
ေယာက်ာ္းေလးေတြ ခ်စ္သူအျဖစ္ လံုးဝ မေ႐ြးခ်ယ္ခ်င္တဲ့ မိန္းကေလးပံုစံ ၄ မ်ိဳး
ေယာက်ာ္းေလးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္သေဘာ ထားခ်င္း၊ အႀကိဳက္ခ်င္းမတူညီၾကဘူးဆိုေပမယ့္ ေယာက်ာ္းေလး အမ်ားစု ကေတာ့ ဒီအခ်က္ေတြကို လံုးဝ မႀကိဳက္ တတ္ၾက ပါဘူး။
ေယာက်ာ္းေလးေတြဟာ သူတို႔ ခ်စ္သူေကာင္မေလး ေ႐ြးခ်ယ္္တဲ့ အခါ ဒီအခ်က္ေတြကို ထည့္စဥ္းစားတတ္ၾကပါတယ္။ ဒီလုိ မိန္းကေလး ပံုစံကိုေတာ့ ေယာက်ာ္းေလးေတြက လံုးဝ သေဘာမက် တတ္ၾကပါဘူး။
သူတုိ႔ရဲ႕ နဂိုပံုစံကို ေျပာင္းလဲဖုိ႔ ႀကိဳးစားတဲ့သူ
ဒီအခ်က္ကေတာ့ ေယာက်ာ္းေလး ပဲျဖစ္ျဖစ္၊ မိန္္းကေလးပဲျဖစ္ျဖစ္ မႀကိဳက္တတ္ ၾကဘူးလုိ႔ ထင္ပါတယ္ေနာ္။ လူတစ္ေယာက္ကို ခ်စ္မိတဲ့ အခါမွာ အဲဒီ႔လူနဲ႔ ပတ္သက္သမွ် အရာအားလံုးကို လက္ခံ ႏိုင္ရပါမယ္။
ကိုယ္ကေ႐ြးခ်ယ္ၿပီးမွ သူ႔ပံုစံကို သေဘာမက်ဘူး ဆိုရင္ေတာ့ ဒါဟာ အခ်စ္မျဖစ္ႏိုင္ ပါဘူး။ အထူးသျဖင့္ ေယာက်ာ္းေလးေတြဟာ သူတို႔ိကို ေျပာင္းလဲဖုိ ႔ႀကိဳးစားတာ ကို မုန္းတတ္ ၾကပါတယ္။
သူသာ တကယ္ ခ်စ္မိတယ္ ဆုိရင္ သူ႔ေကာင္မေလး စိတ္ခ်မ္းသာဖို႔ ဘာ မွေျပာစရာေတာင္ မလုိပဲကို သူတုိ႔ပံုစံကို ေျပာင္းလဲေပး တတ္ၾက ပါတယ္္။
သူတုိ႔ သူငယ္ခ်င္းေတြကို သေဘာမက်တဲ့သူ
တစ္ခ်ိဳ႕ေကာင္မေလးေတြက သူတို႔ခ်စ္တဲ့ ေကာင္ေလး ကိုေတာ့ သေဘာက်ေပမယ့့္လို႔ သူနဲ႔ေပါင္းေနတဲ့ သူငယ္ခ်င္းေတြ ကိုေတာ့ ၾကည့္္မရတတ္ တာေတြ ႐ွိတတ္ ပါတယ္။
ဒီလို ကေန ခ်စ္္သူေကာင္ေလးကို သူ႔သူငယ္ခ်င္းေတြနဲ႔ အေပါင္းအသင္း မလုပ္ဖုိ႔၊ သူ႔သူငယ္ခ်င္းေတြက ဘယ္လုိ မေကာင္းတာ စသျဖင့္ သူငယ္ခ်င္းေတြနဲ႔ စိတ္ဝမ္း ကြဲေအာင္ လုပ္တတ္ ၾကပါတယ္။
ဒီအခ်က္က ေယာက်ာ္းေလးေတြ မႀကိဳက္ဆံုးထဲက အခ်က္တစ္ခုျဖစ္ၿပီးေတာ့ ေယာက်ာ္းေလးေတြက သူတုိ႔ရဲ႕ သူငယ္ခ်င္းေတြကို အရမ္းတန္ဖိုးထား ခင္မင္္ တတ္ၾကလုိ ႔ပါပဲ။ ဒီလို မိန္းကေလးမ်ိဳးကို သူတုိ႔ရဲ႕ေကာင္မေလး အျဖစ္ မေ႐ြးခ်ယ္ တတ္္ၾက ပါဘူး။
ေနရာတကာ ခ်ဳပ္ခ်ယ္အူတုိလြန္းအားႀကီးတဲ့သူ
ေယာက်ာ္းေလးေတြရဲ႕ နဂိုဗီဇက အေႏွာင္အဖြဲ ႔ကင္းကင္းနဲ႔ လြတ္လြတ္လပ္လပ္ေန ရတာကို ႀကိဳက္တဲ့သူေတြပါ။ သူတုိ ႔အေပၚမွာ တစ္စံုတစ္ေယာက္က ခ်ဳပ္ခ်ယ္ လာတဲ့ အခါ သူတို႔က အဲဒီ႔လူနဲ႔ အေဝးကိုထြက္သြား တတ္ပါ တယ္။
ခ်စ္သူေကာင္မေလးက ေနရာတကာမွာ ခ်ဳပ္ခ်ယ္တာေတြ မ်ားေနမယ္ ဒါမွမဟုတ္ အေသးအမႊားေလးေတြက အစ လုိက္္အူတိုေနမယ္္ ဆုိရင္ေတာ့ ဒီဆက္ဆံေရးကို မၾကာခင္မွာပဲ အဆံုးသတ္ လုိက္တတ္ပါ တယ္။
ဒီလုိမ်ိဳး ေနရာတကာ လုိက္ခ်ဳပ္ခ်ယ္ အူတုိ တတ္တဲ့ ပံုစံ႐ွိတဲ့ မိန္္းကေလး မ်ိဳးကိုလည္း သူတုိ႔က သေဘာမက်တတ္ ၾကပါ ဘူး။
အရာရာကို အဆုိးျမင္တတ္သူ
မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလး ပဲျဖစ္ျဖစ္ အဆုိးျမင္ စိတ္မ်ားတဲ့ သူဆုိတာ ႐ွိတတ္ ပါတယ္။ အရာရာတုိ္င္းကို အဆုိးဘက္ ကပဲ ေတြးတတ္တဲ့ သူတစ္ေယာက္ကို လူေတာ္ေတာ္ မ်ားမ်ားက ေ႐ွာင္ဖယ္တတ္တာ မဆန္ းပါဘူး။
ဒီလုိပဲ ကို္လက္တြဲမယ့္ မိန္းကေလးတစ္ေယာက္ဟာ အဆုိးျမင္စိတ္ေတြ မ်ားေနတာကို ဘယ္ေယာက်ာ္းေလးကမွ ႀကိဳက္တတ္ ၾကမယ္ မထင္ ပါဘူး။
အားအား႐ွိ အဆုိးျမင္စိတ္ေၾကာင့္ အျမဲတမ္း စိတ္ေကာက္စိတ္ဆိုး၊ ျပသနာေတြျဖစ္ေနရတဲ့ ဆက္ဆံေရးမ်ိဳးကို ဘယ္သူကမွ မတည္ေဆာက္ခ်င္ၾက ပါဘူးေနာ္။ ဒါေၾကာင့္ ဒီလုိ အဆိုးျမင္ စိတ္႐ွိတဲ့ မိန္းကေလးေတြ ကိုလည္း ေယာက်ာ္းေလးေတြက မႀကိဳက္ တတ္ၾက ပါဘူး။
Khin
ခရက္ဒစ္
ယူနီကုတ္
ယောကျာ်းလေးတွေ ချစ်သူအဖြစ် လုံးဝ မရွေးချယ်ချင်တဲ့ မိန်းကလေးပုံစံ ၄ မျိုး
ယောကျာ်းလေးတွေက တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘော ထားချင်း၊ အကြိုက်ချင်းမတူညီကြဘူးဆိုပေမယ့် ယောကျာ်းလေး အများစု ကတော့ ဒီအချက်တွေကို လုံးဝ မကြိုက် တတ်ကြ ပါဘူး။
ယောကျာ်းလေးတွေဟာ သူတို့ ချစ်သူကောင်မလေး ရွေးချယ်တဲ့ အခါ ဒီအချက်တွေကို ထည့်စဉ်းစားတတ်ကြပါတယ်။ ဒီလို မိန်းကလေး ပုံစံကိုတော့ ယောကျာ်းလေးတွေက လုံးဝ သဘောမကျ တတ်ကြပါဘူး။
သူတို့ရဲ့ နဂိုပုံစံကို ပြောင်းလဲဖို့ ကြိုးစားတဲ့သူ
ဒီအချက်ကတော့ ယောကျာ်းလေး ပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မကြိုက်တတ် ကြဘူးလို့ ထင်ပါတယ်နော်။ လူတစ်ယောက်ကို ချစ်မိတဲ့ အခါမှာ အဲဒီ့လူနဲ့ ပတ်သက်သမျှ အရာအားလုံးကို လက်ခံ နိုင်ရပါမယ်။
ကိုယ်ကရွေးချယ်ပြီးမှ သူ့ပုံစံကို သဘောမကျဘူး ဆိုရင်တော့ ဒါဟာ အချစ်မဖြစ်နိုင် ပါဘူး။ အထူးသဖြင့် ယောကျာ်းလေးတွေဟာ သူတို့ိကို ပြောင်းလဲဖို့ကြိုးစားတာ ကို မုန်းတတ် ကြပါတယ်။
သူသာ တကယ် ချစ်မိတယ် ဆိုရင် သူ့ကောင်မလေး စိတ်ချမ်းသာဖို့ ဘာ မှပြောစရာတောင် မလိုပဲကို သူတို့ပုံစံကို ပြောင်းလဲပေး တတ်ကြ ပါတယ်။
သူတို့ သူငယ်ချင်းတွေကို သဘောမကျတဲ့သူ
တစ်ချို့ကောင်မလေးတွေက သူတို့ချစ်တဲ့ ကောင်လေး ကိုတော့ သဘောကျပေမယ့်လို့ သူနဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေ ကိုတော့ ကြည့်မရတတ် တာတွေ ရှိတတ် ပါတယ်။
ဒီလို ကနေ ချစ်သူကောင်လေးကို သူ့သူငယ်ချင်းတွေနဲ့ အပေါင်းအသင်း မလုပ်ဖို့၊ သူ့သူငယ်ချင်းတွေက ဘယ်လို မကောင်းတာ စသဖြင့် သူငယ်ချင်းတွေနဲ့ စိတ်ဝမ်း ကွဲအောင် လုပ်တတ် ကြပါတယ်။
ဒီအချက်က ယောကျာ်းလေးတွေ မကြိုက်ဆုံးထဲက အချက်တစ်ခုဖြစ်ပြီးတော့ ယောကျာ်းလေးတွေက သူတို့ရဲ့ သူငယ်ချင်းတွေကို အရမ်းတန်ဖိုးထား ခင်မင် တတ်ကြလို့ပါပဲ။ ဒီလို မိန်းကလေးမျိုးကို သူတို့ရဲ့ကောင်မလေး အဖြစ် မရွေးချယ် တတ်ကြ ပါဘူး။
နေရာတကာ ချုပ်ချယ်အူတိုလွန်းအားကြီးတဲ့သူ
ယောကျာ်းလေးတွေရဲ့ နဂိုဗီဇက အနှောင်အဖွဲ့ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်နေ ရတာကို ကြိုက်တဲ့သူတွေပါ။ သူတို့အပေါ်မှာ တစ်စုံတစ်ယောက်က ချုပ်ချယ် လာတဲ့ အခါ သူတို့က အဲဒီ့လူနဲ့ အဝေးကိုထွက်သွား တတ်ပါ တယ်။
ချစ်သူကောင်မလေးက နေရာတကာမှာ ချုပ်ချယ်တာတွေ များနေမယ် ဒါမှမဟုတ် အသေးအမွှားလေးတွေက အစ လိုက်အူတိုနေမယ် ဆိုရင်တော့ ဒီဆက်ဆံရေးကို မကြာခင်မှာပဲ အဆုံးသတ် လိုက်တတ်ပါ တယ်။
ဒီလိုမျိုး နေရာတကာ လိုက်ချုပ်ချယ် အူတို တတ်တဲ့ ပုံစံရှိတဲ့ မိန်းကလေး မျိုးကိုလည်း သူတို့က သဘောမကျတတ် ကြပါ ဘူး။
အရာရာကို အဆိုးမြင်တတ်သူ
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေး ပဲဖြစ်ဖြစ် အဆိုးမြင် စိတ်များတဲ့ သူဆိုတာ ရှိတတ် ပါတယ်။ အရာရာတိုင်းကို အဆိုးဘက် ကပဲ တွေးတတ်တဲ့ သူတစ်ယောက်ကို လူတော်တော် များများက ရှောင်ဖယ်တတ်တာ မဆန် းပါဘူး။
ဒီလိုပဲ ကိုလက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ အဆိုးမြင်စိတ်တွေ များနေတာကို ဘယ်ယောကျာ်းလေးကမှ ကြိုက်တတ် ကြမယ် မထင် ပါဘူး။
အားအားရှိ အဆိုးမြင်စိတ်ကြောင့် အမြဲတမ်း စိတ်ကောက်စိတ်ဆိုး၊ ပြသနာတွေဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးကို ဘယ်သူကမှ မတည်ဆောက်ချင်ကြ ပါဘူးနော်။ ဒါကြောင့် ဒီလို အဆိုးမြင် စိတ်ရှိတဲ့ မိန်းကလေးတွေ ကိုလည်း ယောကျာ်းလေးတွေက မကြိုက် တတ်ကြ ပါဘူး။
Khin
No Comments