တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ - Amawpyay
Knowledge
(၃) ခြူမစားတတ်ဘူး။
(၅) သူများကို မကစားဘူး။
credit. မူရင်း
Unicode
တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ…
မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေး ရတာ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ် တာမျိုးပါ။
မိန်းကလေး တစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကို တန်ဖိုး ထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ်
အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လို ဆုံးဖြတ်ချက် ချတတ် သလဲ ပြီးတော့ ဘယ်လို စိတ်ဓာတ် ရှိသလဲ ဆိုတာ ပါပဲ။
တကယ်လို့ သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေ ခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူ လိုက်ပါနော် ။
(၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။
ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့ သူတွေကို ဘယ်တော့မှ ချစ်မိမှာ မဟုတ် ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့် တရားဖောက်ပြန်တာ၊ လူမှုရေး ဖောက်ပြန်တာ မျိုးတွေကို အရမ်းမုန်းပြီး အဲလို မဖြစ်အောင်လည်း အရမ်း ဂရုစိုက်ကြ ပါတယ်။
မချစ်သင့်တဲ့ သူမျိုးကို ဆို အစကတည်းက မပတ်သက် မိအောင် နေတတ်ကြ ပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး နာမည်ပျက် မရှိပါဘူး ။
(၂) ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ မတွယ်ကပ်ဘူး။
ဒီလို မိန်းကလေးတွေဟာ လူတစ်ယောက် ကိုယ့်ကို မချစ်တော့ဘူး၊ မလိုချင်တော့ဘူး၊ ကောင်းကောင်း တန်ဖိုး မထားတော့ဘူး ဆိုရင် အဲဒီ့လူဆီမှာ အောက်ကျနောက်ကျ ခံပြီး တွယ်ကပ်နေမယ့် သူမျိုး မဟုတ်ပါဘူး။
ကိုယ့်ကို တန်ဖိုးမထားတဲ့ သူကို စွန့်ခွာသွားဖို့ ဘယ်တော့မှ ဝန်မလေးသလို၊ နောက်တွန့်နေမယ့် သူတွေမဟုတ်ပါဘူး။
သူတို့အတွက် အချစ်ဆိုတာ ဘဝတစ်ခုလုံး မဟုတ် တာကြောင့် အချစ်တစ်ခုတည်း အတွက်နဲ့ ကိုယ့်ကို တန်ဖိုးမထားတာမျိုးကို သည်းခံနေမယ့် သူတွေ မဟုတ် ပါဘူးနော် …။
(၃) ခြူမစားတတ်ဘူး။
တန်ဖိုးရှိတဲ့ မိန်းကလေးတွေက ပိုက်ဆံ မချမ်းသာ ရင်တောင် မာနနဲ့ ကိုယ်ကျင့် တရားတော့ ချမ်းသာကြပါတယ်။ သူတို့တွေဟာ ယောကျ်ား တစ်ယောက် ဆီက ခြူစားတာတွေ၊ ခန္ဓာကိုယ်နဲ့ရင်းပြီး အပေးအယူလုပ်တာတွေ ဘယ်တော့မှ မလုပ်ပါဘူး။
သူတို့အတွက် ဘယ်သမ္မာအာဇီဝ အလုပ်က ရှက်စရာ မဟုတ်သလို၊ သူများဆီက အချောင်ရတဲ့ ပိုက်ဆံထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ခွန်အားနဲ့ရတဲ့ ချွေးနဲစာကို ပိုပြီး တန်ဖိုးထားပါတယ် …။
(၄) မိန်းကလေးအားလုံးကို ကိုယ်စားပြုတယ်။
သူတို့ဟာ သူတို့ကို သူတို့ မိန်းကလေးတွေ အားလုံးကို ကိုယ်စားပြု တယ်လို့ ခံယူ ထားသူတွေပါ။ သူတို့ရဲ့အပြုအမူ၊ ကိုယ်ကျင့်တရား၊ အစစအရာရာမှာ လက်လွတ်စပယ်၊ ပေါ့တီးပေါ့ပျက် မနေတတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် တခြားမိန်းကလေးတွေ ကိုပါ မကောင်းမြင်တာမျိုး မဖြစ်စေချင်သလို၊ သူတို့ကြောင့်နဲ့ အခြား မိန်းကလေးတွေကို အထင်သေး တာမျိုးတွေ မဖြစ်စေ ချင်လို့ပါ။
သူတို့တတ်နို င်တဲ့ ဘက်ကနေ မိန်းကလေးတွေရဲ့ ဂုဏ်ကိုမြှင့်တင်ပေးဖို့ ကြိုးစားကြတဲ့သူတွေပါ …။
(၅) သူများကို မကစားဘူး။
သူတို့တွေဟာ ဘယ်တော့မှ တစ်ဖက်သားရဲ့ခံစားချက်ကို မကစားတတ်ပါဘူး။ ချစ်သူရှိရက်နဲ့ ဖောက်ပြန်တာမျိုး၊ ဆိုင်သူရှိနေတဲ့သူကို စနိုက်ကျော်တာမျိုး၊ လိုချင်တပ်မက်တာမျိုး၊ တကယ်မချစ်ပဲအပျော်တွဲတာမျိုးတွေ ဘယ်တော့မှ မလုပ်ပါဘူး ။
အကြောင်းကတော့ သူတို့ဟာ စိတ်နေစိတ်ထား အထက်တန်းကျပြီး တန်ဖိုးရှိတဲ့မိန်းကလေးတွေ ဖြစ်တာကြောင့် ကိုယ့်အတွက်နဲ့ တစ်ဖက်သားကို ဒဏ်ရာမရစေချင်လို့ပါ။ များသောအားဖြင့် သူတို့ဟာ FA တွေဖြစ်တတ်ကြပါတယ် …။
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …