
မနက္ပိုင္းနဲ႔ ညေနပိုင္း အားကစားလုပ္တာရဲ႕ ကြာျခားခ်က္
Workout ကစားဖို႔ အေကာင္းဆုံး အခ်ိန္က ဘယ္ အခ်ိန္လဲ။ မနက္ပိုင္းလား ၊ ညေနပိုင္းလား။ ဒီေမးခြန္းက အားကစား လုပ္သူ အေတာ္မ်ားမ်ား သိခ်င္ေနၾက တဲ့ ေမးခြန္း ျဖစ္ပါ တယ္။
တကယ္ေတာ့ မနက္ပိုင္း အားကစား လုပ္တာနဲ႔ ညေနပိုင္း အားကစား လုပ္တာ ႏွစ္ခုစလုံးမွာ အားသာခ်က္ အားနည္းခ်က္ ကိုယ္စီ ရွိၾက ပါတယ္။
အရင္ဆုံး မနက္ပိုင္းကစားတဲ့ အက်ိဳးေက်းဇူး တစ္ခ်ိဳ႕ ေျပာခ်င္ ပါတယ္။ မနက္ေစာေစာ အားကစားလုပ္ျခင္းဟာ ေန႔လယ္ပိုင္းမွာ စြမ္းအင္ Level တိုးျမင့္ေအာင္ ကူညီေပး ႏိုင္ပါ တယ္။
လူ႔ကိုယ္ခႏၶာဟာ ေန႔လယ္နဲ႔ ညေနအၾကားမွာ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္လို႔ မနက္ခင္းအားကစားလုပ္တာဟာ တစ္ေန႔လုံး တက္ႂကြ ႐ႊင္လန္းေစႏိုင္ ပါတယ္။
ေနာက္တစ္ခ်က္က မနက္စာ မစားခင္ အားကစား လုပ္တာဟာ ညေနဘက္ အားကစားလုပ္တာထက္စာရင္ အဆီေလာင္ကြၽမ္းမႈ ပိုထိေရာက္ ပါတယ္။
တစ္ေန႔လုံး ကယ္လိုရီေတြ ေလာင္ကြၽမ္းေနဖို႔ လည္း အကူအညီေပး ပါတယ္။ အာ႐ုံစူး စိုက္မႈ ပိုေကာင္းၿပီး ဇီဝကမၼျဖစ္စဥ္ တိုးတက္ေစ သလို ညဘက္လည္း ပိုအိပ္လို ႔ေကာင္းမွာ ျဖစ္ပါ တယ္။
မနက္ေစာေစာ အိပ္ရာက မထႏိုင္သူေတြ အတြက္ ညေနဘက္ အားကစားလုပ္မယ္ဆိုရင္လည္း အားသာခ်က္ေတြ ရွိပါ တယ္။ ညေနဘက္မွာ ခႏၶာကိုယ္ အပူခ်ိန္ဟာ အျမင့္ဆုံး ျဖစ္ေန ပါတယ္။
အ႐ိုးအဆစ္နဲ႔ ႂကြက္သားေတြဟာ မနက္ပိုင္းထက္ စာရင္ ၂၀% ပိုၿပီး ေပ်ာ့ေျပာင္းမႈ ရွိေနလို႔ ေလ့က်င့္ခန္းလုပ္ရာမွာ ထိခိုက္ဒဏ္ရာရမႈ နည္းၿပီး အားကစား လုပ္လို႔ ပိုေကာင္းေစ မွာပါ။
ညေနခင္း အားကစားလုပ္တဲ့ ေနာက္အက်ိဳးေက်းဇူး တစ္ခုက တစ္ေနလုံး စိတ္ဖိစီး လာတဲ့ ခံစားခ်က္ေတြကို Workout လုပ္ၿပီး ေမာင္းထုတ္ ႏိုင္တာ ျဖစ္ပါ တယ္။ အားကစား လုပ္ရင္း ထြက္သြားတဲ့ ေခြၽးေတြ သက္ျပင္းေတြနဲ႔ အတူ တစ္ေနကုန္ ဖိစီး ထားတဲ့ စိတ္ေလးလံ မႈေတြလည္း ေပါ့ပါး သြားမွာပါ။
ညေနဘက္ အားကစား လုပ္မယ္ လုပ္ၿပီးရင္ အေၾကာေလး ဘာေလး ေလွ်ာ့တာ ၊ ေယာဂကစားတာမ်ိဳးေလးေတြ လုပ္သင့္ ပါတယ္။ ညဘက္ Workout လုပ္မယ္ ဆိုရင္ အိပ္ခ်ိန္နဲ႔ ကပ္သြားရင္ အိပ္ေပ်ာ္ဖို႔ ခက္ႏိုင္ တာေၾကာင့္ ျဖစ္ပါ တယ္။
ညေနဘက္ဆိုတာ ႐ုံးဆင္းခ်ိန္လည္း ျဖစ္လို႔ Gym မွာ ကစားသူေတြ ျပည့္ေနၿပီး ကိုယ့္အတြက္ ေနရာမရလည္း ျဖစ္တတ္ပါတယ္။
အခုေျပာ ခဲ့တာေတြ ျပန္ၾကည့္မယ္ ဆိုရင္ မနက္ပိုင္းပဲ အားကစား လုပ္လုပ္ ၊ ညေနပိုင္းပဲ အားကစားလုပ္လုပ္ သူ႔ဟာနဲ႔သူ ေကာင္းက်ိဳးေတြ ရွိပါတယ္။ အားကစားလုပ္တာဟာ အဖက္ဖက္က ေကာင္းက်ိဳးမ်ားတဲ့ လုပ္ရပ္ ျဖစ္ပါတယ္။
ေရရွည္ စြဲစြဲၿမဲၿမဲ Workout လုပ္ဖို႔ ကိုယ္နဲ႔ အဆင္ေျပဆုံး အခ်ိန္ကို ေ႐ြးခ်ယ္ဖို႔က အေရးအႀကီးဆုံးလို႔ပဲ ေျပာခ်င္ပါတယ္။
Credit to original writer
Unicode
မနက်ပိုင်းနဲ့ ညနေပိုင်း အားကစားလုပ်တာရဲ့ ကွာခြားချက်
Workout ကစားဖို့ အကောင်းဆုံး အချိန်က ဘယ် အချိန်လဲ။ မနက်ပိုင်းလား ၊ ညနေပိုင်းလား။ ဒီမေးခွန်းက အားကစား လုပ်သူ အတော်များများ သိချင်နေကြ တဲ့ မေးခွန်း ဖြစ်ပါ တယ်။
တကယ်တော့ မနက်ပိုင်း အားကစား လုပ်တာနဲ့ ညနေပိုင်း အားကစား လုပ်တာ နှစ်ခုစလုံးမှာ အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြ ပါတယ်။
အရင်ဆုံး မနက်ပိုင်းကစားတဲ့ အကျိုးကျေးဇူး တစ်ချို့ ပြောချင် ပါတယ်။ မနက်စောစော အားကစားလုပ်ခြင်းဟာ နေ့လယ်ပိုင်းမှာ စွမ်းအင် Level တိုးမြင့်အောင် ကူညီပေး နိုင်ပါ တယ်။
လူ့ကိုယ်ခန္ဓာဟာ နေ့လယ်နဲ့ ညနေအကြားမှာ အကောင်းဆုံး စွမ်းဆောင်နိုင်လို့ မနက်ခင်းအားကစားလုပ်တာဟာ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစေနိုင် ပါတယ်။
နောက်တစ်ချက်က မနက်စာ မစားခင် အားကစား လုပ်တာဟာ ညနေဘက် အားကစားလုပ်တာထက်စာရင် အဆီလောင်ကျွမ်းမှု ပိုထိရောက် ပါတယ်။
တစ်နေ့လုံး ကယ်လိုရီတွေ လောင်ကျွမ်းနေဖို့ လည်း အကူအညီပေး ပါတယ်။ အာရုံစူး စိုက်မှု ပိုကောင်းပြီး ဇီဝကမ္မဖြစ်စဉ် တိုးတက်စေ သလို ညဘက်လည်း ပိုအိပ်လို့ကောင်းမှာ ဖြစ်ပါ တယ်။
မနက်စောစော အိပ်ရာက မထနိုင်သူတွေ အတွက် ညနေဘက် အားကစားလုပ်မယ်ဆိုရင်လည်း အားသာချက်တွေ ရှိပါ တယ်။ ညနေဘက်မှာ ခန္ဓာကိုယ် အပူချိန်ဟာ အမြင့်ဆုံး ဖြစ်နေ ပါတယ်။
အရိုးအဆစ်နဲ့ ကြွက်သားတွေဟာ မနက်ပိုင်းထက် စာရင် ၂၀% ပိုပြီး ပျော့ပြောင်းမှု ရှိနေလို့ လေ့ကျင့်ခန်းလုပ်ရာမှာ ထိခိုက်ဒဏ်ရာရမှု နည်းပြီး အားကစား လုပ်လို့ ပိုကောင်းစေ မှာပါ။
ညနေခင်း အားကစားလုပ်တဲ့ နောက်အကျိုးကျေးဇူး တစ်ခုက တစ်နေလုံး စိတ်ဖိစီး လာတဲ့ ခံစားချက်တွေကို Workout လုပ်ပြီး မောင်းထုတ် နိုင်တာ ဖြစ်ပါ တယ်။ အားကစား လုပ်ရင်း ထွက်သွားတဲ့ ချွေးတွေ သက်ပြင်းတွေနဲ့ အတူ တစ်နေကုန် ဖိစီး ထားတဲ့ စိတ်လေးလံ မှုတွေလည်း ပေါ့ပါး သွားမှာပါ။
ညနေဘက် အားကစား လုပ်မယ် လုပ်ပြီးရင် အကြောလေး ဘာလေး လျှော့တာ ၊ ယောဂကစားတာမျိုးလေးတွေ လုပ်သင့် ပါတယ်။ ညဘက် Workout လုပ်မယ် ဆိုရင် အိပ်ချိန်နဲ့ ကပ်သွားရင် အိပ်ပျော်ဖို့ ခက်နိုင် တာကြောင့် ဖြစ်ပါ တယ်။
ညနေဘက်ဆိုတာ ရုံးဆင်းချိန်လည်း ဖြစ်လို့ Gym မှာ ကစားသူတွေ ပြည့်နေပြီး ကိုယ့်အတွက် နေရာမရလည်း ဖြစ်တတ်ပါတယ်။
အခုပြော ခဲ့တာတွေ ပြန်ကြည့်မယ် ဆိုရင် မနက်ပိုင်းပဲ အားကစား လုပ်လုပ် ၊ ညနေပိုင်းပဲ အားကစားလုပ်လုပ် သူ့ဟာနဲ့သူ ကောင်းကျိုးတွေ ရှိပါတယ်။ အားကစားလုပ်တာဟာ အဖက်ဖက်က ကောင်းကျိုးများတဲ့ လုပ်ရပ် ဖြစ်ပါတယ်။
ရေရှည် စွဲစွဲမြဲမြဲ Workout လုပ်ဖို့ ကိုယ်နဲ့ အဆင်ပြေဆုံး အချိန်ကို ရွေးချယ်ဖို့က အရေးအကြီးဆုံးလို့ပဲ ပြောချင်ပါတယ်။
No Comments