ႏွလုံးသားတံခါးကို အသာေလးသာေစ့ထားလိုက္ပါ - Amawpyay

ႏွလုံးသားတံခါးကို အသာေလးသာေစ့ထားလိုက္ပါ

ႏွလုံးသားတံခါးကို အသာေလးသာေစ့ထားလိုက္ပါ
အခ်စ္ေရး

ႏွလုံးသားတံခါးကို အသာေလးသာေစ့ထားလိုက္ပါ

” အရာရာဟာ ဧည့္သည္ပါ ”

●တေယာက္ေယာက္က ထားခဲ့ရင္ ဝမ္းမနည္းပါနဲ႔ သင္ေလၽွာက္မယ့္ လမ္းကို သူမ လိုက္ခ်င္လို႔ လည္းျဖစ္နိုင္ သလို သူသြားမယ့္ လမ္းမွာ သင့္ကိုမေခၚခ်င္ေတာ့ လို႔လည္း ျဖစ္နိုင္ ပါတယ္

●ဘယ္ခရီးကိုမွ အစအဆုံး တူတူသြား ရမယ္လို႔ ဘယ္သူကမွ မသတ္မွတ္ ထားသလို…. ဘယ္သူ လိုက္လိုက္ မလိုက္လိုက္ သင္ကေတာ့ သြားေန ရဦးမွာျဖစ္ ပါတယ္ သင္ပါပါ မပါပါ သူလည္း ဆက္ေလၽွာက္ေန မွာျဖစ္ ပါတယ္

●ငယ္ငယ္ကေတာ့ ေတြးခဲ့ဖူးတယ္ အေဖနဲ ႔အျမဲေ နမယ္ အေမနဲ႔ပဲ တူတူေနမယ္ ဒီသူငယ္ခ်င္းေတြနဲ႔ ဘယ္ေတာ့မွ မခြဲဘူး ငါ့ခ်စ္သူနဲ႔ ငါတသက္လုံး တူတူေနမွာ… စတဲ့ အေတြးေတြေတြးခဲ့ ဖူးတယ္

●တကယ္ေတာ့ ကၽြန္ေတာ္တို႔က ကံဆုံလို့ သံသရာ ရထားေပၚမွာ ခဏလာေတြ႕တာကို ဘဝ တစ္ခုလုံး စာလို႔ ထင္ခဲ့ ၾကတာပါ

●ကိုယ္အရင္ ဆင္းရတဲ့ အခါ သူတို့ကိုပါ ဆင္းခဲ့ဖို ႔ေခၚေပမယ့္ လည္း သူတို႔ မလိုက္ နိုင္ၾက သလို သူတို႔အရင္ ဆင္းသြားတဲ့ အလွည့္မွာလည္း ကိုယ္လိုက္ မသြား နိုင္ ခဲ့ဘူး

●ေသခ်ာတာကေတာ့ သူတို့လည္း မေသမခ်င္း သူတို ႔ေရြးထားတဲ့ လမ္းကို ေလၽွာက္ေန ရတာျဖစ္ၿပီး
ကိုယ္ကလည္း ကိုယ့္လမ္း ကိုယ္ေလၽွာက္ရင္း သူတို႔နဲ ႔လမ္းမွာ မေသခင္ခဏ ေတြ႕တာျဖစ္ပါတယ္

●ေတြ႕တဲ့ အခ်ိန္ ခဏေလးမွာ ခ်စ္ၾက သံေယာဇဥ္ေတြတြယ္ၾက မုန္းၾက ဆဲၾက ဆိုၾကနဲ႔ အခ်ိန္ေစ့ရင္ ကိုယ့္လမ္း ကိုယ္ျပန္ေလၽွာက္ရမွာ ျဖစ္ပါတယ္

●ခဏခဏ လူသစ္ေတြနဲ႔ ထပ္ေတြ႕ရၿပီး ခဏခဏ ခြဲရျပန္တယ္ ခဏခဏ ေပ်ာ္ရႊင္ရၿပီး ေနာက္ေတာ့ ခဏခဏ ငိုရင္းခြဲ ရျပန္တယ္ ခဏခဏ လြမ္းမိၾက သလို တခါတေလ လည္း နာက်ည္း တက္ၾက ျပန္တယ္

●ဒါ့ေၾကာင့္ သင့္ဘဝ ထဲကို လူသစ္ေတြ ဝင္လာရင္ သူတို႔ျပန္ ထြက္သြားမယ့္ အခ်ိန္ ကိုပါ ႀကိဳေတြး ထားပါ ကိုယ္ထားခဲ့ ရမယ့္ အခ်ိန္ကို ျပင္ဆင္ထားၿပီး သူတို႔ ထားခဲ့ ရင္လည္း ကိုယ္ဘယ္လို ရွင္သန္ၿပီးက်န္ေနခဲ့ ရမလဲ ဆိုတာလည္း ႀကိဳစဥ္းစား ထားပါ

သူတို့လာေနတုန္းကို ကိုယ္တတ္နိုင္သေလာက္ ဧည့္ဝတ္ေက်နိုင္ေအာင္ ၾကိဳးစားပါ သူတို႔ မရွိရင္လည္း သင္ေနတက္ ေအာင္ျပင္ဆင္ထားပါ

အျပဳံးေတြေတာင္ ခဏပဲ ခံရင္ အမုန္းေတြကို အၾကာႀကီးေမြး မထားပါနဲ႔ အလြမ္းေတြကို အရသာ မခံခ်င္ ပါနဲ႔

အၿငိဳးအေတးေတြကို အေရာင္မတင္ပါနဲ႔ ေတြ႕ေတြ႕ခ်င္းေတာင္ ဝမ္းသာအားရႏွုတ္ဆက္ၾကရင္ ျပန္ခ်ိန္ေရာက္ရင္လည္း ဖက္တြယ္မထားပဲ လမ္းခြဲတက္ေအာင္ႀကိဳးစားပါ

●ဟုတ္ကဲ့ ကၽြန္ေတာ္တို႔ဘဝနဲ႔ ကၽြန္ေတာ္တို ႔ႏွလုံးသားေတြထဲမွာ….. အၾကာႀကီး ရွိမေနမွာေသခ်ာတဲ့သူေတြနဲ႔ အၾကာႀကီးျဖစ္ေနမွာမဟုတ္တဲ့ ကိစၥေတြ ကိုထည့္ၿပီး ေသာ့ခပ္ မထားပါနဲ႔

ခဏလာၿပီး ခဏေနျပန္ထြက္ သြားမယ့္ ဘယ္သူ႔ကိုမဆို အတင္းအၾကပ္ ဆုပ္ကိုင္ မထားပါနဲ႔ မသြားပါနဲ႔လို့ မတားပါနဲ႔…

ဝင္လာပါေစ…ျပန္သြားခ်င္သြားပါေစ…. လာေနတုန္းေလးမွာ ျပဳံးေနၿပီး ျပန္ထြက္သြား ရင္လည္း မငိုပဲနဲ႔ျပဳံး ထားပါ

မိတ္ေဆြ သင့္ခံစားမွုေတြကို ေသာ့ခပ္ မထားပါနဲ႔… ႏွလုံးသားတံခါးကို အသာေလးသာေစ့ထားလိုက္ပါ…

Credit. Original Writer

Unicode

နှလုံးသားတံခါးကို အသာလေးသာစေ့ထားလိုက်ပါ

” အရာရာဟာ ဧည့်သည်ပါ ”

●တယောက်ယောက်က ထားခဲ့ရင် ဝမ်းမနည်းပါနဲ့ သင်လျှောက်မယ့် လမ်းကို သူမ လိုက်ချင်လို့ လည်းဖြစ်နိုင် သလို သူသွားမယ့် လမ်းမှာ သင့်ကိုမခေါ်ချင်တော့ လို့လည်း ဖြစ်နိုင် ပါတယ်

●ဘယ်ခရီးကိုမှ အစအဆုံး တူတူသွား ရမယ်လို့ ဘယ်သူကမှ မသတ်မှတ် ထားသလို…. ဘယ်သူ လိုက်လိုက် မလိုက်လိုက် သင်ကတော့ သွားနေ ရဦးမှာဖြစ် ပါတယ် သင်ပါပါ မပါပါ သူလည်း ဆက်လျှောက်နေ မှာဖြစ် ပါတယ်

●ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ် အဖေနဲ့အမြဲေ နမယ် အမေနဲ့ပဲ တူတူနေမယ် ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှ မခွဲဘူး ငါ့ချစ်သူနဲ့ ငါတသက်လုံး တူတူနေမှာ… စတဲ့ အတွေးတွေတွေးခဲ့ ဖူးတယ်

●တကယ်တော့ ကျွန်တော်တို့က ကံဆုံလို့ သံသရာ ရထားပေါ်မှာ ခဏလာတွေ့တာကို ဘဝ တစ်ခုလုံး စာလို့ ထင်ခဲ့ ကြတာပါ

●ကိုယ်အရင် ဆင်းရတဲ့ အခါ သူတို့ကိုပါ ဆင်းခဲ့ဖို့ခေါ်ပေမယ့် လည်း သူတို့ မလိုက် နိုင်ကြ သလို သူတို့အရင် ဆင်းသွားတဲ့ အလှည့်မှာလည်း ကိုယ်လိုက် မသွား နိုင် ခဲ့ဘူး

●သေချာတာကတော့ သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့ လမ်းကို လျှောက်နေ ရတာဖြစ်ပြီး
ကိုယ်ကလည်း ကိုယ့်လမ်း ကိုယ်လျှောက်ရင်း သူတို့နဲ့လမ်းမှာ မသေခင်ခဏ တွေ့တာဖြစ်ပါတယ်

●တွေ့တဲ့ အချိန် ခဏလေးမှာ ချစ်ကြ သံယောဇဉ်တွေတွယ်ကြ မုန်းကြ ဆဲကြ ဆိုကြနဲ့ အချိန်စေ့ရင် ကိုယ့်လမ်း ကိုယ်ပြန်လျှောက်ရမှာ ဖြစ်ပါတယ်

●ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီး ခဏခဏ ခွဲရပြန်တယ် ခဏခဏ ပျော်ရွှင်ရပြီး နောက်တော့ ခဏခဏ ငိုရင်းခွဲ ရပြန်တယ် ခဏခဏ လွမ်းမိကြ သလို တခါတလေ လည်း နာကျည်း တက်ကြ ပြန်တယ်

●ဒါ့ကြောင့် သင့်ဘဝ ထဲကို လူသစ်တွေ ဝင်လာရင် သူတို့ပြန် ထွက်သွားမယ့် အချိန် ကိုပါ ကြိုတွေး ထားပါ ကိုယ်ထားခဲ့ ရမယ့် အချိန်ကို ပြင်ဆင်ထားပြီး သူတို့ ထားခဲ့ ရင်လည်း ကိုယ်ဘယ်လို ရှင်သန်ပြီးကျန်နေခဲ့ ရမလဲ ဆိုတာလည်း ကြိုစဉ်းစား ထားပါ

သူတို့လာနေတုန်းကို ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင် ကြိုးစားပါ သူတို့ မရှိရင်လည်း သင်နေတက် အောင်ပြင်ဆင်ထားပါ

အပြုံးတွေတောင် ခဏပဲ ခံရင် အမုန်းတွေကို အကြာကြီးမွေး မထားပါနဲ့ အလွမ်းတွေကို အရသာ မခံချင် ပါနဲ့

အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့ တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင် ပြန်ချိန်ရောက်ရင်လည်း ဖက်တွယ်မထားပဲ လမ်းခွဲတက်အောင်ကြိုးစားပါ

●ဟုတ်ကဲ့ ကျွန်တော်တို့ဘဝနဲ့ ကျွန်တော်တို့နှလုံးသားတွေထဲမှာ….. အကြာကြီး ရှိမနေမှာသေချာတဲ့သူတွေနဲ့ အကြာကြီးဖြစ်နေမှာမဟုတ်တဲ့ ကိစ္စတွေ ကိုထည့်ပြီး သော့ခပ် မထားပါနဲ့

ခဏလာပြီး ခဏနေပြန်ထွက် သွားမယ့် ဘယ်သူ့ကိုမဆို အတင်းအကြပ် ဆုပ်ကိုင် မထားပါနဲ့ မသွားပါနဲ့လို့ မတားပါနဲ့…

ဝင်လာပါစေ…ပြန်သွားချင်သွားပါစေ…. လာနေတုန်းလေးမှာ ပြုံးနေပြီး ပြန်ထွက်သွား ရင်လည်း မငိုပဲနဲ့ပြုံး ထားပါ

မိတ်ဆွေ သင့်ခံစားမှုတွေကို သော့ခပ် မထားပါနဲ့… နှလုံးသားတံခါးကို အသာလေးသာစေ့ထားလိုက်ပါ…

Credit. Original Writer

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …