ကျွန်မက မိန်းမသားပါ သို့သော် မှီခိုစရာ ပုခုံးတစ်ဖက်ကို လိုက်ရှာနေဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ တွေးတတ်တဲ့ မိန်းမသားပေါ့ - Amawpyay


Knowledge












သျှင်ယွန်း

ခရက်ဒစ်

ယူနီကုတ်

ကျွန်မက မိန်းမသားပါ သို့သော် မှီခိုစရာ ပုခုံးတစ်ဖက်ကို လိုက်ရှာနေဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ တွေးတတ်တဲ့ မိန်းမသားပေါ့ ။

ကျွန်မ ဘယ်သူ့ရဲ့ မိန်းမပါ ဘယ်ဝါရဲ့မိန်းမပါ ဆိုတဲ့ ဂုဏ်ကို မလိုချင်ဘူး တစ်စုံတစ်ယောက်နဲ့တွေ့လို့ နှုတ်ဆက်တဲ့ အခါ ကျွန်မက ဘယ်သူပါ ဆိုတဲ့ ဂုဏ်လေးပဲ လိုချင်တယ်

စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ရတဲ့ အဖြစ်မျိုး ကျွန်မ မမက်မော ဘူး ။ ကိုယ်ကိုယ်တိုင်ပဲ အရောင်တွေလက်နေ ချင်တယ် ကိုယ်ကိုယ်တိုင်ပဲ တန်ဖိုးတက် ချင်တယ် ဘယ်တစ်ဦး တစ်ယောက်ကြောင့်မှ ကိုယ့်တန်ဖိုးတွေ ကျလဲ မသွားချင် သလို တက်လဲ မတက်ချင် ဘူး ဒါကျွန်မထားတဲ့ မာနပါ ။

အသားလွတ်ကြီး မာနတွေ တက်နေတာလို့ လူတွေက ပြောကြဆိုကြ လိမ့်မယ် ရပါတယ် ။ ဒါပေမယ့် မာနတော့ မချပါရစေနဲ့ ကျွန်မမှာ ဘာမှ ရေရေရာရာ ပြစရာ မရှိဘူး ဒီမာနလေးနဲ့ပဲ အရာရာကို တင်းခံထားတာပါ

ဗိုလ်ကတော် ဖြစ်မှ ဆရာဝန် ကတော်ဖြစ်မှ ဆိုတဲ့ အိပ်မက်တွေ ဘယ်တုန်း ကမှ မမက်ဖြစ် ခဲ့ဘူး ။ ငွေရှိမှ သိပ်ပြီး ချမ်းသာမှ အိမ်ထောင်ဖက်ရွေးမယ်လို့ ဘယ်တုန်း ကမှ မတွေးခဲ့ဘူး နဖူးစာ မပါလို့ တစ်ယောက်တည်း အရိုးထုတ် ရရင်တောင် ကျွန်မ တစ်ယောက်တည်း ရပ်တည် နိုင်ဖို့ပဲ ကြိုးစားတယ်

မိန်းမသား ဆိုတာ အားကိုးလို စိတ်တော့ အနည်း နဲ့ အမျာ းရှိတတ်ကြ တယ်တဲ့ အဲ့ဒီ အားကိုးလိုတဲ့ စိတ်ကို အတတ်နိုင်ဆုံး ဖျောက်ချ ထားခဲ့ တာပါ

ဘယ်သူ့ ပုခုံးမှ မလိုအပ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေဖို့အတွက်ပဲ တွေးဖြစ်ခဲ့တာပါ ။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုရတဲ့ အဖြစ်မျိုး ကျွန်မ မလိုလားဘူး ။ ကိုယ်ယုံကြည်ရာ လမ်းကို ကိုယ့်ယုံကြည်ချက် အတိုင်းပဲ လျှောက်လမ်း ချင်တယ်

လက်တွဲဖော် ရှိလာ ခဲ့ရင်တောင် အနည်းတော့ ကိုယ့်ခံ ယူချက်တွေကို နားလည်ပေး နိုင်တဲ့ လူမျိုးပဲ ဖြစ်စေချင်တယ် ။ လူတွေကြားရောက် တဲ့အခါ ကျွန်မက ဘယ်သူ့ရဲ့ မိန်းမပါ ဆိုပြီး မိတ်ဆက်စကားတွေ ပြောနေရ တာထက်

ကျွန်မက ဘယ်သူပါ ဘယ်ဝါပါ ဆိုပြီးပဲ လိပ်ပြာသန့်သန့် မိတ်ဆက်ချင်တယ် ဒါ ကျွန်မရဲ့ ခံယူချက်သက်သက် ပါ မိန်းကလေး တိုင်းနဲ့ တူချင်မှ တူလိမ့်မယ်

မာနကြီး လိုက်တာ ဆိုတဲ့ ခေါင်းစဉ်တွေ ခေါင်းမာလိုက်တာ ဆိုတဲ့ ခေါင်းစဉ်တွေ ကြိုက်ရာ ခေါင်းစဉ်ကို တပ်ပိုင်ခွင့် ရှိသလို

ကျွန်မမှာလဲ ကျွန်မရဲ့ ခံယူချက် အတိုင်း ဆက်ပြီးလျှောက်နေဖို့ အခွင့်အရေးတွေ ရှိပါတယ် ။ ကျွန်မက မိန်းမသားပါ သို့သော် မှီခိုစရာ ပုခုံးတစ်ဖက်ကို လိုက်ရှာနေဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ တွေးတတ်တဲ့ မိန်းမသားပေါ့ ။

သျှင်ယွန်း

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …