
ရည္းစားမ်ားတဲ့ေကာင္မေလးေတြကုိမွ ခ်စ္သင့္တဲ့အေၾကာင္းရင္း(၅)ခု
ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကုိ ခ်စ္ဖုိ ႔ဆုိရင္ တြန္႔ေနတတ္ၾက တယ္ မုိ႔လား။ ကုိယ္ကသာ ရည္းစားေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ထားခ်င္ထားေန မွာျဖစ္ေပမယ့္ ကုိယ္ခ်စ္တဲ့ ေကာင္မေလးကေတာ့ တစ္ေယာက္ဆုိ တစ္ေယာက္ ခ်စ္တတ္တ့ဲ သူမ်ိဳးပဲ ျဖစ္ေစ ခ်င္တယ္ မုိ႔လား။
ဒါေပမယ့္ ရည္းစားမ်ားတဲ့ ေကာင္မေလးေတြကုိမွ ခ်စ္သင့္တဲ့ အေၾကာင္းရင္းေတြ သပ္သပ္ရွိေနပါေသးတယ္။ အဲဒီ ေကာင္းကြက္ေလးေတြကုိ သိသြားၿပီဆုိရင္ သင့္အေနနဲ႔ ရည္းစား မ်ားတဲ့ေကာင္မေလးေတြကုိပဲ ရွာေတာ့မယ္ ဆုိတာ ေသခ်ာေန ပါၿပီေနာ္။
အေတြ႕အႀကဳံရွိၿပီးသား
အေတြ႕အႀကဳံ ဆုိတာ ရည္းစား ထားဖူးတဲ့ အေတြ႕အႀကဳံ ကုိေျပာ တာေနာ္။ ရည္းစား မထားဖူးေသးတဲ့သူဆုိရင္ လမ္းေလွ်ာက္ရင္း လက္ေလးတြဲ ဖုိ႔က ရွက္ေနတာမ်ိဳး၊ ရုပ္ရွင္ၾကည့္္ ရင္ေတာင္ အတြဲခုံထုိင္ဖုိ႔ မ၀ံ့မရဲျဖစ္ေန တာမ်ိဳးနဲ႔ အခ်ိန္ေတာ္ေတာ္ ယူရ ပါတယ္။
ရည္းစားမ်ား တဲ့ေကာင္မေလးေတြ ကေတာ့ အဲလုိေတြ သင္ေပးေနစရာ မလုိေတာ့ဘူး။ သူတုိ႔က ေတာင္ ကုိယ့္ကုိ ျပန္သင္ေပး သြားဦး မယ္။
ကုိယ့္ခ်စ္သူက ဘယ္လုိ သေဘာထား ရွိသလဲ ဆုိတာ နားလည္ႏုိင္တယ္
သူတုိ႔က အေတြ႕အႀကဳံမ်ားခဲ့တဲ့ သူေတြ ဆုိေတာ့ ေယာက်ၤားေလးေတြရဲ႕ စိတ္ခံစားမႈ ကုိလည္း နားလည္ႏုိင္ လိမ့္မယ္။
ကုိယ္က မ်က္ႏွာေလး တစ္ခ်က္ ပ်က္လုိက္ၿပီ ဆုိတာနဲ႔ ကို္ယ္ဘာကုိ ခံစားေန ရသလဲဆုိတာ သူတုိ႔ ေကာင္းေကာင္း သိေန လိမ့္မယ္။ ၿပီးေတာ့ ကုိယ္ မႀကိဳက္တဲ့ ကိစၥေတြ ကုိလည္း အရိပ္ေလး ျပလုိက္တာနဲ႔ ေရွာင္ထားၿပီးသား ျဖစ္ေန လိမ့္မယ္။
စိန္ေခၚမႈတစ္ခုလုိမ်ိဳး ခံစားရမယ္
သူက ရည္းစားမ်ားတဲ့ ေကာင္မေလးဆုိေတာ့ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ကုိယ့္ကုိ ထားခဲ့ၿပီး ေနာက္တစ္ေယာက္ တြဲေကာင္း တြဲမွာေလ။ ဒီေတာ့ ကိုယ့္ကုိအၾကာႀကီး ခ်စ္ေနေအာင္ ဘယ္လုိ ႀကိဳးစားရမလဲဆုိတာက စိန္ေခၚမႈ တစ္ခု လုိမ်ိဳး ျဖစ္ေနလိမ့္ မယ္။ သူ ကုိယ့္ကုိ အရမ္း ခ်စ္ေနေအာင္ ဘယ္လုိ လုပ္ရမလဲေပါ့။
သင့္ကုိအတင္းတြယ္ကပ္ေနမွာ မဟုတ္ဘူး
ရည္းစားမ်ားတဲ့ ေကာင္မေလးေတြက တစ္ေယာက္ေယာက္ကုိ အတင္းတြယ္ကပ္ေနရတာ ၀ါသနာ မပါၾကပါဘူး။ သင္က သူတုိ႔ကုိ မခ်စ္ေတာ့ ဘူးလုိ႔ ခံစားရတာနဲ႔ သင့္ဆီက ထြက္သြားမွာပါ။
သင့္စိတ္ထဲမွာ မခ်စ္ေတာ့လုိ႔ လမ္းခြဲခ်င္ ရင္လည္း တြယ္ကပ္ေနမယ့္သူေတြ မဟုတ္ၾကလပါဘူး။ အဲသူတုိ႔က သင့္ကုိ စိတ္မပါေတာ့လုိ႔ ထြက္သြား ခ်င္တယ္ ဆုိရင္လည္း သင္ တားလုိ႔ရမွာေတာ့ မဟုတ္ဘူး။
ဒါေပမယ့္ အရမ္းခ်စ္တတ္ လိမ့္မယ္
ရည္းစားမ်ား တယ္ ဆုိကတည္းက ေပြဖုိ႔ ရႈပ္ဖုိ႔ထက္ အခ်စ္ခံ ခ်င္ၾက တာပါ။ အဲဒီလုိ အခ်စ္ခံခ်င္တဲ့သူ အမ်ားစုက အျခား တစ္ေယာက္ကုိလည္း အရမ္းခ်စ္ တတ္ၾက ပါတယ္။
သူတုိ႔က လူတစ္ဖက္သားကုိ ဘယ္လုိ ခ်စ္ရမလဲ ဆုိတာ ေကာင္းေကာင္း သိတယ္။ သူတုိ႔ ခ်စ္သလုိမ်ိဳး သူတုိ႔ကုိ ျပန္ခ်စ္ တာကုိလည္း လုိခ်င္ၾက တယ္။
Credit
Unicode
ရည်းစားများတဲ့ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့အကြောင်းရင်း(၅)ခု
ရည်းစားများတဲ့ ကောင်မလေးတွေကို ချစ်ဖို့ဆိုရင် တွန့်နေတတ်ကြ တယ် မို့လား။ ကိုယ်ကသာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားချင်ထားနေ မှာဖြစ်ပေမယ့် ကိုယ်ချစ်တဲ့ ကောင်မလေးကတော့ တစ်ယောက်ဆို တစ်ယောက် ချစ်တတ်တဲ့ သူမျိုးပဲ ဖြစ်စေ ချင်တယ် မို့လား။
ဒါပေမယ့် ရည်းစားများတဲ့ ကောင်မလေးတွေကိုမှ ချစ်သင့်တဲ့ အကြောင်းရင်းတွေ သပ်သပ်ရှိနေပါသေးတယ်။ အဲဒီ ကောင်းကွက်လေးတွေကို သိသွားပြီဆိုရင် သင့်အနေနဲ့ ရည်းစား များတဲ့ကောင်မလေးတွေကိုပဲ ရှာတော့မယ် ဆိုတာ သေချာနေ ပါပြီနော်။
အတွေ့အကြုံရှိပြီးသား
အတွေ့အကြုံ ဆိုတာ ရည်းစား ထားဖူးတဲ့ အတွေ့အကြုံ ကိုပြော တာနော်။ ရည်းစား မထားဖူးသေးတဲ့သူဆိုရင် လမ်းလျှောက်ရင်း လက်လေးတွဲ ဖို့က ရှက်နေတာမျိုး၊ ရုပ်ရှင်ကြည့်် ရင်တောင် အတွဲခုံထိုင်ဖို့ မဝံ့မရဲဖြစ်နေ တာမျိုးနဲ့ အချိန်တော်တော် ယူရ ပါတယ်။
ရည်းစားများ တဲ့ကောင်မလေးတွေ ကတော့ အဲလိုတွေ သင်ပေးနေစရာ မလိုတော့ဘူး။ သူတို့က တောင် ကိုယ့်ကို ပြန်သင်ပေး သွားဦး မယ်။
ကိုယ့်ချစ်သူက ဘယ်လို သဘောထား ရှိသလဲ ဆိုတာ နားလည်နိုင်တယ်
သူတို့က အတွေ့အကြုံများခဲ့တဲ့ သူတွေ ဆိုတော့ ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားမှု ကိုလည်း နားလည်နိုင် လိမ့်မယ်။
ကိုယ်က မျက်နှာလေး တစ်ချက် ပျက်လိုက်ပြီ ဆိုတာနဲ့ ကိုယ်ဘာကို ခံစားနေ ရသလဲဆိုတာ သူတို့ ကောင်းကောင်း သိနေ လိမ့်မယ်။ ပြီးတော့ ကိုယ် မကြိုက်တဲ့ ကိစ္စတွေ ကိုလည်း အရိပ်လေး ပြလိုက်တာနဲ့ ရှောင်ထားပြီးသား ဖြစ်နေ လိမ့်မယ်။
စိန်ခေါ်မှုတစ်ခုလိုမျိုး ခံစားရမယ်
သူက ရည်းစားများတဲ့ ကောင်မလေးဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်ကို ထားခဲ့ပြီး နောက်တစ်ယောက် တွဲကောင်း တွဲမှာလေ။ ဒီတော့ ကိုယ့်ကိုအကြာကြီး ချစ်နေအောင် ဘယ်လို ကြိုးစားရမလဲဆိုတာက စိန်ခေါ်မှု တစ်ခု လိုမျိုး ဖြစ်နေလိမ့် မယ်။ သူ ကိုယ့်ကို အရမ်း ချစ်နေအောင် ဘယ်လို လုပ်ရမလဲပေါ့။
သင့်ကိုအတင်းတွယ်ကပ်နေမှာ မဟုတ်ဘူး
ရည်းစားများတဲ့ ကောင်မလေးတွေက တစ်ယောက်ယောက်ကို အတင်းတွယ်ကပ်နေရတာ ဝါသနာ မပါကြပါဘူး။ သင်က သူတို့ကို မချစ်တော့ ဘူးလို့ ခံစားရတာနဲ့ သင့်ဆီက ထွက်သွားမှာပါ။
သင့်စိတ်ထဲမှာ မချစ်တော့လို့ လမ်းခွဲချင် ရင်လည်း တွယ်ကပ်နေမယ့်သူတွေ မဟုတ်ကြလပါဘူး။ အဲသူတို့က သင့်ကို စိတ်မပါတော့လို့ ထွက်သွား ချင်တယ် ဆိုရင်လည်း သင် တားလို့ရမှာတော့ မဟုတ်ဘူး။
ဒါပေမယ့် အရမ်းချစ်တတ် လိမ့်မယ်
ရည်းစားများ တယ် ဆိုကတည်းက ပွေဖို့ ရှုပ်ဖို့ထက် အချစ်ခံ ချင်ကြ တာပါ။ အဲဒီလို အချစ်ခံချင်တဲ့သူ အများစုက အခြား တစ်ယောက်ကိုလည်း အရမ်းချစ် တတ်ကြ ပါတယ်။
သူတို့က လူတစ်ဖက်သားကို ဘယ်လို ချစ်ရမလဲ ဆိုတာ ကောင်းကောင်း သိတယ်။ သူတို့ ချစ်သလိုမျိုး သူတို့ကို ပြန်ချစ် တာကိုလည်း လိုချင်ကြ တယ်။
Credit
No Comments