
RAY
Credit:Aunty may
Unicode
ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို အခွင့်အရေးပေးလွန်းရင် ဒါတွေ ခံစားရပါလိမ့်မယ်
ကြင်နာ သနားတတ် ခြင်းဟာ မိန်းကလေးတွေရဲ့ အားသာချက် လည်း ဟုတ်သလို၊ အားနည်းချက်လို့လည်းပြော လို့ရပါ တယ်။ ဘာလို့လဲ ဆိုတော့ ကြင်နာ သနားတတ် လွန်းတဲ့ အခါ အရမ်းခွင့်လွှတ်တတ်လာပြီး
ကိုယ့်အပေါ် အမှားတွေ ကျူးလွန်တဲ့ သူတွေကို မပြတ်သား နိုင်ဘဲ အခွင့်အရေးတွေ ခဏခဏပေး မိတတ် ပါတယ်။ အဲ့လိုမျိုး ကိုယ့်အပေါ် မကောင်းတဲ့သူ၊ အမှားကျူးလွန် တဲ့သူတွေကို အခွင့်အရေး ခဏခဏပေးတတ်တဲ့ သူတွေသာ ဒီအချက်တွေကို နားလည် နိုင်ပါ လိမ့်မယ် ။
(၁) လိုတာထက်ပိုခွင့်လွှတ်လွန်းတာ မကောင်းဘူး.။
ကိုယ့်အပေါ် အမှားလုပ်တဲ့ သူတွေကို လိုတာထက် ပိုခွင့်လွှတ်တတ် တဲ့ အကျင့် ရှိတယ်။ အမှားလုပ်တဲ့သူက မတောင်းပန် ခင်မှာပဲ ခွင့်လွှတ်ပြီးနေ တဲ့အခါ ၊ သဘောကောင်းလွန်း တဲ့အခါ ကိုယ့်အပေါ် မလေးစားတော့ဘဲ ဘာလုပ်လုပ် ခွင့်လွှတ်တယ် ဆိုပြီး ခေါင်းပေါ် တက်နင်းခံ ရတတ် ပါတယ်။
(၂) ကိုယ်ခွင့်လွှတ် လိုက်ရင် လူတွေပြောင်းလဲ လိမ့်မယ်လို့ထင်ခဲ့ ဖူးတယ်။
တစ်ဖက်က မှားနေတာကို ကိုယ့်ဘက်က နားလည် ခွင့်လွှတ်ပေး လိုက်တဲ့အခါ သူ့ဘက်က အလိုလိုပြုပြင်ပြောင်းလဲ လာလိမ့် မယ်လို့ ထင်နေတတ် ပါတယ်။ တကယ်တော့ ကိုယ့်ဘက်က အလွယ်လေးခွင့်လွှတ်လိုက်ပြီး အခွင့်အရေး ပြန်ပေးတိုင်း အမှားလုပ်တဲ့ သူတွေက လွယ်လွယ်နဲ့ပြောင်းလဲ လာမှာ မဟုတ်ပါဘူး..။
(၃) လူတိုင်းမှာကောင်းကွက်လေးတော့ ရှိလိမ့် မယ်လို့ ထင်ခဲ့ ဖူးတယ်။
အလွယ်လေး ခွင့်လွှတ်တတ် တဲ့သူတွေဟာ သူကိုယ့်အပေါ် မကောင်းပေမယ့် သူ့မှာကောင်းတဲ့ အချက်တစ်ခုခုတော့ ရှိမှာပဲလို့တွေးတတ် ကြပါ တယ်။
အကောင်းမြင်စိတ် ရှိတာ ကောင်းပေမယ့် ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်တဲ့သူတွေ ကိုတော့ လွယ်လွယ် ခွင့်လွှတ်ပြီ းရင်လည်း သတိထားပြီး ဆက်ဆံတာအကောင်းဆုံးပါ။
(၄) ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်နေတာမျိုး၊
အမှားလုပ်တာက သူဆိုပေမယ့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် မိနေတာမျိုး၊ သူအမှား လုပ်တာတောင် ကိုယ့်ကြောင့်လို့ ထင်နေတာမျိုး၊
ကိုယ့်ကိုယ်ကို အပြစ်ရှိသူ တစ်ယောက်လို အမြဲ ခံစားမိနေ တာကြောင့် ကိုယ့်အပေါ် အမှားလုပ်တဲ့ သူတွေကို အလိုလို ခွင့်လွှတ်ပေး မိနေတာပေါ့၊
RAY
No Comments