါဘူး။

၄။ သူတို့က သင့္အား လူျမင္ကြင္းမွာ မေတြ႕လိုတာ- တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ခ်စ္ၾကတယ္ဆိုရင္ သင့္လက္ တြဲေဖာ္ဟာ သင့္အား မိတ္ဆက္ေပးဖို့ ၊ သူတို့ သူငယ္ခ်င္းေတြနဲ႔ သင့္အေၾကာင္းေျပာဖို့ စိတ္အား ထက္သန္ ပါလိမ့္ မယ္။

သင္ခ်စ္ရေသာ သူဟာ လူမွုအသိုင္းအဝိုင္းမွာ သင့္အား မိတ္ဆက္ေပးဖို့ အဆင္မေျပ ဘူးဆိုရင္ သူတို့က သင္နဲ႔ေရရွည္ တြဲမွာ မဟုတ္လို့ ျဖစ္ပါ တယ္။

၅။ သူတို့က သင္ထိတာကို မႀကိဳက္တာ- တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ၾကတယ္ဆိုရင္ ေဝးေဝးမေနနိုင္ၾကပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိေတြ႕ဖို့ အခြင့္အေရးေတြ ရွာေဖြ ပါလိမ့္မယ္။

သို့ေသာ္ သင့္ခ်စ္သူ ဟာ သူတို့နား ကပ္ဖို့ ႀကိဳးစားတိုင္း ေရွာင္ပါက သင္ဘက္က ခ်ည္း တစ္ဖက္သတ္ခ်စ္ေနတာ ျဖစ္ပါတယ္။

၆။ သူတို့ရဲ့လၽွို့ဝွက္ခ်က္ေတြကို မေျပာျပတာ- လၽွို့ဝွက္ခ်က္ေတြက ခ်စ္ျခင္းေမတၱ ာကင္းမဲ့ျခင္းရဲ့ အႀကီးမားဆုံး လကၡဏာ တစ္ခုျဖစ္ ပါတယ္။

သင္ခ်စ္ရသူရဲ့ ဘဝဟာ သင့္အတြက္ ဖြင့္ထားတဲ့ စာအုပ္တစ္အုပ္ မဟုတ္ပါဘူး။ သူတို့က သင့္ကို သူတို့ဘဝထဲ မဝင္ေစပါဘူး။ သူတို့ရဲ့ဖုန္းေတြကို ကာကြယ္ ထားၿပီး သူတို့ရဲ့မက္ေဆ့ခ်္ေတြကို ျပရတာ အဆင္ေျပမွာ မဟုတ္ ပါဘူး။

၇။ သင့္သူငယ္ခ်င္းေတြက သင့္ကို မၾကာခဏ သတိေပးေနတာ- တခါတရံမွာ သူတို့ကို ပိုင္ဆိုင္ခ်င္တဲ့ သင့္ဆႏၵက အရမ္းျပင္းထန္ တာေၾကာင့္ သင္ဟာ အမွန္တရားကို မ်က္ကြယ္ျပဳ ထားပါတယ္။

သို့ေသာ္ သင့္သူငယ္ခ်င္းေတြ ၊မိသားစုေတြက အမွန္တရားကို ေတြ႕ျမင္နိုင္ၿပီး သင့္ကို ဒီခ်စ္ေမတၱာက ႐ုန္းထြက္ဖို့ အႀကံေပး ပါလိမ့္ မယ္။

၈။ သင့္ရဲ့ခံစားခ်က္ေတြကို သူတို့ဂ႐ုမစိုက္တာ- သူတို့က သင့္ကိုမခ်စ္တာေၾကာင့္ သင့္ခံစားခ်က္ေတြကို ထည့္စဥ္းစားမွာ မဟုတ္ပါဘူး။ ဥပမာ- သင့္ေရွ႕မွာ အျခားသူ တစ္ေယာက္နဲ႔ ပေရာပရည္လုပ္တာ၊

အျခား ဆြဲေဆာင္မွု ရွိတဲ့ သူတစ္ေယာက္ကို ေတြ႕တာနဲ႔ သင့္လက္ကို လႊတ္လိုက္ တာတို့ျဖစ္ ပါတယ္။ သိ၍ပဲျဖစ္ေစ၊ မသိ၍ပဲျဖစ္ေစ သင့္ရဲ့ေပ်ာ္ရြင္မွုက သူတို့ေပၚမွာ မူတည္တာကို လ်စ္လ်ဴရွုထားပါလိမ့္မယ္။

အႀကီးမားဆုံး လကၡဏာတစ္ခုက သင့္ရဲ့အလိုလို သိစိတ္ျဖစ္ ပါတယ္။ ဒီ Relationshipက ေရွ႕ဆက္စရာ လမ္းမရွိေၾကာင္း သင့္စိတ္ထဲမွာ ေျပာေနရင္ ဒါကို နားေထာင္ပါ။ အခ်ိဳ့က သူတို့ရဲ့ စိတ္ပ်က္စရာ အခ်စ္ေရးမွ ႐ုန္းထြက္ဖို့ ႀကိဳးစားၾကေပမယ့္ လည္း အခ်ိဳ့က သိေပမယ့္ လည္း ႐ုန္းမထြက္ နိုင္ၾကပါဘူး။

လူေတြဘာေၾကာင့္ တစ္ဖက္သတ္အခ်စ္ကို စြဲလမ္းရတာလဲ?

သူတို့အခ်စ္က တစ္ဖက္သတ္ျဖစ္ေနေၾကာင္း သိတဲ့အခ်ိန္မွာေတာင္ တြယ္ဖက္ထားရတဲ့ အေၾကာင္းရင္းေတြရွိပါတယ္။

၁။ အခ်စ္ႀကီးခ်စ္လို့- တစ္ေယာက္ေယာက္ကို ခ်စ္မိတဲ့အခါ ထိုအရာကို လက္လႊတ္လိုက္ရျခင္းက အရမ္းနာက်င္ေစပါတယ္။ ထိုသို့ေသာ အေျခအေနမ်ိဳးမွာ လူေတြဟာ အရွုံးမေပးေလ့ ရွိပါတယ္။

သူတို့ခ်စ္တဲ့ သူေတြဟာ သူတို့ရဲ့ခ်စ္ျခင္းေမတၱာကို နားလည္ၿပီး တစ္ေန႔ေန႔မွာ ျပန္လည္တုံ႔ျပန္လိမ့္ မယ္လို့ ယုံၾကည္ၾကပါတယ္။

၂။ မိသားစုဆက္ဆံေရး- မိဘေတြနဲ႔ ကေလးဘဝတုန္းက ဆက္ဆံေရးဟာ သူတို့ရဲ့ အခ်စ္ေရးေပၚမွာ လႊမ္းမိုးမွုရွိတယ္လို့ သုေတသန တစ္ခုက ေဖာ္ျပထား ပါတယ္။

တုန္႔ျပန္မွု မရွိေသာ မိဘေတြနဲ႔ ႀကီးျပင္းလာရတဲ့ ကေလးေတြဟာ ခ်စ္ျခင္းေမတၱာေနာက္ကို အျမဲလိုက္ေန ရမယ္လို့ ကေလးဘဝ တစ္ေလၽွာက္လုံး သင္ယူခဲ့တာေၾကာင့္ တစ္ဖက္သတ္ အခ်စ္ဆီ ကိုသာ စိတ္ဝင္စားေစနိုင္ ပါတယ္။

၃။ Low-self esteem – မိမိကိုယ္ကို ေလးစားမွု နိမ့္က်တဲ့ သူေတြဟာ ကိုယ့္ကို ခ်စ္နိုင္မယ့္ သူ ရွာမေတြ႕မွာကို စိုးရိမ္ တာေၾကာင့္ တဖက္သတ္ အခ်စ္ေရး မ်ိဳးမွာ ပိတ္မိေန နိုင္ပါ တယ္။ ထို့ေၾကာင့္ သူတို့ကို ခ်စ္ဖို့ စိတ္မဝင္စားေသာ သူေတြကို ဖိအားေပး တတ္ၾက ပါတယ္။

၄။ အမွန္တရားကို လ်စ္လ်ဴရွုျခင္း- တခ်ိဳ့လူေတြဟာ စိတ္ကူးယဥ္နယ္ေျမမွာ ေနထိုင္လိုတာေၾကာင့္ အျဖစ္မွန္ကို လ်စ္လ်ဴရွု ၾကပါ တယ္။ အျခားသူက သူတို့ကို ဘယ္ေတာ့မွ ျပန္ခ်စ္မွာ မဟုတ္ေၾကာင္း သိေသာ္လည္း ဒါကို လ်စ္လ်ဴရွု ထားတတ္ၾက ၿပီး သူတို့ရဲ့ စိတ္ကူးယဥ္ အခ်စ္ကိုသာ ေရြးခ်ယ္တတ္ၾကပါတယ္။

၅။ အဓိပၸာယ္ေကာက္ လြဲမွားျခင္း- တခါတရံမွာ ဖုန္းေခၚတာ၊ အတူတူအခ်ိန္ျဖဳန္းတာကို အခ်စ္လို့ အဓိပၸာယ္ေကာက္လြဲ မွားနိုင္ ပါတယ္။ သူတို့က သင့္ကို ခင္မင္ရင္းႏွီးတဲ့ ခံစားခ်က္ေတြ ရွိနိုင္ေပမယ့္ အဲဒါကို ခ်စ္ျခင္းေမတၱာလို့ မွားယြင္းစြာ နားလည္ နိုင္ပါတယ္။

အခ်စ္က ျပင္းထန္တဲ့ ခံစားခ်က္ျဖစ္ တာေၾကာင့္ တစ္ဖက္သက္ အခ်စ္မွာ နာက်င္မွုက ႀကီးမားပါတယ္။ သူတို့ကို သင့္ရဲ့တည္ရွိမွု တစ္ခုတည္းေသာ ရည္ရြက္ခ်က္ အျဖစ္ သင္ျမင္ပါတယ္၊

သို့ေသာ္ ၎တို့ဟာ သင့္ရဲ့ ပိုင္ဆိုင္မွု မဟုတ္ေၾကာင္း သတိျပဳမိတဲ့အခါ ဒီကမၻာႀကီးမွာ ဘယ္အရာကမွ သင့္ကို စိတ္ဝင္ သားေစမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ခံစားခ်က္ေတြ ေျပလည္ သြားၿပီ ဆိုရင္ စဥ္းစားၾကည့္ ပါ။ သင္တို့ဘယ္ေတာ့မွ ျဖစ္မလာဘူးဆိုတာသိရင္ သူတို့ကို လိုက္ပိုးပန္းေန ရတာ ထိုက္တန္ ရဲ့လား။

ကိုယ့္ကို မခ်စ္တဲ့ လူ တစ္ေယာက္အတြက္ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို အလဟႆျဖစ္ေစ မလား? ဘဝဆိုတာ အဖိုးတန္တဲ့ လက္ေဆာင္တစ္ခုျဖစ္ပါတယ္။ တစ္ေယာက္မွ ဒါကိုလႊင့္ပစ္ လို့ မရ ပါဘူး။

ခရက္ဒစ္

ယူနီကုတ္

တစ်စုံတစ်ယောက်အပေါ် တစ်ဖက်သတ်ချစ်နေမိတဲ့ လက္ခဏာများ

တစ်ဖက်သက်အချစ်ဆိုတာ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ သူတို့ချစ်မြတ်နိုး ရသူနှင့် အပြန်အလှန် တုံ့ပြန်မှုမရှိသော အခြေအနေ ဖြစ်ပါတယ်။

အကြောင်းရင်းက အခြားသူ တစ်ဦးဟာ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနှင့် ရင်ခုန်စရာ ခံစားချက်ကို သတိမပြု မိတာကြောင့် (သို့) သူတို့ သတိမထား မိဘဲ ငြင်းပယ်နေတာကြောင့် ဖြစ်နိုင် ပါတယ်။

တစ်ဖက်သတ်အချစ်ရဲ့ လက္ခဏာများ

၁။ သင်ပေးတဲ့ အရေးပါမှုကို သင်ဘယ်တော့မှ ပြန်မရတာ – သူတို့ ဘယ်အချိန် ဖုန်းခေါ်ခေါ် သင့်မှာ မညည်းမညူ ဖုန်းကိုင်ပေး၊ အကူညီပေးပြီး ထိုသူ အတွက် အမြဲတမ်း အဆင်သင့် ရှိနေတတ် ပါတယ်၊ ဒါပေမယ့် သင့်ကို ကူညီဖို့နှင့် ပတ်သတ် လာတဲ့ အခါ သူတို့မှာ စိတ်ရော ကိုယ်ပါ မရှိကြ ပါဘူး။

၂။ အလွယ်တကူ လျစ်လျူရှုခံရတာ- သင့်မက်ဆေ့ချ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို သင်ချစ်မြတ်နို းရသူမှ လျစ်လျူရှုပြီး သူတို ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ မပြောပြ တတ်ပါဘူး။

ဒါ့အပြင် သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားတဲ့ အခါ သူတို့က စိတ်ဆိုးတတ်ကြပြီး သင်က သူတို့ဘဝကို အမြဲတမ် းထောက်လှမ်းနေ တယ်လို့ စွပ်စွဲ တတ်ကြ ပါတယ်။

၃။ သင်ဘက်ကသာ အဆက်အသွယ် စလုပ်ရတာ- သင်ဖုန်းခေါ် ဆိုတာကို ပြန်ခေါ်ဖို့ ၊ စာပြန်ပို့ဖို့ နာရီ(သို့) ရက်ပေါင်းများစွာ စောင့်ဆိုင်းနေ ရလျှင် သင်ဟာ သူတို့ အတွက် မျှော်လင့် ထားသလို အရေးမပါတာ ဖြစ်နိုင် ပါတယ်။

သင့်အတွက်တော့ သူတို့နဲ့ စကားမပြော ရဘဲ တစ်နေ့တာကို ဖြတ်သန်းဖို့ ဆိုတာ မဖြစ်နိုင် ဘူးလို့ ထင်ရပါတယ်။ သို့သော် သူတို့ဟာ သင့်ကို လွမ်းဆွတ်မှု မရှိ တာကြောင့် သင့်အား ရက်ပေါင်းများစွာ အဆက်အသွယ်လုပ်ဖို့ မစဉ်းစား မိကြ ပါဘူး။

၄။ သူတို့က သင့်အား လူမြင်ကွင်းမှာ မတွေ့လိုတာ- တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချစ်ကြတယ်ဆိုရင် သင့်လက် တွဲဖော်ဟာ သင့်အား မိတ်ဆက်ပေးဖို့ ၊ သူတို့ သူငယ်ချင်းတွေနဲ့ သင့်အကြောင်းပြောဖို့ စိတ်အား ထက်သန် ပါလိမ့် မယ်။

သင်ချစ်ရသော သူဟာ လူမှုအသိုင်းအဝိုင်းမှာ သင့်အား မိတ်ဆက်ပေးဖို့ အဆင်မပြေ ဘူးဆိုရင် သူတို့က သင်နဲ့ရေရှည် တွဲမှာ မဟုတ်လို့ ဖြစ်ပါ တယ်။

၅။ သူတို့က သင်ထိတာကို မကြိုက်တာ- တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်ဆိုရင် ဝေးဝေးမနေနိုင်ကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဖို့ အခွင့်အရေးတွေ ရှာဖွေ ပါလိမ့်မယ်။

သို့သော် သင့်ချစ်သူ ဟာ သူတို့နား ကပ်ဖို့ ကြိုးစားတိုင်း ရှောင်ပါက သင်ဘက်က ချည်း တစ်ဖက်သတ်ချစ်နေတာ ဖြစ်ပါတယ်။

၆။ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို မပြောပြတာ- လျှို့ဝှက်ချက်တွေက ချစ်ခြင်းမေတ္တ ာကင်းမဲ့ခြင်းရဲ့ အကြီးမားဆုံး လက္ခဏာ တစ်ခုဖြစ် ပါတယ်။

သင်ချစ်ရသူရဲ့ ဘဝဟာ သင့်အတွက် ဖွင့်ထားတဲ့ စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ သူတို့က သင့်ကို သူတို့ဘဝထဲ မဝင်စေပါဘူး။ သူတို့ရဲ့ဖုန်းတွေကို ကာကွယ် ထားပြီး သူတို့ရဲ့မက်ဆေ့ချ်တွေကို ပြရတာ အဆင်ပြေမှာ မဟုတ် ပါဘူး။

၇။ သင့်သူငယ်ချင်းတွေက သင့်ကို မကြာခဏ သတိပေးနေတာ- တခါတရံမှာ သူတို့ကို ပိုင်ဆိုင်ချင်တဲ့ သင့်ဆန္ဒက အရမ်းပြင်းထန် တာကြောင့် သင်ဟာ အမှန်တရားကို မျက်ကွယ်ပြု ထားပါတယ်။

သို့သော် သင့်သူငယ်ချင်းတွေ ၊မိသားစုတွေက အမှန်တရားကို တွေ့မြင်နိုင်ပြီး သင့်ကို ဒီချစ်မေတ္တာက ရုန်းထွက်ဖို့ အကြံပေး ပါလိမ့် မယ်။

၈။ သင့်ရဲ့ခံစားချက်တွေကို သူတို့ဂရုမစိုက်တာ- သူတို့က သင့်ကိုမချစ်တာကြောင့် သင့်ခံစားချက်တွေကို ထည့်စဉ်းစားမှာ မဟုတ်ပါဘူး။ ဥပမာ- သင့်ရှေ့မှာ အခြားသူ တစ်ယောက်နဲ့ ပရောပရည်လုပ်တာ၊

အခြား ဆွဲဆောင်မှု ရှိတဲ့ သူတစ်ယောက်ကို တွေ့တာနဲ့ သင့်လက်ကို လွှတ်လိုက် တာတို့ဖြစ် ပါတယ်။ သိ၍ပဲဖြစ်စေ၊ မသိ၍ပဲဖြစ်စေ သင့်ရဲ့ပျော်ရွင်မှုက သူတို့ပေါ်မှာ မူတည်တာကို လျစ်လျူရှုထားပါလိမ့်မယ်။

အကြီးမားဆုံး လက္ခဏာတစ်ခုက သင့်ရဲ့အလိုလို သိစိတ်ဖြစ် ပါတယ်။ ဒီ Relationshipက ရှေ့ဆက်စရာ လမ်းမရှိကြောင်း သင့်စိတ်ထဲမှာ ပြောနေရင် ဒါကို နားထောင်ပါ။ အချို့က သူတို့ရဲ့ စိတ်ပျက်စရာ အချစ်ရေးမှ ရုန်းထွက်ဖို့ ကြိုးစားကြပေမယ့် လည်း အချို့က သိပေမယ့် လည်း ရုန်းမထွက် နိုင်ကြပါဘူး။

လူတွေဘာကြောင့် တစ်ဖက်သတ်အချစ်ကို စွဲလမ်းရတာလဲ?

သူတို့အချစ်က တစ်ဖက်သတ်ဖြစ်နေကြောင်း သိတဲ့အချိန်မှာတောင် တွယ်ဖက်ထားရတဲ့ အကြောင်းရင်းတွေရှိပါတယ်။

၁။ အချစ်ကြီးချစ်လို့- တစ်ယောက်ယောက်ကို ချစ်မိတဲ့အခါ ထိုအရာကို လက်လွှတ်လိုက်ရခြင်းက အရမ်းနာကျင်စေပါတယ်။ ထိုသို့သော အခြေအနေမျိုးမှာ လူတွေဟာ အရှုံးမပေးလေ့ ရှိပါတယ်။

သူတို့ချစ်တဲ့ သူတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို နားလည်ပြီး တစ်နေ့နေ့မှာ ပြန်လည်တုံ့ပြန်လိမ့် မယ်လို့ ယုံကြည်ကြပါတယ်။

၂။ မိသားစုဆက်ဆံရေး- မိဘတွေနဲ့ ကလေးဘဝတုန်းက ဆက်ဆံရေးဟာ သူတို့ရဲ့ အချစ်ရေးပေါ်မှာ လွှမ်းမိုးမှုရှိတယ်လို့ သုတေသန တစ်ခုက ဖော်ပြထား ပါတယ်။

တုန့်ပြန်မှု မရှိသော မိဘတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ချစ်ခြင်းမေတ္တာနောက်ကို အမြဲလိုက်နေ ရမယ်လို့ ကလေးဘဝ တစ်လျှောက်လုံး သင်ယူခဲ့တာကြောင့် တစ်ဖက်သတ် အချစ်ဆီ ကိုသာ စိတ်ဝင်စားစေနိုင် ပါတယ်။

၃။ Low-self esteem – မိမိကိုယ်ကို လေးစားမှု နိမ့်ကျတဲ့ သူတွေဟာ ကိုယ့်ကို ချစ်နိုင်မယ့် သူ ရှာမတွေ့မှာကို စိုးရိမ် တာကြောင့် တဖက်သတ် အချစ်ရေး မျိုးမှာ ပိတ်မိနေ နိုင်ပါ တယ်။ ထို့ကြောင့် သူတို့ကို ချစ်ဖို့ စိတ်မဝင်စားသော သူတွေကို ဖိအားပေး တတ်ကြ ပါတယ်။

၄။ အမှန်တရားကို လျစ်လျူရှုခြင်း- တချို့လူတွေဟာ စိတ်ကူးယဉ်နယ်မြေမှာ နေထိုင်လိုတာကြောင့် အဖြစ်မှန်ကို လျစ်လျူရှု ကြပါ တယ်။ အခြားသူက သူတို့ကို ဘယ်တော့မှ ပြန်ချစ်မှာ မဟုတ်ကြောင်း သိသော်လည်း ဒါကို လျစ်လျူရှု ထားတတ်ကြ ပြီး သူတို့ရဲ့ စိတ်ကူးယဉ် အချစ်ကိုသာ ရွေးချယ်တတ်ကြပါတယ်။

၅။ အဓိပ္ပာယ်ကောက် လွဲမှားခြင်း- တခါတရံမှာ ဖုန်းခေါ်တာ၊ အတူတူအချိန်ဖြုန်းတာကို အချစ်လို့ အဓိပ္ပာယ်ကောက်လွဲ မှားနိုင် ပါတယ်။ သူတို့က သင့်ကို ခင်မင်ရင်းနှီးတဲ့ ခံစားချက်တွေ ရှိနိုင်ပေမယ့် အဲဒါကို ချစ်ခြင်းမေတ္တာလို့ မှားယွင်းစွာ နားလည် နိုင်ပါတယ်။

အချစ်က ပြင်းထန်တဲ့ ခံစားချက်ဖြစ် တာကြောင့် တစ်ဖက်သက် အချစ်မှာ နာကျင်မှုက ကြီးမားပါတယ်။ သူတို့ကို သင့်ရဲ့တည်ရှိမှု တစ်ခုတည်းသော ရည်ရွက်ချက် အဖြစ် သင်မြင်ပါတယ်၊

သို့သော် ၎င်းတို့ဟာ သင့်ရဲ့ ပိုင်ဆိုင်မှု မဟုတ်ကြောင်း သတိပြုမိတဲ့အခါ ဒီကမ္ဘာကြီးမှာ ဘယ်အရာကမှ သင့်ကို စိတ်ဝင် သားစေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ခံစားချက်တွေ ပြေလည် သွားပြီ ဆိုရင် စဉ်းစားကြည့် ပါ။ သင်တို့ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာသိရင် သူတို့ကို လိုက်ပိုးပန်းနေ ရတာ ထိုက်တန် ရဲ့လား။

ကိုယ့်ကို မချစ်တဲ့ လူ တစ်ယောက်အတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿဖြစ်စေ မလား? ဘဝဆိုတာ အဖိုးတန်တဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်မှ ဒါကိုလွှင့်ပစ် လို့ မရ ပါဘူး။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …