
မိန္းကေလးတစ္ေယာက္နဲ႔မၾကာခဏ မ်က္လုံးခ်င္းဆုံမိရင္ခ်စ္သူေတြျဖစ္သြားႏုိင္သလား
စာေရးဆရာႀကီး အီၾကာေကြးရဲ႕ စာေပေဟာေျပာပြဲ တစ္ခု ထဲမွာ ပါဖူးတယ္ေလ။ တကယ္လုိ႔သာ ကုိယ္နဲ႔ အရမ္းလွတဲ့ မိန္းကေလး တစ္ေယာက္ အမွတ္မထင္ေတြ႕တယ္ ဆုိရင္ အဲဒီမိန္းကေလးကုိ (၁၀)မိနစ္ေလာက္ စုိက္ၾကည့္၊ မိန္းကေလးရဲ႕ မသိစိတ္ ထဲမွာကုိ မေနတတ္ ျဖစ္လာတာ။
မ်က္ေတာင္မခတ္ပဲ ေနာက္ထပ္ (၅)မိနစ္ေလာက္ စုိက္ၾကည့္ ၊ မိန္းကေလးရဲ႕ရင္ေတြ ခုန္လာလိမ့္မယ္ ။ အဲဒီေနာက္ ဆက္ၿပီး ေနာက္ထပ္ (၃)မိနစ္ေလာက္ ဆက္ၾကည့္ လုိက္မယ္ ဆုိရင္ မိန္းကေလး က မသိစိတ္ထဲကေန မွတ္ခ်က္ ခ်လိမ့္ မယ္တဲ့။ “ဒီလူႀကီးက ႏွာဘူးႀကီးနဲ႔ တူတယ္” ဆုိၿပီးေတာ့။
ေျပာခ်င္တာ ကေတာ့ မ်က္လုံးရဲ႕တန္ခုိးဟာ အင္မတန္ စြမ္းပါ တယ္။ လူႏွစ္ေယာက္ အမွတ္မထင္ မ်က္လုံးခ်င္းဆုံ မိလုိက္တာနဲ႔ တစ္ေယာက္စိတ္ကုိ တစ္ေယာက္ နားလည္ သြားတာ မ်ိဳးေတာင္ ျဖစ္ႏုိင္တယ္။
တစ္ခါတေလ လည္း မ်က္လုံးခ်င္း ခဏေလး ဆုံမိလုိက္ ရုံနဲ႔ တင္ ျမင္ျမင္ခ်င္း ခ်စ္မိ သြားတာမ်ိဳးလည္း ျဖစ္ႏုိင္တယ္။
အခုေျပာမယ့္ အေၾကာင္းအရာ ကလည္း မိန္းကေလး တစ္ေယာက္နဲ႔ မၾကာခဏ မ်က္လုံးခ်င္း ဆုံမိရင္ ခ်စ္သူေတြ ျဖစ္သြားႏုိင္ သလားဆုိ တာပါ။ ဒီအေၾကာင္းကုိ စာေရး ဆရာတစ္ေယာက္ျဖစ္တဲ့ Mark Manson က ေရးခဲ့ တာျဖစ္ၿပီး အဲဒီထဲက အခ်က္အလက္ အခ်ိဳ႕ကုိ ေကာက္ယူေဖာ္ျပ လုိက္ရ ပါတယ္။
(၁)။ ပတ္၀န္းက်င္ေပၚမူတည္တယ္
ႏွစ္ေယာက္ အတူရွိေနတဲ့ ပတ္၀န္းက်င္ဟာ ၾကည္ႏူးစရာေကာင္းတဲ့ အေနအထားမွာ ရွိေနမယ္၊ ဒါမွမဟုတ္ အဲဒီရဲ႕ ဆန္႔က်င္ ဖက္ျဖစ္တဲ့ စုိးရိမ္စရာ၊ အသည္းထိတ္စရာ ပတ္၀န္းက်င္မ်ိဳးနဲ႔ ရင္ဆုိင္ေနရတယ္ဆုိရင္ မ်က္လုံးခ်င္း မၾကာခဏဆုံရာ ကေန ခ်စ္သူေတြ ျဖစ္သြားႏုိင္ ပါတယ္။
လူေတြဟာ သူတုိ႔ရဲ႕ အတြင္းစိတ္ခံစားမႈေပၚ မွာလုိက္ၿပီး တစ္စုံတစ္ေယာက္ အေပၚ မီီွတြယ္တတ္ၾကလုိ႔ ၾကည္ႏူးစရာ ပတ္၀န္းက်င္မွာ မ်က္လုံးခ်င္းမၾကာခဏ ဆုံမိရင္ အခ်စ္စိတ္ေတြ ယုိဖိတ္ လာႏုိင္ သလုိ၊ ထိတ္လန္႔စရာ ပတ္၀န္းက်င္ႀကီးမွွာ မ်က္လုံးခ်င္းမၾကာခဏ ဆုံမိ ရင္လည္း အားကုိးလုိစိတ္ေတြကေနတစ္ဆင့္ အခ်စ္ေတြျဖစ္လာ ႏုိင္ပါ တယ္တဲ့။
(၂)။ အထင္ႀကီးစရာပုံစံတစ္ခုခုရွိဦးမွ
တကယ္လုိ႔ သင့္အေနနဲ႔ မိန္းကေလးတစ္ေယာက္နဲ႔ မ်က္လုံးခ်င္းေတာ့ မၾကာခဏ ဆုံပါရဲ႕။ သင့္ပုံစံက တျခားသူေတြထက္ စုတ္ျပတ္ႏြမ္းဖတ္ၿပီး သံသယရွိစရာ ပုံစံမ်ိဳးျဖစ္ေနမယ္ ဆုိရင္ ခ်စ္သူျဖစ္မလာဖုိ႔ ရာႏႈန္းျပည့္နီးပါး ေသခ်ာေန ပါတယ္။
အဲဒီလုိ အေျခအေနေတြမွာ မ်က္လုံးခ်င္းဆုံ တယ္ဆုိတာက မိန္းကေလးအေနနဲ႔ သူ႕ရဲ႕အနီးအနားမွာ သင္ရွိတာကုိ စိတ္ပူေန တာေၾကာင့္ ပုိျဖစ္ ႏုိင္ တယ္လုိ႔ Mark Manson က ေရးပါတယ္။
ဒါေပမယ့္ သင့္ဆီမွာ သူသေဘာက် တဲ့ ပုံစံတစ္ခုခု၊ သူ႕အတြက္ အထင္ႀကီီး စရာေကာင္းတဲ့ တစ္ခုခုရွိေနတယ္လုိ႔ သူ ခံစား ရရင္ေတာ့ ဒီ မ်က္လုံးခ်င္းဆံုမႈကေန အခ်စ္ေတြ ျဖစ္ေပၚလာ ႏုိင္ပါ တယ္။
(၃)။ သူ႕ဆီမွာ အေႏွာင္အဖြဲ႕ေတြမရွိပါမွ
မိန္းကေလး တစ္ေယာက္နဲ႔ မ်က္လုံးခ်င္း မၾကာခဏဆုံ တယ္ ဆုိေပမယ့္ သူ႕ဆီမွာ ပုိင္ရွင္ရွိေနတယ္၊ သက္ဆုိင္သူ ရွိေနတယ္ ဆုိရင္ သင္တုိ႔ရဲ႕ မ်က္လုံးခ်င္းဆုံ မႈဟာ ဇာတ္လမ္းတုိ တစ္ခုအေနနဲ႔ပဲ ၿပီးဆုံးသြားရမွာပါ။
ဒါဟာ ခဏတာ စိတ္လႈပ္ရွားျခင္း ပဲျဖစ္ၿပီး ဘာဆက္ျဖစ္မလဲ ဆုိတာ သိခ်င္တာ၊ သင္ သူ႕ကုိ ဘယ္ေလာက္စိတ္၀င္စားေန သလဲ ဆုိတာ သိခ်င္ တာေတြေၾကာင့္ အခုလုိ မ်က္လုံးခ်င္းဆုံ မိၾက တာပါ။
ဒါေပမယ့္ သူ႕မွာခ်စ္သူ ရွိတယ္ ဆုိရင္ေတာ့ မ်က္လုံးခ်င္း ဆုံမိရုံနဲ႔ သင့္ကုိေျပာင္း ခ်စ္လာဖုိ႔ မျဖစ္ႏုိင္ပါဘူး။
Linn
Credit
Unicode
မိန်းကလေးတစ်ယောက်နဲ့မကြာခဏ မျက်လုံးချင်းဆုံမိရင်ချစ်သူတွေဖြစ်သွားနိုင်သလား
စာရေးဆရာကြီး အီကြာကွေးရဲ့ စာပေဟောပြောပွဲ တစ်ခု ထဲမှာ ပါဖူးတယ်လေ။ တကယ်လို့သာ ကိုယ်နဲ့ အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် အမှတ်မထင်တွေ့တယ် ဆိုရင် အဲဒီမိန်းကလေးကို (၁၀)မိနစ်လောက် စိုက်ကြည့်၊ မိန်းကလေးရဲ့ မသိစိတ် ထဲမှာကို မနေတတ် ဖြစ်လာတာ။
မျက်တောင်မခတ်ပဲ နောက်ထပ် (၅)မိနစ်လောက် စိုက်ကြည့် ၊ မိန်းကလေးရဲ့ရင်တွေ ခုန်လာလိမ့်မယ် ။ အဲဒီနောက် ဆက်ပြီး နောက်ထပ် (၃)မိနစ်လောက် ဆက်ကြည့် လိုက်မယ် ဆိုရင် မိန်းကလေး က မသိစိတ်ထဲကနေ မှတ်ချက် ချလိမ့် မယ်တဲ့။ “ဒီလူကြီးက နှာဘူးကြီးနဲ့ တူတယ်” ဆိုပြီးတော့။
ပြောချင်တာ ကတော့ မျက်လုံးရဲ့တန်ခိုးဟာ အင်မတန် စွမ်းပါ တယ်။ လူနှစ်ယောက် အမှတ်မထင် မျက်လုံးချင်းဆုံ မိလိုက်တာနဲ့ တစ်ယောက်စိတ်ကို တစ်ယောက် နားလည် သွားတာ မျိုးတောင် ဖြစ်နိုင်တယ်။
တစ်ခါတလေ လည်း မျက်လုံးချင်း ခဏလေး ဆုံမိလိုက် ရုံနဲ့ တင် မြင်မြင်ချင်း ချစ်မိ သွားတာမျိုးလည်း ဖြစ်နိုင်တယ်။
အခုပြောမယ့် အကြောင်းအရာ ကလည်း မိန်းကလေး တစ်ယောက်နဲ့ မကြာခဏ မျက်လုံးချင်း ဆုံမိရင် ချစ်သူတွေ ဖြစ်သွားနိုင် သလားဆို တာပါ။ ဒီအကြောင်းကို စာရေး ဆရာတစ်ယောက်ဖြစ်တဲ့ Mark Manson က ရေးခဲ့ တာဖြစ်ပြီး အဲဒီထဲက အချက်အလက် အချို့ကို ကောက်ယူဖော်ပြ လိုက်ရ ပါတယ်။
(၁)။ ပတ်ဝန်းကျင်ပေါ်မူတည်တယ်
နှစ်ယောက် အတူရှိနေတဲ့ ပတ်ဝန်းကျင်ဟာ ကြည်နူးစရာကောင်းတဲ့ အနေအထားမှာ ရှိနေမယ်၊ ဒါမှမဟုတ် အဲဒီရဲ့ ဆန့်ကျင် ဖက်ဖြစ်တဲ့ စိုးရိမ်စရာ၊ အသည်းထိတ်စရာ ပတ်ဝန်းကျင်မျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် မျက်လုံးချင်း မကြာခဏဆုံရာ ကနေ ချစ်သူတွေ ဖြစ်သွားနိုင် ပါတယ်။
လူတွေဟာ သူတို့ရဲ့ အတွင်းစိတ်ခံစားမှုပေါ် မှာလိုက်ပြီး တစ်စုံတစ်ယောက် အပေါ် မှီတွယ်တတ်ကြလို့ ကြည်နူးစရာ ပတ်ဝန်းကျင်မှာ မျက်လုံးချင်းမကြာခဏ ဆုံမိရင် အချစ်စိတ်တွေ ယိုဖိတ် လာနိုင် သလို၊ ထိတ်လန့်စရာ ပတ်ဝန်းကျင်ကြီးမှာ မျက်လုံးချင်းမကြာခဏ ဆုံမိ ရင်လည်း အားကိုးလိုစိတ်တွေကနေတစ်ဆင့် အချစ်တွေဖြစ်လာ နိုင်ပါ တယ်တဲ့။
(၂)။ အထင်ကြီးစရာပုံစံတစ်ခုခုရှိဦးမှ
တကယ်လို့ သင့်အနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်းတော့ မကြာခဏ ဆုံပါရဲ့။ သင့်ပုံစံက တခြားသူတွေထက် စုတ်ပြတ်နွမ်းဖတ်ပြီး သံသယရှိစရာ ပုံစံမျိုးဖြစ်နေမယ် ဆိုရင် ချစ်သူဖြစ်မလာဖို့ ရာနှုန်းပြည့်နီးပါး သေချာနေ ပါတယ်။
အဲဒီလို အခြေအနေတွေမှာ မျက်လုံးချင်းဆုံ တယ်ဆိုတာက မိန်းကလေးအနေနဲ့ သူ့ရဲ့အနီးအနားမှာ သင်ရှိတာကို စိတ်ပူနေ တာကြောင့် ပိုဖြစ် နိုင် တယ်လို့ Mark Manson က ရေးပါတယ်။
ဒါပေမယ့် သင့်ဆီမှာ သူသဘောကျ တဲ့ ပုံစံတစ်ခုခု၊ သူ့အတွက် အထင်ကြီး စရာကောင်းတဲ့ တစ်ခုခုရှိနေတယ်လို့ သူ ခံစား ရရင်တော့ ဒီ မျက်လုံးချင်းဆုံမှုကနေ အချစ်တွေ ဖြစ်ပေါ်လာ နိုင်ပါ တယ်။
(၃)။ သူ့ဆီမှာ အနှောင်အဖွဲ့တွေမရှိပါမှ
မိန်းကလေး တစ်ယောက်နဲ့ မျက်လုံးချင်း မကြာခဏဆုံ တယ် ဆိုပေမယ့် သူ့ဆီမှာ ပိုင်ရှင်ရှိနေတယ်၊ သက်ဆိုင်သူ ရှိနေတယ် ဆိုရင် သင်တို့ရဲ့ မျက်လုံးချင်းဆုံ မှုဟာ ဇာတ်လမ်းတို တစ်ခုအနေနဲ့ပဲ ပြီးဆုံးသွားရမှာပါ။
ဒါဟာ ခဏတာ စိတ်လှုပ်ရှားခြင်း ပဲဖြစ်ပြီး ဘာဆက်ဖြစ်မလဲ ဆိုတာ သိချင်တာ၊ သင် သူ့ကို ဘယ်လောက်စိတ်ဝင်စားနေ သလဲ ဆိုတာ သိချင် တာတွေကြောင့် အခုလို မျက်လုံးချင်းဆုံ မိကြ တာပါ။
ဒါပေမယ့် သူ့မှာချစ်သူ ရှိတယ် ဆိုရင်တော့ မျက်လုံးချင်း ဆုံမိရုံနဲ့ သင့်ကိုပြောင်း ချစ်လာဖို့ မဖြစ်နိုင်ပါဘူး။
Linn
No Comments