
ဘ၀ေနနည္း နည္းလမ္း ( ၁၀ )မ်ိဳး
ေကာင္းလြန္းလို႔ဖတ္ၾကည့္စမ္းပါ
( ၁ ) ဘယ္ေတာ့မွ ပုိက္ဆံ မေခ်းပါနဲ႔ ။ ေဆာင္ပုဒ္ေလး တစ္ခု ႐ွိတယ္ ။
– ေတာင္းမွေပးတာ လူမုိက္
– မေတာင္းဘဲ ေပးတာ လူလိမၼာ
– ေတာင္းလည္း မေပးတာ လူယုတ္မာ
ဒါ့ေၾကာင့္ ျပင္ပေဘး သူစိမ္းေတြနဲ႔ မယုံၾကည္ ရတဲ့ သူေတြကုိ တက္ႏူိင္သမ်ွ ပုိက္ဆံ မေခ်း ပါႏွင့္ ။ ေငြေၾကးဥစၥာဟာ နည္းသည္ ျဖစ္ေစမ်ားသည္ ျဖစ္ေစ ေခ်းငွားၾက သူတုိင္းဟာ ျပန္ၿပီး လုိခ်င္ၾက စျမဲပါ ။
ျပန္မဆပ္ ခဲ့ဘူး ဆုိရင္ ရင္ထဲမွာ အစုိင္အခဲေလး တည္ေနတတ္ ပါတယ္ ။ ကုိယ္တကယ္ ခ်စ္တဲ့ သူေတြ အတြက္ဆုိရင္ ရက္ရက္ေရာေရာ သာ ေပးကမ္း ကူညီေပး လုိက္ပါ ။
( ၂ ) လုိအပ္လ်ွင္အဆင္သင့္ ျဖစ္ေအာင္ ပုိက္ဆံ ပုံမွန္ စုပါ ။
ကြၽန္ေတာ္ တုိ႔ဟာ ဘယ္အခ်ိန္မွာ ဆင္းရဲ ဒုကၡေတြ ၾကဳံမလဲ ဘယ္အခ်ိန္မွာ အနာတရျဖစ္မလဲ ဆုိတာ ၾကဳိၿပီး မသိႏူိင္ပါဘူး ။ ဒီလုိ အေနအထား မ်ိဳးေတြ တကယ္ ျဖစ္လာ ခဲ့ရင္ အခက္အခဲ ေတြကုိ တစ္ဖက္ တစ္လမ္းမွ ေျဖ႐ွင္းဖုိ႔ ပုိက္ဆံစုပါ ။
( ၃ ) ကုိယ့္ဘ၀အတြက္မလုိအပ္တဲ့ သူေတြအတြက္ အခ်ိန္ကုန္မခံပါနဲ႔ ။
ကုိယ့္ကုိ ျငင္းပယ္ ခဲ့ဖူးသူေတြ လုိအပ္မွ ကုိယ့္ကုိ တမ္းတမ္းတတ ျဖစ္တတ္ ၾကသူေတြ အတြက္ လုံး၀ အခ်ိန္ကုန္ မခံ ပါနဲ႔ ။ တစ္ခ်ိဳ႕ေတြေတာ့ ႐ွိတယ္ ” ငါက သူ႔အတြက္ အျမဲတမ္း ေပးဆပ္ဖုိ႔အဆင့္ပဲ ” တဲ့။
ဒါဟာ ေသခ်ာေတြးၾကည့္ရင္ စိတၱဇ ေ၀ဒနာသည္ တစ္ေယာက္ရဲ႕အေတြးမ်ိဳးပါ ၊ ခ်ီးက်ဴးထုိက္ဖုိ႔ေနေနသာသာ လုံး၀ ဂုဏ္ယူစရာ မေကာင္းတဲ့ လုပ္ရပ္ မ်ိဳးပါပဲ ။ ကုိယ့္ကုိ မလုိအပ္တဲ့ သူအတြက္ အပင္ပန္းခံ ေနမဲ့အစား ပရဟိတ လုပ္ငန္းေတြမွာ အခ်ိန္ကုန္ ခံလုိက္ပါ ။
( ၄ ) ကုိယ့္အေပၚ မေကာင္းတဲ့သူေတြကုိ ျပတ္ျပတ္သားသား ဆက္ဆံတတ္ပါေစ ။
ကုိယ္က ေကာင္းသေလာက္ ကုိယ့္အေပၚ မၾကာခဏ လူလည္က် တတ္သူေတြကုိ တေလးတစား ဆက္ဆံေနဖုိ႔ လုံး၀ မလုိအပ္ပါဘူး ။ ဒီလုိ လူမ်ိဳးေတြဟာ သူတို႔ အႏူိင္ယူဖူးတဲ့ သူအေပၚ ေနာက္တစ္ႀကိမ္ ယုတ္မာဖုိ႔ ဘယ္ေတာ့မွ ၀န္ေလးေနမွာ မဟုတ္ပါဘူး ။
သူက ျပဳံးရင္ ကုိယ္က ျပန္ျပဳံးျပ လုိက္ပါ သူက မဲ့ရင္ ကုိယ္က ျပန္မဲ့ျပ လုိက္ပါ သူကမီးလုိ က်င့္ရင္ ကုိယ္ကမီးလုိ ပူေလာင္ျပ လုိက္ပါ သူကေရ လုိက်င့္ရင္ ကုိယ္ကေရ လုိေအးခ်မ္းျပ လုိက္ပါ
( ၅ ) စိတ္တူကုိယ္တူ အသိမိတ္ေဆြမ်ားႏွင့္ စကားမ်ားမ်ားေျပာပါ ။
သင့္ကုိ ေလးစားတဲ့သူ ၊ သင္ကလည္း ေလးစားတဲ့ သူမ်ားႏွင့္ မၾကာခဏ စကားေျပာပါ ။ ဒီလုိ စကားေျပာျခင္းျဖင့္ စိတ္ခ်မ္းသာမႈ ကုိရ ေစၿပီး အခ်ိန္ကုန္ မွန္းမသိကုန္ ေနတာကုိ သတိမထား မိေအာင္ ၾကည္ႏူးစရာ ေကာင္းေန ပါလိမ့္မယ္ ။
ေနာက္ၿပီး ကုိယ့္ရဲ႕ရည္မွန္းခ်က္ ၊ လက္႐ွိအေျခအေန ၊ အနာဂတ္ အလားအလာ စတာေတြ အတြက္ သင္နဲ႔စိတ္သေဘာထားခ်င္း တုိက္ဆုိက္ သူမ်ား ကသာ အၾကံဉာဏ္ေကာင္းေတြ ေပးႏူိင္ ပါလိမ့္မယ္ ဆုိလုိတာက သင္က ဘာသာေရး သမား ဆုိရင္ အရက္သမားေတြနဲ႔ စကားေျပာလုိ ႔အဆင္ေျပမွာ မဟုတ္ပါဘူး ။
( ၆ ) ခရီးေတြ မၾကာခဏ ထြက္ပါ ။
တုိေတာင္းလွတဲ့ ဘ၀မွာ အေတြ႔အၾကဳံ သစ္ေတြကုိ ခံစားဖုိ႔နဲ႔ အေထြေထြဗဟုသုတ(Generalknowledges ) ျမင့္မားေစဖုိ႔ မၾကာခဏ ခရီးထြက္သင္ ့ပါတယ္ ။ ခရီးသြားျခင္းဟာ အေကာင္းဆုံး စိတ္အပန္းေျဖမႈ တစ္မ်ိဳး ဆုိတာ သင္ လက္ခံလာ ပါလိမ့္မယ္ ။
ေရေျမေတာေတာင္ သဘာ၀ အလွေတြကုိ ႐ႈစားရျခင္းဟာ လည္း စိတ္ခ်မ္းသာမႈ တစ္မ်ိဳးပါပဲ ။ ခရီးထြက္ျခင္း အားျဖင့္ သင့္ဆီမွာ ႐ွိေနတဲ့ pressure ေတြကုိလည္း အေတာ္အသင့္ ေလ်ာ့နည္းေစ မွာျဖစ္ပါတယ္ ။
( ၇ ) ကုိယ္၀ါသနာပါတဲ့ အလုပ္ကုိပဲ လုပ္ပါ ။
ကြၽန္ေတာ္ စာတစ္ေၾကာင္း ဖတ္ဖူး ခဲ့တယ္ ။
If you don’t like where you are , move . You are not a tree .
မင္းေနတဲ့ ေနရာကုိမၾကဳိက္ရင္ ေျပာင္းလုိက္ မင္းက သစ္ပင္ တစ္ပင္ မဟုတ္ဘူး ။ ဟုတ္ပါတယ္ ၊ ကြၽန္ေတာ္တုိ႔ဟာ လူေတြပါ ။ ေ႐ြ႕လ်ားလုိ႔ မရတဲ့ သစ္ပင္ေတြ မဟုတ္ပါဘူး ။ ဒါ့ေၾကာင့္ ခဏတာရခဲ လွတဲ့ ဒီဘ၀ေလးမွာ ကုိယ္သေဘာမက်တဲ့ အလုပ္ကုိ လုပ္ရင္း စိတ္ညစ္ညဴးမခံပါႏွင့္။
ေဂ်ာ့(ခ်္)ဘန္း(စ္) ေျပာဖူးတဲ့ စကားတစ္ခြန္း ႐ွိတယ္။
” က်ဳပ္ကေတာ့ က်ဳပ္၀ါသနာ မပါတဲ့ အလုပ္ကုိ လုပ္ၿပီး ေအာင္ျမင္သူ ျဖစ္ရတာ ထက္ က်ဳပ္၀ါသနာပါတဲ့အလုပ္ကုိ လုပ္ၿပီး မေအာင္ျမင္သူ ျဖစ္ခ်င္တယ္ ” တဲ့ ။ ဟုတ္ကဲ့ — ကုိယ္အမွန္တကယ္ ၀ါသနာပါတဲ့ အလုပ္ကုိပဲ လုပ္ပါ ။
( ၈ ) တစ္ဖက္လူဘက္မွ ျဖည့္ေတြးေပးပါ ၊ ကုိယ္ခ်င္းစာ စိတ္ ထားပါ ။
ျပႆနာ တစ္ခုကုိ ကုိယ္ျမင္တဲ့ ဘက္ကလည္း မွန္ႏူိင္သလုိ သူျမင္တဲ့ဘက္ ကလည္းမွန္ ေနႏူိင္ ပါတယ္ သေဘာထား ကြဲလြဲ တာဟာ အဓိကျပႆနာ မဟုတ္ပါဘူး ဒါ့ေၾကာင့္ တစ္ဖက္လူ အျမင္ကုိလည္း ေလးစားတတ္ဖုိ႔ သိပ္ကုိ လုိအပ္ ပါတယ္ ။
သူ႔ေနရာမွ ငါသာ ဆုိရင္ ဘယ္လုိေနမလဲ ဆုိတဲ့အေတြးမ်ိဳးကုိ ေတြးတတ္ဖုိ႔ အျမဲတမ္း သင္ယူ ထားပါ ။
သူ႔ဘက္က ၾကည့္ေတာ့ လက္ဖ၀ါး ငါ့ဘက္က ၾကည့္ေတာ့ လက္ဖမုိး ဆုိသလုိ အမွန္တရားတစ္ခုဟာ အျမင္အမ်ိဳးမ်ဳိး႐ွိ ေနတတ္ ပါတယ္ ။
( ၉ ) စာမ်ားမ်ားဖတ္ေပးပါ ။
ဦးသန္႔ရဲ႕စကားေလးနဲ႔ပဲ ေျပာပါရေစ ။
” စာဖတ္ေသာ လူမ်ိဳးသည္ တုိးတက္၍ တုိးတက္ေသာ လူမ်ိဳးသည္ စာဖတ္သည္ ” တဲ့ ၊ သိပ္ကုိ မွန္ပါတယ္ ။ သင္သာ စာဖတ္ျခင္းမွာ စ်န္၀င္ေနရင္ အျခား ကမၻာတစ္ခု ကုိ ေရာက္႐ွိ သြားသလုိ ခံစားမိမွာ မလြဲဧကန္ပါပဲ ။
ကြၽန္ေတာ္ တုိ႔ရဲ႕ဘ၀ေတြ တုိးတက္ ျမင့္မားေစဖုိ႔ အသိဉာဏ္ ပညာေတြ တုိးပြား ေစဖုိ႔ အတြက္ စာဖတ္ျခင္း ဟာ အေကာင္းဆုံး နည္းလမ္း တစ္ခုပါပဲ ။
( ၁၀ ) တစ္စံုတစ္ရာကုိ အျမဲတမ္းသင္ယူပါ
ဥေရာပႏူိင္ငံေတြ မွာဆုိရင္ အသက္၈၀ အရြယ္ အဘုိးအဘြားေတြဟာ ဘာသာစကားအသစ္ေတြကအစ အသိပညာ အတတ္ပညာေတြ သင္ယူ ေလ့လာ ေနတုန္း ပါပဲ ။
တစ္စံုတစ္ရာကုိ အျမဲတမ္း သင္ယူေနတတ္တာဟာ သူတုိ႔ရဲ႕ ဓေလ့ တစ္ခုလုိျဖစ္ေန ပါၿပီ ။ ဒါေၾကာင့္ တစ္စုံတစ္ခုကုိ စိတ္ပါလက္ပါ သင္ယူပါ အတတ္ပညာ တစ္မ်ိဳးမ်ိဳးကုိ ထူးခြၽန္ေအာင္ ေလ့လာပါ
Credit to original writer
Unicode
ဘဝနေနည်း နည်းလမ်း ( ၁၀ )မျိုး
ကောင်းလွန်းလို့ဖတ်ကြည့်စမ်းပါ
( ၁ ) ဘယ်တော့မှ ပိုက်ဆံ မချေးပါနဲ့ ။ ဆောင်ပုဒ်လေး တစ်ခု ရှိတယ် ။
– တောင်းမှပေးတာ လူမိုက်
– မတောင်းဘဲ ပေးတာ လူလိမ္မာ
– တောင်းလည်း မပေးတာ လူယုတ်မာ
ဒါ့ကြောင့် ပြင်ပဘေး သူစိမ်းတွေနဲ့ မယုံကြည် ရတဲ့ သူတွေကို တက်နိူင်သမျှ ပိုက်ဆံ မချေး ပါနှင့် ။ ငွေကြေးဥစ္စာဟာ နည်းသည် ဖြစ်စေများသည် ဖြစ်စေ ချေးငှားကြ သူတိုင်းဟာ ပြန်ပြီး လိုချင်ကြ စမြဲပါ ။
ပြန်မဆပ် ခဲ့ဘူး ဆိုရင် ရင်ထဲမှာ အစိုင်အခဲလေး တည်နေတတ် ပါတယ် ။ ကိုယ်တကယ် ချစ်တဲ့ သူတွေ အတွက်ဆိုရင် ရက်ရက်ရောရော သာ ပေးကမ်း ကူညီပေး လိုက်ပါ ။
( ၂ ) လိုအပ်လျှင်အဆင်သင့် ဖြစ်အောင် ပိုက်ဆံ ပုံမှန် စုပါ ။
ကျွန်တော် တို့ဟာ ဘယ်အချိန်မှာ ဆင်းရဲ ဒုက္ခတွေ ကြုံမလဲ ဘယ်အချိန်မှာ အနာတရဖြစ်မလဲ ဆိုတာ ကြိုပြီး မသိနိူင်ပါဘူး ။ ဒီလို အနေအထား မျိုးတွေ တကယ် ဖြစ်လာ ခဲ့ရင် အခက်အခဲ တွေကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းဖို့ ပိုက်ဆံစုပါ ။
( ၃ ) ကိုယ့်ဘဝအတွက်မလိုအပ်တဲ့ သူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။
ကိုယ့်ကို ငြင်းပယ် ခဲ့ဖူးသူတွေ လိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတ ဖြစ်တတ် ကြသူတွေ အတွက် လုံး၀ အချိန်ကုန် မခံ ပါနဲ့ ။ တစ်ချို့တွေတော့ ရှိတယ် ” ငါက သူ့အတွက် အမြဲတမ်း ပေးဆပ်ဖို့အဆင့်ပဲ ” တဲ့။
ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇ ဝေဒနာသည် တစ်ယောက်ရဲ့အတွေးမျိုးပါ ၊ ချီးကျူးထိုက်ဖို့နေနေသာသာ လုံး၀ ဂုဏ်ယူစရာ မကောင်းတဲ့ လုပ်ရပ် မျိုးပါပဲ ။ ကိုယ့်ကို မလိုအပ်တဲ့ သူအတွက် အပင်ပန်းခံ နေမဲ့အစား ပရဟိတ လုပ်ငန်းတွေမှာ အချိန်ကုန် ခံလိုက်ပါ ။
( ၄ ) ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ ။
ကိုယ်က ကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကျ တတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံး၀ မလိုအပ်ပါဘူး ။ ဒီလို လူမျိုးတွေဟာ သူတို့ အနိူင်ယူဖူးတဲ့ သူအပေါ် နောက်တစ်ကြိမ် ယုတ်မာဖို့ ဘယ်တော့မှ ဝန်လေးနေမှာ မဟုတ်ပါဘူး ။
သူက ပြုံးရင် ကိုယ်က ပြန်ပြုံးပြ လိုက်ပါ သူက မဲ့ရင် ကိုယ်က ပြန်မဲ့ပြ လိုက်ပါ သူကမီးလို ကျင့်ရင် ကိုယ်ကမီးလို ပူလောင်ပြ လိုက်ပါ သူကရေ လိုကျင့်ရင် ကိုယ်ကရေ လိုအေးချမ်းပြ လိုက်ပါ
( ၅ ) စိတ်တူကိုယ်တူ အသိမိတ်ဆွေများနှင့် စကားများများပြောပါ ။
သင့်ကို လေးစားတဲ့သူ ၊ သင်ကလည်း လေးစားတဲ့ သူများနှင့် မကြာခဏ စကားပြောပါ ။ ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှု ကိုရ စေပြီး အချိန်ကုန် မှန်းမသိကုန် နေတာကို သတိမထား မိအောင် ကြည်နူးစရာ ကောင်းနေ ပါလိမ့်မယ် ။
နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက် ၊ လက်ရှိအခြေအနေ ၊ အနာဂတ် အလားအလာ စတာတွေ အတွက် သင်နဲ့စိတ်သဘောထားချင်း တိုက်ဆိုက် သူများ ကသာ အကြံဉာဏ်ကောင်းတွေ ပေးနိူင် ပါလိမ့်မယ် ဆိုလိုတာက သင်က ဘာသာရေး သမား ဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာ မဟုတ်ပါဘူး ။
( ၆ ) ခရီးတွေ မကြာခဏ ထွက်ပါ ။
တိုတောင်းလှတဲ့ ဘဝမှာ အတွေ့အကြုံ သစ်တွေကို ခံစားဖို့နဲ့ အထွေထွေဗဟုသုတ(Generalknowledges ) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ် ။ ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှု တစ်မျိုး ဆိုတာ သင် လက်ခံလာ ပါလိမ့်မယ် ။
ရေမြေတောတောင် သဘာ၀ အလှတွေကို ရှုစားရခြင်းဟာ လည်း စိတ်ချမ်းသာမှု တစ်မျိုးပါပဲ ။ ခရီးထွက်ခြင်း အားဖြင့် သင့်ဆီမှာ ရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေ မှာဖြစ်ပါတယ် ။
( ၇ ) ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါ ။
ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူး ခဲ့တယ် ။
If you don’t like where you are , move . You are not a tree .
မင်းနေတဲ့ နေရာကိုမကြိုက်ရင် ပြောင်းလိုက် မင်းက သစ်ပင် တစ်ပင် မဟုတ်ဘူး ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူတွေပါ ။ ရွေ့လျားလို့ မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး ။ ဒါ့ကြောင့် ခဏတာရခဲ လှတဲ့ ဒီဘဝလေးမှာ ကိုယ်သဘောမကျတဲ့ အလုပ်ကို လုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။
ဂျော့(ချ်)ဘန်း(စ်) ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။
” ကျုပ်ကတော့ ကျုပ်ဝါသနာ မပါတဲ့ အလုပ်ကို လုပ်ပြီး အောင်မြင်သူ ဖြစ်ရတာ ထက် ကျုပ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပြီး မအောင်မြင်သူ ဖြစ်ချင်တယ် ” တဲ့ ။ ဟုတ်ကဲ့ — ကိုယ်အမှန်တကယ် ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါ ။
( ၈ ) တစ်ဖက်လူဘက်မှ ဖြည့်တွေးပေးပါ ၊ ကိုယ်ချင်းစာ စိတ် ထားပါ ။
ပြဿနာ တစ်ခုကို ကိုယ်မြင်တဲ့ ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက် ကလည်းမှန် နေနိူင် ပါတယ် သဘောထား ကွဲလွဲ တာဟာ အဓိကပြဿနာ မဟုတ်ပါဘူး ဒါ့ကြောင့် တစ်ဖက်လူ အမြင်ကိုလည်း လေးစားတတ်ဖို့ သိပ်ကို လိုအပ် ပါတယ် ။
သူ့နေရာမှ ငါသာ ဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့ အမြဲတမ်း သင်ယူ ထားပါ ။
သူ့ဘက်က ကြည့်တော့ လက်ဖဝါး ငါ့ဘက်က ကြည့်တော့ လက်ဖမိုး ဆိုသလို အမှန်တရားတစ်ခုဟာ အမြင်အမျိုးမျိုးရှိ နေတတ် ပါတယ် ။
( ၉ ) စာများများဖတ်ပေးပါ ။
ဦးသန့်ရဲ့စကားလေးနဲ့ပဲ ပြောပါရစေ ။
” စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်သည် ” တဲ့ ၊ သိပ်ကို မှန်ပါတယ် ။ သင်သာ စာဖတ်ခြင်းမှာ ဈန်ဝင်နေရင် အခြား ကမ္ဘာတစ်ခု ကို ရောက်ရှိ သွားသလို ခံစားမိမှာ မလွဲဧကန်ပါပဲ ။
ကျွန်တော် တို့ရဲ့ဘဝတွေ တိုးတက် မြင့်မားစေဖို့ အသိဉာဏ် ပညာတွေ တိုးပွား စေဖို့ အတွက် စာဖတ်ခြင်း ဟာ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ ။
( ၁၀ ) တစ်စုံတစ်ရာကို အမြဲတမ်းသင်ယူပါ
ဥရောပနိူင်ငံတွေ မှာဆိုရင် အသက်၈၀ အရွယ် အဘိုးအဘွားတွေဟာ ဘာသာစကားအသစ်တွေကအစ အသိပညာ အတတ်ပညာတွေ သင်ယူ လေ့လာ နေတုန်း ပါပဲ ။
တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာ သူတို့ရဲ့ ဓလေ့ တစ်ခုလိုဖြစ်နေ ပါပြီ ။ ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါ အတတ်ပညာ တစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ
Credit to original writer
No Comments