
ဖုန္းအသုံးမ်ားတဲ့ သူေတြ ဖတ္ၾကည့္သင့္ပါတယ္
ယေန႔ေခတ္တြင္ လူတိုင္းနီးပါး ဖုန္း အသုံးျပဳ ႏိုင္ၾက ပါတယ္။ ထို႔ေၾကာင့္ ေကာင္းက်ိဳး မ်ားလည္း ရွိသလို ဆိုးက်ိဳး မ်ားစြာ လည္း ရွိပါ တယ္။
လူတိုင္းနီးပါး အသုံးျပဳ မ်ားတာေၾကာင့္ ေကာင္းက်ိဳးမ်ားကို သိႏွင့္ၿပီး ျဖစ္မွာမယ္လို႔ ယုံၾကည္ ပါတယ္။ ယခုအခါ သတိျပဳ ဆင္ျခင္ႏိုင္ရန္အတြက္ ဖုန္း အသုံးမ်ားျခင္း၏ ဆိုးက်ိဳးမ်ားကို ေဖာ္ျပေပးလိုက္ ပါတယ္။
(၁) ေငြေၾကးအကုန္အက် မ်ားျခင္း
သိပ္ကို ႐ိုးရွင္းလြန္းတဲ့ အခ်က္ တစ္ခုပါ။ ဖုန္းေဘလ္ အတြက္ ပဲျဖစ္ျဖစ္၊ Handset အတြက္ ပဲျဖစ္ျဖစ္ ေငြေၾကး အကုန္အက် မ်ားလြန္ းပါတယ္။
အထူးသျဖင့္ ဖုန္းေဘလ္ အတြက္ ဆိုရင္ အခုေခတ္ လူငယ္ ေတာ္ေတာ္ မ်ားမ်ားက မႏွေျမာဘဲ အသုံးျပဳေန ၾကပါ တယ္။ အကန႔္အသတ္ တစ္ခု ထားၿပီး အသုံးျပဳမယ္ဆိုရင္ သင့္အတြက္ ပိုထြက္လာတဲ့ ဒီေငြေၾကာင့္ တျခားအက်ိဳ းရွိတာ သုံးႏိုင္ မွာပါ။
(၂) လုပ္ငန္းခြင္ကို ထိခိုက္ေစျခင္း
တစ္ခ်ိဳ႕အလုပ္ေတြ မွာဆို လုပ္ငန္းခ်ိန္ အတြင္း ဖုန္းမသုံးရ ဆိုတဲ့ စည္းကမ္းေတြေတာင္ ထုတ္ျပန္လာတာကို ေတြ႕ရမွာပါ။
လုပ္ငန္း ခြင္မွာ ဖုန္းသုံးျခင္းက သင့္ကို အထက္ လူႀကီးက အထင္ေသးေစၿပီး သင့္ရဲ႕ လုပ္ငန္း ကိုလည္း ထိခိုက္ေစ ပါ တယ္ ။
(၃) က်န္းမာေရးထိခိုက္ေစျခင္း
အရင္တုန္းကဆို ဂိမ္းေဆာ့ရင္ေတာင္ တီဗီ၊ ကြန္ပ်ဴတာ စသည္ျဖင့္ ေဆာ့ၾကေပမဲ့ ယေန႔ေခတ္ မွာေတာ့ ဖုန္းကေတာ့ “All in one” ပါပဲ။
ဒါ့ေၾကာင့္ ဖုန္းအသုံးမ်ား လြန္းရင္ ညအိပ္ မေပ်ာ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မ်က္႐ိုးကိုက္ျခင္း၊ အာ႐ုံေၾကာ ထိခိုက္ျခင္းႏွင့္ အျခားေဝဒနာ မ်ားလည္း ခံစား ရႏိုင္ ပါတယ္။ သင္သာ ဒီလိုေဝဒနာေတြ ခံစားေနရၿပီဆို ဖုန္းအသုံးျပဳျခင္းကို ေလွ်ာ့ပစ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။
(၄) လူမႈဆက္ဆံေရး ညံ့ဖ်င္းလာျခင္း
ကိုယ္တိုင္လည္း ျဖစ္ဖူး မွာပါ။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့ အခ်ိန္၊ မိတ္ဆုံ စားပြဲအခ်ိန္၊ မိသားစုနဲ႔ အတူေနတဲ့ အခ်ိန္၊ meeting စသည္ျဖင့္ အေရးႀကီးတဲ့ လူမႈဆက္ဆံေရးေတြမွာ ဖုန္းသုံးေန တာေၾကာင့္
ပတ္ဝန္းက်င္ ကေတာင္ ကိုယ့္ကို ဖုန္းသုံး တာ ရပ္ဖို႔ သတိေပးလာ ရၿပီ ဆိုရင္ေတာ့ သင္ တကယ့္ကို ဆင္ျခင္သင့္ ပါၿပီ။ တန္ဖိုးရွိတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ ဖုန္းအသုံးျပဳျခင္းကို မလဲ လိုက္ပါနဲ႔။
(၅) အခ်ိန္ကုန္ဆုံးေစျခင္း
ဖုန္းထဲကို အာ႐ုံေရာက္ေန တာေၾကာင့္ သင့္ရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို လြယ္ကူစြာ ကုန္ဆုံးေစ ပါတယ္။ ဖုန္း အသုံးျပဳျခင္ းကိုသာ ေလွ်ာ့ခ် လိုက္မယ္ ဆို သင့္ရဲ႕ အခ်ိန္ေတြမွာ အျခားေသာ အက်ိဳးမ်ားတဲ့ ဘာသာရပ္ေတြ၊ ဗဟုသုတ ေတြကို ေလ့လာ ႏိုင္ မွာပါ။
(၆) အထီးက်န္မႈ ခံစားရေစျခင္း
ကိုယ္က ဖုန္းအသုံးျပဳေနတာေၾကာင့္ ပတ္ဝန္း က်င္ျဖစ္ျဖစ္၊ မိသားစုကျဖစ္ျဖစ္ ကိုယ့္ကို စကားမေျပာတာမ်ိဳး၊ အျပင္သြား လာဖို႔ မေခၚ တာမ်ိဳး ျဖစ္ႏိုင္ ပါတယ္။ ဒီလိုနဲ႔ပဲ သင္နဲ႔ ဖုန္းက သက္သက္၊ ပတ္ဝန္းက်င္က သက္သက္ ျဖစ္လာၿပီး သင္ အထီးက်န္မႈကို ခံစားရ လာႏိုင္ ပါတယ္။
(၇) အတုယူ မွားေစျခင္း
အခုေခတ္ လူမႈကြန္ယက္ေပၚမွာ နာမည္ႀကီး ခ်င္ၾက တာေၾကာင့္ လုပ္သင့္တာ / မလုပ္သင့္တာကို မစဥ္းစားေတာ့ပဲ အတုယူ မွားလာၾက ပါတယ္။
အားမက်သင့္ တဲ့သူကို အားက်မိ တာေၾကာင့္ ေနာက္ဆုံးေတာ့ ထိခိုက္တာ ကိုယ္ပဲ ျဖစ္ပါ လိမ့္မယ္။ လူႀကီးေတြ ဆုံးမမႈကို မွန္ကန္တယ္ မထင္ေတာ့ဘဲ လူမႈကြန္ယက္က ျဖစ္ပ်က္မႈကို အမွန္ထင္လာရင္ သင္ မွားေနၿပီလို႔ ေတြးသင့္ ပါတယ္။
(၈) ယဥ္ေက်းမႈကို ထိခိုက္ေစျခင္း
အခုေခတ္ လူမႈ ကြန္ယက္ေပၚမွာ သုံးေနတဲ့ စကားလုံး အသုံးအႏႈန္းေတြ၊ အျပဳအမူေတြေၾကာင့္ ျမန္မာ့ ယဥ္ေက်းမႈကို ထိခိုက္ေစ ပါတယ္။ မိန္းကေလးေတြရဲ႕ အိေျႏၵ၊ သိကၡာကိုလည္း ထိခိုက္ ႏိုင္တာေၾကာင့္ တခ်ိဳ႕ စကား အသုံးအႏႈန္းေတြ ကိုလည္း ဆင္ျခင္သင့္ ပါတယ္။
Credit to Original writer
Unicode
ဖုန်းအသုံးများတဲ့ သူတွေ ဖတ်ကြည့်သင့်ပါတယ်
ယနေ့ခေတ်တွင် လူတိုင်းနီးပါး ဖုန်း အသုံးပြု နိုင်ကြ ပါတယ်။ ထို့ကြောင့် ကောင်းကျိုး များလည်း ရှိသလို ဆိုးကျိုး များစွာ လည်း ရှိပါ တယ်။
လူတိုင်းနီးပါး အသုံးပြု များတာကြောင့် ကောင်းကျိုးများကို သိနှင့်ပြီး ဖြစ်မှာမယ်လို့ ယုံကြည် ပါတယ်။ ယခုအခါ သတိပြု ဆင်ခြင်နိုင်ရန်အတွက် ဖုန်း အသုံးများခြင်း၏ ဆိုးကျိုးများကို ဖော်ပြပေးလိုက် ပါတယ်။
(၁) ငွေကြေးအကုန်အကျ များခြင်း
သိပ်ကို ရိုးရှင်းလွန်းတဲ့ အချက် တစ်ခုပါ။ ဖုန်းဘေလ် အတွက် ပဲဖြစ်ဖြစ်၊ Handset အတွက် ပဲဖြစ်ဖြစ် ငွေကြေး အကုန်အကျ များလွန် းပါတယ်။
အထူးသဖြင့် ဖုန်းဘေလ် အတွက် ဆိုရင် အခုခေတ် လူငယ် တော်တော် များများက မနှမြောဘဲ အသုံးပြုနေ ကြပါ တယ်။ အကန့်အသတ် တစ်ခု ထားပြီး အသုံးပြုမယ်ဆိုရင် သင့်အတွက် ပိုထွက်လာတဲ့ ဒီငွေကြောင့် တခြားအကျို းရှိတာ သုံးနိုင် မှာပါ။
(၂) လုပ်ငန်းခွင်ကို ထိခိုက်စေခြင်း
တစ်ချို့အလုပ်တွေ မှာဆို လုပ်ငန်းချိန် အတွင်း ဖုန်းမသုံးရ ဆိုတဲ့ စည်းကမ်းတွေတောင် ထုတ်ပြန်လာတာကို တွေ့ရမှာပါ။
လုပ်ငန်း ခွင်မှာ ဖုန်းသုံးခြင်းက သင့်ကို အထက် လူကြီးက အထင်သေးစေပြီး သင့်ရဲ့ လုပ်ငန်း ကိုလည်း ထိခိုက်စေ ပါ တယ် ။
(၃) ကျန်းမာရေးထိခိုက်စေခြင်း
အရင်တုန်းကဆို ဂိမ်းဆော့ရင်တောင် တီဗီ၊ ကွန်ပျူတာ စသည်ဖြင့် ဆော့ကြပေမဲ့ ယနေ့ခေတ် မှာတော့ ဖုန်းကတော့ “All in one” ပါပဲ။
ဒါ့ကြောင့် ဖုန်းအသုံးများ လွန်းရင် ညအိပ် မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အာရုံကြော ထိခိုက်ခြင်းနှင့် အခြားဝေဒနာ များလည်း ခံစား ရနိုင် ပါတယ်။ သင်သာ ဒီလိုဝေဒနာတွေ ခံစားနေရပြီဆို ဖုန်းအသုံးပြုခြင်းကို လျှော့ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၄) လူမှုဆက်ဆံရေး ညံ့ဖျင်းလာခြင်း
ကိုယ်တိုင်လည်း ဖြစ်ဖူး မှာပါ။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အချိန်၊ မိတ်ဆုံ စားပွဲအချိန်၊ မိသားစုနဲ့ အတူနေတဲ့ အချိန်၊ meeting စသည်ဖြင့် အရေးကြီးတဲ့ လူမှုဆက်ဆံရေးတွေမှာ ဖုန်းသုံးနေ တာကြောင့်
ပတ်ဝန်းကျင် ကတောင် ကိုယ့်ကို ဖုန်းသုံး တာ ရပ်ဖို့ သတိပေးလာ ရပြီ ဆိုရင်တော့ သင် တကယ့်ကို ဆင်ခြင်သင့် ပါပြီ။ တန်ဖိုးရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ ဖုန်းအသုံးပြုခြင်းကို မလဲ လိုက်ပါနဲ့။
(၅) အချိန်ကုန်ဆုံးစေခြင်း
ဖုန်းထဲကို အာရုံရောက်နေ တာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လွယ်ကူစွာ ကုန်ဆုံးစေ ပါတယ်။ ဖုန်း အသုံးပြုခြင် းကိုသာ လျှော့ချ လိုက်မယ် ဆို သင့်ရဲ့ အချိန်တွေမှာ အခြားသော အကျိုးများတဲ့ ဘာသာရပ်တွေ၊ ဗဟုသုတ တွေကို လေ့လာ နိုင် မှာပါ။
(၆) အထီးကျန်မှု ခံစားရစေခြင်း
ကိုယ်က ဖုန်းအသုံးပြုနေတာကြောင့် ပတ်ဝန်း ကျင်ဖြစ်ဖြစ်၊ မိသားစုကဖြစ်ဖြစ် ကိုယ့်ကို စကားမပြောတာမျိုး၊ အပြင်သွား လာဖို့ မခေါ် တာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုနဲ့ပဲ သင်နဲ့ ဖုန်းက သက်သက်၊ ပတ်ဝန်းကျင်က သက်သက် ဖြစ်လာပြီး သင် အထီးကျန်မှုကို ခံစားရ လာနိုင် ပါတယ်။
(၇) အတုယူ မှားစေခြင်း
အခုခေတ် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီး ချင်ကြ တာကြောင့် လုပ်သင့်တာ / မလုပ်သင့်တာကို မစဉ်းစားတော့ပဲ အတုယူ မှားလာကြ ပါတယ်။
အားမကျသင့် တဲ့သူကို အားကျမိ တာကြောင့် နောက်ဆုံးတော့ ထိခိုက်တာ ကိုယ်ပဲ ဖြစ်ပါ လိမ့်မယ်။ လူကြီးတွေ ဆုံးမမှုကို မှန်ကန်တယ် မထင်တော့ဘဲ လူမှုကွန်ယက်က ဖြစ်ပျက်မှုကို အမှန်ထင်လာရင် သင် မှားနေပြီလို့ တွေးသင့် ပါတယ်။
(၈) ယဉ်ကျေးမှုကို ထိခိုက်စေခြင်း
အခုခေတ် လူမှု ကွန်ယက်ပေါ်မှာ သုံးနေတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ အပြုအမူတွေကြောင့် မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေ ပါတယ်။ မိန်းကလေးတွေရဲ့ အိန္ဒြေ၊ သိက္ခာကိုလည်း ထိခိုက် နိုင်တာကြောင့် တချို့ စကား အသုံးအနှုန်းတွေ ကိုလည်း ဆင်ခြင်သင့် ပါတယ်။
No Comments