သင့်ချစ်သူက သင့်ကို ချစ်သူလိုမဟုတ်ပဲ မိခင်လို အားကိုးနေကြောင်း ဖော်ပြနေတဲ့ အပြုအမူများ - Amawpyay


အချစ်ရေး


















Credit Aunty May

UNICODE

သင့်ချစ်သူက သင့်ကို ချစ်သူလိုမဟုတ်ပဲ မိခင်လို အားကိုးနေကြောင်း ဖော်ပြနေတဲ့ အပြုအမူများ

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မျှမျှနဲ့ နေထိုင်နိုင်မှ ရေရှည်မှာ အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက် နိုင်တာ ဖြစ်ပါတယ်။

ပုံမှန် ချစ်သူစုံတွဲတွေ အများစုမှာ ကောင်မလေးက ကိုယ့်ချစ်သူ ကောင်လေးကို အားကိုးတာ၊ ချစ်သူကောင်လေးက ဦးဆောင်တာ မျိုးပဲ တွေ့ရတတ်ပေမယ့်လို့ တစ်ခါတစ်လေမှာ ချစ်သူကောင်လေးက ကောင်မလေး အပေါ်ကို အားကိုးတတ်တဲ့ စုံတွဲတွေလည်း တွေ့ရ တတ် ပါတယ်။

သင့်ချစ်သူက သင့်ကို ချစ်သူကောင်မလေး တစ်ယောက် လိုထက် မိခင်တစ်ယောက်လိုသာ အားကိုးကြောင်းကို ဒီအချက်တွေက ဖော်ပြနေ ပါတယ်နော်။

ပြဿနာ ဖြစ်တိုင်း သင်ကပဲ ဦးဆောင်ဖြေရှင်းရတယ်

အချင်းချင်း စိတ်ဆိုး စိတ်ကောက်ကြတဲ့ အခါ ပဲဖြစ်ဖြစ်၊ တစ်ခြားသော ဘယ်လိုပြသာနာမျိုး မဆို သင်က စဖြေရှင်းမှ အဆင်ပြေ ရတာမျိုး ဖြစ်ပါတယ်။

သူဘက်က အမှားလုပ် ထားတာမျိုး ဆိုရင်တောင် သင်က စပြီး မေးမှ ဖြေရှင်းတာမျိုး လုပ်တတ်ပြီး သင့်ဘက်ကနေပဲ သူ့ကို ပြန်ချော့နေရ တာတွေ များတတ် ပါတယ်။

ဒါက သူ့စိတ်ထဲက သူ့ကိုယ်သူ ကလေး တစ်ယောက် လိုမှတ်ယူ ထားပြီး မရင့်ကျက်သေးတဲ့ စိတ်ကိုဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လို ကိစ္စမဆို သင့်ကိုပဲ အားကိုးတယ် ဆိုတာကို ဖော်ပြနေ တာပါ။

နေရာတကာ သင့်ကိုပဲ ရှေ့တန်းတင်တယ်

သင့်ကို ချစ်သူကောင်မလေး ဆိုတာထက် မိခင်တစ်ယောက်လိုပဲ တွေးထင် မိနေတဲ့ အခါမှာ အရာရာမှာ သင့်ကိုပဲ အားကိုး တတ်ပါ တယ်။ အထူးသဖြင့် ဒီအခြေအနေ မျိုးက အသက်ကြီးတဲ့ မမတွေနဲ့ မောင်လေးတွေမှာ ဖြစ်တတ်တဲ့ ပြသနာပါ။

ချစ်တာထက် အားကိုးချင်စိတ်၊ မှီခိုချင် စိတ်များနေတဲ့ အခါ အဲဒီ့ အချစ်ရေးဟာ သာယာ နိုင်တော့မယ် မထင်ပါဘူး။ မိန်းကလေး တန်မဲ့ ကိုယ်ကပဲ နေရာတကာ လိုက်ဦးဆောင်နေ ရတာမျိုးက တကယ့်လက်တွေ့မှာ အဆင်မပြေ လှပါဘူး။

စိတ်မချနိုင်ဖြစ်ရတယ်

အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးက ရင့်ကျက်တဲ့ စိတ်မျိုး မရှိတဲ့ အခါ တစ်ခုခု အမှားလုပ်လိုက်မိမှာကို စိုးရိမ်နေတတ် ရပါတယ်။ ဒီလို ဆိုရင်တော့ သင်ဟာ ချစ်သူ ကောင်မလေး တစ်ယောက်ထက် အမေတစ်ယောက်လိုပဲ ပူပန်နေ ရပြီ ဆိုတာကို နားလည်ဖို့လိုအပ်နေ ပါပြီနော်။

တကယ်တော့ အချစ်ရေးတစ်ခု တည်ဆောက်တဲ့ အခါ အားကိုး လွန်းရင်လည်း တစ်ဖက်လူ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာ တတ်ပါ တယ်။

သင့်အပေါ် နွဲ့ဆိုးဆိုးတတ်တယ်

သင့်ချစ်သူက ယောကျာ်းလေးတန်မဲ့ သင့်အပေါ် မကြာခဏ စိတ်ဆိုး စိတ်ကောက်တာတွေ၊ တစ်ခုခုကို အလိုမကျရင် ကလေးဆိုး တစ်ယောက်လို ပြုမူတာတွေမျိုး လုပ်လာပြီ ဆိုရင် ဒါဟာ သင့်ကို ချစ်သူတစ်ယောက်လို ထက် အမေတစ်ယောက် လိုသာ သတ်မှတ် ထားကြောင်း ပေါ်လွင်နေ ပါတယ်။

သင်ကပဲ သူစိတ်ဆို းသမျှကို လိုက်ချော့နေရရင်၊ အရာရာမှာ သူ့ကိုပဲ ဦးဆောင်နေရရင်တော့ ဒီအချစ်ရေးက သင့်အတွက် ဘယ်လိုမှ အဆင်မပြေ နိုင်ပါ ဘူးနော်။ ဒီအချက်တွေက သင့်ကိုသူက ချစ်သူကောင်မလေး ဆိုတာထက် အမေ တစ်ယောက်လိုပဲ အားကိုးတယ် ဆိုတာကို ဖော်ပြနေ တာပဲ ဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …