လူတစ္ေယာက္ ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ အသက္နဲ႔လည္း မဆိုင္ဘူး - Amawpyay

လူတစ္ေယာက္ ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ အသက္နဲ႔လည္း မဆိုင္ဘူး

လူတစ္ေယာက္ ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ အသက္နဲ႔လည္း မဆိုင္ဘူး
Knowledge

လူတစ္ေယာက္ ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ အသက္နဲ႔လည္း မဆိုင္ဘူး

ေပ်ာ္ေပ်ာ္ေနတတ္တာ ခပ္တည္တည္ ေနတတ္တာနဲ႔လည္း မဆိုင္သလို ဘြဲ႕ဘယ္ႏွခု ရထားတယ္ဆိုတာနဲ႔လည္း မပတ္သက္ဘူး တကယ္ေတာ့ ရင့္က်က္မွု ဆိုတာ အေတြ႕အၾကဳံကေန ျဖစ္ လာတဲ့ ခံယူခ်က္ တစ္ခုပဲ

က်ေနာ္ အႀကိဳက္ဆုံး ကေတာ့ ဆရာလကၤာ ရည္ေက်ာ္ ေျပာဖူးတဲ့ စကားေလး “ရင့္က်က္တယ္ ဆိုတာ တျခား လူဘက္က ေတြးေပးတတ္ တာကို ေခၚတာ”တဲ့ ဆရာေျပာမွ ရွင္း သြားတယ္ ။

ရည္းစားထား စဆို တစ္ေယာက္နဲ႔ တစ္ေယာက္ သဝန္တို ၾကတယ္ ဟိုဟာ မဝတ္နဲ႔ ဒီလို မဝတ္နဲ႔ ခ်ဳပ္ခ်ယ္ၾက တယ္ ။ ႀကီးလာေတာ့ သူ႔ရဲ့ လြတ္လပ္ခြင့္ ဆိုတာကို နားလည္ေပး နိုင္လာၾက တယ္ ။

ငယ္ငယ္က ကိုယ္ျဖစ္ ခ်င္တာ ကိုယ္လိုခ်င္တာပဲ သိတယ္ မိဘကို ပူဆာတယ္ မိဘနဲ႔ ျပႆနာေတြ ျဖစ္တယ္ ။ ႀကီးလာေတာ့ ဒါေတြ နည္းသြားတယ္ ။ ဘာလို့ ဆိုေတာ့ မိဘရဲ့ေနရာကို ဝင္ၾကည့္ တတ္လာလို့ပဲ ။

အလုပ္မွာလည္း ဒီလိုပဲ မရင့္က်က္ရင္ အလုပ္မွာ အဆင္ေျပ နိုင္မွာ မဟုတ္ဘူး ။ ငါ ဒီေလာက္လုပ္ေပးရက္နဲ႔ ငါ ဒီေလာက္ အဆင္ေျပေျပ ေနရက္နဲ႔ သူတို့က ဘယ္လိုလို့ ေတြးတတ္ ၾကတယ္ ။

ကိုယ့္ေအာက္ ကလူေတြ အေပၚ မညႇာမတာ မာန္မဲတတ္တယ္ ။ ကိိုယ့္အထက္ လူႀကီးေတြ ကိုလည္း ဒါေတြ ဒါေတြ မလုပ္ေပး ရေကာင္းလား ဆုံးျဖတ္ တာကလည္း ေႏွးလိုက္တာ မျပတ္သား လိုက္တာ ေပ်ာ့လိုက္တာ စသျဖင့္ အျပစ္တင္ မိတတ္တယ္ ။

အဲဒါမ်ိဳးေတြ ျပန္စဥ္းစားၾကည့္

ေျပာင္းလဲ လာတာေတြ အမ်ားႀကီး ရွိတယ္ ဆို ဒါ ကိုယ္ ရင့္က်က္ လာတာပဲေပါ့ အဲ့လို မဟုတ္ဘဲ အရင္ကလည္း ဒီစိတ္ ခုလည္း ဒီစိတ္ ဆိုရင္ေတာ့ အခ်ိန္ေတြ သာကုန္ သြားတယ္ ရင့္က်က္မလာဘူးပဲ ေျပာရမွာပါပဲ ။

ကိုယ္ခ်င္းစာ တယ္ဆိုတာ EQ ရဲ့ အစိတ္အပိုင္း တစ္ခုလည္းပဲ ျဖစ္တယ္ ။ ဒီေခတ္မွာ EQ ဟာ ေအာင္ျမင္ဖို့အတြက္ အေရးႀကီးေၾကာင္း ေတာ္ေတာ္ေလး ေျပာလာၾကၿပီ

ဒါေၾကာင့္ ကိုယ္ ဘယ္ေလာက္လရင့္က်က္လသလဲ တစ္နည္းအားျဖင့္ ကိုယ္ဘယ္ေလာက္ ကိုယ္ခ်င္းစာတတ္သလဲ ကိုယ္ဘယ္ေလာက္ တျခားလလူဖက္က လွည့္ေတြးေပး နိုင္သလဲ ဆိုတာက

မယုံမရွိပါနဲ႔ တခ်ိန္မွာ ကိုယ့္အနာဂတ္ အတြက္ အေရးပါ လာပါ လိမ့္မယ္။ “ဒါဆို သင္ ရင့္က်က္လာၿပီ”

ငယ္ငယ္တုန္း ကေတာ့ ႀကိဳးစားရင္ ဘာမဆို ျဖစ္ နိုင္တယ္ လို့ ယုံၾကည္ ခဲ့ ဖူး ပါတယ္ ။ လက္ေတြ႕ ဘဝ မွာေတာ့ ဘာေတြကို ႀကိဳးစား ရမယ္၊ ဘာေတြကို လ်စ္လ်ွဴရွု တတ္ရမယ္ ဆိုတာ သေဘာေပါက္ သြားခဲ့ၿပီ ။

ဒါဆို သင္ ရင့္က်က္ လာၿပီ။ အရံွုး ဆိုတာ နာက်င္ စရာ မဟုတ္သလို၊ အဆုံးသတ္ လည္း မဟုတ္ဘူး ဆိုတာ သိသြားၿပီ အရံွုးေတြနဲ႔ မၾကာခဏ ဆိုသလို ရင္းႏွီး လာရ

ေပမယ့္ အရံွုးသမား ဆိုတဲ့ တံဆိပ္ကပ္ မခံရေအာင္ သင္ခန္းစာေတြ ယူတတ္ လ ာခဲ့ၿပီ ဒါဆို သင္ ရင့္က်က္လာပါၿပီ။

ဟိုးတုန္းက သင္ယူတယ္ ဆိုတာ ဂုဏ္ယူနိုင္ဖို့ ဆိုတဲ့ ဦးတည္ခ်က္ပဲ ရွိခဲ့ပါ တယ္။ ေနာက္ပိုင္း မွာေတာ့ သင္ယူတယ္ ဆိုတာ အသုံးခ်ဖို့၊ မၽွေဝဖို့၊ စတဲ့ ကိစၥ အေၾကာင္းအရင္းေတြနဲ႔ သင္ယူ လာတယ္။

ဒါဆို သင္ ရင့္က်က္လာၿပီ။ ၀မ္းနည္း ေနေပမယ့္ ျပဳံးေနမိတယ္ ရင္ထဲ ဝမ္းသာေပမယ့္ တည္ၿငိမ္ေအာင္ ေနေန ပါ တယ္ ။ ဒါဆို သင္ ရင့္က်က္လာၿပီ။

လူဆိုတာ အေကာင္းနဲ႔အဆိုး ေရာေနတဲ့ သူေတြ မွန္း သိလာ ရတယ္ ။

ဒါေပမယ့္ ေကာင္းတဲ့ အခ်က္ေတြ ကိုပဲ ျမင္ေအာင္ၾကည့္ၿပီး ဆိုးတာေတြကို လ်စ္လ်ဴ ရွု တတ္လာ ပါမယ္ ဒါဆို သင္ ရင့္က်က္ လာၿပီ။ အစပိုင္းမွာ လူေတြ သတ္မွတ္ ထားတဲ့ ေအာင္ျမင္မွုကို ရွာတယ္

ေနာက္ပိုင္း မွာေတာ့ ကိုယ့္ရင္ထဲက ယုံၾကည္ေနတဲ့ ေအာင္ျမင္မွု ကိုပဲ ရွာေတာ့တယ္ ဒါဆို ရင့္က်က္လာၿပီ။ ဘယ္အခ်ိန္မွာ ေျပာရမယ္၊ ဘယ္အခ်ိန္မွာ ႏွုတ္ဆိတ္ေန ရမယ္၊ သင္ေကာင္းေကာင္း သိလာၿပီ။

ဒါဆို သင္ ရင့္က်က္ လာၿပီ။ လူေတြရဲ့ စကားကို ဂ႐ု မစိုက္တတ္ဘူး ဒါေပမယ့္ ကိုယ့္ရဲ့ သိကၡာ တရားကိုေတာ့ ဂ႐ုစိုက္ တတ္လာၿပီ ဒါဆို ရင့္က်က္လာၿပီ။ အဆိုးေတြ နဲ႔ ၾကဳံရတိုင္း ဝမ္းမနည္း တတ္ေတာ့ဘူး ။

ဒါေတြဟာ အခိုက္အတန႔္ပဲ ဆိုတာ သိ သြားၿပီ ဒါဆို သင္ ရင့္က်က္လာၿပီ။

ဆရာႀကီးဦးေအာင္သင္းအား
အစဥ္ေလးစားလ်က္ ။

Credit

Unicode

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်း မဆိုင်ဘူး

ပျော်ပျော်နေတတ်တာ ခပ်တည်တည် နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး တကယ်တော့ ရင့်ကျက်မှု ဆိုတာ အတွေ့အကြုံကနေ ဖြစ် လာတဲ့ ခံယူချက် တစ်ခုပဲ

ကျနော် အကြိုက်ဆုံး ကတော့ ဆရာလင်္ကာ ရည်ကျော် ပြောဖူးတဲ့ စကားလေး “ရင့်ကျက်တယ် ဆိုတာ တခြား လူဘက်က တွေးပေးတတ် တာကို ခေါ်တာ”တဲ့ ဆရာပြောမှ ရှင်း သွားတယ် ။

ရည်းစားထား စဆို တစ်ယောက်နဲ့ တစ်ယောက် သဝန်တို ကြတယ် ဟိုဟာ မဝတ်နဲ့ ဒီလို မဝတ်နဲ့ ချုပ်ချယ်ကြ တယ် ။ ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့် ဆိုတာကို နားလည်ပေး နိုင်လာကြ တယ် ။

ငယ်ငယ်က ကိုယ်ဖြစ် ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကို ပူဆာတယ် မိဘနဲ့ ပြဿနာတွေ ဖြစ်တယ် ။ ကြီးလာတော့ ဒါတွေ နည်းသွားတယ် ။ ဘာလို့ ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့် တတ်လာလို့ပဲ ။

အလုပ်မှာလည်း ဒီလိုပဲ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေ နိုင်မှာ မဟုတ်ဘူး ။ ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက် အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ် ကြတယ် ။

ကိုယ့်အောက် ကလူတွေ အပေါ် မညှာမတာ မာန်မဲတတ်တယ် ။ ကိုယ့်အထက် လူကြီးတွေ ကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေး ရကောင်းလား ဆုံးဖြတ် တာကလည်း နှေးလိုက်တာ မပြတ်သား လိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင် မိတတ်တယ် ။

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲ လာတာတွေ အများကြီး ရှိတယ် ဆို ဒါ ကိုယ် ရင့်ကျက် လာတာပဲပေါ့ အဲ့လို မဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ် ဆိုရင်တော့ အချိန်တွေ သာကုန် သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ ။

ကိုယ်ချင်းစာ တယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်း တစ်ခုလည်းပဲ ဖြစ်တယ် ။ ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်လရင့်ကျက်လသလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလလူဖက်က လှည့်တွေးပေး နိုင်သလဲ ဆိုတာက

မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ် အတွက် အရေးပါ လာပါ လိမ့်မယ်။ “ဒါဆို သင် ရင့်ကျက်လာပြီ”

ငယ်ငယ်တုန်း ကတော့ ကြိုးစားရင် ဘာမဆို ဖြစ် နိုင်တယ် လို့ ယုံကြည် ခဲ့ ဖူး ပါတယ် ။ လက်တွေ့ ဘဝ မှာတော့ ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို လျစ်လျှူရှု တတ်ရမယ် ဆိုတာ သဘောပေါက် သွားခဲ့ပြီ ။

ဒါဆို သင် ရင့်ကျက် လာပြီ။ အရံှုး ဆိုတာ နာကျင် စရာ မဟုတ်သလို၊ အဆုံးသတ် လည်း မဟုတ်ဘူး ဆိုတာ သိသွားပြီ အရံှုးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီး လာရ

ပေမယ့် အရံှုးသမား ဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ် လ ာခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်။ နောက်ပိုင်း မှာတော့ သင်ယူတယ် ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ ကိစ္စ အကြောင်းအရင်းတွေနဲ့ သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။ ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ် ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေ ပါ တယ် ။ ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သူတွေ မှန်း သိလာ ရတယ် ။

ဒါပေမယ့် ကောင်းတဲ့ အချက်တွေ ကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူ ရှု တတ်လာ ပါမယ် ဒါဆို သင် ရင့်ကျက် လာပြီ။ အစပိုင်းမှာ လူတွေ သတ်မှတ် ထားတဲ့ အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှု ကိုပဲ ရှာတော့တယ် ဒါဆို ရင့်ကျက်လာပြီ။ ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေ ရမယ်၊ သင်ကောင်းကောင်း သိလာပြီ။

ဒါဆို သင် ရင့်ကျက် လာပြီ။ လူတွေရဲ့ စကားကို ဂရု မစိုက်တတ်ဘူး ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့ ဂရုစိုက် တတ်လာပြီ ဒါဆို ရင့်ကျက်လာပြီ။ အဆိုးတွေ နဲ့ ကြုံရတိုင်း ဝမ်းမနည်း တတ်တော့ဘူး ။

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ သိ သွားပြီ ဒါဆို သင် ရင့်ကျက်လာပြီ။

ဆရာကြီးဦးအောင်သင်းအား
အစဉ်လေးစားလျက် ။

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …