ကိုယ့္ရဲ႕ ျဖစ္တည္မႈကို အေလးထားႏိုင္ေစဖို႔ ဘယ္ေတာ့မွ မေမ့ထားသင့္တဲ့ အရာမ်ား - Amawpyay

ကိုယ့္ရဲ႕ ျဖစ္တည္မႈကို အေလးထားႏိုင္ေစဖို႔ ဘယ္ေတာ့မွ မေမ့ထားသင့္တဲ့ အရာမ်ား

ကိုယ့္ရဲ႕ ျဖစ္တည္မႈကို အေလးထားႏိုင္ေစဖို႔ ဘယ္ေတာ့မွ မေမ့ထားသင့္တဲ့ အရာမ်ား
Knowledge

ကိုယ့္ရဲ႕ ျဖစ္တည္မႈကို အေလးထားႏိုင္ေစဖို႔ ဘယ္ေတာ့မွ မေမ့ထားသင့္တဲ့ အရာမ်ား

ေတာ္ေတာ္မ်ားမ်ားေသာ လူေတြဟာ ကိုယ့္ကိုယ္ကို ထက္ သူမ်ားေတြကိုပဲ အာ႐ံုစိုက္ အေလးထားမႈေတြပဲ လုပ္ေနတတ္ ၾကၿပီး ကိုယ္ကိုယ္တုိင္ အတြက္ေတာ့ ေမ့ေလ်ာ့ေနတတ္ ၾကပါ တယ္။

တစ္ခ်ိဳ႕လူေတြက တစ္ျခား သူေတြကို လုိက္ေဝဖန္ တယ္၊ တစ္္ခ်ိဳ႕ေတြ က်ေတာ့ တစ္ျခားသူေတြကို အားက်တယ္ စသျဖင့္ ကိုယ့္ရဲ႕ျဖစ္တည္မႈကို ေမ့ေလ်ာ့ၿပီး တစ္ျခားသူအတြက္ပဲ အခ်ိန္္ေပးေန တတ္ၾကပါတယ္။ တကယ္ေတာ့ ဘဝမွာ ကိုယ့္အတြက္ ဒီအရာေတြကို ေသခ်ာ ဂ႐ုစိုက္ သံုးသပ္ၾကည့္ သင့္ပါတယ္ေနာ္။

ခံစားခ်က္ေတြ

ကိုယ့္ရဲ႕ခံစားခ်က္ေတြ အတြက္ ေသခ်ာ တစ္ခါေလာက္ အခ်ိန္ေပး စဥ္းစားေပးဖူး ျပီလား။ တစ္ခ်ိဳ႕ေတြက ခံစားခ်က္ေတြကို ေခ်ာင္ထုိးၿပီး ေနတယ္၊ တစ္ခ်ိဳ႕ေတြက် ျပန္္ေတာ့ ခံစားခ်က္ အစစ္္အမွန္ကို ေသခ်ာ နားမလည္ဘူး စသျဖင့္ေပါ့။

ဒါေၾကာင့္ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို တစ္ေခါက္ေလာက္ အခ်ိန္ေပး စဥ္းစားၾကည့္သင့္ပါတယ္ေနာ္။ ေနာက္ၿပီး ခံစားခ်က္ ေတြကို ျပန္အသက္သြင္းဖုိ ႔္ကိုလည္း မေမ့ပါ နဲ႔။ ခံစားခ်က္ ဆိုတာ မ်ိဳသိပ္ ထားလုိ႔ ေကာင္းတဲ့အရာ မဟုတ္ပါဘူး။

ေအာင္ျမင္မႈေတြ

ဘဝမွာ ကိုယ့္လိုခ်င္တဲ့ ေအာင္ျမင္မႈေတြ ဘယ္ႏွခုေလာက္ ဖန္တီးၿပီးၿပီလဲ ရယူၿပီးၿပီ လဲ။ ကိုယ္လုိခ်င္တဲ့ ပန္းတိုင္ေရာက္ဖုိ႔၊ ကိုယ္ျဖစ္ခ်င္္တဲ့ အိပ္မက္ေတြ တကယ္ျဖစ္္လာဖုိ႔ ဘဝရဲ႕ ေအာင္ျမင္မႈေတြအတြက္ ႀကိဳးစားသင့္ ပါတယ္ေနာ္။

ကိုယ္ေမွ်ာ္မွန္း ထားတဲ့ ေနရာတစ္္ခု အတြက္ ဘဝရဲ႕ မွတ္တိုင္ေတြ အေၾကာင္း ကိုလည္း ထည့္စဥ္းစားဖို႔ လုိအပ္ ပါတယ္။ ဒါေပမယ့္ အဲဒီ ႔ေအာင္ျမင္မႈ ဟာ ႐ိုး႐ိုးသားသား ရတဲ့ ေအာင္ျမင္မႈ လည္း ျဖစ္ဖုိ႔လုိ ပါေသးတယ္။

ေန႔စဥ္လႈပ္႐ွားမႈေတြ

ဘဝဆိုတာ တစ္သတ္မတ္တည္း သြားေနရင္လည္း ပ်င္းရိၿငီးေငြ႔စရာ ေကာင္းတတ္တာ သဘာဝပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ေန႔စဥ္လႈပ္႐ွားေနတဲ့ ဘဝဟာ ပ်င္းရိစရာေကာင္းေနလား၊ စိတ္ဝင္စားစရာ ေကာင္းရဲ႕လားဆိုတာကို ျပန္္သံုးသပ္ ၾကည့္ပါ။

တစ္ေန႔တစ္ေန႔ ႐ံုးနဲ ႔အိမ္၊ အိမ္နဲ႔႐ံုး သြားေနတဲဲ့ ေခါက္႐ိုးက်ိဳးေနတဲ့ ဘဝမ်ိဳးထက္ တစ္ခါတစ္ေလ ခရီးေလး ဘာေလးထြက္၊ မိတ္ေဆြ သစ္ေတြနဲ႔ ေတြ႔ဆံုတာ၊ ဝါသနာပါ ရာေလးေတြ လုပ္ၾကည့္တာ စသျဖင့္ ေနထိုင္ျခင္းက ပိုစိတ္ဝင္စားစရာ ေကာင္းတဲဲ့ ဘဝကို ေခၚေဆာင္ သြားမွာ ျဖစ္ပါ တယ္။

ကူညီေပးတတ္တဲဲ့ စိတ္

သင္ဟာ လူေတြ အေပၚမွာ ဘယ္ေလာက္ ကူညီေပး တတ္္တဲ့ သူလဲ ဆိုတာကို ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ဖူးလား။ တကယ္ေတာ့ လူတိုင္းအေပၚ စာနာသနားစိတ္၊ ကိုယ္ခ်င္းစာ ငဲ႔ညွာစိတ္ေတြ ထားဖုိ႔ လုိအပ္ၿပီး လူေတြကို ကူညီေပး တတ္တဲ့ စိတ္ေလးလည္း ႐ွိဖို ႔လုိပါတယ္။

လူေတြကို ကူညီေပးခ်င္တဲဲ့ စိတ္႐ွိတဲ့သူဟာ ဘဝရဲ႕ လွပျခင္းေတြကို ကိုယ္တုိင္ခံစား တတ္သူ တစ္ေယာက္ျဖစ္တာမို႔ ကိုယ့္ဘဝမွာ လူေတြကို ကူညီေပး တတ္တဲဲ့ စိတ္ထားေကာင္းမြန္မ ႈကလည္း အေရးႀကီးပါတယ္ေနာ္။

Khin

Credit to Aunty May

Unicode

ကိုယ့်ရဲ့ ဖြစ်တည်မှုကို အလေးထားနိုင်စေဖို့ ဘယ်တော့မှ မမေ့ထားသင့်တဲ့ အရာများ

တော်တော်များများသော လူတွေဟာ ကိုယ့်ကိုယ်ကို ထက် သူများတွေကိုပဲ အာရုံစိုက် အလေးထားမှုတွေပဲ လုပ်နေတတ် ကြပြီး ကိုယ်ကိုယ်တိုင် အတွက်တော့ မေ့လျော့နေတတ် ကြပါ တယ်။

တစ်ချို့လူတွေက တစ်ခြား သူတွေကို လိုက်ဝေဖန် တယ်၊ တစ်ချို့တွေ ကျတော့ တစ်ခြားသူတွေကို အားကျတယ် စသဖြင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို မေ့လျော့ပြီး တစ်ခြားသူအတွက်ပဲ အချိန်ပေးနေ တတ်ကြပါတယ်။ တကယ်တော့ ဘဝမှာ ကိုယ့်အတွက် ဒီအရာတွေကို သေချာ ဂရုစိုက် သုံးသပ်ကြည့် သင့်ပါတယ်နော်။

ခံစားချက်တွေ

ကိုယ့်ရဲ့ခံစားချက်တွေ အတွက် သေချာ တစ်ခါလောက် အချိန်ပေး စဉ်းစားပေးဖူး ပြီလား။ တစ်ချို့တွေက ခံစားချက်တွေကို ချောင်ထိုးပြီး နေတယ်၊ တစ်ချို့တွေကျ ပြန်တော့ ခံစားချက် အစစ်အမှန်ကို သေချာ နားမလည်ဘူး စသဖြင့်ပေါ့။

ဒါကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကို တစ်ခေါက်လောက် အချိန်ပေး စဉ်းစားကြည့်သင့်ပါတယ်နော်။ နောက်ပြီး ခံစားချက် တွေကို ပြန်အသက်သွင်းဖို့်ကိုလည်း မမေ့ပါ နဲ့။ ခံစားချက် ဆိုတာ မျိုသိပ် ထားလို့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။

အောင်မြင်မှုတွေ

ဘဝမှာ ကိုယ့်လိုချင်တဲ့ အောင်မြင်မှုတွေ ဘယ်နှခုလောက် ဖန်တီးပြီးပြီလဲ ရယူပြီးပြီ လဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ဘဝရဲ့ အောင်မြင်မှုတွေအတွက် ကြိုးစားသင့် ပါတယ်နော်။

ကိုယ်မျှော်မှန်း ထားတဲ့ နေရာတစ်ခု အတွက် ဘဝရဲ့ မှတ်တိုင်တွေ အကြောင်း ကိုလည်း ထည့်စဉ်းစားဖို့ လိုအပ် ပါတယ်။ ဒါပေမယ့် အဲဒီ့အောင်မြင်မှု ဟာ ရိုးရိုးသားသား ရတဲ့ အောင်မြင်မှု လည်း ဖြစ်ဖို့လို ပါသေးတယ်။

နေ့စဉ်လှုပ်ရှားမှုတွေ

ဘဝဆိုတာ တစ်သတ်မတ်တည်း သွားနေရင်လည်း ပျင်းရိငြီးငွေ့စရာ ကောင်းတတ်တာ သဘာဝပါ။ ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားနေတဲ့ ဘဝဟာ ပျင်းရိစရာကောင်းနေလား၊ စိတ်ဝင်စားစရာ ကောင်းရဲ့လားဆိုတာကို ပြန်သုံးသပ် ကြည့်ပါ။

တစ်နေ့တစ်နေ့ ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံး သွားနေတဲ့ ခေါက်ရိုးကျိုးနေတဲ့ ဘဝမျိုးထက် တစ်ခါတစ်လေ ခရီးလေး ဘာလေးထွက်၊ မိတ်ဆွေ သစ်တွေနဲ့ တွေ့ဆုံတာ၊ ဝါသနာပါ ရာလေးတွေ လုပ်ကြည့်တာ စသဖြင့် နေထိုင်ခြင်းက ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝကို ခေါ်ဆောင် သွားမှာ ဖြစ်ပါ တယ်။

ကူညီပေးတတ်တဲ့ စိတ်

သင်ဟာ လူတွေ အပေါ်မှာ ဘယ်လောက် ကူညီပေး တတ်တဲ့ သူလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖူးလား။ တကယ်တော့ လူတိုင်းအပေါ် စာနာသနားစိတ်၊ ကိုယ်ချင်းစာ ငဲ့ညှာစိတ်တွေ ထားဖို့ လိုအပ်ပြီး လူတွေကို ကူညီပေး တတ်တဲ့ စိတ်လေးလည်း ရှိဖို့လိုပါတယ်။

လူတွေကို ကူညီပေးချင်တဲ့ စိတ်ရှိတဲ့သူဟာ ဘဝရဲ့ လှပခြင်းတွေကို ကိုယ်တိုင်ခံစား တတ်သူ တစ်ယောက်ဖြစ်တာမို့ ကိုယ့်ဘဝမှာ လူတွေကို ကူညီပေး တတ်တဲ့ စိတ်ထားကောင်းမွန်မ ှုကလည်း အရေးကြီးပါတယ်နော်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …