
ေယာက်ာ္းပီသတဲ့ ခ်စ္သူေကာင္ေလးဆီမွာ ေတြ႔ရတတ္တဲ့ အခ်က္ေလးေတြ
ကိုယ္ခ်စ္တဲ့ သူ တစ္ေယာက္ကို ခ်စ္ခင္ တန္ဖိုး ထားတယ္ ဆိုိတာ ပါးစပ္က တဖြဖြေျပာေန႐ံုနဲ႔ တန္ဖိုးထားခ်စ္ခင္ တာ မဟုတ္ပါဘူး။
သူ႔ရဲ႕လုပ္ရပ္ေတြကပဲ ဒီလူကို ဘယ္ေလာက္ တန္ဖိုး ထားတယ္၊ ခ်စ္ခင္တယ္ ဆိုတာကို ေဖာ္ျပေန တာပါ။ ဒီေတာ့ သင့္ခ်စ္သူက သင့္ကို တကယ္ တန္ဖိုးထား ခ်စ္ခင္လားဆိုတာကို ဒီအခ်က္ေလးေတြက ေဖာ္ျပလုိ႔ေန ပါတယ္။
ဘယ္ေတာ့မွ အႏိုင္မက်င့္ဘူူး
သင့္ခ်စ္သူက သင့္ကို တန္ဖိုးထားတဲ့ အခါ သင္စိတ္ခ်မ္းသာ တာကိုပဲ ျမင္ခ်င္ တတ္ပါ တယ္။ ဒီလုိ ခ်စ္သူမ်ိဳးဟာ ကိုယ့္ခ်စ္သူ ဆီက အႏုိင္ကို လုယူၿပီး ကိုယ့္စိတ္ ခ်မ္းသာမႈကို ရယူ တတ္တဲ့ သူမ်ိဳးမဟုတ္ပါဘူး။
ေနာက္ၿပီး ဘယ္လုိ ကိစၥမ်ိဳးနဲ႔ မဆို ခ်စ္သူေကာင္မေလးနဲ႔ အၿပိဳင္ စိတ္ဆိုးေဒါသထြက္ အႏိုင္က်င့္တာမ်ိဳးေတြကို ဘယ္ေတာ့မွ မျပဳလုပ္ တတ္တဲ့ သူျဖစ္ပါ တယ္။ ဒါဟာ သင့္ကို ခ်စ္တဲ့ အတြက္္ အႏုိင္မယူပဲ အ႐ံႈးေပးထား တတ္တာ ျဖစ္ပါ တယ္။
ျပသနာေတြကေန ဘယ္ေတာ့မွ ေ႐ွာင္မေျပးတတ္ဘူး
ဆက္ဆံေရး တစ္ခုမွာ ျပသနာေတြ ဆိုတာကေတာ့ ႐ွိတတ္ တာပါပဲ။ ဒီလုိ ျပသနာေတြ ျဖစ္လာတဲ့ အခါတိုင္း အတူတကြ ရင္ဆုိင္ေက်ာ္လႊား တတ္ဖို ႔ကလည္း အေရးႀကီး ပါတယ္။ သင့္ကို တန္ဖိုးထားတဲ့သူဟာ ျပသနာေတြၾကားထဲမွာ ဘယ္ေတာ့မွ သင္တစ္ေယာက္တည္း ပစ္မထား ခဲ့တတ္ ပါဘူး။
သင့္ခ်စ္သူက သင့္အတြက္ ျပသနာေသးေသးေလး ကအစ အႀကီးႀကီးေတြထိ လုိက္ေျဖ႐ွင္းေပး တတ္သူ တစ္ေယာက္ ဆိုရင္ေတာ့ သူဟာ သင့္ကို တကယ့္တန္ဖိုးထားတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။
ဘယ္ေတာ့မွ လ်စ္လ်ဴမ႐ႈဘူး
သင့္ကို ဘယ္ေတာ့မွ တစ္ေယာက္တည္း လ်စ္လ်ဴ႐ႈ မပစ္ထားတတ္ သလို သင့္ရဲ႕ခံစားခ်က္ေတြကိုလည္း ဘယ္ေတာ့မွ လ်စ္လ်ဴ မ႐ႈတတ္ ပါဘူး။
ႏွစ္ဦးႏွစ္ဖက္ စိတ္ဆိုး စိတ္ေကာက္ၾက ရင္ေတာင္ သူ႔ဘက္ကေန သင့္ကို အခ်ိန္ အၾကာႀကီး ပစ္မထားတတ္ ပါဘူး။ ဒါဟာ သင့္ကို တန္ဖိုးထား ခ်စ္ခင္တဲ့အတြက္ေၾကာင့္ သင္နဲ ႔ပတ္သက္ သမွ်တုိင္းကို အေလးထားတာ ျဖစ္ပါတယ္။
အျမဲတမ္းအေလ်ာ့ေပးတတ္တယ္
ကိုယ္တကယ္ခ်စ္တဲ့ သူနဲ႔ေတြ႕တဲ့ အခါ အႏိုင္လိုခ်င္စိတ္ေတြ မ႐ွိပဲ အေလ်ာ့ေပးၿပီး သူစိတ္ခ်မ္းသာတာေလး ၾကည့္ေနရတာ ကိုက ၾကည္ႏူးျခင္း တစ္မ်ိဳးပါ။ ကိုယ့္ကို တကယ္ခ်စ္တဲ့ သူဟာ ကိုယ္စိတ္ဆင္းရဲမွာကို မလိုခ်င္တဲ့ အတြက္ အျမဲတမ္း အေလ်ာ့ေပး တတ္ပါ တယ္။
ဘယ္ေလာက္ပဲ အႏိုင္က်င့္ ဗိုလ္က်ေန ပါေစ၊ ဘယ္ေလာက္ပဲ ကိုယ့္ဘက္က မွားေန ပါေစ အေလ်ာ့ေပးတဲ့သူက သူပဲျဖစ္ေနတတ္ ပါတယ္။ ဒါဟာ သင့္အေပၚ ထားတဲ့ သူ႔ရဲ႕ တန္ဖိုးထား ခ်စ္ခင္မႈေတြကို ေဖာ္ျပေနပါတယ္။
Khin
Credit
Unicode
ယောကျာ်းပီသတဲ့ ချစ်သူကောင်လေးဆီမှာ တွေ့ရတတ်တဲ့ အချက်လေးတွေ
ကိုယ်ချစ်တဲ့ သူ တစ်ယောက်ကို ချစ်ခင် တန်ဖိုး ထားတယ် ဆိုတာ ပါးစပ်က တဖွဖွပြောနေရုံနဲ့ တန်ဖိုးထားချစ်ခင် တာ မဟုတ်ပါဘူး။
သူ့ရဲ့လုပ်ရပ်တွေကပဲ ဒီလူကို ဘယ်လောက် တန်ဖိုး ထားတယ်၊ ချစ်ခင်တယ် ဆိုတာကို ဖော်ပြနေ တာပါ။ ဒီတော့ သင့်ချစ်သူက သင့်ကို တကယ် တန်ဖိုးထား ချစ်ခင်လားဆိုတာကို ဒီအချက်လေးတွေက ဖော်ပြလို့နေ ပါတယ်။
ဘယ်တော့မှ အနိုင်မကျင့်ဘူူး
သင့်ချစ်သူက သင့်ကို တန်ဖိုးထားတဲ့ အခါ သင်စိတ်ချမ်းသာ တာကိုပဲ မြင်ချင် တတ်ပါ တယ်။ ဒီလို ချစ်သူမျိုးဟာ ကိုယ့်ချစ်သူ ဆီက အနိုင်ကို လုယူပြီး ကိုယ့်စိတ် ချမ်းသာမှုကို ရယူ တတ်တဲ့ သူမျိုးမဟုတ်ပါဘူး။
နောက်ပြီး ဘယ်လို ကိစ္စမျိုးနဲ့ မဆို ချစ်သူကောင်မလေးနဲ့ အပြိုင် စိတ်ဆိုးဒေါသထွက် အနိုင်ကျင့်တာမျိုးတွေကို ဘယ်တော့မှ မပြုလုပ် တတ်တဲ့ သူဖြစ်ပါ တယ်။ ဒါဟာ သင့်ကို ချစ်တဲ့ အတွက် အနိုင်မယူပဲ အရှုံးပေးထား တတ်တာ ဖြစ်ပါ တယ်။
ပြသနာတွေကနေ ဘယ်တော့မှ ရှောင်မပြေးတတ်ဘူး
ဆက်ဆံရေး တစ်ခုမှာ ပြသနာတွေ ဆိုတာကတော့ ရှိတတ် တာပါပဲ။ ဒီလို ပြသနာတွေ ဖြစ်လာတဲ့ အခါတိုင်း အတူတကွ ရင်ဆိုင်ကျော်လွှား တတ်ဖို့ကလည်း အရေးကြီး ပါတယ်။ သင့်ကို တန်ဖိုးထားတဲ့သူဟာ ပြသနာတွေကြားထဲမှာ ဘယ်တော့မှ သင်တစ်ယောက်တည်း ပစ်မထား ခဲ့တတ် ပါဘူး။
သင့်ချစ်သူက သင့်အတွက် ပြသနာသေးသေးလေး ကအစ အကြီးကြီးတွေထိ လိုက်ဖြေရှင်းပေး တတ်သူ တစ်ယောက် ဆိုရင်တော့ သူဟာ သင့်ကို တကယ့်တန်ဖိုးထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဘယ်တော့မှ လျစ်လျူမရှုဘူး
သင့်ကို ဘယ်တော့မှ တစ်ယောက်တည်း လျစ်လျူရှု မပစ်ထားတတ် သလို သင့်ရဲ့ခံစားချက်တွေကိုလည်း ဘယ်တော့မှ လျစ်လျူ မရှုတတ် ပါဘူး။
နှစ်ဦးနှစ်ဖက် စိတ်ဆိုး စိတ်ကောက်ကြ ရင်တောင် သူ့ဘက်ကနေ သင့်ကို အချိန် အကြာကြီး ပစ်မထားတတ် ပါဘူး။ ဒါဟာ သင့်ကို တန်ဖိုးထား ချစ်ခင်တဲ့အတွက်ကြောင့် သင်နဲ့ပတ်သက် သမျှတိုင်းကို အလေးထားတာ ဖြစ်ပါတယ်။
အမြဲတမ်းအလျော့ပေးတတ်တယ်
ကိုယ်တကယ်ချစ်တဲ့ သူနဲ့တွေ့တဲ့ အခါ အနိုင်လိုချင်စိတ်တွေ မရှိပဲ အလျော့ပေးပြီး သူစိတ်ချမ်းသာတာလေး ကြည့်နေရတာ ကိုက ကြည်နူးခြင်း တစ်မျိုးပါ။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဟာ ကိုယ်စိတ်ဆင်းရဲမှာကို မလိုချင်တဲ့ အတွက် အမြဲတမ်း အလျော့ပေး တတ်ပါ တယ်။
ဘယ်လောက်ပဲ အနိုင်ကျင့် ဗိုလ်ကျနေ ပါစေ၊ ဘယ်လောက်ပဲ ကိုယ့်ဘက်က မှားနေ ပါစေ အလျော့ပေးတဲ့သူက သူပဲဖြစ်နေတတ် ပါတယ်။ ဒါဟာ သင့်အပေါ် ထားတဲ့ သူ့ရဲ့ တန်ဖိုးထား ချစ်ခင်မှုတွေကို ဖော်ပြနေပါတယ်။
Khin
No Comments