ႀကိဳက္တဲ့သူေတြမ်ားေပမယ့္ ခုခ်ိန္ထိ ဆင္ဂယ္ဘဝကိုပဲ မစြန္႔လႊတ္ႏိုင္သူေတြရဲ႕ ခံယူခ်က္မ်ား - Amawpyay

ႀကိဳက္တဲ့သူေတြမ်ားေပမယ့္ ခုခ်ိန္ထိ ဆင္ဂယ္ဘဝကိုပဲ မစြန္႔လႊတ္ႏိုင္သူေတြရဲ႕ ခံယူခ်က္မ်ား

ႀကိဳက္တဲ့သူေတြမ်ားေပမယ့္ ခုခ်ိန္ထိ ဆင္ဂယ္ဘဝကိုပဲ မစြန္႔လႊတ္ႏိုင္သူေတြရဲ႕ ခံယူခ်က္မ်ား
အခ်စ္ေရး

ႀကိဳက္တဲ့သူေတြမ်ားေပမယ့္ ခုခ်ိန္ထိ ဆင္ဂယ္ဘဝကိုပဲ မစြန္႔လႊတ္ႏိုင္သူေတြရဲ႕ ခံယူခ်က္မ်ား

တစ္ခ်ိဳ႕လူေတြက ဆင္ဂယ္ဘဝ ဟာ အထီးက်န္ တယ္လုိ႔ ထင္တတ္ၾက ေပမယ့္ တစ္ခ်ိဳ႕ေတြက်ျပန္ေတာ့ အဲဒီ႔ ဆင္ဂယ္ ဘဝကိုပဲ ခံုမင္ေပ်ာ္႐ႊင္ ေနတတ္ၾက ပါတယ္။

ဘယ္လုိ လူေတြက ဆင္ဂယ္ဘဝကို ႏွစ္သက္တတ္ၾက လဲ ဆုိေတာ့ လြတ္္လပ္မႈကို ျမတ္ႏိုးသူေတြ၊ အေႏွာင္အဖြဲ႔ေတြ ၾကားမွာ မေနထုိင္ခ်င္ၾကသူေတြနဲ႔ ဘဝရဲ႕ တကယ့္ အဓိပၸါယ္ အစစ္အမွန္ကို ႐ွာေဖြ ခ်င္ၾကတဲ့ သူေတြ အမ်ားစုက ဆင္ဂယ္ဘဝကို ႏွစ္သက္ၾက ပါတယ္ တဲ့ေနာ္။

ဒီေတာ့ သူတုိ႔မွာ ဘယ္လုိခံယူခ်က္ေတြေၾကာင့္ ဆင္ဂယ္ျဖစ္ေနလဲဆိုတာကို ေဖာ္ျပေပးလုိက္ပါတယ္။

ေမွ်ာ္လင့္ခ်က္ေတြ မဆံုး႐ံႈးဘူး

လူေတြထင္တာက ဆင္ဂယ္ျဖစ္ေနရင္ ဘဝက ေပ်ာ္စရာ မေကာင္းေတာ့ဘူး၊ ေျခာက္ေသြ႔ၿပီး အထီးက်န္ဆန္လြန္း တယ္ေပါ့။ ဒီလုိ ထင္ျမင္ ယူဆခ်က္ ေတြက တကယ့္ကို မွားယြင္းေနတယ္ ဆုိတာကို ဆင္ဂယ္ေတြကေတာ့ တကူးတက လုိက္႐ွင္းျပေလ့ ႐ွိမယ္ေတာ့ မထင္ ပါဘူး။

ဆင္ဂယ္ဆုိတာ တစ္ျခား သူေတြ ထက္ ေမွ်ာ္လင့္ ခ်က္ေတြ ႀကီးမားသြားတဲ့ အခါ ျဖစ္သြားတတ္ၾကတာပါ။ ဘဝမွာ လြတ္လပ္မႈ ဆုိတဲ့ အရသာကို အျပည့္အဝ ခံစားၾကည့္ ဖုိ႔ မၿပီးေျမာက္ေသးတဲ့ အိပ္မက္တစ္ခ်ိဳ႕ကို အေကာင္အထည္ ေဖာ္ဖုိ႔ သူတုိ႔မွာ ေမွ်ာ္လင့္ခ်က္ေတြ မ်ားစြာ ပိုင္ဆုိင္ ထားၾက ပါတယ္။

မွားယြင္းတဲ့လူကို ေ႐ြးခ်ယ္မိတာထက္ ဆင္ဂယ္ဘဝက ပိုအဆင္ေျပလုိ႔

ျမင္ေနၾကားေနရတဲ့ သတင္းေတြက ေဖာက္ျပန္တာေတြ၊ သစၥာမ႐ွိတာေတြ၊ ျခံခုန္တာေတြ စသျဖင့္ ေနာက္ၿပီး သူငယ္ခ်င္းေတြရဲ႕ အသည္းကြဲ နည္းေပါင္းစံုကို နားေထာင္လာ ရတဲ့ သူအဖုိ႔ေတာ့ အခ်စ္ဆိုတာကို စိတ္ပ်က္ လာတတ္တာ မဆန္း ပါဘူးေနာ္။

ကိုယ္ေ႐ြးခ်ယ္လုိက္ တဲ့လူဟာ မွားယြင္းတဲ့လူ မျဖစ္ဖုိ႔ ေသခ်ာေ႐ြးခ်ယ္္ ေနရတဲ့ အတြက္ အႀကိဳက္မေတြ႔ေသးတာပဲ ႐ွိပါ တယ္။ ဒါေၾကာင့္ မွားယြင္းတဲ့ လူကို ေ႐ြးခ်ယ္ မိတာထက္ ဆင္ဂယ္ဘဝကပဲ သူတုိ႔အတြက္ ပိုေပ်ာ္စရာေကာင္းေန တတ္ပါ တယ္။

အခ်စ္နဲ႔ ပတ္သက္တဲ့ စိတ္ဖိစီးမႈေတြ မလိုခ်င္ေသးလို႔

မတူညီတဲ့ လူႏွစ္ေယာက္ ေပါင္းစပ္ၾက တဲ့အခါ မတူညီမႈေတြ မ်ားစြာ ႐ွိလာၿပီး စိတ္သေဘာထားမတိုက္ဆိုင္တာေတြ လည္း ျဖစ္လာ တတ္ပါ တယ္။

စ္ခါတစ္ေလ တစ္စံုတစ္္ေယာက္ကို ခ်စ္မိလို႔ ငိုရမယ္၊ ဝမ္းနည္းရမယ္၊ တစ္ခါတစ္ေလ ေဒါသထြက္ရမယ္၊ ေပါက္ကြဲရမယ္၊ ေဟာ တစ္ခါတစ္ေလ က်ျပန္္ေတာ့ စိတ္မခ် ျဖစ္ရမယ္၊ အူတုိရမယ္ ဒီလုိစိတ္႐ႈပ္စရာေတြကို မလုိခ်င္ေသးလုိိ႔ ဆင္ဂယ္အျဖစ္ပဲ ေနထိုင္ တတ္ၾက တာပါ။

တစ္စံုတစ္ေယာက္ကို ႐ွာေဖြတာထက္ လက္႐ွိဘဝကိုပဲ အေကာင္းဆံုး ေနထုိင္ခ်င္လို႔

အခ်စ္္ဆုိတာ ႐ွာေဖြေတြ႔႐ွိျခင္းမ်ိဳ းမဟုတ္ပဲ ကိုယ္နဲ႔ ထုိက္တန္တဲ့ သူတစ္ေယာက္ဟာ ကိုယ့္ဆီကို တန္းတန္းမတ္မတ္ ေရာက္႐ွိလာျခင္းပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ အခ်စ္ကို ႐ွာေဖြရမွာေတြ၊ ကိုယ့္ကိုယ္ တစ္ျခားသူ စိတ္ဝင္စားလာေအာင္ လုပ္ရမွာေတြကို စိတ္မဝင္စားပဲ ကိုယ့္ရဲ႕ လက္႐ွိအခ်ိန္၊ လက္႐ွိဘဝကို အေကာင္းဆံုးနဲ႔ အေပ်ာ္႐ႊင္ဆံုးျဖစ္ေအာင္္ ျဖတ္သန္းဖို႔ပဲ စိတ္ဝင္စားတာ ျဖစ္ပါတယ္။

ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ေနလို႔

ဆယ္ေက်ာ္သက္ အ႐ြယ္မွာ စိတ္ကစားတတ္ ခဲ့ေပမယ့္ အသက္အ႐ြယ္ တစ္ခုေရာက္ သြားတဲ့ အခါ အခ်စ္ဆိုတာ ဘဝမဟုတ္ဘူ းဆိုတာကို သိနားလည္ သြားတတ္ ပါတယ္။

ႏွလံုးသားထက္ ဦးေႏွာက္ႀကီး သြြားတာ မဟုတ္ပဲ ႏွလံုးသားနဲ႔ ဦးေႏွာက္က ထပ္တူက်သြားတာပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔ ကိုပဲ စိတ္အား ထက္သန္ သြားတဲ့အခါ အခ်စ္ဆိုတာက ေနာက္မွာ က်န္ေနခဲဲ့တတ္ပါတယ္။

Khin

Credit to Aunty May

Unicode

ကြိုက်တဲ့သူတွေများပေမယ့် ခုချိန်ထိ ဆင်ဂယ်ဘဝကိုပဲ မစွန့်လွှတ်နိုင်သူတွေရဲ့ ခံယူချက်များ

တစ်ချို့လူတွေက ဆင်ဂယ်ဘဝ ဟာ အထီးကျန် တယ်လို့ ထင်တတ်ကြ ပေမယ့် တစ်ချို့တွေကျပြန်တော့ အဲဒီ့ ဆင်ဂယ် ဘဝကိုပဲ ခုံမင်ပျော်ရွှင် နေတတ်ကြ ပါတယ်။

ဘယ်လို လူတွေက ဆင်ဂယ်ဘဝကို နှစ်သက်တတ်ကြ လဲ ဆိုတော့ လွတ်လပ်မှုကို မြတ်နိုးသူတွေ၊ အနှောင်အဖွဲ့တွေ ကြားမှာ မနေထိုင်ချင်ကြသူတွေနဲ့ ဘဝရဲ့ တကယ့် အဓိပ္ပါယ် အစစ်အမှန်ကို ရှာဖွေ ချင်ကြတဲ့ သူတွေ အများစုက ဆင်ဂယ်ဘဝကို နှစ်သက်ကြ ပါတယ် တဲ့နော်။

ဒီတော့ သူတို့မှာ ဘယ်လိုခံယူချက်တွေကြောင့် ဆင်ဂယ်ဖြစ်နေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မျှော်လင့်ချက်တွေ မဆုံးရှုံးဘူး

လူတွေထင်တာက ဆင်ဂယ်ဖြစ်နေရင် ဘဝက ပျော်စရာ မကောင်းတော့ဘူး၊ ခြောက်သွေ့ပြီး အထီးကျန်ဆန်လွန်း တယ်ပေါ့။ ဒီလို ထင်မြင် ယူဆချက် တွေက တကယ့်ကို မှားယွင်းနေတယ် ဆိုတာကို ဆင်ဂယ်တွေကတော့ တကူးတက လိုက်ရှင်းပြလေ့ ရှိမယ်တော့ မထင် ပါဘူး။

ဆင်ဂယ်ဆိုတာ တစ်ခြား သူတွေ ထက် မျှော်လင့် ချက်တွေ ကြီးမားသွားတဲ့ အခါ ဖြစ်သွားတတ်ကြတာပါ။ ဘဝမှာ လွတ်လပ်မှု ဆိုတဲ့ အရသာကို အပြည့်အဝ ခံစားကြည့် ဖို့ မပြီးမြောက်သေးတဲ့ အိပ်မက်တစ်ချို့ကို အကောင်အထည် ဖော်ဖို့ သူတို့မှာ မျှော်လင့်ချက်တွေ များစွာ ပိုင်ဆိုင် ထားကြ ပါတယ်။

မှားယွင်းတဲ့လူကို ရွေးချယ်မိတာထက် ဆင်ဂယ်ဘဝက ပိုအဆင်ပြေလို့

မြင်နေကြားနေရတဲ့ သတင်းတွေက ဖောက်ပြန်တာတွေ၊ သစ္စာမရှိတာတွေ၊ ခြံခုန်တာတွေ စသဖြင့် နောက်ပြီး သူငယ်ချင်းတွေရဲ့ အသည်းကွဲ နည်းပေါင်းစုံကို နားထောင်လာ ရတဲ့ သူအဖို့တော့ အချစ်ဆိုတာကို စိတ်ပျက် လာတတ်တာ မဆန်း ပါဘူးနော်။

ကိုယ်ရွေးချယ်လိုက် တဲ့လူဟာ မှားယွင်းတဲ့လူ မဖြစ်ဖို့ သေချာရွေးချယ် နေရတဲ့ အတွက် အကြိုက်မတွေ့သေးတာပဲ ရှိပါ တယ်။ ဒါကြောင့် မှားယွင်းတဲ့ လူကို ရွေးချယ် မိတာထက် ဆင်ဂယ်ဘဝကပဲ သူတို့အတွက် ပိုပျော်စရာကောင်းနေ တတ်ပါ တယ်။

အချစ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ မလိုချင်သေးလို့

မတူညီတဲ့ လူနှစ်ယောက် ပေါင်းစပ်ကြ တဲ့အခါ မတူညီမှုတွေ များစွာ ရှိလာပြီး စိတ်သဘောထားမတိုက်ဆိုင်တာတွေ လည်း ဖြစ်လာ တတ်ပါ တယ်။

စ်ခါတစ်လေ တစ်စုံတစ်ယောက်ကို ချစ်မိလို့ ငိုရမယ်၊ ဝမ်းနည်းရမယ်၊ တစ်ခါတစ်လေ ဒေါသထွက်ရမယ်၊ ပေါက်ကွဲရမယ်၊ ဟော တစ်ခါတစ်လေ ကျပြန်တော့ စိတ်မချ ဖြစ်ရမယ်၊ အူတိုရမယ် ဒီလိုစိတ်ရှုပ်စရာတွေကို မလိုချင်သေးလို့ ဆင်ဂယ်အဖြစ်ပဲ နေထိုင် တတ်ကြ တာပါ။

တစ်စုံတစ်ယောက်ကို ရှာဖွေတာထက် လက်ရှိဘဝကိုပဲ အကောင်းဆုံး နေထိုင်ချင်လို့

အချစ်ဆိုတာ ရှာဖွေတွေ့ရှိခြင်းမျို းမဟုတ်ပဲ ကိုယ်နဲ့ ထိုက်တန်တဲ့ သူတစ်ယောက်ဟာ ကိုယ့်ဆီကို တန်းတန်းမတ်မတ် ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချစ်ကို ရှာဖွေရမှာတွေ၊ ကိုယ့်ကိုယ် တစ်ခြားသူ စိတ်ဝင်စားလာအောင် လုပ်ရမှာတွေကို စိတ်မဝင်စားပဲ ကိုယ့်ရဲ့ လက်ရှိအချိန်၊ လက်ရှိဘဝကို အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်အောင် ဖြတ်သန်းဖို့ပဲ စိတ်ဝင်စားတာ ဖြစ်ပါတယ်။

ရည်မှန်းချက်တွေ အကောင်အထည်ဖော်နေလို့

ဆယ်ကျော်သက် အရွယ်မှာ စိတ်ကစားတတ် ခဲ့ပေမယ့် အသက်အရွယ် တစ်ခုရောက် သွားတဲ့ အခါ အချစ်ဆိုတာ ဘဝမဟုတ်ဘူ းဆိုတာကို သိနားလည် သွားတတ် ပါတယ်။

နှလုံးသားထက် ဦးနှောက်ကြီး သွားတာ မဟုတ်ပဲ နှလုံးသားနဲ့ ဦးနှောက်က ထပ်တူကျသွားတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကိုပဲ စိတ်အား ထက်သန် သွားတဲ့အခါ အချစ်ဆိုတာက နောက်မှာ ကျန်နေခဲ့တတ်ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …