XYZ
Unicode
သဝန်တိုတာ အချစ်လား ၊မိမိအတ္တအတွက် တစ်ဖက်သားကို ချုပ်ချယ်ခြင်းလား
သဝန်တိုခြင်းနဲ့ အချစ်
သဝန်တိုတယ် ဆိုတာ ချစ်ပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ်တော့ မိမိအတ္တအတွက် တစ်ဖက်သားကို ချုပ်ချယ်ခြင်း တစ်မျိုးပါ။
မိမိချစ်သူရဲ့အချစ်တွေ အကုန်လုံး မိမိတစ်ယောက်ထဲ သိမ်းပိုက် ချင်တယ် ဆိုပေမယ့် အကြောင်းအကျိုးဆင်ခြင်မှု့ မရှိပဲ နေရတကာ လိုက်ပြီး သဝန်တိုနေမယ် ဆိုရင် ချစ်သူကို မွန်းကြပ်နေစေ ပါလိမ့်မယ်။
တကယ်က ကိုယ်ချစ်သူ သူများနောက် မပါသွားစေ ချင်ရင် ကိုယ်ပို ချစ်ပေးပါ။ ပိုပြီး တန်ဖိုးထား ဆက်ဆံပေးပါ။
ကိုယ်ချစ်သူ သူများနောက်ပါ သွားမှာ စိုးလို့ စိတ်ပူတယ် ဆိုတိုင်း ရေရာသေချာတဲ့ အကြောင်းအကျိုး ခိုင်လုံမှု့ မရှိပဲ နေရာတကာ သဝန်တို နေမယ် ဆိုရင် တဖက်သားကို အနေခက်နေစေ ပါ လိမ့်မယ် ။
သိပ်ချစ်လို့ိ ဆိုပေမယ့် ခဏခဏ ဟိုလူနဲ့ သဝန်တို ဒီလူနဲ့ သဝန်တို နေခြင်းက တဖက်သား အတွက် အရှင်လတ်လတ် သတ်စားခံနေ ရသလို ပါပဲ။ မွန်းကြပ်စေ သလို အချုပ်နှောင်ချ နေတာမျိုး ဖြစ်နေ တယ်ဆို တာလည်း သတိပြု သင့်ပါ တယ်။
ကိုယ်ကိုတိုင် ကလည်း ချစ်သူ အပေါ်မှာ ထားတဲ့ မိမိရဲ့အထင်နဲ့အမြင် ကို သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ သဝန်တိုပါ။
မိမိရဲ့ မမှန်မကန် အမြင်တစ်ခုကြောင့် တဖက်သားကို စွတ်စွဲမိ သွားမယ် ဆိုရင် ..
ကိုယ်အပေါ် သူတကယ် ချစ်ခင်မြတ်နိုးသူ ဆိုပါရင်..
မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုအတွက်နဲ့ ကိုယ်ချစ်ရသူ နှလုံးသားလေး အနာတရဖြစ်သွားမှာဖြစ်ပြီး ချစ်သူနှစ်ဦး ချစ်လျှက်နဲ့ ကျောခိုင်းသွား ရတဲ့ အထိ လက်လွတ်ဆုံးရှုံး သွားရ နိုင်ပါ တယ်။
ဘာကြောင့်ပဲ သဝန်တိုပါစေ ၊ လူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ၊သိက္ခာတရားနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးခံရတဲ့ အခါ တိုင်း လူတိုင်းဟာ နာကျင် ခံစားရ တတ်ကြ ပါတယ်။
No Comments