
ေကာင္ဆိုးေလးေတြကိုမွ သေဘာက်တတ္တဲ့ ေကာင္မေလးေတြရဲ႕ အေၾကာင္းျပခ်က္မ်ား
လူတစ္ကိုယ္ အႀကိဳက္ တစ္မ်ိဳး ရွိၾက ပါတယ္။ မိန္းကေလး အခ်ိဳ႕ကေတာ့ ေကာင္ဆိုးေလးေတြ ကိုမွ သေဘာက် တတ္ပါ တယ္။
သူတို႔ကို ခံစားမႈ ျဖစ္ေစတဲ့ အရာေတြကို ပိုင္ဆိုင္ ထားတာေၾကာင့္ အခု ႀကိဳက္ႏွစ္သက္ ၾကတာ ျဖစ္ပါ တယ္။ ဒါေၾကာင့္ ေကာင္ဆိုးေလးေတြကို သေဘာက် တတ္ရတဲ့ အေၾကာင္းအရင္းေလးေတြ ကို ေဖာ္ျပလိုက္ ရပါ တယ္ေနာ္။
(၁) ယံုၾကည္မႈ ရွိၾကလို႔
ေကာင္ဆိုးေလးေတြက ဘာကိုမွ ဂရုမစိုက္ တတ္တဲ့ ဟန္ ရွိပါတယ္။ ဒါက သူတို႔မွာ သူတို႕ကိုယ္သူတို႔ ဘယ္ေလာက္ ယံုၾကည္မႈ ရွိေၾကာင္း ျပတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ ဒီလို ယံုၾကည္မႈ ရွိတတ္ၾကတာေၾကာင့္ သူတို႔ကို ကိုယ္ပါ ယံုၾကည္ သြားတတ္ၿပီး စိတ္ဝင္စားမႈေတြ ျဖစ္သြား တတ္ပါတယ္။
(၂) စိတ္မဝင္စားမႈ
လိုက္ေလ ေျပးေလ ဆိုတဲ့ သေဘာ သဘာဝကို သိၾကတယ္ မဟုတ္လား။ လူဆိုတဲ့ သဘာဝက ကိုယ့္ကို စိတ္မဝင္စားတဲ့ သူကိုမွ သေဘာက်မိ သြားတတ္တဲ့ သေဘာ ရွိပါတယ္။ စိတ္မဝင္စားတဲ့ ဟန္ျပေလ ပိုစိတ္ဝင္စားေလ ပါပဲ။
ေကာင္ဆိုးေလးေတြက တကယ္လည္း ပတ္ဝန္းက်င္ကို သိပ္စိတ္ မဝင္စားၾက ပါဘူး။ သူတို႔ အာရံုေရာက္သလို ေနတာပါပဲ။ မိန္းကေလးေတြ အတြက္ ဒါက ဆြဲေဆာင္မႈ ရွိေနပါတယ္။
(၃) စိတ္လႈပ္ရွားမႈ ေပးတယ္
ဒီလိုေကာင္ေလးေတြနဲ႔ ခ်ိန္းေတြ႔တဲ့ အခါမွာ စိတ္လႈပ္ရွားမႈ မ်ိဳးကို ရေလ့ ရွိ ပါတယ္။ ေကာင္ဆိုးေလးေတြေၾကာင့္ မတူညီတဲ့ ျဖတ္သန္းမႈေတြနဲ႔ အတူ ေကာင္းမြန္တဲ့ ေပ်ာ္စရာေတြကို ခံစားရ တတ္ ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ ေပ်ာ္ရႊင္မႈက သူ ဆုိၿပီးေတာင္ ျဖစ္သြားတတ္ ပါေသးတယ္။ စိတ္လႈပ္ရွားေစတဲ့ သူတစ္ေယာက္နဲ႔ ခ်စ္ရတာက ေပ်ာ္စရာေကာင္းျခင္း တစ္မ်ိဳးပါပဲ။
(၄) စြန္႔စားမႈ
လူအမ်ားစုက စြန္႔စားရတာ မ်ိဳးကို ႏွစ္သက္ၾက ပါတယ္။ စြန္႔စားရင္းနဲ႔ ရတဲ့ ေပ်ာ္ရႊင္မႈက အေတာ့္ကို စိတ္ခ်မ္းသာေစ တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ စြန္႔စား ရတဲ့ ျပဳမူ ပံုေတြ၊ ခရီးေတြကို ႏွစ္သက္တတ္တဲ့ ေကာင္ေလးေတြက ေကာင္မေလးေတြ အျမင္မွာ မိုက္ေနတတ္ ပါတယ္။ ဒါေၾကာင့္ ေကာင္ဆိုးေလးေတြကို ေႂကြသြားတတ္ၾကတာပါ။
(၅) စိန္ေခၚမႈေတြ
ဒီေကာင္ေလးေတြက ကိုယ့္ကိုယ္ကိုေတာင္ ျပန္စိန္္ေခၚတတ္ သူေတြပါ။ သင့္ကို ခ်စ္မိလို႔ ဘယ္သူနဲ႔မဆို စိန္ေခၚမႈေတြ လုပ္ရမယ္ ဆိုရင္ေတာင္ ဝန္မေလး တတ္ၾက ပါဘူး။ သူတို႕ကို စိတ္ဝင္စားေစတဲ့ အခ်က္က သူတို႔ကို ခ်ဥ္းကပ္ လာသူေတြကို သူတို႔က လြယ္လြယ္နဲ႔ မယံုတတ္ တာပဲ ျဖစ္ ပါ တယ္။
(၆) စိတ္ဝင္စားစရာ ေကာင္းတယ္
လွ်ိဳ႕ဝွက္ခ်က္ မရွိတဲ့ မိန္းကေလးက ၾကယ္မရွိတဲ့ ေကာင္းကင္လိုပဲ ဆိုတဲ့ ေရွးစကား ရွိပါတယ္္။ ဒီစကားက ေကာင္ေလးေတြ အေပၚလည္း သက္ေရာက္မႈ ရွိပါတယ္။
သူ႔မွာ သင္ မသိႏိုင္တဲ့ စိတ္ဝင္စားစရာ တစ္ခုခု ရွိေနျခင္းမ်ိဳး ကလည္း စိတ္ဝင္စားမႈကို ျဖစ္ေစ ပါတယ္။ သင္ သူ႔ကို သိဖို ႔ႀကိဳးစားေလ သိရခက္ေလ ျဖစ္ပါတယ္။ ဒါကလည္း ဆြဲေဆာင္မႈ အခ်က္တစ္ခုပဲ ျဖစ္ေနပါတယ္။
ကဲ ေကာင္ဆိုးေလးေတြမွာ ဒီလိုစိတ္္ဝင္စားစရာေလးေတြေတာ့ ရွိိတယ္ေနာ္
Credit
Unicode
ကောင်ဆိုးလေးတွေကိုမှ သဘောကျတတ်တဲ့ ကောင်မလေးတွေရဲ့ အကြောင်းပြချက်များ
လူတစ်ကိုယ် အကြိုက် တစ်မျိုး ရှိကြ ပါတယ်။ မိန်းကလေး အချို့ကတော့ ကောင်ဆိုးလေးတွေ ကိုမှ သဘောကျ တတ်ပါ တယ်။
သူတို့ကို ခံစားမှု ဖြစ်စေတဲ့ အရာတွေကို ပိုင်ဆိုင် ထားတာကြောင့် အခု ကြိုက်နှစ်သက် ကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ကောင်ဆိုးလေးတွေကို သဘောကျ တတ်ရတဲ့ အကြောင်းအရင်းလေးတွေ ကို ဖော်ပြလိုက် ရပါ တယ်နော်။
(၁) ယုံကြည်မှု ရှိကြလို့
ကောင်ဆိုးလေးတွေက ဘာကိုမှ ဂရုမစိုက် တတ်တဲ့ ဟန် ရှိပါတယ်။ ဒါက သူတို့မှာ သူတို့ကိုယ်သူတို့ ဘယ်လောက် ယုံကြည်မှု ရှိကြောင်း ပြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှု ရှိတတ်ကြတာကြောင့် သူတို့ကို ကိုယ်ပါ ယုံကြည် သွားတတ်ပြီး စိတ်ဝင်စားမှုတွေ ဖြစ်သွား တတ်ပါတယ်။
(၂) စိတ်မဝင်စားမှု
လိုက်လေ ပြေးလေ ဆိုတဲ့ သဘော သဘာဝကို သိကြတယ် မဟုတ်လား။ လူဆိုတဲ့ သဘာဝက ကိုယ့်ကို စိတ်မဝင်စားတဲ့ သူကိုမှ သဘောကျမိ သွားတတ်တဲ့ သဘော ရှိပါတယ်။ စိတ်မဝင်စားတဲ့ ဟန်ပြလေ ပိုစိတ်ဝင်စားလေ ပါပဲ။
ကောင်ဆိုးလေးတွေက တကယ်လည်း ပတ်ဝန်းကျင်ကို သိပ်စိတ် မဝင်စားကြ ပါဘူး။ သူတို့ အာရုံရောက်သလို နေတာပါပဲ။ မိန်းကလေးတွေ အတွက် ဒါက ဆွဲဆောင်မှု ရှိနေပါတယ်။
(၃) စိတ်လှုပ်ရှားမှု ပေးတယ်
ဒီလိုကောင်လေးတွေနဲ့ ချိန်းတွေ့တဲ့ အခါမှာ စိတ်လှုပ်ရှားမှု မျိုးကို ရလေ့ ရှိ ပါတယ်။ ကောင်ဆိုးလေးတွေကြောင့် မတူညီတဲ့ ဖြတ်သန်းမှုတွေနဲ့ အတူ ကောင်းမွန်တဲ့ ပျော်စရာတွေကို ခံစားရ တတ် ပါတယ်။ ဒါကြောင့် သင့်ရဲ့ ပျော်ရွှင်မှုက သူ ဆိုပြီးတောင် ဖြစ်သွားတတ် ပါသေးတယ်။ စိတ်လှုပ်ရှားစေတဲ့ သူတစ်ယောက်နဲ့ ချစ်ရတာက ပျော်စရာကောင်းခြင်း တစ်မျိုးပါပဲ။
(၄) စွန့်စားမှု
လူအများစုက စွန့်စားရတာ မျိုးကို နှစ်သက်ကြ ပါတယ်။ စွန့်စားရင်းနဲ့ ရတဲ့ ပျော်ရွှင်မှုက အတော့်ကို စိတ်ချမ်းသာစေ တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် စွန့်စား ရတဲ့ ပြုမူ ပုံတွေ၊ ခရီးတွေကို နှစ်သက်တတ်တဲ့ ကောင်လေးတွေက ကောင်မလေးတွေ အမြင်မှာ မိုက်နေတတ် ပါတယ်။ ဒါကြောင့် ကောင်ဆိုးလေးတွေကို ကြွေသွားတတ်ကြတာပါ။
(၅) စိန်ခေါ်မှုတွေ
ဒီကောင်လေးတွေက ကိုယ့်ကိုယ်ကိုတောင် ပြန်စိန်ခေါ်တတ် သူတွေပါ။ သင့်ကို ချစ်မိလို့ ဘယ်သူနဲ့မဆို စိန်ခေါ်မှုတွေ လုပ်ရမယ် ဆိုရင်တောင် ဝန်မလေး တတ်ကြ ပါဘူး။ သူတို့ကို စိတ်ဝင်စားစေတဲ့ အချက်က သူတို့ကို ချဉ်းကပ် လာသူတွေကို သူတို့က လွယ်လွယ်နဲ့ မယုံတတ် တာပဲ ဖြစ် ပါ တယ်။
(၆) စိတ်ဝင်စားစရာ ကောင်းတယ်
လျှို့ဝှက်ချက် မရှိတဲ့ မိန်းကလေးက ကြယ်မရှိတဲ့ ကောင်းကင်လိုပဲ ဆိုတဲ့ ရှေးစကား ရှိပါတယ်။ ဒီစကားက ကောင်လေးတွေ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။
သူ့မှာ သင် မသိနိုင်တဲ့ စိတ်ဝင်စားစရာ တစ်ခုခု ရှိနေခြင်းမျိုး ကလည်း စိတ်ဝင်စားမှုကို ဖြစ်စေ ပါတယ်။ သင် သူ့ကို သိဖို့ကြိုးစားလေ သိရခက်လေ ဖြစ်ပါတယ်။ ဒါကလည်း ဆွဲဆောင်မှု အချက်တစ်ခုပဲ ဖြစ်နေပါတယ်။
ကဲ ကောင်ဆိုးလေးတွေမှာ ဒီလိုစိတ်ဝင်စားစရာလေးတွေတော့ ရှိတယ်နော်
No Comments