ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို ရှင်းရှင်းလင်းလင်းနဲ့ အကောင်အထည်ပေါ်စေမယ့် အဆင့်(၄)ဆင့် - Amawpyay
Knowledge
အဆင့် (၁)
အဆင့် (၂)
အဆင့် (၃)
အဆင့် (၄)
Kham
ခရက်ဒစ်
ယူနီကုတ်
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို ရှင်းရှင်းလင်းလင်းနဲ့ အကောင်အထည်ပေါ်စေမယ့် အဆင့်(၄)ဆင့်
ဘဝမှာ လူအများစုက အိပ်မက် ကိုယ်စီနဲ့ ရှင်သန်ကြ ရတာပါ။ အိပ်မက်တွေ မရှိတဲ့သူတွေ ရှိနေသလို အိပ်မက်က ဘာလဲ ဆိုတာကို မသဲကွဲတဲ့ သူတွေလည်း ရှိနေ ပါတယ်။
ဒါ့အပြင် အိပ်မက်တွေကို အကောင်အထည် မဖော်နိုင်တဲ့ အိပ်မက်တွေ တကယ် မဖြစ်သွားတဲ့ သူတွေလည်း ရှိလို့ နေပါတယ်။
အကြံပေးချင်တာ အိပ်မက်ဆိုတာ စိတ်ကူးယဉ်ဖို့ထက် အကောင်အထည်ဖော်ဖို့ ဖြစ် ပါတယ်။ ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီး ပြုလုပ် ရမယ့် အဆင့်တွေကို အကြံပြုလိုက်ရပါတယ်။
အဆင့် (၁)
စိတ်ကို အရှင်းလင်းဆုံး ဖြစ်အောင် ထားရ ပါမယ်။ စိတ်က ရှင်းလင်းပြီး ကြည်လင်နေတဲ့ အချိန်မှသာ သင့်အတွက် ဘာကို ပိုအရေးကြီး တယ် ဆိုပြီး တွေးမယ့်အရာတွေ ကို သေချာ အာရုံစိုက် နိုင်မှာ ဖြစ်ပါတယ်။
အတွေးတွေကို ကြည်လင် ရှင်းလင်းဖို့ အလွယ်ကူဆုံး နည်းကတော့ အသက်ကို ပြင်းပြင်း ရှူတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ စိတ်ကို ငြိမ်ငြိမ် ထားပါ။ မျက်လုံးလေးကို ဖြည်းဖြည်း ပိတ်လိုက် ပါ။
ပြီးရင် အသက်ကို သုံးခါ ပြင်းပြင်း အဆုံးထိ ရှူသွင်း လိုက်ပါ။ ဒီလို ပြုလုပ်ခြင်းဖြင့်ဖြင့် သင့်ကို စိတ်အေးချမ်း သွားစေနိုင် ပါတယ်။
အဆင့် (၂)
ဖြစ်ချင်တဲ့ အရာတွေကို ချရေးပါ။ သင့်မှာ ရှိသမျှ အိပ်မက်တွေနဲ့ ဖြစ်ချင်တဲ့ အရာတွေ မှန်သမျှကို ချရေးလိုက်ပါ။ ဒီလို ရေးချ လိုက်ခြင်းအားဖြင့် သင်က ဖြစ်ချင်ရုံ ဖြစ်ချင် တာနဲ့ တကယ့်ကို ဖြစ်မှ ကျေနပ်နိုင်မယ့် ဖြစ်ချင်မှု မျိုးကို တွေ့ရပါ လိမ့်မယ်။
စိတ်ကျေနပ် သွားစေလောက်မယ့် ဖြစ်ချင်မှုမျိုးက သင် တကယ့်ဖြစ်ခဲ့ရင် ဆိုတာကြောင့် သင့်ကို တွန်းအားဖြစ်နေစေပြီး ကြိုးစားအ ားထုတ် မှုတွေ တက်ကြွမှုတွေ ပျော်ရွှင်မှုတွေ ဖြစ်လာစေ ပါတယ်။
အဆင့် (၃)
ပုံဖော်ပါ။ အိပ်မက်တွေကို ပုံဖော်ကြည့် ဖို့လည်း လိုအပ် ပါသေးတယ်။ ရရှိပြီးတဲ့ အောင်မြင်မှု ပြီးစီးထားတဲ့အလုပ်တွေကို ကြည့်ပြီး သင့်အိပ်မက်တွေ အတွက် ပုံဖော်ကြည့် နိုင်ပါ တယ်။
သင် ဘာတွေ ပြုလုပ်ပြီး အချိန် ဘယ်လောက်ကြာရင် ရလာမယ့် ရလဒ်တွေကို ကြိုတင်တွေးကြည့်တာကလည်း သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ဆွဲ ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဒီလို ပုံဖော် သတ်မှတ်ထားခြင်းဖြင့် သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဆင်ပြေေ စနိုင်ပါတယ်။
အဆင့် (၄)
လက်တွေ့ အကောင်အထည် ဖော်ပါ။ သင် ဘာဖြစ်ချင်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီး သင် ဖြစ်ချင်တဲ့ အရာတွေ အတွက်လည်း အစီအစဉ်ဆွဲ ပုံဖော်ပြီးပြီ ဆိုရင် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
သင့်အိပ်မက် အတွက် ပြုလုပ် ရမယ့် အရာတွေကို တစ်ဆင့်ချင်း ပြင်ဆင် သွားရင်း ရည်မှန်းချက် ကို ရောက်တဲ့ အထိ အကောင်အထည်ဖော်သင့် ပါတယ်။
Kham
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …