
ေက်ာေထာက္ေနာက္ခံမရွိေပမယ့္ ဘဝမွာအားငယ္စရာမလိုတဲ့ အေၾကာင္းရင္း (၅) ခု
မိသားစုေက်ာေထာက္ ေနာက္ခံေကာင္းရွိျခငး္၊ မရွိျခင္းဟာ လူတစ္ေယာက္ရဲ႕ ဘဝကို အမ်ားၾကီး ေျပာင္းလဲသြားေစႏို င္ ပါတယ္။ မိသားစုဆိုတာ ကိုယ္ကေရြးခ်ယ္ခြင့္ ရွိတဲ့ အရာေတြထဲမွာ မပါတာေၾကာင့္ ကိုယ့္ရဲ႕ ကံအေလ်ာက္ ကိုယ္ပိုင္ဆိုင္ ထားတဲ့ မိသားစုကို လက္ခံၾက ရပါတယ္။
ဒါေပမယ့္လည္း မိသားစုေက်ာေထာက္ေနာက္ခံ မရွိတဲ့ အခါမွာလည္း စိတ္ပ်က္အားငယ္မေနသင့္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီအခ်က္ေလးေတြေၾကာင့္ပါ။
(၁) သင့္မွာကိုယ္ပိုင္အရည္အခ်င္းရွိပါတယ္
လူတိုင္းမွာ ေမြးရာပါ ပင္ကိုယ္ အရည္အခ်င္းဆိုတာ ရွိ ပါတယ္။ ဒါဟာလူတိုင္းရဲ႕ အားသာ ခ်က္ပါပဲ။ တစ္ခ်ိဳ႕က ကိုယ့္ရဲ႕အားသာ ခ်က္ကို ရွာေတြ႔ျပီး ဘဝမွာေအာင္ျမင္မႈေတြ ရရွိၾက သလို၊ တစ္ခ်ိဳ႕က်ေတာ့လည္း ကိုယ့္ရဲ႕ အားသာခ်က္ကို မေတြ႕ႏိုင္ပဲ
ဘဝကို ေယာင္လည္လည္နဲ႔ ကုန္ဆံုး သြားတတ္ၾက ပါတယ္။ ဒါေၾကာင့္ မိသားစုေက်ာေထာက္ေနာက္ခံထက္ ပိုျပီးအေရးၾကီးတဲ့ အရာ ကေတာ့ သင့္ရဲ႕ကိုယ္ပိုင္ အရည္အခ်င္းကို ရွာေဖြေတြ႕ ရွိဖို႔နဲ႔ အေကာင္းဆံုး အသံုးခ်တတ္ ဖို႔ပဲျဖစ္ ပါတယ္။
(၂) သင္ယူစရာေတြအမ်ားၾကီးရွိပါတယ္
ဘဝမွာ သင္ယူစရာေတြ အမ်ားၾကီး ရွိပါတယ္။ ေငြအမ်ားၾကီး ကုန္က်ခံႏိုင္မွ သင္ယူလို ႔ရတဲ့ ပညာေတြရွိသလို၊ ေငြကုန္ေၾကးက် သက္သက္သာသာနဲ႔ သင္ယူလို ႔ရတဲ့ ပညာရပ္ေတြ လည္း အမ်ားၾကီးရွိပါတယ္။
အခုေခတ္မွာ အင္တာနက္ေခတ္ျဖစ္တဲ့ အေလ်ာက္ လိုင္းေပၚကေန အခမဲ့ျဖစ္ေစ၊ ေငြကုန္ေၾကးက်သက္သက္သာသာနဲ႔ ျဖစ္ေစ သင္ယူႏိုင္တဲ့ အသက္ေမြးဝမး္ေက်ာင္းပညာရပ္ေတြ အမ်ားၾကီးရွိလာတာကေတာ့ နည္းပညာကို ေက်းဇူးတင္ ရမွာ ပါ။
(၃) သင့္ကိုယ္သင္ပ်ိဳးေထာင္ႏိုင္တယ္
ဘယ္ေလာက္ပဲမိ သားစုေက်ာေထာက္ေနာက္ ခံေကာင္းေကာင္း ကိုယ္တိုင္က သံုးစား မရရင္ေတာ့ ဘာမွ အက်ိဳးမထူး ပါဘူး။ ဒါေၾကာင့္ မိသားစုေက်ာေထာက္ေနာက္ ခံထက္ ပို္အေရးၾကီး တဲ့အရာက ကိုယ့္ရဲ႕ ကိုယ္ပို္င္စည္းမ်ဥး္ စည္းကမ္းေတြ ပဲျဖစ္ပါတယ္။
မိမိရဲ႕ဘဝမွာ မိမိ ဘာျဖစ္ခ်င္လဲ ဆိုတာ အေကာင္းဆံုး သိျပီး၊ ဘယ္လိုနည္းနဲ႔ ေရာက္ေအာင္သြားမလဲဆိုတာကို တင္းက်ပ္တဲ့စည္းကမး္ေတြနဲ႔၊ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္မႈ၊ သည္းခံႏိုင္မႈေတြနဲ႔ ကိုယ့္ကိုယ္ကို ပ်ိဳးေထာင္ေလ့က်င့္ေပးျခင္ းအားျဖင့္ ေရာက္ေအာင္ သြားလို႔ ရပါတယ္။
(၄) သင့္မွာသင္ရွိတယ္
သင့္ဖက္မွာ ဘယ္သူမွ မရွိသည့္ တိုင္ေအာင္ သင့္မွာသင္ ကိုယ္တိုင္ ရွိေနပါေသးတယ္။ ဒါဟာ လူတစ္ေယာက္ရဲ႕ဘဝမွာ အေရးၾကီးဆံုး အခ်က္ပဲျဖစ္ ပါတယ္။ တစ္ေလာက လံုးက သင့္ကိုဝိုင္းအားေပးေနသည့္တိုင္ေအာင္ သင့္ကိုယ္သင္ စိတ္ပ်က္ေနခဲ့ရင္ ဘာမွအက်ိဳး မရွိပါဘူး။
ဒါေၾကာင့္ သင့္ဖက္မွာ ဘယ္သူမွ မရွိရင္ေတာင္ သင္တစ္ေယာက္လုံ းရွိေနေသးတဲ့ အတြက္ အားလည္းမငယ္သင့္ သလုိ၊ စိတ္လည္း မပ်က္သင့္ ပါဘူး။ သင့္ပန္းတိုင္ကို သင္ေရာက္ေအာင္ သြားႏိုင္ဖုိ႔ သင္တစ္ေယာက္တည္ းရွိရံုနဲ႔ လံုေလာက္ ပါတယ္။
(၅) အိပ္မက္ေတြရွိတယ္
အိပ္မက္ေတြ မရွိတဲ့ သူဟာ ေလာကမွာ ေမွ်ာ္လင့္ခ်က္ မရွိတဲ့ သူေတြပါ။ သင့္မွာ ေငြေၾကးမျပည့္စံုဘူး၊ မိသားစုေက်ာေထာက္ေနာက္ ခံလည္း မရွိဘူး ဒါေပမယ့္ သင့္မွာ ၾကီးမားတဲ့ စိတ္ကူးအိပ္မက္ေတြ ရွိေနတယ္ဆိုရင္ သင္လံုးဝ မဆင္းရဲ ပါဘူး။
သင့္ရဲ႕ပန္းတိုင္ကို သင့္ရဲ႕ ၾကိဳးစားအားထုတ္မႈ၊ ဇြဲ၊ လံု႕လ၊ ဝီရိယေတြနဲ႔ သင့္ရဲ႕ေကာင္းမြန္တဲ့ စိတ္ထားေတြက ေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္တယ္ ဆိုတာကို သင္ယံုၾကည္ လုိက္ပါ။
Credit to original writer
Unicode
ကျောထောက်နောက်ခံမရှိပေမယ့် ဘဝမှာအားငယ်စရာမလိုတဲ့ အကြောင်းရင်း (၅) ခု
မိသားစုကျောထောက် နောက်ခံကောင်းရှိခြင်း၊ မရှိခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို အများကြီး ပြောင်းလဲသွားစေနို င် ပါတယ်။ မိသားစုဆိုတာ ကိုယ်ကရွေးချယ်ခွင့် ရှိတဲ့ အရာတွေထဲမှာ မပါတာကြောင့် ကိုယ့်ရဲ့ ကံအလျောက် ကိုယ်ပိုင်ဆိုင် ထားတဲ့ မိသားစုကို လက်ခံကြ ရပါတယ်။
ဒါပေမယ့်လည်း မိသားစုကျောထောက်နောက်ခံ မရှိတဲ့ အခါမှာလည်း စိတ်ပျက်အားငယ်မနေသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပါ။
(၁) သင့်မှာကိုယ်ပိုင်အရည်အချင်းရှိပါတယ်
လူတိုင်းမှာ မွေးရာပါ ပင်ကိုယ် အရည်အချင်းဆိုတာ ရှိ ပါတယ်။ ဒါဟာလူတိုင်းရဲ့ အားသာ ချက်ပါပဲ။ တစ်ချို့က ကိုယ့်ရဲ့အားသာ ချက်ကို ရှာတွေ့ပြီး ဘဝမှာအောင်မြင်မှုတွေ ရရှိကြ သလို၊ တစ်ချို့ကျတော့လည်း ကိုယ့်ရဲ့ အားသာချက်ကို မတွေ့နိုင်ပဲ
ဘဝကို ယောင်လည်လည်နဲ့ ကုန်ဆုံး သွားတတ်ကြ ပါတယ်။ ဒါကြောင့် မိသားစုကျောထောက်နောက်ခံထက် ပိုပြီးအရေးကြီးတဲ့ အရာ ကတော့ သင့်ရဲ့ကိုယ်ပိုင် အရည်အချင်းကို ရှာဖွေတွေ့ ရှိဖို့နဲ့ အကောင်းဆုံး အသုံးချတတ် ဖို့ပဲဖြစ် ပါတယ်။
(၂) သင်ယူစရာတွေအများကြီးရှိပါတယ်
ဘဝမှာ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ငွေအများကြီး ကုန်ကျခံနိုင်မှ သင်ယူလို့ရတဲ့ ပညာတွေရှိသလို၊ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ သင်ယူလို့ရတဲ့ ပညာရပ်တွေ လည်း အများကြီးရှိပါတယ်။
အခုခေတ်မှာ အင်တာနက်ခေတ်ဖြစ်တဲ့ အလျောက် လိုင်းပေါ်ကနေ အခမဲ့ဖြစ်စေ၊ ငွေကုန်ကြေးကျသက်သက်သာသာနဲ့ ဖြစ်စေ သင်ယူနိုင်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ အများကြီးရှိလာတာကတော့ နည်းပညာကို ကျေးဇူးတင် ရမှာ ပါ။
(၃) သင့်ကိုယ်သင်ပျိုးထောင်နိုင်တယ်
ဘယ်လောက်ပဲမိ သားစုကျောထောက်နောက် ခံကောင်းကောင်း ကိုယ်တိုင်က သုံးစား မရရင်တော့ ဘာမှ အကျိုးမထူး ပါဘူး။ ဒါကြောင့် မိသားစုကျောထောက်နောက် ခံထက် ပိုအရေးကြီး တဲ့အရာက ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းမျဥ်း စည်းကမ်းတွေ ပဲဖြစ်ပါတယ်။
မိမိရဲ့ဘဝမှာ မိမိ ဘာဖြစ်ချင်လဲ ဆိုတာ အကောင်းဆုံး သိပြီး၊ ဘယ်လိုနည်းနဲ့ ရောက်အောင်သွားမလဲဆိုတာကို တင်းကျပ်တဲ့စည်းကမ်းတွေနဲ့၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ သည်းခံနိုင်မှုတွေနဲ့ ကိုယ့်ကိုယ်ကို ပျိုးထောင်လေ့ကျင့်ပေးခြင် းအားဖြင့် ရောက်အောင် သွားလို့ ရပါတယ်။
(၄) သင့်မှာသင်ရှိတယ်
သင့်ဖက်မှာ ဘယ်သူမှ မရှိသည့် တိုင်အောင် သင့်မှာသင် ကိုယ်တိုင် ရှိနေပါသေးတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံး အချက်ပဲဖြစ် ပါတယ်။ တစ်လောက လုံးက သင့်ကိုဝိုင်းအားပေးနေသည့်တိုင်အောင် သင့်ကိုယ်သင် စိတ်ပျက်နေခဲ့ရင် ဘာမှအကျိုး မရှိပါဘူး။
ဒါကြောင့် သင့်ဖက်မှာ ဘယ်သူမှ မရှိရင်တောင် သင်တစ်ယောက်လုံ းရှိနေသေးတဲ့ အတွက် အားလည်းမငယ်သင့် သလို၊ စိတ်လည်း မပျက်သင့် ပါဘူး။ သင့်ပန်းတိုင်ကို သင်ရောက်အောင် သွားနိုင်ဖို့ သင်တစ်ယောက်တည် းရှိရုံနဲ့ လုံလောက် ပါတယ်။
(၅) အိပ်မက်တွေရှိတယ်
အိပ်မက်တွေ မရှိတဲ့ သူဟာ လောကမှာ မျှော်လင့်ချက် မရှိတဲ့ သူတွေပါ။ သင့်မှာ ငွေကြေးမပြည့်စုံဘူး၊ မိသားစုကျောထောက်နောက် ခံလည်း မရှိဘူး ဒါပေမယ့် သင့်မှာ ကြီးမားတဲ့ စိတ်ကူးအိပ်မက်တွေ ရှိနေတယ်ဆိုရင် သင်လုံးဝ မဆင်းရဲ ပါဘူး။
သင့်ရဲ့ပန်းတိုင်ကို သင့်ရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ သင့်ရဲ့ကောင်းမွန်တဲ့ စိတ်ထားတွေက ရောက်အောင် ပို့ဆောင်ပေးနိုင်တယ် ဆိုတာကို သင်ယုံကြည် လိုက်ပါ။
No Comments