
လက္မထပ္ခင္သင့္ခ်စ္သူကုိ ေမးၾကည့္သင့္တဲ့ ေမးခြန္း(၁၅)ခု
အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ ေဆးမင္ ရည္စုပ္ထိုး ဆိုတာက ျပဳလုပ္ၿပီးရင္ ျပန္ျပင္ဖို႔ ခက္ခဲတဲ့ အေရးကိစၥေတြျဖစ္ ပါတယ္။ ဒီထဲကမွ အိမ္ေထာင္ျပဳျခင္းဟာ သင့္ဘ၀အတြက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ပါ တယ္။
အျခားလူတစ္ေယာက္နဲ႔ သင့္ရဲ႕ဘ၀ တစ္ခုလံုးကို အတူကုန္ဆံုးဖုိ႔၊ အရာရာ အားလံုးကို ေ၀မွ်ခံစားဖို႔၊ ေပးဆပ္တတ္ဖို႔ ဆံုးျဖတ္ ရတဲ့ အခ်ိန္ျဖစ္ ပါတယ္။ ဒီလို ဆံုးျဖတ္ ရတာက စိုးရိမ္စရာျဖစ္သလို စိတ္လႈပ္ရွားစရာ လည္းေကာင္ းပါတယ္။ ဒါ့ေၾကာင့္ ဆံုးျဖတ္ခ်က္ေတြ မွန္ကန္ေစဖို႔ အတြက္
သင့္ရဲ႕ဘ၀ လက္တြဲေဖာ္ျဖစ္ဖို ႔ရည္မွန္းထား သူကို ဒီေမးခြန္းေတြ ေမးၾကည့္ဖို႔ လိုပါ လိမ့္မယ္။
၁။ အိမ္ေထာင္ျပဳၿပီး ကေလးယူဖို႔ အစီအစဥ္ရွိမရွိ
ဒီေမးခြန္းက အေရးႀကီး ပါတယ္။ အိမ္ေထာင္ တစ္ခုမွာ ကေလးရွိျခင္း၊ မရွိျခင္းက အေျပာင္းအလဲေတြ အမ်ားရွိျဖစ္ေစ ပါတယ္။ ဒါ့ေၾကာင့္ ကေလးယူဖို႔ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ဘယ္အခ်ိန္ယူမယ္၊ ဘယ္ႏွစ္ေယာက္ယူမယ္ စသျဖင့္ ႀကိဳတင္ေဆြးေႏြး ထားသင့္ ပါတယ္။
၂။ တစ္ဦးရဲ႕ ေငြေၾကး ဆိုင္ရာ အယူအဆေတြ၊ ရည္မွန္းခ်က္ေတြ တစ္ဦးက ေသခ်ာသိၿပီလား။ ေငြကို ဘယ္လို သံုးမယ္ ဘယ္လို စုမယ္ ဆိုတဲ့ စိတ္ကူးေတြ တူညီမႈ ရွိရဲ႕လား။
ေငြေရးေၾကးေရး ကိစၥနဲ႔ ပတ္သက္ လာရင္ အရမ္း ခ်စ္ပါတယ္ ဆိုတဲ့ စံုတြဲေတြမွာေတာင္ အခ်စ္ေလ်ာ့သြားတတ္ ပါတယ္။ ဒါ့ေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ေက်နပ္မႈရွိတဲ့ ေငြေၾကးစီမံ ခန္႔ခြဲမႈတစ္ခု ရွိထားဖို႔ လိုပါတယ္။
လက္မထပ္ခင္ ကတည္းက ေရွ႕ေလွ်ာက္ေငြေၾကး ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘယ္လို ကိုင္တြယ္ မလဲဆိုတာကို ေမးျမန္းေဆြးေႏြး ထားပါ။
၃။ ခ်စ္ခင္ၾကင္နာမႈျခင္း ထပ္တူက်ရဲ႕လား။ ကိုယ္ခ်စ္သေလာက္ ျပန္ခ်စ္ႏိုင္လား။
ေရရွည္လက္တြဲ သြားဖို႔ အတြက္ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ခ်စ္ခင္ၾကင္နာမႈ ရွိေနဖို႔ လိုပါတယ္။ ႏွစ္ဦးသား အၾကားမွာ ခ်င္ခင္ၾကင္နာမႈ မရွိေတာ့ တာကို ခံစားေနရၿပီ ဆိုရင္ေတာ့ ေသခ်ာေဆြးေႏြးဖို႔ လိုအပ္ေနပါၿပီ။
၄။ ေအးအတူ ပူအမွ် ျဖစ္ႏိုင္ရဲ႕လား
လူႏွစ္ေယာက္ လက္ထပ္ လိုက္ၿပီ ဆိုတာနဲ႔ ႏွစ္ေယာက္တစ္ဘ၀ ျဖစ္သြား ပါၿပီ။ ဘ၀တစ္ေလွ်ာက္မွာ ဆံုးျဖတ္စရာ ကိစၥေတြ၊ အျဖစ္အပ်က္ေတြ မ်ိဳးစံုၾကံဳေတြ ႕ရမွာျဖစ္ၿပီး တစ္ဦးနဲ႔တစ္ဦး သေဘာထားခ်င္း မွ်တဖို႔ လိုအပ္ ပါတယ္။ အျပန္အလွန္ သေဘာတူညီမႈ ရွိမွသာ ေရရွည္လက္တြဲ ႏိုင္မွာျဖစ္ ပါတယ္။
၅။ သူ႔ဘက္ ကိုယ့္ဘက္ မိတ္ေဆြအေပါင္းအသင္းေတြကို လက္ခံႏိုင္ၿပီလား
လက္ထပ္ၿပီးတဲ့ေနာက္ ပိုင္း မွာလည္း ႏွစ္ဦးစလံုးမွာ မိတ္ေဆြ အေပါင္းအသင္းေတြ ရွိေနဦးမွာျဖစ္ပါတယ္။ မိတ္ေဆြ အေပါင္းအသင္း ဆိုတာ ဘ၀ရဲ႕အေရးႀကီးတဲ့ အစိတ္အပိုင္း တစ္ခုျဖစ္တဲ့ အ တြက္ လစ္လ်ဴ႐ႈ ထားလို႔ မျဖစ္ပါဘူး။
သူ႔ဘက္ ကိုယ့္ဘက္ မိတ္ေဆြ သူငယ္ခ်င္းေတြကို အျပန္အလွန္ေလးစားမႈ ရွိဖို႔ လိုပါတယ္။ မဟုတ္ရင္ေတာ့ ျပႆနာေတြက ေစာင့္ႀကိဳေနမွာ ေသခ်ာ ပါတယ္။ လူႏွစ္ေယာက္ ဘယ္ေလာက္ပဲ ခ်စ္ၾကတယ္ဆိုပါေစ၊ ကိုယ္ပိုင္ အခ်ိန္ ကိုယ္ပိုင္ လြတ္လပ္ခြင့္ကို အျပန္အလွန္ေလးစား တတ္ရမွာ ျဖစ္ပါတယ္။
၆။ ႏွစ္ဖက္ မိသားစုေတြကို အျပန္အလွန္ေလးစား လက္ခံ ႏိုင္ၿပီလား
ဒါအခ်က္က သိပ္ေတာင္ စဥ္းစားေနစရာ မလိုပါဘူး။ ႏွစ္ဖက္မိသားစုရဲ႕လက္ခံႏိုင္မႈနဲ႔ ခ်စ္ခင္မႈက အိမ္ေထာင္တစ္ခု ခိုင္ျမဲဖို႔ အတြက္ အေရးႀကီး ပါတယ္။ အကယ္၍ တဖက္မိသားစုနဲ ပတ္သက္ၿပီး ျပႆနာတစ္ခုခု ရွိေနတယ္ ဆိုရင္လည္း ေျဖရွင္းၿပီး လက္ခံေပးႏိုင္ဖို႔ ႀကိဳးစား ရမွာျဖစ္ ပါတယ္။
၇။ ကိုယ့္မိသားစုနဲ႔ပတ္သက္ၿပီး တဖက္သူ ၿငိဳျငင္စရာေတြက ဘာေတြလဲ
နံပါတ္(၆)ေမးခြန္းရဲ႕ အဆက္ျဖစ္ ပါတယ္။ ကိုယ့္ရည္မွန္း ထားသူက ကိုယ့္မိသားစုကို ၿငိဳျငင္ရတဲ့အခ်က္ေတြ သိဖို႔ျဖစ္ပါတယ္။ သူမႀကိဳက္တာေတြ သိလာၿပီဆိုရင္ ျပႆနာကို ေျဖရွင္းႏိုင္ မွာျဖစ္ပါတယ္။
လူတိုင္းရဲ႕ မိသားစုမွာ မိသားစု၀င္ မဟုတ္သူ တစ္ေယာက္ လက္မခံႏိုင္တဲ့ အခ်က္ေတြ ရွိတတ္ ပါတယ္။ ဒါကို ႀကိဳးစား ညွိႏႈိင္း ရမွာျဖစ္ ပါတယ္။
၈။ အိမ္ေထာင္ေရးအတြက္ အားလံုးကို ေပးဆပ္စြန္႔လႊတ္ႏိုင္ၿပီလား
ခ်စ္သူရည္းစား ဘ၀မွာေတာင္ အျပန္အလွန္ အေလွ်ာ့ေပးညွိႏႈိင္း ရတာေတြ၊ ေပးဆပ္ရတာေတြရွိတာေၾကာင့္ အိမ္ေထာင္တစ္ခု တည္ေထာင္မယ္ ဆိုရင္ ဒီအခ်က္က ပိုအေရးႀကီး လာၿပီျဖစ္ ပါတယ္။
အိမ္ေထာင္ေရး ခိုင္ျမဲဖို႔အတြက္ ဘယ္လို အေျခအေနမ်ိဳးပဲ ျဖစ္ျဖစ္ အျပန္အလွန္ တတ္ႏိုင္သမွ်ေပးဆပ္စြန္႔လႊတ္ႏိုင္ဖို႔ လိုပါတယ္။
၉။ အေျခအေနေၾကာင့္ တစ္ေနရာစီခြဲေနရရင္ ေနႏိုင္မွာလား
ႀကိဳမျမင္ႏိုင္တဲ့ အေရးကိစၥေတြ အျဖစ္အပ်က္ေတြအတြက္ အျမဲတမ္းအတူရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ အလုပ္ကိစၥေၾကာင့္ပဲျဖစ္ျဖစ္ တစ္ေယာက္က အျခားတစ္ေနရာကို ခြဲေနရမယ္ ဆိုရင္လည္း အျပန္အလွန္ ခြန္အားေပးၿပီး ေထာက္ပံ့ကူညီေပးႏိုင္ ဖို႔လည္း လိုပါတယ္။
၁၀။ ႏွစ္ဦးသားအတြင္းေရးေတြ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္မွာလား
အိမ္ေထာင္ျပဳတဲ့အခါမွာ တစ္ဦး နဲ႕ တစ္ဦး အူမေခ်းခါးမက်န္ အတြင္းသိအစင္းသိ သိထားတာ အေကာင္းဆံုးပါပဲ။ ဒီလို အတြင္းေရးေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပႏိုင္ ဖို႔လည္း လိုပါ တယ္။ ဒါ့ေၾကာင့္ ရွက္ေၾကာက္ သို၀ွက္ မထားပဲ အခ်င္းခ်င္း အပြင့္လင္းဆံုး ေဆြးေႏြးပါ။
၁၁။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ အကုန္သိၿပီလား
လက္မထပ္ခင္မွာ တစ္ေယာက္ အေၾကာင္းကို တစ္ေယာက္က မေကာင္းတာေတြေရာ ေကာင္းတာေတြပါ အားလံုး သိၿပီးသားျဖစ္သင့္ ပါတယ္။
ေနာက္မွ သိလာရမယ္ ဆိုရင္ အယုံၾကည္ ရဆံုးသူက လိမ္တာခံရသလို ခံစား ရႏိုင္ ပါတယ္။ အားလံုးမွာ မေကာင္းတဲ့ အခ်က္ေတြ၊ အေတြ႕အၾကံဳေတြ ရွိပါ တယ္။ ပြင့္ပြင့္လင္းလင္း ေျပာဆိုတိုင္ပင္ပါ။
ေနာက္ထပ္ ေမးခြန္းေလးခုကေတာ့ –
၁၂။ အသက္ေတြႀကီးလာခ်ိန္အထိ အတူရွိေနဖို႔ စိတ္ကူးထားလား
၁၃။ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဘက္မွာ ရွိတာ အားလံုးကို ေပးဆပ္ဖို႔ အဆင့္သင့္ျဖစ္ၿပီလား
၁၄။ တစ္ေယာက္နဲ႔တစ္ေယာက္ ဖူးစာဖက္ေတြ အျဖစ္ ႏွလံုးသားခ်င္း ထပ္တူက်သူေတြ အျဖစ္ လက္ခံႏိုင္ၿပီလား
၁၅။ ကိုယ္ပိုင္အတၱေတြထဲ ႏွစ္ဦးသားဆက္ဆံေရးကို ပိုၿပီ အေလးအျမတ္ ထားႏိုင္ၿပီလား ဆိုတာေတြပဲျဖစ္ပါတယ္
Credit
Unicode
လက်မထပ်ခင်သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင် ရည်စုပ်ထိုး ဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ် ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါ တယ်။
အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘ၀ တစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာ အားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ် ရတဲ့ အချိန်ဖြစ် ပါတယ်။ ဒီလို ဆုံးဖြတ် ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာ လည်းကောင် းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့ အတွက်
သင့်ရဲ့ဘ၀ လက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထား သူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါ လိမ့်မယ်။
၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ
ဒီမေးခွန်းက အရေးကြီး ပါတယ်။ အိမ်ထောင် တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေ ပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေး ထားသင့် ပါတယ်။
၂။ တစ်ဦးရဲ့ ငွေကြေး ဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက သေချာသိပြီလား။ ငွေကို ဘယ်လို သုံးမယ် ဘယ်လို စုမယ် ဆိုတဲ့ စိတ်ကူးတွေ တူညီမှု ရှိရဲ့လား။
ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက် လာရင် အရမ်း ချစ်ပါတယ် ဆိုတဲ့ စုံတွဲတွေမှာတောင် အချစ်လျော့သွားတတ် ပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရှိတဲ့ ငွေကြေးစီမံ ခန့်ခွဲမှုတစ်ခု ရှိထားဖို့ လိုပါတယ်။
လက်မထပ်ခင် ကတည်းက ရှေ့လျှောက်ငွေကြေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် မလဲဆိုတာကို မေးမြန်းဆွေးနွေး ထားပါ။
၃။ ချစ်ခင်ကြင်နာမှုခြင်း ထပ်တူကျရဲ့လား။ ကိုယ်ချစ်သလောက် ပြန်ချစ်နိုင်လား။
ရေရှည်လက်တွဲ သွားဖို့ အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခင်ကြင်နာမှု ရှိနေဖို့ လိုပါတယ်။ နှစ်ဦးသား အကြားမှာ ချင်ခင်ကြင်နာမှု မရှိတော့ တာကို ခံစားနေရပြီ ဆိုရင်တော့ သေချာဆွေးနွေးဖို့ လိုအပ်နေပါပြီ။
၄။ အေးအတူ ပူအမျှ ဖြစ်နိုင်ရဲ့လား
လူနှစ်ယောက် လက်ထပ် လိုက်ပြီ ဆိုတာနဲ့ နှစ်ယောက်တစ်ဘ၀ ဖြစ်သွား ပါပြီ။ ဘဝတစ်လျှောက်မှာ ဆုံးဖြတ်စရာ ကိစ္စတွေ၊ အဖြစ်အပျက်တွေ မျိုးစုံကြုံတွေ့ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မျှတဖို့ လိုအပ် ပါတယ်။ အပြန်အလှန် သဘောတူညီမှု ရှိမှသာ ရေရှည်လက်တွဲ နိုင်မှာဖြစ် ပါတယ်။
၅။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေအပေါင်းအသင်းတွေကို လက်ခံနိုင်ပြီလား
လက်ထပ်ပြီးတဲ့နောက် ပိုင်း မှာလည်း နှစ်ဦးစလုံးမှာ မိတ်ဆွေ အပေါင်းအသင်းတွေ ရှိနေဦးမှာဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်း ဆိုတာ ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အ တွက် လစ်လျူရှု ထားလို့ မဖြစ်ပါဘူး။
သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေ သူငယ်ချင်းတွေကို အပြန်အလှန်လေးစားမှု ရှိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေက စောင့်ကြိုနေမှာ သေချာ ပါတယ်။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုပါစေ၊ ကိုယ်ပိုင် အချိန် ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အပြန်အလှန်လေးစား တတ်ရမှာ ဖြစ်ပါတယ်။
၆။ နှစ်ဖက် မိသားစုတွေကို အပြန်အလှန်လေးစား လက်ခံ နိုင်ပြီလား
ဒါအချက်က သိပ်တောင် စဉ်းစားနေစရာ မလိုပါဘူး။ နှစ်ဖက်မိသားစုရဲ့လက်ခံနိုင်မှုနဲ့ ချစ်ခင်မှုက အိမ်ထောင်တစ်ခု ခိုင်မြဲဖို့ အတွက် အရေးကြီး ပါတယ်။ အကယ်၍ တဖက်မိသားစုနဲ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေတယ် ဆိုရင်လည်း ဖြေရှင်းပြီး လက်ခံပေးနိုင်ဖို့ ကြိုးစား ရမှာဖြစ် ပါတယ်။
၇။ ကိုယ့်မိသားစုနဲ့ပတ်သက်ပြီး တဖက်သူ ငြိုငြင်စရာတွေက ဘာတွေလဲ
နံပါတ်(၆)မေးခွန်းရဲ့ အဆက်ဖြစ် ပါတယ်။ ကိုယ့်ရည်မှန်း ထားသူက ကိုယ့်မိသားစုကို ငြိုငြင်ရတဲ့အချက်တွေ သိဖို့ဖြစ်ပါတယ်။ သူမကြိုက်တာတွေ သိလာပြီဆိုရင် ပြဿနာကို ဖြေရှင်းနိုင် မှာဖြစ်ပါတယ်။
လူတိုင်းရဲ့ မိသားစုမှာ မိသားစုဝင် မဟုတ်သူ တစ်ယောက် လက်မခံနိုင်တဲ့ အချက်တွေ ရှိတတ် ပါတယ်။ ဒါကို ကြိုးစား ညှိနှိုင်း ရမှာဖြစ် ပါတယ်။
၈။ အိမ်ထောင်ရေးအတွက် အားလုံးကို ပေးဆပ်စွန့်လွှတ်နိုင်ပြီလား
ချစ်သူရည်းစား ဘဝမှာတောင် အပြန်အလှန် အလျှော့ပေးညှိနှိုင်း ရတာတွေ၊ ပေးဆပ်ရတာတွေရှိတာကြောင့် အိမ်ထောင်တစ်ခု တည်ထောင်မယ် ဆိုရင် ဒီအချက်က ပိုအရေးကြီး လာပြီဖြစ် ပါတယ်။
အိမ်ထောင်ရေး ခိုင်မြဲဖို့အတွက် ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် အပြန်အလှန် တတ်နိုင်သမျှပေးဆပ်စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။
၉။ အခြေအနေကြောင့် တစ်နေရာစီခွဲနေရရင် နေနိုင်မှာလား
ကြိုမမြင်နိုင်တဲ့ အရေးကိစ္စတွေ အဖြစ်အပျက်တွေအတွက် အမြဲတမ်းအတူရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်က အခြားတစ်နေရာကို ခွဲနေရမယ် ဆိုရင်လည်း အပြန်အလှန် ခွန်အားပေးပြီး ထောက်ပံ့ကူညီပေးနိုင် ဖို့လည်း လိုပါတယ်။
၁၀။ နှစ်ဦးသားအတွင်းရေးတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာလား
အိမ်ထောင်ပြုတဲ့အခါမှာ တစ်ဦး နဲ့ တစ်ဦး အူမချေးခါးမကျန် အတွင်းသိအစင်းသိ သိထားတာ အကောင်းဆုံးပါပဲ။ ဒီလို အတွင်းရေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင် ဖို့လည်း လိုပါ တယ်။ ဒါ့ကြောင့် ရှက်ကြောက် သိုဝှက် မထားပဲ အချင်းချင်း အပွင့်လင်းဆုံး ဆွေးနွေးပါ။
၁၁။ တစ်ယောက်အကြောင်းတစ်ယောက် အကုန်သိပြီလား
လက်မထပ်ခင်မှာ တစ်ယောက် အကြောင်းကို တစ်ယောက်က မကောင်းတာတွေရော ကောင်းတာတွေပါ အားလုံး သိပြီးသားဖြစ်သင့် ပါတယ်။
နောက်မှ သိလာရမယ် ဆိုရင် အယုံကြည် ရဆုံးသူက လိမ်တာခံရသလို ခံစား ရနိုင် ပါတယ်။ အားလုံးမှာ မကောင်းတဲ့ အချက်တွေ၊ အတွေ့အကြုံတွေ ရှိပါ တယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပါ။
နောက်ထပ် မေးခွန်းလေးခုကတော့ –
၁၂။ အသက်တွေကြီးလာချိန်အထိ အတူရှိနေဖို့ စိတ်ကူးထားလား
၁၃။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်မှာ ရှိတာ အားလုံးကို ပေးဆပ်ဖို့ အဆင့်သင့်ဖြစ်ပြီလား
၁၄။ တစ်ယောက်နဲ့တစ်ယောက် ဖူးစာဖက်တွေ အဖြစ် နှလုံးသားချင်း ထပ်တူကျသူတွေ အဖြစ် လက်ခံနိုင်ပြီလား
၁၅။ ကိုယ်ပိုင်အတ္တတွေထဲ နှစ်ဦးသားဆက်ဆံရေးကို ပိုပြီ အလေးအမြတ် ထားနိုင်ပြီလား ဆိုတာတွေပဲဖြစ်ပါတယ်
No Comments