အသည္းကြဲ ၿပီးေနာက္မွာ ျပန္လည္ တည္ေဆာက္ဖို႔ နည္းလမ္း (၉)သြယ္ - Amawpyay

အသည္းကြဲ ၿပီးေနာက္မွာ ျပန္လည္ တည္ေဆာက္ဖို႔ နည္းလမ္း (၉)သြယ္

အသည္းကြဲ ၿပီးေနာက္မွာ ျပန္လည္ တည္ေဆာက္ဖို႔ နည္းလမ္း (၉)သြယ္
အခ်စ္ေရး

အသည္းကြဲၿပီးေနာက္မွာ ျပန္လည္တည္ေဆာက္ဖို႔ နည္းလမ္း (၉)သြယ္

အခ်စ္နဲ႔ေတြ႕ဆုံခ်ိန္ဟာ အရမ္းကို လွပေပမဲ့ အခ်စ္နဲ႔ ခြဲခြာ ခ်ိန္မွာေတာ့ အရမ္းကို နာက်င္ ခံစားၾက ရပါတယ္။ အထူးသျဖင့္ ကိုယ္က လမ္းစ ခြဲခ်င္တာ မဟုတ္ရင္ ပိုဆို းတာေပါ့ေလ။ ဒါေပမဲ့ အခ်စ္ကို လိုသလိုပုံသြင္း ႏိုင္တာလည္း မဟုတ္ေတာ့ လက္ခံ ရတာ ပါပဲ။

မခ်စ္တဲ့သူကို ဆြဲထားလို႔မွ မရႏိုင္တာ ကိုး။ ဒီေတာ့ အသည္းကြဲေဝဒနာ ကို မလႊဲမေရွာင္သာ ခံစားေနရသူေတြ အတြက္ ေပ်ာ္႐ႊင္မႈကိုျပန္လည္တည္ေဆာက္ဖို႔ နည္းလမ္းေတြ ေဖာ္ျပေပး လိုက္ ပါတယ္ေနာ္။

(၁) တဝဲလည္လည္ျဖစ္ေနတာကို ေက်ာ္ျဖတ္ပစ္လိုက္ပါ။

အသည္းကြဲေနသူ အဖို႔ အခက္ခဲ အနာက်င္ရဆုံ းကိစၥက အတိတ္ကို တဝဲလည္လည္ျပန္ေတြးေန တဲ့အခ်ိန္မ်ိဳးပါပဲ။ တကယ္တမ္ းက်ေတာ့ ဒါဟာ လုပ္သင့္တဲ့ အခ်က္ ပါပဲ။

ရင္ထဲ အေတြးထဲ တဝဲ လည္လည္ျဖစ္ေန တာကို အတင္းႀကီးေမ့ပစ္ တာဟာ တကယ္တမ္း က်ေတာ့ ကြယ္ဝွက္ သိမ္းဆည္း ထားျခင္း တစ္မ်ိဳးပါပဲ။

ဒီေတာ့ အတြင္းေၾကေၾကေနမယ့္အစား အျဖစ္အပ်က္ေတြကို ေစ့ေစ့ေတြး ၿပီး အစြမ္းကုန္နာက်င္ခံစားပစ္လိုက္ပါ။ ဒါဆိုရင္ေတာ့ နာက်င္မႈေတြကို ခံႏိုင္ရည္ ရွိသူျဖစ္ လာ ပါလိမ့္မယ္။

(၂) မိမိကိုယ္ကိုပဲ ရပ္တည္ရင္းေျဖသိမ့္ပါ။

တစ္ခုခုကို ဝမ္းနည္းေၾကကြဲေနတဲ့အခါ “ငါ့ကိုေပ်ာ္ေအာင္လုပ္ႏိုင္ဖို႔ ဘယ္သူမွမလိုဘူး..ငါ့ဘာသာေပ်ာ္ေအာင္ေနတတ္တယ္” လို႔ေရ႐ြတ္ပါ။

တကယ္တမ္း က်ေတာ့ ေန႔စဥ္မွီတြယ္ ခ်စ္ခင္ေနတဲ့ သူတစ္ေယာက္က စြန႔္ခြာ သြားခ်ိန္မွာ ဒီလိုေတြးဖို႔ အရမ္းခက္ ပါတယ္။ ဒါေပမဲ့ စိန္ေခၚမႈတစ္ခုလို႔ေတြးၿပီး အလုပ္ကိုအာ႐ုံစိုက္ၿပီး ဘဝကြက္လပ္ ကိုျဖည့္လိုက္ျခင္း ဟာ အရမ္းကိုထိေရာက္တဲ့နည္းပါ။

(၃) သံေယာဇဥ္ျဖတ္လိုက္ပါ။

ရည္းစားတစ္ေယာက္ အျမန္ထား လိုက္တာမ်ိဳး၊ ပစ္သြားတဲ့ သူကို အတင္းျပန္ေခ်ာ့ တာမ်ိဳး မလုပ္ပဲ သံေယာဇဥ္ လိုက္ပါ။ သံေယာဇဥ္ တြယ္လြန္းျခင္းဟာ နာက်င္ေၾကကြဲရာ အစစ္ပဲမို႔ မလိုအပ္တဲ့ သံေယာဇဥ္ကို ျဖတ္ႏိုင္ မွသာ နာက်င္မႈ သက္သာမွာျဖစ္ ပါတယ္။

လူတစ္ဦးဟာ ဘုန္းေတာ္ႀကီး တစ္ပါးထံမွာ လြတ္ေျမာက္ေစတဲ့ နည္း သြားေတာင္းဆိုတဲ့အခါ ဘယ္သူက မင္းကိုခ်ည္ေႏွာင္ ထားလဲ လို႔ေမး ခဲ့တယ္။ ဘယ္သူမွ မခ်ည္ေႏွာင္ ထားပဲ မလြတ္ေျမာက္ႏိုင္တာဟာ ကိုယ့္ကိုယ္ကို ခ်ည္ေႏွာင္ထားလို ႔ပါပဲ။

(၄) မိမိရဲ႕ အားသာခ်က္ေတြကို စာရင္းျပဳစုပါ။

အထီးက်န္ ဝမ္းနည္းရမႈေတြ ေၾကာင့္ အားအင္ေတြေလ်ာ့ၿပီး စိတ္ဓါတ္က်ေနခ်ိန္မွာ အလုပ္သင့္ဆုံး က ကိုယ့္ရဲ႕အားသာခ်က္ေတြကို စာရင္းလုပ္ေရး ခ်တာ ပါပဲ။ ဥပမာ – “ငါ အရက္လုံးဝမေသာက္ ေတာ့တာေတာင္ ႏွစ္၂၀ ရွိၿပီ။

ငါ့စိတ္ဒီေလာက္ ခိုင္တာ။ ဘာမဆို ငါရင္ဆိုင္ႏိုင္ခဲ့တာပဲ”။ အဲလို စကားလုံးေတြကို ေရ႐ြတ္ၿပီး အင္အားျပည့္ေစမဲ့ သီခ်င္း တစ္ပုဒ္ကို နားေထာင္ လိုက္ပါ။

“အခု ႀကဳံရ တဲ့စိန္ေခၚမႈက ဝမ္းနည္းစရာေတြ ကို ငါခံႏိုင္ရည္ ရွိရဲ႕လား ေလာကႀကီးက စစ္ေဆးတာပဲ။ အဆိုးထဲက အေကာင္း ရေအာင္ အလုပ္ႀကိဳးစား ရမယ္။” ဒီလိုေတြးၿပီး အားတင္း လိုက္ပါ။

(၅)စိတ္ကူးယဥ္မိျခင္းကို အရမ္းဖိအားေပး မတားဆီးပါနဲ႔။

တစ္ေနရာကို သြားတဲ့ အခါ တိုက္ဆိုင္မႈ ရွိတိုင္း သတိရၿပီး စိတ္ကူးယဥ္ လြမ္းဆြတ္ မိေနတာဟာ အျပစ္တစ္ခုမဟုတ္သလို စြဲလန္းမႈ တစ္ခုလည္း မဟုတ္ပါဘူး။ တကယ္ေတာ့ လူေတြဟာ အခ်စ္နဲ႔ ထိေတြ႕ခ်ိန္ကို မွတ္မွတ္ရရ ျဖစ္ၾကေလ့ ရွိတာဟာ သဘာဝပါ။

ခ်စ္သူကို စြဲလမ္းတယ္ ဆိုတာထက္ ခ်စ္သူနဲ ႔ေလွ်ာက္လည္ ခဲ့တဲ့ အျဖစ္အပ်က္ေတြကို အမွတ္ရတာျဖစ္တဲ့အတြက္ အရႈံးေပးေအာက္က် တယ္လို႔ မစဥ္းစားပဲ စိတ္ကူး သက္သက္ ယဥ္ပစ္ လိုက္ပါ။

(၆) သူမ်ားကို ကူညီရတဲ့ကိစၥေတြကို လိုက္လုပ္ေပးပါ။

နာက်င္ခံစားေန ရတာကို ေမ့ေလ်ာ့ သက္သာဖို ႔နည္းလမ္းတစ္ခုက သူမ်ားကို ကူညီလိုက္ ဖို႔ပါပဲ။ ကိုယ့္ထက္အားငယ္ေန သူေတြ၊ ဝမ္းနည္းေၾကကြဲေန သူေတြကို နားလည္ၾကင္နာၿပီး ကူညီေပးလိုက္ ျခင္းဟာ မိမိရဲ႕နာက်င္ ဝမ္းနည္းမႈကို သက္သာေစ ပါတယ္။

(၇) ဟားတိုက္ရယ္ႏိုင္ဖို႔ ခ်ဳံးပြဲခ်ငိုပါ။

တခါတေလ အားရပါးရ ငိုလိုက္ၿပီးမွ ေပါ့ပါး သြားတာကို သတိထားမိၾကမွာပါ။ ကိုယ္စိတ္ဆက္စပ္မႈ ပညာ သုေတသနေတြ အရ အားရပါးရ ငိုလိုက္ျခင္းက အမွန္တကယ္ စိတ္ေပါ့ပါးေစတဲ့ အခ်က္ေတြ ရွိေနေၾကာင္း သိရ ပါတယ္။

ငိုလို႔ထြက္လာတဲ့ မ်က္ရည္ေတြဟာ ၾကက္သြန္လွီးလို႔ ဒါမွမဟုတ္ မ်က္စိစပ္လို႔ ထြက္တဲ့ ႐ိုး႐ိုးမ်က္ရည္လိုမဟုတ္ပဲ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတ္ေတြ ပါဝင္ေန တယ္လို႔ သိရ ပါတယ္။

ဒီေတာ့ ငိုေႂကြးျခင္းဟာလည္း အဆိပ္အေတာက္ကို ဖယ္ရွားေပးတဲ့ အတြက္ ငိုစရာရွိရင္ အားပါးတရ ငိုပစ္ လိုက္ပါ။ ဒါဆို အားပါးတရ ရယ္ေမာႏိုင္တဲ့ အထိ စိတ္ေပါ့ပါး သြားပါ လိမ့္မယ္။

(၈) မလုပ္သင့္တာနဲ႔ လုပ္သင့္တာ ခြဲျခားပါ။

အေဟာင္းေတြ အသစ္ျဖစ္ၿပီး ကိုယ့္ကို စိတ္မေကာင္းျဖစ္ေစမဲ့ ကိစၥေတြကို မလုပ္သင့္ စာရင္း ထဲထည့္ပါ။ ကိုယ့္ကို စိတ္ေပါ့ပါးေစမဲ့ ကိစၥေတြကို လုပ္သင့္ စာရင္းထဲ ထည့္ပါ။

ဥပမာ – ကိုယ့္ ရည္းစားေဟာင္းက သူ႔ခ်စ္သူ အသစ္ေလးနဲ႔ၾကည္ႏူးေနတဲ့ ဓါတ္ပုံေတြ တင္ရင္ ကိုယ္ပဲ စိတ္ညစ္ရ မွာမို႔ Facebook မွာ သူ႔ timeline ကို ဝင္မၾကည့္မိ ပါေစနဲ႔။

သူ႔သတင္းရႏိုးႏိုးနဲ႔ သူ ႔မိတ္ေဆြေတြ ဆီ ဖုန္းဆက္ၾကတာမ်ိဳးမလုပ္ပါနဲ႔။ ကိုယ့္ရည္းစားေဟာင္းကို မသိတဲ့ မိတ္ေဆြ တစ္ေယာက္နဲ႔ ေကာ္ဖီတူတူေသာက္ရင္း ရယ္ေမာတာ ကေတာ့ လုပ္သင့္တဲ့ ကိစ ၥပဲေပါ့။

(၉) အသည္းကြဲတာ သက္သာသြားတဲ့ အခါ အခ်စ္ကို ထပ္မံရွာေဖြပါ။

ေၾကကြဲခဲ့ရတဲ့ အခ်စ္ဇာတ္လမ္း တစ္ခုေၾကာင့္ ႏွလုံးသားကို ေသာ့ခတ္ၿပီး တစ္သက္လုံး ေနသြား မလား၊ အခ်စ္ကိုထပ္မံ ထိေတြ႕ၿပီး စစ္မွန္မႈကို ရွာေဖြ မလား။

ျဖစ္ရပ္တစ္ခုအတြက္ တစ္ဘဝလုံးစာ သတၱိနည္းသူအျဖစ္ မရပ္တည္ပဲ ေတြ႕ရွိလာ မယ့္ ခ်စ္သူ အသစ္ေလးကို ႏွစ္ႏွစ္ကာကာ ထပ္ခ်စ္ဖို႔ ျပင္ဆင္ ထားလိုက္ ပါ။

တကယ္ေတြ႕လာတဲ့ အခါမွာ လည္း ႏွစ္ႏွစ္ ကာကာခ်စ္လိုက္ပါ။ အတိတ္က ျဖစ္ရပ္ေၾကာင့္ ဘာလို႔ အနာဂတ္ကို ေၾကာက္ေန မွာလဲ။ ခရက္ဒစ္

ယူနီကုတ္

အသည်းကွဲပြီးနောက်မှာ ပြန်လည်တည်ဆောက်ဖို့ နည်းလမ်း (၉)သွယ်

အချစ်နဲ့တွေ့ဆုံချိန်ဟာ အရမ်းကို လှပပေမဲ့ အချစ်နဲ့ ခွဲခွာ ချိန်မှာတော့ အရမ်းကို နာကျင် ခံစားကြ ရပါတယ်။ အထူးသဖြင့် ကိုယ်က လမ်းစ ခွဲချင်တာ မဟုတ်ရင် ပိုဆို းတာပေါ့လေ။ ဒါပေမဲ့ အချစ်ကို လိုသလိုပုံသွင်း နိုင်တာလည်း မဟုတ်တော့ လက်ခံ ရတာ ပါပဲ။

မချစ်တဲ့သူကို ဆွဲထားလို့မှ မရနိုင်တာ ကိုး။ ဒီတော့ အသည်းကွဲဝေဒနာ ကို မလွှဲမရှောင်သာ ခံစားနေရသူတွေ အတွက် ပျော်ရွှင်မှုကိုပြန်လည်တည်ဆောက်ဖို့ နည်းလမ်းတွေ ဖော်ပြပေး လိုက် ပါတယ်နော်။

(၁) တဝဲလည်လည်ဖြစ်နေတာကို ကျော်ဖြတ်ပစ်လိုက်ပါ။

အသည်းကွဲနေသူ အဖို့ အခက်ခဲ အနာကျင်ရဆုံ းကိစ္စက အတိတ်ကို တဝဲလည်လည်ပြန်တွေးနေ တဲ့အချိန်မျိုးပါပဲ။ တကယ်တမ် းကျတော့ ဒါဟာ လုပ်သင့်တဲ့ အချက် ပါပဲ။

ရင်ထဲ အတွေးထဲ တဝဲ လည်လည်ဖြစ်နေ တာကို အတင်းကြီးမေ့ပစ် တာဟာ တကယ်တမ်း ကျတော့ ကွယ်ဝှက် သိမ်းဆည်း ထားခြင်း တစ်မျိုးပါပဲ။

ဒီတော့ အတွင်းကြေကြေနေမယ့်အစား အဖြစ်အပျက်တွေကို စေ့စေ့တွေး ပြီး အစွမ်းကုန်နာကျင်ခံစားပစ်လိုက်ပါ။ ဒါဆိုရင်တော့ နာကျင်မှုတွေကို ခံနိုင်ရည် ရှိသူဖြစ် လာ ပါလိမ့်မယ်။

(၂) မိမိကိုယ်ကိုပဲ ရပ်တည်ရင်းဖြေသိမ့်ပါ။

တစ်ခုခုကို ဝမ်းနည်းကြေကွဲနေတဲ့အခါ “ငါ့ကိုပျော်အောင်လုပ်နိုင်ဖို့ ဘယ်သူမှမလိုဘူး..ငါ့ဘာသာပျော်အောင်နေတတ်တယ်” လို့ရေရွတ်ပါ။

တကယ်တမ်း ကျတော့ နေ့စဉ်မှီတွယ် ချစ်ခင်နေတဲ့ သူတစ်ယောက်က စွန့်ခွာ သွားချိန်မှာ ဒီလိုတွေးဖို့ အရမ်းခက် ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုလို့တွေးပြီး အလုပ်ကိုအာရုံစိုက်ပြီး ဘဝကွက်လပ် ကိုဖြည့်လိုက်ခြင်း ဟာ အရမ်းကိုထိရောက်တဲ့နည်းပါ။

(၃) သံယောဇဉ်ဖြတ်လိုက်ပါ။

ရည်းစားတစ်ယောက် အမြန်ထား လိုက်တာမျိုး၊ ပစ်သွားတဲ့ သူကို အတင်းပြန်ချော့ တာမျိုး မလုပ်ပဲ သံယောဇဉ် လိုက်ပါ။ သံယောဇဉ် တွယ်လွန်းခြင်းဟာ နာကျင်ကြေကွဲရာ အစစ်ပဲမို့ မလိုအပ်တဲ့ သံယောဇဉ်ကို ဖြတ်နိုင် မှသာ နာကျင်မှု သက်သာမှာဖြစ် ပါတယ်။

လူတစ်ဦးဟာ ဘုန်းတော်ကြီး တစ်ပါးထံမှာ လွတ်မြောက်စေတဲ့ နည်း သွားတောင်းဆိုတဲ့အခါ ဘယ်သူက မင်းကိုချည်နှောင် ထားလဲ လို့မေး ခဲ့တယ်။ ဘယ်သူမှ မချည်နှောင် ထားပဲ မလွတ်မြောက်နိုင်တာဟာ ကိုယ့်ကိုယ်ကို ချည်နှောင်ထားလို့ပါပဲ။

(၄) မိမိရဲ့ အားသာချက်တွေကို စာရင်းပြုစုပါ။

အထီးကျန် ဝမ်းနည်းရမှုတွေ ကြောင့် အားအင်တွေလျော့ပြီး စိတ်ဓါတ်ကျနေချိန်မှာ အလုပ်သင့်ဆုံး က ကိုယ့်ရဲ့အားသာချက်တွေကို စာရင်းလုပ်ရေး ချတာ ပါပဲ။ ဥပမာ – “ငါ အရက်လုံးဝမသောက် တော့တာတောင် နှစ်၂၀ ရှိပြီ။

ငါ့စိတ်ဒီလောက် ခိုင်တာ။ ဘာမဆို ငါရင်ဆိုင်နိုင်ခဲ့တာပဲ”။ အဲလို စကားလုံးတွေကို ရေရွတ်ပြီး အင်အားပြည့်စေမဲ့ သီချင်း တစ်ပုဒ်ကို နားထောင် လိုက်ပါ။

“အခု ကြုံရ တဲ့စိန်ခေါ်မှုက ဝမ်းနည်းစရာတွေ ကို ငါခံနိုင်ရည် ရှိရဲ့လား လောကကြီးက စစ်ဆေးတာပဲ။ အဆိုးထဲက အကောင်း ရအောင် အလုပ်ကြိုးစား ရမယ်။” ဒီလိုတွေးပြီး အားတင်း လိုက်ပါ။

(၅)စိတ်ကူးယဉ်မိခြင်းကို အရမ်းဖိအားပေး မတားဆီးပါနဲ့။

တစ်နေရာကို သွားတဲ့ အခါ တိုက်ဆိုင်မှု ရှိတိုင်း သတိရပြီး စိတ်ကူးယဉ် လွမ်းဆွတ် မိနေတာဟာ အပြစ်တစ်ခုမဟုတ်သလို စွဲလန်းမှု တစ်ခုလည်း မဟုတ်ပါဘူး။ တကယ်တော့ လူတွေဟာ အချစ်နဲ့ ထိတွေ့ချိန်ကို မှတ်မှတ်ရရ ဖြစ်ကြလေ့ ရှိတာဟာ သဘာဝပါ။

ချစ်သူကို စွဲလမ်းတယ် ဆိုတာထက် ချစ်သူနဲ့လျှောက်လည် ခဲ့တဲ့ အဖြစ်အပျက်တွေကို အမှတ်ရတာဖြစ်တဲ့အတွက် အရှုံးပေးအောက်ကျ တယ်လို့ မစဉ်းစားပဲ စိတ်ကူး သက်သက် ယဉ်ပစ် လိုက်ပါ။

(၆) သူများကို ကူညီရတဲ့ကိစ္စတွေကို လိုက်လုပ်ပေးပါ။

နာကျင်ခံစားနေ ရတာကို မေ့လျော့ သက်သာဖို့နည်းလမ်းတစ်ခုက သူများကို ကူညီလိုက် ဖို့ပါပဲ။ ကိုယ့်ထက်အားငယ်နေ သူတွေ၊ ဝမ်းနည်းကြေကွဲနေ သူတွေကို နားလည်ကြင်နာပြီး ကူညီပေးလိုက် ခြင်းဟာ မိမိရဲ့နာကျင် ဝမ်းနည်းမှုကို သက်သာစေ ပါတယ်။

(၇) ဟားတိုက်ရယ်နိုင်ဖို့ ချုံးပွဲချငိုပါ။

တခါတလေ အားရပါးရ ငိုလိုက်ပြီးမှ ပေါ့ပါး သွားတာကို သတိထားမိကြမှာပါ။ ကိုယ်စိတ်ဆက်စပ်မှု ပညာ သုတေသနတွေ အရ အားရပါးရ ငိုလိုက်ခြင်းက အမှန်တကယ် စိတ်ပေါ့ပါးစေတဲ့ အချက်တွေ ရှိနေကြောင်း သိရ ပါတယ်။

ငိုလို့ထွက်လာတဲ့ မျက်ရည်တွေဟာ ကြက်သွန်လှီးလို့ ဒါမှမဟုတ် မျက်စိစပ်လို့ ထွက်တဲ့ ရိုးရိုးမျက်ရည်လိုမဟုတ်ပဲ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်နေ တယ်လို့ သိရ ပါတယ်။

ဒီတော့ ငိုကြွေးခြင်းဟာလည်း အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ အတွက် ငိုစရာရှိရင် အားပါးတရ ငိုပစ် လိုက်ပါ။ ဒါဆို အားပါးတရ ရယ်မောနိုင်တဲ့ အထိ စိတ်ပေါ့ပါး သွားပါ လိမ့်မယ်။

(၈) မလုပ်သင့်တာနဲ့ လုပ်သင့်တာ ခွဲခြားပါ။

အဟောင်းတွေ အသစ်ဖြစ်ပြီး ကိုယ့်ကို စိတ်မကောင်းဖြစ်စေမဲ့ ကိစ္စတွေကို မလုပ်သင့် စာရင်း ထဲထည့်ပါ။ ကိုယ့်ကို စိတ်ပေါ့ပါးစေမဲ့ ကိစ္စတွေကို လုပ်သင့် စာရင်းထဲ ထည့်ပါ။

ဥပမာ – ကိုယ့် ရည်းစားဟောင်းက သူ့ချစ်သူ အသစ်လေးနဲ့ကြည်နူးနေတဲ့ ဓါတ်ပုံတွေ တင်ရင် ကိုယ်ပဲ စိတ်ညစ်ရ မှာမို့ Facebook မှာ သူ့ timeline ကို ဝင်မကြည့်မိ ပါစေနဲ့။

သူ့သတင်းရနိုးနိုးနဲ့ သူ့မိတ်ဆွေတွေ ဆီ ဖုန်းဆက်ကြတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရည်းစားဟောင်းကို မသိတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ ကော်ဖီတူတူသောက်ရင်း ရယ်မောတာ ကတော့ လုပ်သင့်တဲ့ ကိစ ္စပဲပေါ့။

(၉) အသည်းကွဲတာ သက်သာသွားတဲ့ အခါ အချစ်ကို ထပ်မံရှာဖွေပါ။

ကြေကွဲခဲ့ရတဲ့ အချစ်ဇာတ်လမ်း တစ်ခုကြောင့် နှလုံးသားကို သော့ခတ်ပြီး တစ်သက်လုံး နေသွား မလား၊ အချစ်ကိုထပ်မံ ထိတွေ့ပြီး စစ်မှန်မှုကို ရှာဖွေ မလား။

ဖြစ်ရပ်တစ်ခုအတွက် တစ်ဘဝလုံးစာ သတ္တိနည်းသူအဖြစ် မရပ်တည်ပဲ တွေ့ရှိလာ မယ့် ချစ်သူ အသစ်လေးကို နှစ်နှစ်ကာကာ ထပ်ချစ်ဖို့ ပြင်ဆင် ထားလိုက် ပါ။

တကယ်တွေ့လာတဲ့ အခါမှာ လည်း နှစ်နှစ် ကာကာချစ်လိုက်ပါ။ အတိတ်က ဖြစ်ရပ်ကြောင့် ဘာလို့ အနာဂတ်ကို ကြောက်နေ မှာလဲ။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …