
ဘဝမှာ ရင်ကွဲမတက် ခံစားရတဲ့ ခံစားမှုတွေ၊ မျက်ရည်တွေနဲ့ အတူ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ခံစားဖူးကြတဲ့ တစ်ချို့သော သူတွေ ကတော့ နာကျင်မှု ဆိုတဲ့ အရသာကို ကောင်းကောင်း သိကြ မှာပါ။
Khin
ယူင်္နီကုတ်
နာကျင်မှုကို ခံစားဖူးသွားတဲ့ သူတွေတိုင်းမှာ ဒီလို ရင့်ကျက်မှုတွေ မြင်ရတတ်ပါတယ်
ဘဝမှာ ရင်ကွဲမတက် ခံစားရတဲ့ ခံံစားမှုတွေ၊ မျက်ရည်တွေနဲ့ အတူ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ခံစားဖူးကြတဲ့ တစ်ချို့သော သူတွေ ကတော့ နာကျင်မှု ဆိုတဲ့ အရသာကို ကောင်းကောင်း သိကြ မှာပါ။
ဒီလိုမျိုး နာကျင်မှုတွေ ဆိုတာ ခံစားရတဲ့ အချိန်မှာတော့ အလူးအလဲ ဆိုပေမယ့် ဖြတ်ကျော်ပြီ းသွားတဲ့အခါ အတွေ့အကြုံကောင်းတွေ၊ သင်ခန်း စာကောင်းတွေကို ချန်ထား ခဲ့တတ် ပါတယ်။ ဒီလို နာကျင်မှုကို ခံစား ဖူးတဲ့ သူတွေဆီမှာ ဒီလို ရင့်ကျက်မှုတွေ ကိုလည်း မြင်ရ တတ်ပါ တယ်။
ခံနိုင်ရည် စွမ်းအားတွေ
နာကျင်ဖူးတဲ့ သူတစ်ယောက်ဟာ အလွယ်တကူ မပြိုလဲ တတ်တော့ပဲ လဲကျတဲ့ အချိန်တိုင်း ပြန်ထရမယ်ဆိုတဲ့ ခံနိုင်ရည် စွမ်းအားတွေ ကို ပိုင်ဆိုင် သွားတတ်ကြ ပါတယ်။ နာကျင် စရာတွေ ကြုံလာ ရသည့်တိုင်အောင် အပြုံးမပျက် ရှေ့ဆက်ဖို့ အသင့်ဖြစ်နေ ကြပြီး နာကျင်မှု ဆိုတဲ့ အရာကို ခံနိုင်ရည် ရှိတဲ့ သူတွေဖြစ်လာတတ်ကြပါတယ်။
ဆုံးဖြတ်နိုင်စွမ်းတွေ
နာကျင်မှု ဒဏ်ကို ခံစားဖူးတတ်တဲ့ သူတွေတိုင်းဟာ အတိတ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပြီး အရမ်းကို ခံပြင်းတဲ့ ခံစားမှုတွေ ကိုလည်း ခံစားဖူး ခဲ့ကြပါပြီ။
အချိန်တစ်ခုရောက် တဲ့အခါမှာတော့ အဲဒီ့နာကျင်မှု ကပေးတဲ့ အတွေ့အကြုံတွေကြောင့် လူတိုင်းကို လွယ်လွယ် မယုံသင့် တာတွေ၊ လွယ်လွယ်ခေါင်း မညိတ်သင့် တာတွေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ် နိုင်စွမ်း ပိုင်ဆိုင်သွားခဲ့ပါပြီ။
ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဒေါသတွေ
ဒေါသတွေ၊ ပေါက်ကွဲ တတ်တဲ့ စိတ်တွေ ဆိုတာ လူတိုင်းမှာ ရှိပေမယ့် လူတိုင်းတော့ ထုတ်မပြတတ်ကြပါဘူး။ ဒီလိုပဲ နာကျင်မှု ဒဏ်တွေကို ခံစားပြီး လူတွေရဲ့ အကြောင်းကို ပိုနားလည် တတ်တဲ့ သူတစ်ယောက်ဆီမှာလည်း ထုတ်မပြ တတ်တဲ့ ဒေါသတွေ ရှိနေ တတ်ပါ တယ်။
သူတို့တွေဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့သူတွေ ဖြစ်သွားပြီး ကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းတတ်တဲ့ ရင့်ကျက်မှုမျိုး ရှိသူတွေ ဖြစ်ကြပါတယ်။
အကောင်းဆုံး ရှင်သန်တတ်တဲ့ စိတ်ဓာတ်တွေ
ဘဝရဲ့ ကံဆိုးခြင်း၊ ကံကောင်းခြင်းတွေကို ခံစားဖူးခဲ့ ကြတဲ့ သူတွေရဲ့ ရင်ထဲက နာကျင်မှုတွေကြောင့် သူတို့တွေဟာ ကြံခိုင်သန်မာ သူတွေ ဖြစ်လာကြ ပါတယ်။
ဘယ်လို အခြေအနေမျိုးမှာ မဆို အကောင်းဆုံး ရှင်သန်ရမယ် ဆိုတဲ့ စိတ်မျိုးကို မွေးမြူထားကြ ပြီးတော့ စိတ်ဓာတ်ပျော့ညံခြင်းက ရှုံးနိမ့်ခြင်းဆီ တွန်းပို့နေတယ် ဆိုတာကို ကောင်းကောင်း နားလည် ထားကြ သူတွေပါ။
Khin
No Comments