၁။ စိတ်ပူတတ်ခြင်း
Credit to Original Writer
Unicode
မိခင်နဲ့တူသော ဇနီးဆိုတာ
ကမ္ဘာပေါ်မှာ မိခင် ဆိုတာ တစ်ယောက်ပဲ ရှိ ပါတယ်။ သို့သော် မိခင်နဲ့ တူသော အမျိုးသမီး တစ်ယောက်ကို သင့်ရဲ့ ဇနီးအဖြစ် သော်လည်းကောင်း၊ ချစ်သူ အဖြစ် သော်လည်းကောင်း ရရှိ ပိုင်ဆိုင် ထားတယ် ဆိုရင် အလွန်မှ ကံကောင်း ပါပေ တယ် ။
၁။ စိတ်ပူတတ်ခြင်း
တစ်စုံတစ်ခု ဆိုရင် မိခင် တစ်ယောက် စိတ်ပူပန်တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန်တတ်ကြပါတယ်။ သူတို့၏ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင် တစ်ယောက်နှင့် အလားသဏ္ဍန် တူပါပေတယ် ။
၂။ ကြင်နာ၊ ယုယ မြတ်နိုးခြင်း
တစ်ချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ အတိုင်းအထက် အလွန် ဖြစ်နေတတ်ပါတယ်။ ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ် ကြင်နာ၊ ယုယ မြတ်နိုးခြင်းတွေနဲ့ ဆင်တူပါပေတယ် ။
၃။ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးခြင်း
မိမိ၏ ခင်ပွန်းမှာ အခက်အခဲ ဖြစ်နေပြီဆိုရင် အားပေး နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေ လည်း များစွာ ရှိပါ တယ်။
၄။ ပေးဆပ်မှုနဲ့သာ ချစ်ခြင်း
မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါ ပါဘူး။ ဒီလိုပဲ မိခင်နဲ့တူသော အမျိုးသမီးတွေ ဟာလည်း မိမိ၏ အိမ်ထောင်ဘက် အမျိုးသား အပေါ်မှာ ရယူ လိုစိတ် မရှိဘဲ ပေးဆပ်မှုနဲ့ ချစ်ကြ ပါတယ် ။
၅။ စိတ်ညစ်မှုတွေကို ဖယ်ရှားပေးခြင်း
မိမိ၏ ခင်ပွန်း တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ် ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားကြ တယ်။ မိခင်နဲ့ တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေ ရင် သူတို့လည်း မပျော်တတ်ကြ ပါဘူး
No Comments