သမၺဳေဒၶ ဂါထာေတာ္ႀကီး၏ ထူးျခားေလးနက္ေသာ အဓိပၸါယ္ - Amawpyay

သမၺဳေဒၶ ဂါထာေတာ္ႀကီး၏ ထူးျခားေလးနက္ေသာ အဓိပၸါယ္

သမၺဳေဒၶ ဂါထာေတာ္ႀကီး၏ ထူးျခားေလးနက္ေသာ အဓိပၸါယ္
Knowledge

သမၺဳေဒၶ ဂါထာေတာ္ႀကီး၏ ထူးျခားေလးနက္ေသာ အဓိပၸါယ္

သမၺဳေဒၶ

ကြၽန္ေတာ္ သမၺဳေဒၶဂါထာ‌ေတာ္ကို ငယ္ငယ္ေလး ကတည္းက ႐ြတ္ဆို ရတာ ႏွစ္သက္ ပါတယ္။ အနက္ အဓိပၸာယ္ကို သိလာခဲ့တဲ့ အခ်ိန္က်ေတာ့ အနက္ အဓိအပၸာယ္ ပါ တြဲၿပီး ႐ြတ္ဖတ္ ပူေဇာ္ျဖစ္ လာခဲ့ပါ တယ္။

ဒီလိုေန လာရင္းနဲ႔ တစ္ေန႔က်ေတာ့ ေအာက္မွာေဖာ္ျပ ထားတဲ့ ဦးပၪၨင္း U Nay Main Da ရဲ႕ ပို႔စ္တစ္ခုကို ဖတ္ျဖစ္ ခဲ့ပါတယ္။ သိပ္ကို သေဘာက် ႏွစ္ၿခိဳက္ သြားမိ တာမို႔ ဓမၼမိတ္ေဆြ တို႔ကိုလည္း ျပန္လည္မွ်ေဝေပး လိုက္ ပါတယ္။

ဒီဘဒၵကမာၻကေန ေနာက္ျပန္ေရတြက္ရင္ ၂၀ သေခ်ၤနဲ႔ ကမာၻတစ္သိန္းမွာ ဒီပကၤရာျမတ္စြာဘုရား ပြင့္ေတာ္မူတယ္။ ဒီပကၤရာ ၂ ဆူရွိတယ္၊ လြန္ခဲ့တဲ့ ၂၀သေခ်ၤနဲ႔ ကမာၻတစ္သိန္းက ပြင့္ခဲ့တဲ့ ဒီပကၤရာက အရင္ပြင့္လို႔ ေပါရာဏ ဒီပကၤရာလို႔ ေခၚၾက တယ္။

အဲဒီေပါ ရာဏဒီပကၤၤ ရာဘုရားရွင္ လက္ထက္မွာ ရဟန္းငယ္ တပါးက ဘုရားရွင္ရဲ႕ေက်ာင္းေဆာင္ေတာ္မွာ ညဖက္ ဆီမီးပူေဇာ္စ္၊ ဘုရင့္သမီးေတာ္ လည္းျဖစ္တဲ့ မင္းသမီးက ျမင္သြားေတာ့ ရဟန္းငယ္ကို လွမ္းပင့္ၿပီး လိုအပ္တဲ့ မုန္ညႇင္းဆီေတြကို သပိတ္အျပည့္လႉ လိုက္တယ္။ လႉလည္းၿပီးေရာ မင္းသမီးက ဘုရားျဖစ္ခ်င္တယ္ ဆိုၿပီး ဆုပန္ တယ္။

သပိတ္အျပည့္အလႉခံ ရထားေတာ့ ညဖက္ ဆီမီးပူေဇာ္တဲ့ အခါ ေက်ာင္းေဆာင္ေတာ္ႀကီးက ဆီမီးေတြ နဲ႔ၿမိဳင္ေနေရာ။ ဒီေတာ့ ဘုရားရွင္က ဆီမီးထြန္းတဲ့ ရဟန္းငယ္ ကိုေခၚေမး တယ္။

ရဟန္းငယ္ကလည္း အရွင္ဘုရားရဲ႕ညီမေတာ္က လႉလိုက္ တာျဖစ္ေၾကာင္း၊ ဘုရားျဖစ္ခ်င္တယ္လို႔ ဆုေတာင္းေၾကာင္း ေလွ်ာက္တင္ တယ္။ အဲဒီ အခါ ဘုရားရွင္က မိန္းကေလး ဘဝနဲ႔ ဘုရားဆုပန္ လို႔ မရဘူး၊ ေယာက္်ားဘဝရမွ ဘုရားဆုပန္ လို႔ရမယ္၊ ဒီေတာ့ ေယာက္်ားဘဝ ရဖို႔ အရင္ဆုပန္ ခိုင္းပါလို႔ မိန႔္ေတာ္မူ တယ္။

တဆက္တည္းမွာပဲ ရဟန္းငယ္က သူလည္းဘုရားျဖစ္ခ်င္ပါ တယ္ဆိုၿပီး ဘုရားဆုပန္ တယ္။ ဒီပကၤရာဘုရားရွင္ကို အားက်တာက တစ္ေၾကာင္း၊ သူက ဆီမီးပူေဇာ္တဲ့ ရဟန္းျဖစ္လို႔ (ဒီပင္ ဆိုတာ ဆီမီး၊ ကေရာတိ ဆိုတာ ပူေဇာ္ျခင္း) တိုက္ဆိုင္တာက တစ္ေၾကာင္းေၾကာင့္ ဒီပကၤရာ ဆိုတဲ့ ဘြဲ႕ေတာ္နဲ႔ပဲ ဘုရားျဖစ္ ခ်င္ေၾကာင္း ဆုပန္တယ္။

ဒီေတာ့ ပါရာဏဒီပကၤရာ ဘုရားရွင္က အဘိဉာဥ္ တန္ခိုးနဲ႔ ၾကည့္ေတာ္မူၿပီး ရဟန္းငယ္ကို ေနာင္ ၁၆ သေခ်ၤၾကာတဲ့အခါ ဒီပကၤရာ ဘြဲ႕ေတာ္နဲ႔ပဲ ဘုရားျဖစ္ မယ္လို႔ ဗ်ာဒိတ္ေတာ္ေပး တယ္။

ေနာက္တစ္ေန႔ ရဟန္းငယ္က ထုံးစံအတိုင္း ဆီအလႉခံ ထြက္ရင္း မင္းသမီးဆီေရာက္တဲ့အခါ ျမတ္စြာဘုရားမွာ လိုက္တဲ့အတိုင္း မိန္းမဘဝနဲ႔ ဘုရားဆုပန္လို႔ိ မရေၾကာင္း၊ ေယာက္်ားဘဝရေအာင္ အရင္ဆုပန္ခိုင္းေၾကာင္း ျပန္မိန႔္တယ္။

မင္းသမီးကလည္း မုန္ညႇင္းဆီေတြ သပိတ္အျပည့္လႉတယ္၊ ေနာက္ေန႔ေတြမွာလည္း ေန႔စဥ္သပိတ္အျပည့္လႉဖို႔ ကတိခံၿပီး ဒီလိုလႉရတဲ့ အက်ိဳးအားေၾကာင့္ ေနာက္ဘဝမွာ ေယာက္်ားဘဝ ရပါလို၏ ဆိုၿပီး ဆုေတာင္းတယ္။

ဆုလည္းေတာင္းတယ္ ေယာက္်ားဘဝရေစမယ့္ အက်င့္အႀကံေတြကိုလည္း တကယ္က်င့္ႀကံအားထုတ္ေတာ့ ေနာက္ဘဝမွာ ေယာက်ာ္းျဖစ္သြားတယ္။

အဲဒီေယာက္်ားဘဝ ကေနစၿပီး ေနာက္ပိုင္း ဘုရားျဖစ္ခ်င္စိတ္ အထုံေၾကာင့္ ပါးစပ္က ထုတ္မေျပာေပမယ့္ စိတ္ထဲကေန ဘုရားဆုပန္တာ ၇ သေခ်ၤၾကာ တယ္။ အဲဒီ ၇ သေခ်ၤအတြင္းမွာ ဘုရားေပါင္း ၁၂၅၀၀၀ ဆူ ပြင့္ေတာ္မူခဲ့တယ္။

ေနာက္ပိုင္းဘဝေတြ က်ေတာ့ ဘုရားျဖစ္ခ်င္တဲ့ အထုံအစြဲႀကီးလြန္း လာတာ ရယ္ေၾကာင့္ စိတ္ထဲကတင္ မကေတာ့ပဲ ႏႈတ္ကပါ ဘုရားဆုပန္ တယ္။ အဲဒီလို ႏႈတ္ကေန ဘုရားဆုပန္တာ ၉ သေခ်ၤ ရွိတယ္။ အဲဒီ ၉ သေခ်ၤကာလ အတြင္း ဘုရားေပါင္း ၃၈၇၀၀၀ ဆူ ပြင့္ခဲ့တယ္။

မိန္းမဘဝအၿပီး ေယာက်ာ္းဘဝကို စရတဲ့ အခ်ိန္ကေန စိတ္နဲ႔ဘုရား ဆုပန္တဲ့ ၇ သေခ်ၤရယ္ ႏႈတ္နဲ႔ ဘုရားဆုပန္တဲ့ ၉ သေခ်ၤရယ္ ေပါင္း ၁၆ သေခ်ၤအတြင္းမွာ ဘုရားေပါင္း ၅၁၂၀၀၀ ပြင့္ေတာ္မူ တယ္။

၁၆ သေခ်ၤၾကာတဲ့အခါဆိုေတာ့ ေပါရာဏ ဒီပကၤရာျမတ္စြာ ဘုရားဆီက ဗ်ာဒိတ္ေတာ္ရထားတဲ့ရဟန္းငယ္ေလးက ဒီပကၤရာ ဆိုတဲ့ ဘြဲ႕ေတာ္နဲ႔ ဘုရားျဖစ္ေတာ္မူ တယ္။

ဒီပကၤရာျမတ္စြာဘုရားႂကြ လာတဲ့ လမ္းမွာ တံတားခင္းတာ အခ်ိန္မမီတဲ့ အတြက္ သုေမဓာရေသ့က ကိုယ္ကို တံတား ခင္း ၿပီး လႉတယ္။ ဒီပကၤရာ ဘုရားရွင္က ၾကည့္ေတာ္မူတဲ့ အခါ သုေမဓာရေသ့က ေပါရာဏ ဒီပကၤရာ ဘုရားလက္ထက္ သူရဟန္းငယ္ ဘဝနဲ႔ ဗ်ာဒိတ္ေတာ္ရတဲ့ ဘဝတုန္းက သူ႔ကို မုန္ညႇင္းဆီလႉတဲ့ မင္းသမီးျဖစ္ေန တာကိုျမင္တယ္။

အဲဒီမွာ ဘုရားရွင္က မင္းသမီးေလး ဘဝျဖစ္စဥ္ကို ျပန္ေျပာင္းေဟာျပတယ္။ ၿပီးေတာ့ ေနာင္ ၄ သေခ်ၤနဲ႔ ကမာၻတစ္သိန္း ၾကာတဲ့အခါ ဘုရားျဖစ္မယ္လို႔ ဗ်ာဒိတ္ေတာ္ေပး တယ္။

မုန္ညႇင္းဆီလႉခဲ့တဲ့အက်ိဳးေၾကာင့္ လူျဖစ္တဲ့ ေနာက္ဆုံးဘဝနာမည္က သိဒၶတၳမင္းသားျဖစ္လိမ့္ မယ္လို႔ ေဟာေတာ္မူ တယ္။ (သိဒၶတၳ ဆိုတာ မုန္ညႇင္း၊ ေတလ ဆိုတာ ဆီ၊ သိဒၶတၳေတလ ဆိုတာ မုန္ညႇင္းဆီ)

သုေမဓာရေသ့ ဘဝနဲ႔ ဒီပကၤရာဘုရားဆီက ဗ်ာဒိတ္ေတာ္ရတဲ့ အခ်ိန္ကေန ကိုယ္ေတာ္ တိုင္ပြင့္ေတာ္မူတဲ့ အခ်ိန္အထိ ၾကားကာလ ၄ သေခ်ၤနဲ႔ ကမာၻတစ္သိန္း အတြင္းမွာ ပြင့္ခဲ့တဲ့ ဘုရားေပါင္းက ၂၈ ဆူရွိတယ္။

အဲဒီေတာ့ စိတ္နဲ႔ဆုပန္တဲ့ ကာလရယ္၊ ႏႈတ္နဲ႔ဆုပန္တဲ့ ကာလရယ္၊ ဗ်ာဒိတ္ေတာ္ရတဲ့အခ်ိန္ကေန ကိုယ္ေတာ္တိုင္ ပြင့္ေတာ္မူတဲ့ အခ်ိန္အထိရယ္ အတြင္းမွာ ဘုရားေပါင္း ၅၁၂၀၂၈ ဆူ ပြင့္ေတာ္မူ တယ္။

သမၺဳေဒၶ အ႒ဝီသၪၥ၊ ဒြါဒသၪၥ သဟႆေက၊ ပၪၥသတ သဟႆာနိ၊ နမာမိ သိရသာ မဟံ။ အပၸကာ ဝါဠဳကာ ဂဂၤါ၊ အနႏၲာ နိဗၺဴတာ ဇိနာ၊ ေတသံ ဓမၼၪၥ သံဃၪၥ၊ အာဒေရန နမာမဟံ။ နမကၠာရာ ႏုဘာေဝန၊ ဟိတြာ သေဗၺ ဥပဒၵေဝ၊ အေနက အႏၲရာယာပိ၊ ဝိနာႆႏၲဳ အေသသေတာ။

အ႒ ဆိုတာ ၈ ၊ ဝီသၪၥ ဆိုတာ ၂၀ ၊အ႒ဝီသၪၥ ဆိုေတာ့ ၂၈

ဒြါဒႆ ဆိုတာ ၁၂ ၊ သဟႆ ဆိုတာ ၁၀၀၀ ၊ ဒြါဒသၪၥ သဟႆေက ဆိုေတာ့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပၪၥ ဆိုတာ ၅ ၊ တသ ဆိုတာ ၁၀၀ ၊ ပၪၥတသ ဆိုေတာ့ ၅x၁၀၀ = ၅၀၀ ၊ သဟႆ ဆိုတာ ၁၀၀၀ ၊ ပၪၥတသ သဟႆနိ ဆိုေတာ့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမၺဳေဒၶ အ႒ဝီသၪၥ၊ ဒြါဒသၪၥ သဟႆေက၊ ပၪၥႆတ သဟႆာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူေသာ သမၼာသဗုဒၶဘုရားရွင္တို႔ကို

နမာမိ – ရွိခိုးျခင္း ၊ သိရသာ – ဦးေခါင္းျဖင့္ ၊ အဟံ – ကြၽႏ္ုပ္သည္ ၊ နမာမိ သိရသာ မဟံ – ကြၽႏ္ုပ္သည္ ဦးေခါင္းျဖင့္ ရွိခိုးပါ၏

ဦးေခါင္းျဖင့္ရွိခိုးတယ္ ဆိုတာ လက္အုပ္ခ်ီၿပီး ေခါင္းေပၚတင္ ထားတာကို ေခၚတယ္။ နတ္ေတြ ျဗဟၼာေတြက အဲဒီလိုပဲ ရွိခိုးၾက တယ္။ သာမန္ရွိခိုး တာက ကိုယ္ေရွ႕မွာ လက္အုပ္ခ်ီၿပီး ဦးၫြတ္ ထားတာ မ်ိဳး။

အပၸကာ – နည္းေသး၏ ၊ ဝါဠဳကာ – သဲ ၊ ဂဂၤါ – ဂဂၤါျမစ္ ၊ အပၸကာ ဝါဠဳကာ ဂဂၤါ – ဂဂၤါျမစ္အတြင္းရွိ သဲတို႔သည္ပင္ နည္းေသး၏

အနႏၲာ – မေရမတြက္ႏိုင္ေအာင္မ်ားေသာ ၊ နိဗၺဴတာ – နိဗၺာန္ဝင္ျခင္း ၊ ဇိနာ – မာန္ငါးပါးကို ေအာင္ျမင္ေသာ ဘုရားရွင္ ၊ အနႏၲာ နိဗၺဴတာ ဇိနာ – မာန္ငါးပါးကို ေအာင္ျမင္၍ နိဗၺာန္စံဝင္ေတာ္ မူၿပီးေသာ ဘုရားရွင္ တို႔သည္ မေရမတြက္ႏိုင္ေအာင္ မ်ားလွၿပီ

ေတသံ – ထိုဘုရားရွင္တို႔၏ ၊ ဓမၼၪၥ – တရားဓမၼတို႔ကို ၊ သံဃၪၥ – သံဃာေတာ္တို႔ကို

အာဒေရန – ႐ိုေသစြာ ၊ နမာမိ – ရွိခိုးပါ၏ ၊ အဟံ – ကြၽႏ္ုပ္သည္ ၊ အာဒေရန နမာမဟံ – ကြၽႏ္ုပ္သည္ ႐ိုေသစြာ ရွိခိုးပါ၏

နမကၠာရာ – ဤသို႔ရွိခိုးရေသာ ၊ ႏုဘာေဝန – အက်ိဳးအားေၾကာင့္

ဟိတြာ – ပယ္ေပ်ာက္ျခင္း ၊ သေဗၺ – ခပ္သိမ္းေသာ ၊ ဥပဒၵေဝ – ေဘးရန္တို႔သည္ ၊ဟိတြာ သေဗၺ ဥပဒၵေဝ – ခပ္သိမ္းေသာေဘးရန္တို႔ ပယ္ေပ်ာက္ပါေစ

အေနကာ အႏၲရာယာပိ – တစ္ခုမကေသာ အႏၲရာယ္တို႔သည္ ၊ ဝိနႆႏၲဳ – ေပ်ာက္ကြယ္ပါေစ ၊ အေသသေတာ – အႂကြင္းမရွိ ၊အေနကာ အႏၲရာယာပိ ဝိနႆႏၲဳ အေသသေတာ – တစ္ခုမကေသာအႏၲရာယ္တို႔သည္ အႂကြင္းမရွိ ေပ်ာက္ကြယ္ပါေစ

သမ္ဗုဒ္ေဓ အဋ္ဌဝီသဥ္စ၊ ဒွါဒသဥ္စ သဟႆေက၊ ပဥ္စသတ သဟႆာနိ၊ နမာမိ သိရသာ မဟံ။ ၅၁၂၀၂၈ ဆူေသာ သမၼာသဗုဒၶဘုရားရွင္တို႔ကို ကြၽႏ္ုပ္သည္ ဦးေခါင္းျဖင့္ ရွိခိုးပါ၏။

အပ္ပကာ ဝါဠဳကာ ဂင္်ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဥ္စ သံဃဥ္စ၊ အာဒရေန နမာမဟံ။ ဂဂၤါျမစ္ အတြင္းရွိ သဲတို႔သည္ပင္ နည္းေသး၏၊ မာန္ငါးပါးကို ေအာင္ျမင္ၿပီး နိဗၺာန္စံဝင္ ေတာ္မူၿပီးေသာ ဘုရားရွင္ တို႔သည္ မေရမတြက္ႏိုင္ေအာင္ မ်ားလွၿပီ။

ထိုဘုရားရွင္တို႔ႏွင့္ ထိုဘုရားတို႔၏ တရားဓမၼ တို႔ကိုလည္းေကာင္း၊ သံဃာေတာ္တို႔ကို လည္းေကာင္း ကြၽႏ္ုပ္သည္ ႐ိုေသစြာ ရွိခိုးပါ၏။

နမကၠာရာ ႏုဘာေဝန၊ ဟိတြာ သေဗၺ ဥပဒၵေဝ၊ အေနက အႏၲရာယာပိ၊ ဝိနာႆႏၲဳ အေသသေတာ။ ဤသို႔ရွိခိုးရေသာ အက်ိဳးအားေၾကာင့္ ခပ္သိမ္းေသာ ေဘးရန္တို႔ိ ပယ္ေပ်ာက္ပါေစ၊ တစ္ခုမကေသာ အႏၲရာယ္ တို႔သည္လည္း အႂကြင္းမရွိေပ်ာက္ကြယ္ ပါေစ။

(ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီး၏ တရားေတာ္ႏွင့္ သာသနာေရးဦးစီးဌာနထုတ္ ဗုဒၶဘာသာဝင္ေကာင္းတစ္ေယာက္ စာအုပ္တို႔မွ ထုတ္ႏႈတ္၍ ျပန္ေရးထားျခင္းျဖစ္ပါသည္)

ခရက္ဒစ္

ယူနီကုတ္

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ

ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေး ကတည်းက ရွတ်ဆို ရတာ နှစ်သက် ပါတယ်။ အနက် အဓိပ္ပာယ်ကို သိလာခဲ့တဲ့ အချိန်ကျတော့ အနက် အဓိအပ္ပာယ် ပါ တွဲပြီး ရွတ်ဖတ် ပူဇော်ဖြစ် လာခဲ့ပါ တယ်။

ဒီလိုနေ လာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြ ထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့စ်တစ်ခုကို ဖတ်ဖြစ် ခဲ့ပါတယ်။ သိပ်ကို သဘောကျ နှစ်ခြိုက် သွားမိ တာမို့ ဓမ္မမိတ်ဆွေ တို့ကိုလည်း ပြန်လည်မျှဝေပေး လိုက် ပါတယ်။

ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းက ပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏ ဒီပင်္ကရာလို့ ခေါ်ကြ တယ်။

အဲဒီပေါ ရာဏဒီပင်္ကၤ ရာဘုရားရှင် လက်ထက်မှာ ရဟန်းငယ် တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက် ဆီမီးပူဇော်စ်၊ ဘုရင့်သမီးတော် လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူ လိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ် ဆိုပြီး ဆုပန် တယ်။

သပိတ်အပြည့်အလှူခံ ရထားတော့ ညဖက် ဆီမီးပူဇော်တဲ့ အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေ နဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ် ကိုခေါ်မေး တယ်။

ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက် တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင် တယ်။ အဲဒီ အခါ ဘုရားရှင်က မိန်းကလေး ဘဝနဲ့ ဘုရားဆုပန် လို့ မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန် လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝ ရဖို့ အရင်ဆုပန် ခိုင်းပါလို့ မိန့်တော်မူ တယ်။

တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါ တယ်ဆိုပြီး ဘုရားဆုပန် တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာက တစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာက တစ်ကြောင်းကြောင့် ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ် ချင်ကြောင်း ဆုပန်တယ်။

ဒီတော့ ပါရာဏဒီပင်္ကရာ ဘုရားရှင်က အဘိဉာဉ် တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ် မယ်လို့ ဗျာဒိတ်တော်ပေး တယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံ ထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာ လိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့ိ မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။

မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့ အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝ ရပါလို၏ ဆိုပြီး ဆုတောင်းတယ်။

ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝ ကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ် အထုံကြောင့် ပါးစပ်က ထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာ တယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေ ကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်း လာတာ ရယ်ကြောင့် စိတ်ထဲကတင် မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန် တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေ ရှိတယ်။ အဲဒီ ၉ သင်္ချေကာလ အတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရား ဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူ တယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏ ဒီပင်္ကရာမြတ်စွာ ဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူ တယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွ လာတဲ့ လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့ အတွက် သုမေဓာရသေ့က ကိုယ်ကို တံတား ခင်း ပြီး လှူတယ်။ ဒီပင်္ကရာ ဘုရားရှင်က ကြည့်တော်မူတဲ့ အခါ သုမေဓာရသေ့က ပေါရာဏ ဒီပင်္ကရာ ဘုရားလက်ထက် သူရဟန်းငယ် ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေ တာကိုမြင်တယ်။

အဲဒီမှာ ဘုရားရှင်က မင်းသမီးလေး ဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေး တယ်။

မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့် မယ်လို့ ဟောတော်မူ တယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့ အချိန်ကနေ ကိုယ်တော် တိုင်ပွင့်တော်မူတဲ့ အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင် ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူ တယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈ ၊ ဝီသဉ္စ ဆိုတာ ၂၀ ၊အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂ ၊ သဟဿ ဆိုတာ ၁၀၀၀ ၊ ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပဉ္စ ဆိုတာ ၅ ၊ တသ ဆိုတာ ၁၀၀ ၊ ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀ ၊ သဟဿ ဆိုတာ ၁၀၀၀ ၊ ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ – ရှိခိုးခြင်း ၊ သိရသာ – ဦးခေါင်းဖြင့် ၊ အဟံ – ကျွန်ုပ်သည် ၊ နမာမိ သိရသာ မဟံ – ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ် ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင် ထားတာကို ခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြ တယ်။ သာမန်ရှိခိုး တာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ် ထားတာ မျိုး။

အပ္ပကာ – နည်းသေး၏ ၊ ဝါဠုကာ – သဲ ၊ ဂင်္ဂါ – ဂင်္ဂါမြစ် ၊ အပ္ပကာ ဝါဠုကာ ဂင်္ဂါ – ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ – မရေမတွက်နိုင်အောင်များသော ၊ နိဗ္ဗူတာ – နိဗ္ဗာန်ဝင်ခြင်း ၊ ဇိနာ – မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင် ၊ အနန္တာ နိဗ္ဗူတာ ဇိနာ – မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော် မူပြီးသော ဘုရားရှင် တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ – ထိုဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ – တရားဓမ္မတို့ကို ၊ သံဃဉ္စ – သံဃာတော်တို့ကို

အာဒရေန – ရိုသေစွာ ၊ နမာမိ – ရှိခိုးပါ၏ ၊ အဟံ – ကျွန်ုပ်သည် ၊ အာဒရေန နမာမဟံ – ကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏

နမက္ကာရာ – ဤသို့ရှိခိုးရသော ၊ နုဘာဝေန – အကျိုးအားကြောင့်

ဟိတွာ – ပယ်ပျောက်ခြင်း ၊ သဗ္ဗေ – ခပ်သိမ်းသော ၊ ဥပဒ္ဒဝေ – ဘေးရန်တို့သည် ၊ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ – ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ

အနေကာ အန္တရာယာပိ – တစ်ခုမကသော အန္တရာယ်တို့သည် ၊ ဝိနဿန္တု – ပျောက်ကွယ်ပါစေ ၊ အသေသတော – အကြွင်းမရှိ ၊အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော – တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ

သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။ ဂင်္ဂါမြစ် အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကို အောင်မြင်ပြီး နိဗ္ဗာန်စံဝင် တော်မူပြီးသော ဘုရားရှင် တို့သည် မရေမတွက်နိုင်အောင် များလှပြီ။

ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မ တို့ကိုလည်းကောင်း၊ သံဃာတော်တို့ကို လည်းကောင်း ကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။ ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသော ဘေးရန်တို့ိ ပယ်ပျောက်ပါစေ၊ တစ်ခုမကသော အန္တရာယ် တို့သည်လည်း အကြွင်းမရှိပျောက်ကွယ် ပါစေ။

(ဗန်းမော်ဆရာတော် ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …