Credit
Unicode
အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ
၁။ ကျွန်မတို့ အမျိုးသမီးတွေ က နိုးစက်ပေးရင် လိုတာ ထက်ပိုပြီး (၁၀)မိနစ်စောပေးလေ့ ရှိကြတယ်။ (၁၀)မိနစ်စောပေးတာ ကလည်း နိုးစက်မြည်ရင် ပြန်ပိတ်ပြီး (၁၀)မိနစ် အိပ်ဖို့လေ။
၂။ ကျွန်မတို့ မျက်တောင်ကော့တဲ့ အခါ ပါးစပ်က သူ့အလိုလို ပွင့်လာ ပါတယ်။ ဒီလို mood ထည့်ပြီးပါးစပ်ဟောင်းလောင်းနဲ့ မျက်တောင်ကော့နေ တော့လည်း ကိုယ့်ပုံ ကရယ်စရာကောင်းနေပြန်ရော။
ဒါနဲ့ပွင့်နေတဲ့ပါးစပ် ကလေးကို အာရုံစိုက်ပြီး ပြန်ပိတ်လိုက်တဲ့ အခါ မျက်တောင်ကော့ဆေးတွေ ပွကုန်ပါလေရော။
၃။ အမျိုးသမီးတွေက ဖုန်းဆိုရင် လက်ကိုင်အိပ်ထဲ ပစ်ထည့် လိုက်တာပဲ။ ဖုန်းသံမြည် လာပြီဆို တဲ့အခါမှ ပျာယာတွေခပ်ပြီး လက်ကိုင် အိပ်ကြီးထဲ မွှေနှောက်ရှာဖွေ ပါတော့တယ်။
၄။ အမျိုးသမီးတွေရဲ့ လက်ကိုင်အိတ် ထဲကို ဖွင့်ကြည့်ရင် အသုံးအဆောင် ပစ္စည်းများစွာ ထည့်ထားတာကိုတွေ့ ရမှာပါ။ ဒါတွေကို အလေးခံပြီးထည့် ထားတာ အသုံးလို လို့လား ဆိုတော့လည်း မဟုတ်ပါဘူး။ တစ်ချိန် ကျရင် အသုံးများ ဝင်မလား ဆိုပြီး ထည့်ထားခြင်းဖြစ် ပါတယ်။
၅။ အမျိုးသမီးတွေက ထားတတ် သိုတတ်တဲ့နေရာမှာ အလွန်ကျွမ်းကျင် ကြပါ တယ်။ ခက်တာကထားတဲ့ နေရာကိုမေ့နေခြင်း ပါပဲ။
၆။ မျက်မှန်ကို ခေါင်းပေါ်တင် ထားပြီး မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်တာ အမျိုးသမီးတွေ ပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသား တင်ဆက်ခြင်း ဖြစ်သည်။
၇။ မှန်ကြည့်တဲ့ အချိန်အခါ တိုင်း စဉ်းစားနေမိ တတ်ကြတာ ကတော့ ဒီလို မျက်နှာပုံစံ အနေအထားလေးနဲ့ ဓာတ်ပုံ ရိုက်ရင် သိပ်လှမှာ ပဲတဲ့။
၈။ လောလောလောလောနဲ့ သော့ကို ကောက်ကိုင်ပြီး ကိုင်ထားတဲ့သော့ကို ပျောက်တယ် ထင်ပြီး လိုက်ရှာနေတတ်တာ ဟာလည်း အမျိုးသမီးတွေပါ။
၉။ အမျိုးသမီးတွေရဲ့ ရေချိုးခန်း တိုင်းမှာတူတဲ့ အချက်ကလေး တစ်ခု ရှိတယ်။ အဲဒါ ကတော့ ခေါင်းလျှော်ရည် နဲ့ ကွန်ဒီရှင်နာ (conditioner) ကိုတံဆိပ် နှစ်မျိုးသုံးမျိုးဝ ယ်ထားကြ တာပါပဲ။
၁၀။ အမျိုးသမီးတွေက အိမ်ပြင်ထွက်တော့မယ် ဆိုတာနဲ့ အပြေးအလွှား မှန်သွားကြည့် ရပါတယ်။
၁၁။ အမျိုးသမီးတွေရဲ့ အဝတ်ဘီရို ထဲကို ကြည့်လိုက်မယ် ဆိုရင် အဝတ်အစား များစွာနဲ့ ပြည့်နက်နေပါတယ်။ ဒါပေမယ့် အပြင်ထွက်တော့မယ် ဆိုရင် ဝတ်စရာ ရှာမတွေ့ကြ ပါဘူး။
၁၂။ အမျိုးသမီးတွေ အလှကြိုက်ချက်ကတော့ အိပ်ယာမဝင်ခင် ခေါင်းဖြီးလိုက်ပါသေးတယ်။
၁၃။ အမျိုးသမီးတွေ သန့်စင်ခန်းသွားမယ် ဆိုရင် အဖော်စပ်ပြီး တူတူသွ ားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အတင်းလေး ဘာလေးပြောရအောင် လို့ပေါ့။
၁၄။ အမျိုးသမီးတွေ အတွက်တော့ ဘီယာတွေ အားလုံးက အရသာ တူတူပါပဲ။
၁၅။ အမျိုးသမီးတွေကအိမ်နားကဈေးဆိုင်ကိုသွားတာဖြစ်ဖြစ်၊ အမှိုက်ပြစ်တာပဲဖြစ်ဖြစ် အိမ်ပြင်ထွက်ပြီဆိုတာနဲ့အလှပြင်၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။
၁၆။ အမျိုးသမီးတွေက သူ့ချစ်သူကို “ရပါတယ်” “အဆင်ပြေပါတယ်” “ဘာမှမဖြစ်ပါဘူး” စသဖြင့်ပြောလာတယ်ဆိုရင် အမှန်တကယ်က တစ်ခုခုဖြစ်နေလို့ပါပဲ။
၁၇။ ကျွန်မတို့တွေကခရီးတစ်ခု သွားရင် ရှည်ရှည်ဝေးဝေးကွေ့ဝိုက်ပြီး သွားတတ်ကြတယ်။ နီးနီးနားလမ်းတွေ၊ ဖြတ်လမ်းတွေကနေသွားရမှာ မဝံ့ရဲလို့ပါ။
၁၈။ ကျွန်မတို့တွေကကိုယ်ချစ်တဲ့လူကို ကိုယ်ငိုနေတာမြင်စေချင်ကြပြီး ကိုယ့်ကိုထွေးပွေ့ထားစေချင်ပါတယ်။
၁၉။ ဖျော်ဖြေရေး အစီအစဉ်တွေကြည့်ပြီး အမျိုးသားတွေက လက်တွေ့ဘဝ ပင်ပန်းတာတွေကနေ ခဏတာလွတ်မြောက်ဖို့ အပန်းဖြေကြ ပါတယ်။ အမျိုးသမီးတွေ ကတော့ ဒီဖျော်ဖြေရေးတွေ ထဲမှာ လက်တွေ့ကိုယ့်ဘဝနဲ့ တိုက်ဆိုင် တာတွေကို ရှာဖွေပြီး ခံစား တတ်ကြ ပါတယ်။
၂၀။ ကျွန်မတို့အမျိုးသမီးတွေ အားလုံးက ပိုးကောင်၊ ပင့်ကူ။ ပိုးဟပ်နဲ့ ကြွက်တွေ ကိုကြောက်ကြပါတယ်။
၂၁။ အမျိုးသမီးတွေက (၃)ရက်ကြာမယ့် ခရီးတစ်ခု အတွက် အဝတ်အစား (၇)စုံ ပြင်ဆင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဝတ်ရမလဲ ဆိုတာ စဉ်းစားရွေးချယ် ရအောင်လို့ပါ။
အမျိုးသမီးတွေရဲ့ ရယ်စရာကောင်းတဲ့ အလေ့အထလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးရယ်မော နိုင်လိမ့်မယ်လို့လည်းမျှော်လင့် ပါတယ်။ အမျိုးသမီးတွေရဲ့ရယ်စရာ အပြုအမူတွေ ကိုအောက်ဖော်ပြပါ comment section ကနေလွတ်လပ်စွာ မျှဝေနိုင် ပါတယ်။
အတွေးအခေါ်မျာ းကို မျှဝေပေးတ ယ်ဆိုတာ ဂရုစိုက်လို့ ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက် ဂရုစိုက်တယ် ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။
No Comments