
သင့္ကို အမ်ိဳးသမီးေတြ သေဘာမေတြ႕တဲ့ စိတ္ဝင္စားစရာ အခ်က္မ်ား
မိန္းကေလးတိုင္း စိတ္ဝင္စား ခံရတဲ့ လူတစ္ေယာက္ျဖစ္ဖို႔ ဆိုတာ သိပ္ေတာ့ မလြယ္ပါဘူး။ သင့္မွာ ထိုက္သင့္တဲ့ ႐ုပ္ရည္ ၊ ပညာနဲ႔ ပစၥည္းဥစၥာ ရွိရင္ေတာင္ မိန္းကေလးေတြရဲ႕ ေခါင္းထဲက ေပတံမွာ တန္းမဝင္တာမ်ိဳး ျဖစ္ႏိုင္ ပါတယ္။
ဒီတစ္ခါမွာေတာ့ မိန္းကေလးေတြ စိတ္ဝင္စားေအာင္ ဘယ္လို ေနရမလဲ ဆိုတာထက္ သူတို႔စိတ္ထဲ လူတစ္ေယာက္ကို အာ႐ုံမလာတဲ့ အေၾကာင္းရင္း တစ္ခ်ိဳ႕ကို မွ်ေဝ ခ်င္တာပါ။
(၁) သူမေလာက္ ေငြမရွာႏိုင္သူ
၂၀၁၅ ခုႏွစ္က စီးပြားေရး ဂ်ာနယ္ တစ္ေစာင္ကေန လူေတြရဲ႕ အျပဳအမူေတြကို စစ္တမ္း ထုတ္ခဲ့ ပါတယ္။ ဒီေလ့လာခ်က္ အရ အမ်ိဳးသမီးေတြဟာ သူ႔ ေယာက်ၤားထက္ ဝင္ေငြ ပိုေကာင္းရင္ အဲ့မိသားစု ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ဖို႔ နည္းသြား တယ္တဲ့။
အမ်ိဳးသမီးက အိမ္ေထာင္မႈ ဦးေဆာင္ ရတယ္ ဆိုရင္ ပိုေတာင္ ဆိုးပါတယ္။ အမ်ိဳးသမီးေတြဟာ သူတို႔ေလာက္ မစြမ္းေဆာင္ႏိုင္တဲ့ ေယာက်ၤားကို အထင္ေတာင္ ေသးတတ္ ပါတယ္။
(၂) ေပ်ာ္ေပ်ာ္ေနတတ္လြန္းသူ
ဒီအခ်က္ကလည္း စိတ္ဝင္စား စရာပါ။ ၂၀၁၁ ခုႏွစ္က သုေတသီေတြဟာ ဆန႔္က်င္ဘက္ က်ား/မ ေတြရဲ႕ ဓါတ္ပုံေပါင္း ၁၀၀၀ ကို သုံးၿပီး လူေတြရဲ႕ ဆြဲေဆာင္မႈကို ေလ့လာ ခဲ့ၾက ပါတယ္။
ေလ့လာမႈအရ မိန္းကေလးေတြ စိတ္ထဲမွာ ဆြဲေဆာင္မႈ ရွိတယ္လို႔ ထင္သူရဲ႕ ပုံဟာ မာနဝင္ေနတဲ့ သူေတြရဲ႕ ပုံေတြ ျဖစ္ေန ပါတယ္။ ေနာက္ထပ္ ထူးဆန္း တာက ေပ်ာ္႐ႊင္တဲ့ပုံ ေပါက္ေနခ်ိန္မွာ ဆြဲေဆာင္မႈ သိပ္မရွိဘူးလို႔လည္း ထင္ၾကတယ္လို႔ စစ္တမ္းက ဆိုပါတယ္။
ေယာက်ၤားေလးေတြ ကေတာ့ ေျပာင္းျပန္ပါ။ သူတို ႔ကေတာ့ မိန္းကေလးေတြ ေပ်ာ္ေနရင္ ဆြဲေဆာင္မႈ ရွိတယ္လို႔ ထင္ၿပီး မာနႀကီးတဲ့ ပုံဆိုရင္ စိတ္ထဲ ဆြဲေဆာင္မႈ ရွိတယ္ မထင္ဘူးလို႔ ေျပာပါတယ္။
(၃) သူမကို အထင္ႀကီးသူ
ယုံခ်င္မွ ယုံပါ။ မိန္းကေလးေတြဟာ သူတို႔ကို မင္းသမီးေလးလို ဆက္ဆံသူေတြကို သိပ္သေဘာမေတြ႕ပါဘူးတဲ့။
၂၀၁၄ ခုႏွစ္က လူမႈဘဝနဲ႔ တစ္ဦးခ်င္း ဆက္ဆံေရး ဂ်ာနယ္ကေန ေတြ႕ဆုံခဲ့တဲ့ စုံတြဲ ၉၉ ခုကို ေလ့လာ ရာမွာ မိန္းကေလးေတြဟာ သူတို႔ကို လမ္းၫႊန္ ကြပ္ကဲ ႏိုင္တဲ့
ေယာက်ၤားကို သေဘာေတြ႕တယ္လို႔ ဆို ပါတယ္။ သူတို႔ကို ေျမႇာက္ပင့္လိမ္ညာေနတဲ့ ေယာက်ၤားေလးေတြကို စိတ္မပါ ပါဘူးတဲ့။
(၄) သန႔္သန႔္ျပန႔္ျပန႔္ ေနထိုင္မႈ အားနည္းသူ
မိန္းကေလး ၁၀ ေယာက္မွာ ၉ ေယာက္ဟာ တစ္ကိုယ္ေရ သန႔္ရွင္းမႈ အားနည္းတဲ့ ေယာက်ၤားေလးေတြကို သေဘာမက် ၾကပါဘူး။ သင့္ဆံပင္က ဖိုး႐ိုးဖားယား ၊သင့္ကိုယ္နံ ႔ကလည္း ဆိုးဆိုး႐ြား႐ြား ဆိုရင္ သင္ အနားကပ္ လာတာကို မႀကိဳက္တဲ့ မိန္းကေလးေတြလည္း အမ်ားသား ျဖစ္မွာပါ။
Credit to original writer
Unicode
သင့်ကို အမျိုးသမီးတွေ သဘောမတွေ့တဲ့ စိတ်ဝင်စားစရာ အချက်များ
မိန်းကလေးတိုင်း စိတ်ဝင်စား ခံရတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ သင့်မှာ ထိုက်သင့်တဲ့ ရုပ်ရည် ၊ ပညာနဲ့ ပစ္စည်းဥစ္စာ ရှိရင်တောင် မိန်းကလေးတွေရဲ့ ခေါင်းထဲက ပေတံမှာ တန်းမဝင်တာမျိုး ဖြစ်နိုင် ပါတယ်။
ဒီတစ်ခါမှာတော့ မိန်းကလေးတွေ စိတ်ဝင်စားအောင် ဘယ်လို နေရမလဲ ဆိုတာထက် သူတို့စိတ်ထဲ လူတစ်ယောက်ကို အာရုံမလာတဲ့ အကြောင်းရင်း တစ်ချို့ကို မျှဝေ ချင်တာပါ။
(၁) သူမလောက် ငွေမရှာနိုင်သူ
၂၀၁၅ ခုနှစ်က စီးပွားရေး ဂျာနယ် တစ်စောင်ကနေ လူတွေရဲ့ အပြုအမူတွေကို စစ်တမ်း ထုတ်ခဲ့ ပါတယ်။ ဒီလေ့လာချက် အရ အမျိုးသမီးတွေဟာ သူ့ ယောင်္ကျားထက် ဝင်ငွေ ပိုကောင်းရင် အဲ့မိသားစု ဟာ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ နည်းသွား တယ်တဲ့။
အမျိုးသမီးက အိမ်ထောင်မှု ဦးဆောင် ရတယ် ဆိုရင် ပိုတောင် ဆိုးပါတယ်။ အမျိုးသမီးတွေဟာ သူတို့လောက် မစွမ်းဆောင်နိုင်တဲ့ ယောင်္ကျားကို အထင်တောင် သေးတတ် ပါတယ်။
(၂) ပျော်ပျော်နေတတ်လွန်းသူ
ဒီအချက်ကလည်း စိတ်ဝင်စား စရာပါ။ ၂၀၁၁ ခုနှစ်က သုတေသီတွေဟာ ဆန့်ကျင်ဘက် ကျား/မ တွေရဲ့ ဓါတ်ပုံပေါင်း ၁၀၀၀ ကို သုံးပြီး လူတွေရဲ့ ဆွဲဆောင်မှုကို လေ့လာ ခဲ့ကြ ပါတယ်။
လေ့လာမှုအရ မိန်းကလေးတွေ စိတ်ထဲမှာ ဆွဲဆောင်မှု ရှိတယ်လို့ ထင်သူရဲ့ ပုံဟာ မာနဝင်နေတဲ့ သူတွေရဲ့ ပုံတွေ ဖြစ်နေ ပါတယ်။ နောက်ထပ် ထူးဆန်း တာက ပျော်ရွှင်တဲ့ပုံ ပေါက်နေချိန်မှာ ဆွဲဆောင်မှု သိပ်မရှိဘူးလို့လည်း ထင်ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။
ယောင်္ကျားလေးတွေ ကတော့ ပြောင်းပြန်ပါ။ သူတို့ကတော့ မိန်းကလေးတွေ ပျော်နေရင် ဆွဲဆောင်မှု ရှိတယ်လို့ ထင်ပြီး မာနကြီးတဲ့ ပုံဆိုရင် စိတ်ထဲ ဆွဲဆောင်မှု ရှိတယ် မထင်ဘူးလို့ ပြောပါတယ်။
(၃) သူမကို အထင်ကြီးသူ
ယုံချင်မှ ယုံပါ။ မိန်းကလေးတွေဟာ သူတို့ကို မင်းသမီးလေးလို ဆက်ဆံသူတွေကို သိပ်သဘောမတွေ့ပါဘူးတဲ့။
၂၀၁၄ ခုနှစ်က လူမှုဘဝနဲ့ တစ်ဦးချင်း ဆက်ဆံရေး ဂျာနယ်ကနေ တွေ့ဆုံခဲ့တဲ့ စုံတွဲ ၉၉ ခုကို လေ့လာ ရာမှာ မိန်းကလေးတွေဟာ သူတို့ကို လမ်းညွှန် ကွပ်ကဲ နိုင်တဲ့
ယောင်္ကျားကို သဘောတွေ့တယ်လို့ ဆို ပါတယ်။ သူတို့ကို မြှောက်ပင့်လိမ်ညာနေတဲ့ ယောင်္ကျားလေးတွေကို စိတ်မပါ ပါဘူးတဲ့။
(၄) သန့်သန့်ပြန့်ပြန့် နေထိုင်မှု အားနည်းသူ
မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်ဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ ယောင်္ကျားလေးတွေကို သဘောမကျ ကြပါဘူး။ သင့်ဆံပင်က ဖိုးရိုးဖားယား ၊သင့်ကိုယ်နံ့ကလည်း ဆိုးဆိုးရွားရွား ဆိုရင် သင် အနားကပ် လာတာကို မကြိုက်တဲ့ မိန်းကလေးတွေလည်း အများသား ဖြစ်မှာပါ။
No Comments