
၁။ အနာဂတ်
. သင့်ဘဝ
. သင်လုပ်ချင်တဲ့ အရာ
. သင့်ရဲ့အိမ်မက်တွေ
၂။ မိသားစုကိစ္စများ
၃။ ကျန်းမာရေး
၎။ ငွေကြေး
၅။ လိင်မှုရေးရာ
Credit to original writer
Unicode
စုံတွဲတွေအနေနဲ့ နေ့စဉ် ဆွေးနွေးသင့်တဲ့ အဓိကအကြောင်းအရာ (၆)ခု
အိမ်ထောင်ဖက်နှင့် အတူ နေ့တိုင်းအာလာပ သလ္လာပစကား ပြောဆိုခြင်းဟာ အမြဲတမ်း အလေ့အကျင့် ဖြစ်သင့်ပါတယ်။ အချို့လူတွေက ရိုမန့်တစ်ဆန်တဲ့ စကားလုံးတွေ၊ ကောင်းတဲ့အရာတွေကိုသာ အတူတူပြောဆို သင့်တယ်လို့ ယူဆကြ ပါတယ်။
သို့သော် အမှန်တရားကနေ ဝေးဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ကျန်းမာသောအချစ်ရေးဟာ ကောင်းမွန်သော ပြောဆို ဆက်ဆံမှုနှင့် ရိုးသားမှု အပေါ် အခြေခံ ပါတယ်။ ဒီဆောင်းပါးမှာ စုံတွဲတွေ နေ့စဉ်ဆွေးနွေးသင့်တဲ့ အဓိက အကြောင်းအရာ (၆)ခုကို တွေ့ ရပါ လိမ့်မယ်။
စုံတွဲတွေ ဆွေးနွေးသင့်တဲ့ အဓိက အကြောင်းအရာများ
ယုံကြည်မှု တည်ဆောက်ပြီး သင့်လက်တွဲဖော်နဲ့ ရေရှည်မြဲတဲ့ နှောင်ကြိုးကို တည်ဆောက် လိုပါက သင်တို့နှစ်ယောက်ရဲ့ ဘဝရှု့ထောင့်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုအပ် ပါတယ်။ သင့်လက်တွဲဖော်နဲ့ နေ့စဉ်ဘာတွေ တိုင်ပင် သင့်သလဲ?
၁။ အနာဂတ်
သင်တို့ အချစ်ရေးကို ရေရှည်တည်မြဲလိုရင် လက်တွဲဖော်နဲ့ နေ့စဉ်ဆွေးနွေးသင့်တဲ့ ပထမဆုံးအချက်က အနာဂတ်အတွက် မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။
. သင့်ဘဝ
. သင်လုပ်ချင်တဲ့ အရာ
.အနာဂတ် အတွက် သင့်ရဲ့ရည်မှန်းချက် ပန်းတိုင်
. သင့်ရဲ့အိမ်မက်တွေ
စုံတွဲတစ်တွဲဟာ သူတို့ရဲ့အနာဂတ်ကို အတူတကွ မျှော်မှန်းကြည့်ပြီး အောင်မြင်ဖို့ ကြိုးပမ်းနိုင်ရင် အရမ်းကောင်းပါတယ်။ အနာဂတ် အကြောင်း ပြောဆိုခြင်းက နှစ်ယောက်စလုံး အတွက် အရမ်းအကျိုးရှိပါတယ်။
၂။ မိသားစုကိစ္စများ
မိသားစုရေးရာ ကိစ္စရပ်တွေဟာ သူတို့ (သို့)သင့်မိသားစုနှင့် ပတ်သတ်သည် ဖြစ်စေ စုံတွဲတွေ နေ့စဉ်နေ့တိုင်း ဆွေးနွေးသင့်တဲ့ အဓိက အကြောင်းအရာ များထဲမှ တစ်ခုဖြစ် ပါတယ်။ ဥပမာ အနေဖြင့် သင်ဟာ မိခင်နှင့် ပြဿနာတစ်ခု ရှိတယ် ဆိုပါစို့။
သူတို့ကို ပြောပြဖို့ အစပိုင်းမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ သို့သော် သင့်အပေါ် သက်ရောက်မှု ရှိသော ပြဿနာရဲ့ ထိပ်ဆုံးမှာ ရှိနေခြင်းက ပြဿနာ တစ်ခု ဖြစ်မလာခင် အခြေအနေတွေကို ထိပ်တိုက် ရင်ဆိုင်ဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်နိုင် ပါတယ်။
လက်တွဲဖော်ကောင်းတစ်ဦးဟာ သင့်ကို အမြဲကူညီပေး ချင်ကြောင်း မမေ့ထား ပါနဲ့။ ရင်ဖွင့်ဖို့လည်း မတွန့်ဆုတ် ပါနဲ့။
သင့်လက်တွဲဖော်အား သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုနှင့် သူတို့ရဲ့ဘဝ အကြောင်း မေးမြန်းပါ။ သင့်လက်တွဲဖော်ရဲ့ အကျိုးစီးပွားနှင့် ပတ်သတ်ပြီး ပြောဆိုခြင်းဟာ သူတို့နှင့် ပတ်သတ်ပြီး သင်အားလုံး သိချင်ကြောင်း၊ အမှန်တကယ် စိတ်ဝင်စားကြောင်း သူယုံကြည်မှု ရှိလာစေဖို့ ကူညီပေးပါတယ်။
၃။ ကျန်းမာရေး
သင့်မှာ ကျန်းမာရေး ပြဿနာတွေ ရှိပါက၊ သင်တစ်ခုခုကို စိတ်ပူနေရင် (သို့) အရေးကြီးတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ချ ဖို့ လိုနေရင် သင့်ရဲ့ စိုးရိမ်မှုတွေ၊ ပြဿနာတွေကို သင့်လက်တွဲဖော်အား မဖြစ်မနေ ဝေမျှပေး ရပါ မယ်။
relationship တစ်ခုမှာ အောင်မြင်မှုရဖို့ သော့ချက် တစ်ခုက လူနှစ်ယောက်စလုံးဟာ ကောင်းတဲ့ အချိန်၊ ဆိုးတဲ့ အချိန်တွေမှာ support လုပ်ပေးနိုင် ရပါမယ်။ အဲဒီလို ဖြစ်ဖို့ သူတို့ကို ကူညီပေးဖို့ လိုပါတယ်။
ထို့အပြင် သင့်ချစ်သူဟာ သင့်ဆုံးဖြတ်ချက် တွေမှာ သူတို့ရဲ့ထင်မြင်ချက်တွေ ထည့်သွင်းစဉ်းစားပေးတဲ့အတွက် ကျေနပ်အားရ ပါလိ မ့်မယ်။
၄။ ငွေကြေး
ငွေကြေးဟာ စုံတွဲတွေ နေ့စဉ်ဆွေးနွေးသင့်တဲ့ အဓိက အကြောင်းအရာများထဲက တစ်ခုဖြစ်ပါတယ်။ သင်ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့ အရာက သင်တို့ နှစ်ယောက်စလုံး အတွက် ဖြစ်တယ် ဆိုရင် ကိစ္စမရှိပါဘူး။
သင့်လက်တွဲဖော်ဟာ သင်အမှန်တကယ် မလုပ်ခင် သုံးစွဲဖို့ စီစဉ်ထားတဲ့အရာတွေကို သိဖို့ အရေးကြီးပါတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ သင့်အနေနဲ့ ကြည့်ရင် သင်ချစ်ရတဲ့ သူက သင့်ကို အရင်ဆုံး တိုင်ပင်ဆွေးနွေးခြင်း မပြုဘဲ အရေးကြီးသော ဆုံးဖြတ်ချက်တွေ ချစေလို မှာ မဟုတ် ပါဘူး။
ဒါ့အပြင် အတူတူ ဆုံးဖြတ်ချက်ချ တာက နှစ်ယောာက် စလုံးကို team တစ်ခုတည်းဖြစ်သလို ခံစားရစေပြီး သံယောဇဉ်နှောင်ကြိုးကို ခိုင်မာစေ ပါတယ်။
၅။ လိင်မှုရေးရာ
ဒါကတော့ အိမ်ထောင်ရှင်တွေ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ များထဲက တစ်ခုပါ။ အိပ်ခန်းထဲမှာ ဖြစ်ပျက်သမျှနဲ့ ပတ်သတ်ပြီး ကိုယ့်အိမ်ထောင်ဖက်နဲ့ စကားလက်ဆုံပြော တတ်တဲ့ အလေ့အကျင့်ရဖို့ လိုအပ်ပါတဘ်။
လိင်မှုကိစ္စဟာ ဇနီးမောင်နှံအကြား ဘယ်တော့မှ မပြောအပ်တဲ့ ခေါင်းစဉ်တစ်ခု မဖြစ်စေရပါဘူးး။ သင်အိပ်ရာပေါ်မှာ ကြိုက်နှစ်သက်တဲ့ အရာနှင့် မနှစ်သက်တဲ့ အရာတွေ အကြောင်း ပြောဆိုဖို့ ယုံကြည်စိတ်ချမှု ရှိရန် အရေးကြီး ပါတယ်။
လိင်အကြောင်းပြောတာဟာ အချိန်မရွေး၊ နေရာမရွေးပြုလုပ် နိုင်တဲ့ အရာ မဟုတ်ပါဘူး။ သင့်မှာ ယုံကြည်မှုအလုံအလောက် ရှိရင် သင့်ရဲ့လိင်မှုကိစ္စ အကြောင်း စကားပြောရန် သင့်တော်တဲ့ အချိန်ရှာဖို့ မခက်ခဲပါဘူး။
စုံတွဲတွေ ဆွေးနွေးသင့်တဲ့ အဓိကခေါင်းစဉ် တစ်ခုက သူတို့ စိတ်ဝင် စားမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ချက်ပြုတ်ခြင်း၊ ဥယျဉ်စိုက်ပျိုးခြင်း၊ စာရေးခြင်း၊ ယောဂ လုပ်ခြင်း (သို့) အခြား activity တွေရှိ မရှိ ဆိုတာ ဆွေးနွေးနိုင် ပါတယ်။
သူတို့ ပြင်းပြတဲ့ အကြောင်းအရာနှင့် ပတ်သတ်ပြီး ပြောဆိုခြင်းမှာ သင်အမှန်တကယ် စိတ်ဝင်စားကြောင်း ခံစားရရင် သင့်လက်တွဲဖော် ဝမ်းမြောက်မှာ သေချာပါတယ်။
ထို့နည်းတူ သူတို့ ဝေမျှတဲ့ အကြောင်းအရာတွေကို သင်စိတ်ဝင်စားကြောင်းပြ ဖို့လည်း သတိရပါ။ဒါက အပြန်အလှန်အကျိုး သက်ရောက် တာပါ။ သင်ကြားချင်ရင် ဘယ်လိုနားထောင်ရမယ်ဆိုတာ လေ့လာပါ။
သင့်လက်တွဲဖော်ဟာ ပရော်ဖက်ရှင်နယ် ကျကျ လုပ်တာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ(သို့) စိတ်ခံစားမှုကြောင့်လုပ်တာပဲ ဖြစ်ဖြစ် သင်လုပ်ကိုင်နေတဲ့ အရာနှင့် ပတ်သတ်ပြီး ဂရုစိုက် ပါလိမ့်မယ်။
သင်ဘာမျော်လင့် ထားသလဲ၊ သင်ဘယ်လိုအောင်မြင်အောင် လုပ်ချင်လဲ၊ သင့်အိမ်မက်တွေ၊ စိန်ခေါ်မှုတွေအကြောင်း ပြောဆိုဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးပါ။
ဒီအကြံဉာဏ်များကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ခိုင်မာသော သံယောဇဉ်နှင့် ကောင်းသော ဆက်ဆံရေးကို သင်ထိန်းသိမ်းနို င်လိမ့်မယ် ဆိုတာ သေချာ ပါတယ်။
No Comments