ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ - Amawpyay

ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ

ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ
Knowledge

ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ

လြယ္လြယ္ေလး ေပးလိုက္မိခဲ့ တယ္ ထင္တယ္ ကိုယ့္ရဲ႕ေမတၱာေတြ တန္ဖိုးထား ရေကာင္းမွန္း မသိေတာ့ဘူး

ေတြ႕ခ်င္ပါတယ္လို ႔ေျပာတဲ့ အခါတိုင္း ကိုယ့္ဘက္က ေျပးေတြ႕ခဲ့မိလို ႔ထင္တယ္ ေတြ႕ဆုံျခင္းတိုင္းက မေႏြးေထြးေတာ့ဘူး ။

အဆင္မေျပဘူးလို႔ မဟခင္ ကိုယ့္ဘက္က အရာရာ အဆင္သင့္ျဖစ္ေနခဲ့လို ႔ထင္တယ္ ေက်းဇူးတင္ပါ တယ္ေျပာဖို ႔သတိ မရေတာ့ ဘူး ။

ဂ႐ုစိုက္တတ္သူ တစ္ေယာက္ရဲ႕ ျပန္ၿပီးဂ႐ုစိုက္ခံခ်င္တဲ့ စိတ္ကို လူေတြက လ်စ္လ်ဴရႈ ပစ္ လိုက္ၾက တာေလ ။

အဆင္မေျပမႈ အားလုံးကို နားေထာင္ေပးခဲ့ ဖူးတယ္ ၿပီးေတာ့ ႏွစ္သိမ့္ေပးခဲ့ ဖူးတယ္ ။ ဒါေပမယ့္ ကိုယ့္အလွည့္က်ေတာ့ ဘယ္သူ ကမွ ရွိမေန တတ္ေတာ့ဘူး ။

သူရင့္က်က္ေန တာပဲ ဆိုၿပီး လြယ္လြယ္ေလးေတြ ေတြးၿပီး အားေပးဖို ႔မလိုပါဘူးလို႔လြယ္လြယ္ေလးဆုံးျဖတ္ လိုက္ၾကတာ တကယ့္ကို မွားပါတယ္

အားအေပးတတ္ ဆုံးသူရဲ႕ ရင္မွာ ဒဏ္ရာေတြ အမ်ားဆုံးရွိေန တတ္တာပါ ။

လူတိုင္းကို စာနာဖို႔ႀကိဳးစားရင္း လူတိုင္းရဲ႕ ဒဏ္ရာေတြကို ရင္ဘတ္ထဲမွာ သိမ္းထားၿပီး ေနတတ္ၾက သူေတြေပါ့ ။

ေပ်ာ္ေအာင္ေနတတ္ဖို ႔ဆိုတာ ေဝး ။ တကယ္ေတာ့ သူကိုယ္တိုင္ ကလဲ သူ႔လိုစာ နာနားလည္ေပး တတ္တဲ့ လက္တစ္စုံကို လိုအပ္တတ္ၾက ပါတယ္ ။

လ်စ္လ်ဴရႈမပစ္ လိုက္ပါနဲ႔ ကိုယ္ေတာင္ နာက်င္ ခံစားတတ္ေသးရင္ သူလဲလူ နာက်င္စရာေတြေတာ့ ရွိမွာပဲ ဆိုၿပီး ကိုယ္ခ်င္းစာ တတ္ေပးပါ ။ အေလွ်ာ့ေပးတိုင္း အႏိုင္ယူ ဖို ႔မဟုတ္ဘူးေလ ။

ေလာကမွာ . . .ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ ။

သူ႔ရင္ထဲမွာလဲ ကိုယ္မသိ မျမင္ႏိုင္တဲ့ ဒဏ္ရာေတြ အမ်ားႀကီးရွိေနႏိုင္ တယ္ေလ ။ ကိုယ့္အေပၚ ေစတနာေတြထားတဲ့သူ အေပၚ ျပန္ၿပီး သိတတ္ေပးဖို ႔မေပးပါနဲ႔ ။

အရာရာမွာ သူ႔တန္ဖိုးနဲ႔ သူဆိုတာ ရွိပါတယ္ ။

အဲ့ဒီတန္ဖိုးေတြကို ကိုယ္ပိုင္ ဆိုင္တုန္းမွာ သိေနဖို႔လိုသလို တန္ဖိုးထား တတ္ဖို႔လဲ လိုပါတယ္ အေဝးႀကီးေရာက္ သြားမွ ျပန္ၿပီး လြမ္းဆြတ္ေနရတာမ်ိဳး ျပန္ၿပီးေတာင့္တ ေနတတ္မ်ိဳးေတြ မျဖစ္ေစ ခ်င္ဘူး ။

လူေတြဆိုတာက ရွိေနတဲ့အရာကို တန္ဖိုးထားဖို႔ထက္ ရမလာေသးတဲ့အရာကို ပိုၿပီး မက္ေမာတတ္ၾကတယ္ ၿပီးေတာ့မွသာ ဆုံးရႈံးရေလျခင္းဆိုတဲ့ အေတြးနဲ႔ ေနာင္တေတြ ရေနတတ္တာေလ ။ အဲ့လို လူေတြထဲမွာ မင္းကို မပါသြားေစခ်င္ဘူး ။

PStar

Credit

Unicode

ကိုယ့်ကို ဂရုစိုက် ကြင်နာတဲ့သူနဲ့ တွေ့ရင် ကိုယ့်ဘက်ကလဲ ပြန်ပြီး ဂရုစိုက်ပေးပါ

လွယ်လွယ်လေး ပေးလိုက်မိခဲ့ တယ် ထင်တယ် ကိုယ့်ရဲ့မေတ္တာတွေ တန်ဖိုးထား ရကောင်းမှန်း မသိတော့ဘူး

တွေ့ချင်ပါတယ်လို့ပြောတဲ့ အခါတိုင်း ကိုယ့်ဘက်က ပြေးတွေ့ခဲ့မိလို့ထင်တယ် တွေ့ဆုံခြင်းတိုင်းက မနွေးထွေးတော့ဘူး ။

အဆင်မပြေဘူးလို့ မဟခင် ကိုယ့်ဘက်က အရာရာ အဆင်သင့်ဖြစ်နေခဲ့လို့ထင်တယ် ကျေးဇူးတင်ပါ တယ်ပြောဖို့သတိ မရတော့ ဘူး ။

ဂရုစိုက်တတ်သူ တစ်ယောက်ရဲ့ ပြန်ပြီးဂရုစိုက်ခံချင်တဲ့ စိတ်ကို လူတွေက လျစ်လျူရှု ပစ် လိုက်ကြ တာလေ ။

အဆင်မပြေမှု အားလုံးကို နားထောင်ပေးခဲ့ ဖူးတယ် ပြီးတော့ နှစ်သိမ့်ပေးခဲ့ ဖူးတယ် ။ ဒါပေမယ့် ကိုယ့်အလှည့်ကျတော့ ဘယ်သူ ကမှ ရှိမနေ တတ်တော့ဘူး ။

သူရင့်ကျက်နေ တာပဲ ဆိုပြီး လွယ်လွယ်လေးတွေ တွေးပြီး အားပေးဖို့မလိုပါဘူးလို့လွယ်လွယ်လေးဆုံးဖြတ် လိုက်ကြတာ တကယ့်ကို မှားပါတယ်

အားအပေးတတ် ဆုံးသူရဲ့ ရင်မှာ ဒဏ်ရာတွေ အများဆုံးရှိနေ တတ်တာပါ ။

လူတိုင်းကို စာနာဖို့ကြိုးစားရင်း လူတိုင်းရဲ့ ဒဏ်ရာတွေကို ရင်ဘတ်ထဲမှာ သိမ်းထားပြီး နေတတ်ကြ သူတွေပေါ့ ။

ပျော်အောင်နေတတ်ဖို့ဆိုတာ ဝေး ။ တကယ်တော့ သူကိုယ်တိုင် ကလဲ သူ့လိုစာ နာနားလည်ပေး တတ်တဲ့ လက်တစ်စုံကို လိုအပ်တတ်ကြ ပါတယ် ။

လျစ်လျူရှုမပစ် လိုက်ပါနဲ့ ကိုယ်တောင် နာကျင် ခံစားတတ်သေးရင် သူလဲလူ နာကျင်စရာတွေတော့ ရှိမှာပဲ ဆိုပြီး ကိုယ်ချင်းစာ တတ်ပေးပါ ။ အလျှော့ပေးတိုင်း အနိုင်ယူ ဖို့မဟုတ်ဘူးလေ ။

လောကမှာ . . .ကိုယ့်ကို ဂရုစိုက် ကြင်နာတဲ့သူနဲ့ တွေ့ရင် ကိုယ့်ဘက်ကလဲ ပြန်ပြီး ဂရုစိုက်ပေးပါ ။

သူ့ရင်ထဲမှာလဲ ကိုယ်မသိ မမြင်နိုင်တဲ့ ဒဏ်ရာတွေ အများကြီးရှိနေနိုင် တယ်လေ ။ ကိုယ့်အပေါ် စေတနာတွေထားတဲ့သူ အပေါ် ပြန်ပြီး သိတတ်ပေးဖို့မပေးပါနဲ့ ။

အရာရာမှာ သူ့တန်ဖိုးနဲ့ သူဆိုတာ ရှိပါတယ် ။

အဲ့ဒီတန်ဖိုးတွေကို ကိုယ်ပိုင် ဆိုင်တုန်းမှာ သိနေဖို့လိုသလို တန်ဖိုးထား တတ်ဖို့လဲ လိုပါတယ် အဝေးကြီးရောက် သွားမှ ပြန်ပြီး လွမ်းဆွတ်နေရတာမျိုး ပြန်ပြီးတောင့်တ နေတတ်မျိုးတွေ မဖြစ်စေ ချင်ဘူး ။

လူတွေဆိုတာက ရှိနေတဲ့အရာကို တန်ဖိုးထားဖို့ထက် ရမလာသေးတဲ့အရာကို ပိုပြီး မက်မောတတ်ကြတယ် ပြီးတော့မှသာ ဆုံးရှုံးရလေခြင်းဆိုတဲ့ အတွေးနဲ့ နောင်တတွေ ရနေတတ်တာလေ ။ အဲ့လို လူတွေထဲမှာ မင်းကို မပါသွားစေချင်ဘူး ။

PStar

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …