
Credit:Original uploader.
Unicode
” တိတ်ဆိတ်ခြင်းဟာ ပညာပဲ”
“ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့ မလဲ ရှိတာပေါ့ ရှိပေမယ့် လည်း ဒီဒေါသကို ထုတ်မပြ နိုင်တာ က ပညာပဲ” “မခံစား ရဘူးတော့ ဘယ်ဟုတ်ပါ့ မလဲ ခံစားရ တာပေါ့ ခံစား ရပေမယ့် လည်း မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ် နိုင်တာက ပညာပဲ”
“ဝမ်းမနည်း တတ် တာတော့ ဘယ်ဟုတ်ပါ့ မလဲ ဝမ်းနည်းတတ် တာပေါ့ ဝမ်းနည်းပေမယ့် လည်း…
လူတကာကို လှပ်ပြပြီ းပြောပြမနေ တော့တာက ပညာ ပဲ”
“လူပဲ ခံစားချက်ကတော့ အသက်ရှင် နေသ၍ ရှိနေဦး မှာပဲ ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြ မလဲ ဆို တာပဲ ကွာသွား ကြ တယ်”
“ဖေါ်ပြလို့ မထူးဘူး ဆိုရင် ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှား ရမှာပဲ”
“ဒေါသ ရှိတိုင်း ထုတ်ပြ ရင် ကိုယ်ပဲ ဒေါသကြီးတယ် ဆိုတဲ့ နာမည်ရ သွားမယ် ဘာကြောင့် ဒေါသတွေကြီး လဲ ဆိုတာ ကိုတော့… သိကြမှာ မဟုတ်ဘူး”
“ခံစားချက်တိုင်း ထုတ်ပြနေရင် ကိုယ့်အားနည်း ချက် လူသိတာပဲ အဖတ် တင်တယ် ကိုယ့်ခံစား ရတာ သူတို့က ပြေလည်အောင် လုပ်ပေး နိုင်တာ မှ မဟုတ်တာ”
“ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အားပျော့ တာပဲ လူသိတယ် ဖေးမ ကူညီမှာ ထက် ဝေဖန်တဲ့ လူတွေက ခပ်များများ ဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ”
“လူဖြစ်လာ ပေမယ့်လည်း ဒီလူတွေနဲ့နေဖို့ ဆိုတာ တော်တော်လေး အထာကျပြီး ရင့်ကျက် နိုင်မှ တော်ကာ ကျတယ်”
“ဒီလို ရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာ ကလည်း တော်တော် လေးကို ခက္တာ”
“တိတ်ဆိတ် နေနိုင်ဖို့ ဆိုတာ ဟာ တကယ့် ပညာ ပါဘဲ လောက အ လယ်… ရင့်ကျက်ဖို့ သင်ယူကြ ရပေ ဦးမည် ဒီကြားထဲတော့… အတတ်နိုင်ဆုံး တိတ်ဆိတ်နေ လိုက် ပါ့ မယ်”။
No Comments