
လူတစ်ယောက်ဟာ မွေးဖွား ခါစ မှာတော့ မိဘဆွေးမျိုးတွေရဲ့ ထောက်ပံ့မူတွေနဲ့ ကြီးပြင်လာရတဲ့အခါမှာ တော့ ဒုက္ခ ဆိုတာ မခံစား ရသေး ပါဘူး။
ခရက်ဒစ်
ယူနီုကုတ်
ဘဝကို သတ္တိရှိရှိ ဖြတ်သန်းလိုက်ဖို့ မကြောက်ပါနဲ့
လူတစ်ယောက်ဟာ မွေးဖွား ခါစ မှာတော့ မိဘဆွေးမျိုးတွေရဲ့ ထောက်ပံံ့မူတွေနဲ့ ကြီးပြင်လာရတဲ့အခါမှာ တော့ ဒုက္ခ ဆိုတာ မခံစား ရသေး ပါဘူး။
ကြီးပြင် လာပြီး ကိုယ်ခြေထောက်ပေ ါ်ကိုယ်ရပ်တည် ချိန်ခါကျမှ ဒုက္ခ ဆိုတာ ကိုတွေ့ကြုံခံစား ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကံကြောင်း မလှလို့ ငယ်ငယ်လေးနဲ့ ဒုက္ခမျိုး စုံခံစား ခဲ့ရတဲ့ သူတွေလည်း အများကြီး ပါ။
လူတစ်ယောက်ဟာ ဒီလူ ဘဝကြီးကို ဖြတ်သန်းချိန်မှာ ဘဝ အတက်အကျ အလှည့်အပြောင်းတွေ ကို ခံစားရ စမြဲဖြစ် ပါတယ်။ လူဘဝကြီး ဟာလည်း ဒီအတိုင်းငြိမ်ပြီး မနေဘူးလေ။ ပျော်ရွင်တဲ့ အခါရှိသလို၊ ဝမ်းနည်း တဲ့အခါ လည်းရှိ ပါတယ်။
ဆင်းရဲတယ်၊ ချမ်းသာတယ်၊ နှိမ့်ကျတယ်၊ မြင့်မြတ်တယ်၊ အကောင်း အဆိုးတွဲနေ တတ်တယ်။ စာမေးပွဲအောင်လိုပဲ ဖြစ်ဖြစ်၊ စာ မေးပွဲကျ လို့ပဲဖြစ်ဖြစ်၊ ဘဝတွေ ပြောင်းလဲ သွားတတ်ကြ တယ်။ ရည်းစားရတဲ့ အချိန် ရည်းစားနဲ့ ကွဲတဲ့ အချိန် မတူညီတဲ့ ခံစားချက်တွေနဲ့ ဖြတ်သန်းကြ ရတယ်။
ချမ်းသာတဲ့ အချိန်မှာ ရှိတဲ့ စိတ် ခံစားချက်တွေ ယုံကြည် ချက်တွေဟာ ဆင်းရဲတဲ့ သူတစ်ယောက်ရဲ့ စိတ်ခံစား ချက်နဲ့ ကွာခြား သွားတယ်။
ဒါကြောင့် လူတွေ အနေနဲ့ ဘဝရဲ့အပြောင်းလဲတွေ ကြား ထဲ မှာ စိတ်ပျက်စရာ မလို၊ ဘဝင်မြင့် စရာလည်း မလိုဘဲ၊ ကြုံ လာ သ မျှ ကို ကြံကြံ ခိုင်နိုင်ဖို့ စိတ်ဓာတ်
ကျတဲ့အခါလည်း ယိုင်လဲမသွားဖို့ အရေးကြီး ပါတယ်။ အား လုံးပျော်ရွင် တဲ့ ဘဝ တစ်ခုကို သတိရှိရှိ ဖြတ် သန်း နိုင် ကြ ပ ါစေ။
No Comments