
“ကြၽန္ေတာ္ဆိုတဲ့ လူငယ္ေလးတစ္ေယာက္´´
ကြၽန္ေတာ္ အရင္လို မိဘေတြရဲ႕ စကားကို ေျမဝယ္မက် နားေထာင္တတ္တဲ့ သားလိမၼာ တစ္ေယာက္ မဟုတ္ ေတာ့ဘူး။
အရင္လို ဆရာသမားေတြရဲ႕ စကား အားလုံးကို မေသြမတိမ္း နာခံတတ္တဲ့ တပည့္ လိမၼာ တစ္ေယာက္လည္း မဟုတ္ ေတာ့ဘူး။
ဒါေပမယ့္ “ဘယ္ဟာက ေကာင္းတယ္ ၊ ဘယ္ဟာက ဆိုးတယ္´´ ဆိုတာကို ကြၽန္ေတာ္ ေကာင္းေကာင္းႀကီး သိတယ္။ အေကာင္းနဲ႔ အဆိုးကို ကြၽန္ေတာ္ ခြဲျခား ႏိုင္ တယ္ ။
မေကာင္း တာေတြ မလုပ္မိဖို ႔အတြက္ ကြၽန္ေတာ့္ စိတ္ကို ကြၽန္ေတာ္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစား ေနတယ္။ အတိုင္းအတာ တစ္ခု အထိလည္း ကြၽန္ေတာ္ ထိန္းခ်ဳပ္ ႏိုင္ေနၿပီ။ အျပည့္အဝ ထိန္းခ်ဳပ္ ႏိုင္တဲ့ တစ္ေန႔ ထိပ္ဆုံး တစ္ေနရာကို ေရာက္မယ္ ဆိုတာ ကြၽန္ေတာ္ သိတယ္။
ေကာင္းတာေတြ ေနတိုင္း လုပ္ဖို ႔ကိုလည္း ကြၽန္ေတာ္ အၿမဲ အားထုတ္ ေနတယ္။ ေန႔တိုင္း အနည္းဆုံးတစ္ခုေတာ့ ကြၽန္ေတာ္ လုပ္ျဖစ္ေအာင္ လုပ္တယ္။
“မေကာင္းတဲ့ အရာေတြကို ကြၽန္ေတာ္ လုပ္မိရင္ ကြၽန္ေတာ့္ ဘဝ စုတ္ျပတ္သတ္ သြားမယ္။ ကြၽန္ေတာ္ လုပ္ႏိုင္တဲ့ အရာေတြကို ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစား လုပ္ရင္ အေကာင္းဆုံး ဘဝ တစ္ခုကို ကြၽန္ေတာ္ ပိုင္ဆိုင္မယ္´´ ဆိုတာကို ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ့္ အတြက္ အေကာင္းဆုံး ဘဝေလး ကိုေပါ့။
ဒါေၾကာင့္ ကြၽန္ေတာ့္ မိဘေတြနဲ႔ ဆရာ,ဆရာမေတြကို ကြၽန္ေတာ္ ေတာင္းဆို ပါတယ္။ ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ ဘဝ အတြက္ ကိုယ္ပိုင္ ဆုံးျဖတ္ခြင့္ေလး ေပးပါ ။ ကြၽန္ေတာ္ အရင္လို ကေလးေလး မဟုတ္ ေတာ့ဘူး။
ကြၽန္ေတာ္ လူငယ္ တစ္ေယာက္ ျဖစ္လာၿပီ။ ကြၽန္ေတာ့္ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ ကိုယ္ပိုင္ ေ႐ြးခ်ယ္မႈေတြနဲ႔ ကြၽန္ေတာ့္ဘဝကို အေကာင္းဆုံ းျဖစ္ေအာင္ ႀကိဳးစား တည္ေဆာက္ ခ်င္တယ္။
*မွတ္ခ်က္*
လူငယ္ေလး တစ္ေယာက္ ရဲ႕ ဖြင့္ဟခ်က္ သက္ သက္ ပါ ။
စိတ္ႀကိဳက္ သေဘာထား ကြဲလြဲ ႏိုင္ ပါ တယ္ ။
ခရက္ဒစ္
ယူနီကုတ္
“ကျွန်တော်ဆိုတဲ့ လူငယ်လေးတစ်ယောက်´´
ကျွန်တော် အရင်လို မိဘတွေရဲ့ စကားကို မြေဝယ်မကျ နားထောင်တတ်တဲ့ သားလိမ္မာ တစ်ယောက် မဟုတ် တော့ဘူး။
အရင်လို ဆရာသမားတွေရဲ့ စကား အားလုံးကို မသွေမတိမ်း နာခံတတ်တဲ့ တပည့် လိမ္မာ တစ်ယောက်လည်း မဟုတ် တော့ဘူး။
ဒါပေမယ့် “ဘယ်ဟာက ကောင်းတယ် ၊ ဘယ်ဟာက ဆိုးတယ်´´ ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး သိတယ်။ အကောင်းနဲ့ အဆိုးကို ကျွန်တော် ခွဲခြား နိုင် တယ် ။
မကောင်း တာတွေ မလုပ်မိဖို့အတွက် ကျွန်တော့် စိတ်ကို ကျွန်တော် ထိန်းချုပ်ဖို့ ကြိုးစား နေတယ်။ အတိုင်းအတာ တစ်ခု အထိလည်း ကျွန်တော် ထိန်းချုပ် နိုင်နေပြီ။ အပြည့်အဝ ထိန်းချုပ် နိုင်တဲ့ တစ်နေ့ ထိပ်ဆုံး တစ်နေရာကို ရောက်မယ် ဆိုတာ ကျွန်တော် သိတယ်။
ကောင်းတာတွေ နေတိုင်း လုပ်ဖို့ကိုလည်း ကျွန်တော် အမြဲ အားထုတ် နေတယ်။ နေ့တိုင်း အနည်းဆုံးတစ်ခုတော့ ကျွန်တော် လုပ်ဖြစ်အောင် လုပ်တယ်။
“မကောင်းတဲ့ အရာတွေကို ကျွန်တော် လုပ်မိရင် ကျွန်တော့် ဘဝ စုတ်ပြတ်သတ် သွားမယ်။ ကျွန်တော် လုပ်နိုင်တဲ့ အရာတွေကို ကျွန်တော် အကောင်းဆုံး ကြိုးစား လုပ်ရင် အကောင်းဆုံး ဘဝ တစ်ခုကို ကျွန်တော် ပိုင်ဆိုင်မယ်´´ ဆိုတာကို ကျွန်တော် သိတယ်။ ကျွန်တော့် အတွက် အကောင်းဆုံး ဘဝလေး ကိုပေါ့။
ဒါကြောင့် ကျွန်တော့် မိဘတွေနဲ့ ဆရာ,ဆရာမတွေကို ကျွန်တော် တောင်းဆို ပါတယ်။ ကျွန်တော့်ကို ကျွန်တော့် ဘဝ အတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်လေး ပေးပါ ။ ကျွန်တော် အရင်လို ကလေးလေး မဟုတ် တော့ဘူး။
ကျွန်တော် လူငယ် တစ်ယောက် ဖြစ်လာပြီ။ ကျွန်တော့် ကိုယ်ပိုင် ဆုံးဖြတ်ချက် ကိုယ်ပိုင် ရွေးချယ်မှုတွေနဲ့ ကျွန်တော့်ဘဝကို အကောင်းဆုံ းဖြစ်အောင် ကြိုးစား တည်ဆောက် ချင်တယ်။
*မှတ်ချက်*
လူငယ်လေး တစ်ယောက် ရဲ့ ဖွင့်ဟချက် သက် သက် ပါ ။
စိတ်ကြိုက် သဘောထား ကွဲလွဲ နိုင် ပါ တယ် ။
No Comments