
ဆြဲေဆာင္မႈ ျမင့္သူေတြမွာ ရွိတတ္တဲ့ အက်င့္ေလးမ်ား
လူတစ္ေယာက္ ၾကည့္ေကာင္းတယ္ ဆိုတာ သူ႔႐ုပ္ရည္ အျပင္ ဉာဏ္ရည္ဉာဏ္ေသြး ၊ ဝတ္ပုံစားပုံနဲ႔ လူမႈဆက္ဆံေရး အရည္အခ်င္းေတြ အမ်ားႀကီးနဲ႔ ဆိုင္ပါ တယ္။ ဘယ္သူမဆို လူေတြ အၾကားမွာ ေပၚလြင္ထင္ရွားတဲ့သူ ၊ ဆြဲေဆာင္မႈ ရွိၿပီး ႏွစ္လို ဖြယ္ေကာင္းသူ ျဖစ္ခ်င္ ၾကတာပါပဲ။
ဒီေတာ့ ဆြဲေဆာင္မႈ ျမင့္မားတဲ့ သူေတြရဲ႕ အေလ့အက်င့္ေလးေတြကို အတုခိုးမယ္ဆိုရင္ သင္လည္း ဆြဲေဆာင္မႈရွိတဲ့လူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။
(၁) ဟာသဉာဏ္ရွိပါေစ
ဘဝဆိုတာ ခက္ခဲၾကမ္းတမ္းေတာ့ လူေတြဟာ ေပ်ာ္စရာေကာင္းတဲ့ အရာေတြကို လိုခ်င္ၾကပါတယ္။ ခက္ခဲေနခ်ိန္မွာ ဟာသဉာဏ္ ႐ႊင္တဲ့ လူတစ္ေယာက္ရဲ႕ စကား တစ္ခြန္းက တင္းမာေနတဲ့ အေျခအေနကို လုံးလုံးလ်ားလ်ား ေျပာင္းလဲပစ္ ႏိုင္တယ္ ဆိုတာ အားလုံးလည္း သိၾကမွာပါ။
လူေတြဟာ ဇဝနဉာဏ္ထက္ သန္သူကို ခင္မင္တတ္ၿပီး အဲဒီလို ဟာသဉာဏ္ ႐ႊင္ျမဴးသူအနားမွာ ေနခ်င္ၾကပါတယ္။ သင့္မွာ ဟာသ ဉာဏ္ေကာင္းရင္ လူေတြအၾကားမွာ ေပၚျပဴလာ ျဖစ္ေနမွာပါ။
(၂) စိတ္အားထက္သန္မႈ ရွိပါေစ
ရည္မွန္းခ်က္နဲ႔ ထက္သန္ျပင္းျပတဲ့ စိတ္ဆႏ ၵရွိသူဟာ ဆြဲငင္အားေကာင္း တဲ့သူ ျဖစ္ပါတယ္။ ရည္မွန္းခ်က္နဲ႔ စိတ္အား ထက္သန္မႈ ရွိသူဟာ ေျပာတဲ့ စကားမွာ အားမာန္ ပါသလို လုပ္တဲ့ အလုပ္မွာလည္း အားက် စရာေကာင္းေအာင္ လုပ္ကိုင္ တတ္ပါ တယ္။
စိတ္ထဲမွာ ဝမ္းနည္းအားငယ္သူ ၊ ေရွ႕ေရး ေဝဝါးေနသူဟာ စိတ္ခြန္အားျမင့္သူ ကို အားက်ၾကည္ညိဳစရာအျဖစ္ ျမင္လာ တဲ့ အထိ သူဟာ ဆြဲေဆာင္မႈ ရွိေနပါတယ္။
(၃) ယုံၾကည္မႈ ရွိပါေစ
ဆုံးျဖတ္ခ်က္ ျပတ္သားတဲ့သူ ၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိသူဟာလည္း တစ္မ်ိဳးၾကည့္ေကာင္းေနတတ္ပါတယ္။ ဒါဟာ ႐ုပ္အဆင္းနဲ႔ မဆိုင္ဘဲ သူ႔ရဲ႕ ပင္ကိုယ္စြမ္းရည္ရဲ႕ အစြမ္းေၾကာင့္လို႔ ဆိုရမွာပါ။
ကြၽန္ေတာ္တို႔ အမ်ားစုဟာ အနာဂါတ္ကို ေၾကာက္တဲ့ စိတ္ ၊ ကိုယ့္စြမ္းကိုယ္စေပၚ သံသယဝင္တဲ့ စိတ္နဲ႔ ေနထိုင္ၾကတာ ျဖစ္လို႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိရွိ လုပ္ကိုင္ေဆာင္႐ြက္ေနသူကို ျမင္ရတိုင္း စိတ္ထဲမွာ ႏွစ္သက္ သေဘာက် သြားတတ္တာ သဘာဝ ျဖစ္ပါတယ္။
(၄) ၾကင္နာမႈ ရွိပါေစ
လူေတြနဲ႔ ဆက္ဆံရာမွာ အႀကီး ၊ အငယ္ ၊ အ႐ြယ္အလတ္မေ႐ြး ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာ ဆက္ဆံတတ္ျခင္း ကလည္း ဆြဲေဆာင္မႈရွိသူေတြရဲ႕ အေလ့အထ ထဲက တစ္ခုပါပဲ။
လူေတြကို စာနာစိတ္ထား ဆက္ဆံတာ ၊ က႐ုဏာေရွးရႈတဲ့ စိတ္နဲ႔ ျပဳမူေဆာင္႐ြက္ တာကို ျမင္တိုင္း ၊ ၾကားတိုင္းမွာ ကြၽန္ေတာ္တို႔ ၾကည္ႏူ းႏွစ္သက္ သြားသလို အဲ့ဒီလို ၾကင္နာစိတ္ရွိ သူကို လည္း လူေကာင္း တစ္ေယာက္ အျဖစ္ သေဘာက် တတ္ပါ တယ္ ။
သင္လည္း လူေတြၾကားမွာ ဆြဲငင္အားေကာင္းသူ တစ္ေယာက္ ျဖစ္လာ ခ်င္ရင္ ၾကင္နာစိတ္နဲ႔ ဆက္ဆံတဲ့ အေလ့အက်င့္ လုပ္သင့္ ပါတယ္။
(၅) သေဘာထားႀကီးပါ
ဖြင့္ထားတဲ့ စိတ္ဟာ အျမင္က်ယ္တဲ့ စိတ္ျဖစ္ ပါတယ္။ မတူညီတဲ့ လူေတြ ၊ သေဘာထားေတြနဲ႔ အျမင္ေတြကို နားေထာင္ေပး ႏိုင္တဲ့ လူဟာ ျပႆနာေတြကို ပိုၿပီး ေျဖရွင္ းႏိုင္ပါ ယ္။
သူ႔အျမင္ဟာ လူတစ္ေယာက္ခ်င္းစီရဲ႕ အျမင္ထက္ လူ႔အဖြဲ႕အစည္းကို လႊမ္းၿခဳံတဲ့ အျမင္ျဖစ္ဖို႔ ပိုၿပီးလည္း က်ယ္ျပန႔္နက္ရႈိင္းသလို အမွန္တရားနဲ႔လည္း ပိုနီးစပ္ ပါတယ္။
ဒါေၾကာင့္ပဲ သူ႔အျမင္ကို လူေတြက ေလးစား လက္ခံၾကၿပီး သူ႔ကို သေဘာက် ၾကတာ ျဖစ္ပါ တယ္။
ဆြဲေဆာင္မႈ ရွိတယ္ ဆိုတာ တန္ဖိုးႀကီး ေရေမႊးေတြ သုံးတာ ၊ နာမည္ႀကီး အဝတ္အစား Brand ေတြမွ ဝတ္တာမ်ိဳး မဟုတ္ပါဘူး။ လူေတြရဲ႕ အျမင္မွာ ႏွစ္လိုဖြယ္ေကာင္းတဲ့ အျပဳအမူနဲ႔ အေတြးအျမင္ရွိသူေတြဟာ ဆြဲေဆာင္မႈ ရွိသူ ျဖစ္တယ္ဆိုတာ မွတ္ထားေစခ်င္ ပါတယ္။
Credit to original writer
Unicode
ဆွဲဆောင်မှု မြင့်သူတွေမှာ ရှိတတ်တဲ့ အကျင့်လေးများ
လူတစ်ယောက် ကြည့်ကောင်းတယ် ဆိုတာ သူ့ရုပ်ရည် အပြင် ဉာဏ်ရည်ဉာဏ်သွေး ၊ ဝတ်ပုံစားပုံနဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေ အများကြီးနဲ့ ဆိုင်ပါ တယ်။ ဘယ်သူမဆို လူတွေ အကြားမှာ ပေါ်လွင်ထင်ရှားတဲ့သူ ၊ ဆွဲဆောင်မှု ရှိပြီး နှစ်လို ဖွယ်ကောင်းသူ ဖြစ်ချင် ကြတာပါပဲ။
ဒီတော့ ဆွဲဆောင်မှု မြင့်မားတဲ့ သူတွေရဲ့ အလေ့အကျင့်လေးတွေကို အတုခိုးမယ်ဆိုရင် သင်လည်း ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
(၁) ဟာသဉာဏ်ရှိပါစေ
ဘဝဆိုတာ ခက်ခဲကြမ်းတမ်းတော့ လူတွေဟာ ပျော်စရာကောင်းတဲ့ အရာတွေကို လိုချင်ကြပါတယ်။ ခက်ခဲနေချိန်မှာ ဟာသဉာဏ် ရွှင်တဲ့ လူတစ်ယောက်ရဲ့ စကား တစ်ခွန်းက တင်းမာနေတဲ့ အခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲပစ် နိုင်တယ် ဆိုတာ အားလုံးလည်း သိကြမှာပါ။
လူတွေဟာ ဇဝနဉာဏ်ထက် သန်သူကို ခင်မင်တတ်ပြီး အဲဒီလို ဟာသဉာဏ် ရွှင်မြူးသူအနားမှာ နေချင်ကြပါတယ်။ သင့်မှာ ဟာသ ဉာဏ်ကောင်းရင် လူတွေအကြားမှာ ပေါ်ပြူလာ ဖြစ်နေမှာပါ။
(၂) စိတ်အားထက်သန်မှု ရှိပါစေ
ရည်မှန်းချက်နဲ့ ထက်သန်ပြင်းပြတဲ့ စိတ်ဆန ္ဒရှိသူဟာ ဆွဲငင်အားကောင်း တဲ့သူ ဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ စိတ်အား ထက်သန်မှု ရှိသူဟာ ပြောတဲ့ စကားမှာ အားမာန် ပါသလို လုပ်တဲ့ အလုပ်မှာလည်း အားကျ စရာကောင်းအောင် လုပ်ကိုင် တတ်ပါ တယ်။
စိတ်ထဲမှာ ဝမ်းနည်းအားငယ်သူ ၊ ရှေ့ရေး ဝေဝါးနေသူဟာ စိတ်ခွန်အားမြင့်သူ ကို အားကျကြည်ညိုစရာအဖြစ် မြင်လာ တဲ့ အထိ သူဟာ ဆွဲဆောင်မှု ရှိနေပါတယ်။
(၃) ယုံကြည်မှု ရှိပါစေ
ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူဟာလည်း တစ်မျိုးကြည့်ကောင်းနေတတ်ပါတယ်။ ဒါဟာ ရုပ်အဆင်းနဲ့ မဆိုင်ဘဲ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ရဲ့ အစွမ်းကြောင့်လို့ ဆိုရမှာပါ။
ကျွန်တော်တို့ အများစုဟာ အနာဂါတ်ကို ကြောက်တဲ့ စိတ် ၊ ကိုယ့်စွမ်းကိုယ်စပေါ် သံသယဝင်တဲ့ စိတ်နဲ့ နေထိုင်ကြတာ ဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူကို မြင်ရတိုင်း စိတ်ထဲမှာ နှစ်သက် သဘောကျ သွားတတ်တာ သဘာဝ ဖြစ်ပါတယ်။
(၄) ကြင်နာမှု ရှိပါစေ
လူတွေနဲ့ ဆက်ဆံရာမှာ အကြီး ၊ အငယ် ၊ အရွယ်အလတ်မရွေး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံတတ်ခြင်း ကလည်း ဆွဲဆောင်မှုရှိသူတွေရဲ့ အလေ့အထ ထဲက တစ်ခုပါပဲ။
လူတွေကို စာနာစိတ်ထား ဆက်ဆံတာ ၊ ကရုဏာရှေးရှုတဲ့ စိတ်နဲ့ ပြုမူဆောင်ရွက် တာကို မြင်တိုင်း ၊ ကြားတိုင်းမှာ ကျွန်တော်တို့ ကြည်နူ းနှစ်သက် သွားသလို အဲ့ဒီလို ကြင်နာစိတ်ရှိ သူကို လည်း လူကောင်း တစ်ယောက် အဖြစ် သဘောကျ တတ်ပါ တယ် ။
သင်လည်း လူတွေကြားမှာ ဆွဲငင်အားကောင်းသူ တစ်ယောက် ဖြစ်လာ ချင်ရင် ကြင်နာစိတ်နဲ့ ဆက်ဆံတဲ့ အလေ့အကျင့် လုပ်သင့် ပါတယ်။
(၅) သဘောထားကြီးပါ
ဖွင့်ထားတဲ့ စိတ်ဟာ အမြင်ကျယ်တဲ့ စိတ်ဖြစ် ပါတယ်။ မတူညီတဲ့ လူတွေ ၊ သဘောထားတွေနဲ့ အမြင်တွေကို နားထောင်ပေး နိုင်တဲ့ လူဟာ ပြဿနာတွေကို ပိုပြီး ဖြေရှင် းနိုင်ပါ ယ်။
သူ့အမြင်ဟာ လူတစ်ယောက်ချင်းစီရဲ့ အမြင်ထက် လူ့အဖွဲ့အစည်းကို လွှမ်းခြုံတဲ့ အမြင်ဖြစ်ဖို့ ပိုပြီးလည်း ကျယ်ပြန့်နက်ရှိုင်းသလို အမှန်တရားနဲ့လည်း ပိုနီးစပ် ပါတယ်။
ဒါကြောင့်ပဲ သူ့အမြင်ကို လူတွေက လေးစား လက်ခံကြပြီး သူ့ကို သဘောကျ ကြတာ ဖြစ်ပါ တယ်။
ဆွဲဆောင်မှု ရှိတယ် ဆိုတာ တန်ဖိုးကြီး ရေမွှေးတွေ သုံးတာ ၊ နာမည်ကြီး အဝတ်အစား Brand တွေမှ ဝတ်တာမျိုး မဟုတ်ပါဘူး။ လူတွေရဲ့ အမြင်မှာ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူနဲ့ အတွေးအမြင်ရှိသူတွေဟာ ဆွဲဆောင်မှု ရှိသူ ဖြစ်တယ်ဆိုတာ မှတ်ထားစေချင် ပါတယ်။
No Comments