
RAY
Unicode
ချစ်သူစုံတွဲတိုင်း မဖြစ်မနေသိထားရမယ့် အချစ်ထက် ပိုအရေးကြီးတဲ့ အချက်(၅)ချက်
လူတွေရဲ့စိတ်ဟာပြောင်းလဲ တတ်တဲ့ သဘာဝ ရှိပါတယ်။ အချစ်ရေး မှာလည်း အတူတူပါပဲ။ ဘယ်လောက်ပဲbချစ်တယ်လို့ပြောပေမယ့် ပြောင်းလဲ သွားကြတဲ့ သူတွေ အများကြီးပါပဲ။ ချစ်သူတွေ မပြောင်းလဲဘဲ ချစ်နေဖို့ဆိုရင် ချစ်တယ် ဆိုတဲ့ စကားကို တဖွဖွပြောနေ တာထက် ပိုအရေးကြီးတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဒီအချက်လေးတွေ ပဲဖြစ်ပါ တယ်။
(၁) ဂရုစိုက်ပါ၊ အရမ်းမတွယ်ကပ်ပါနဲ့
ချစ်သူတွေ အများစုပြတ်စဲ ကြတာဟာ ဂရုမစိုက်လို့ဆိုတဲ့ အကြောင်းရင်းကြောင့် ဖြစ်ပါတယ်။ ချစ်သူတွေဖြစ်ကြရင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြ ရမှာပါ။ လုံးဝ ဂရုမစိုက်ဘူး ဆိုရင် အချစ်ရေးအဆင်မပြေ နိုင်သလို၊ အရမ်းတွယ်ကပ် လွန်းရင်လည်း အဆင်မပြေ နိုင်ဘူး။
ဒါကြောင့် သူ့အပေါ် ဂရုစိုက်ကြောင်း ပြသဖို့ဝန်မလေးပါနဲ့၊ ပြီးတော့ တစ်ဖက်သား စိတ်ကျဉ်းကျပ်လောက်အောင်လည်း မတွယ်ကပ် ပါနဲ့။
(၂) ချစ်ကြောင်းပြသပါ၊ အရမ်းမကောင်းပြပါနဲ့
ချစ်ပြရင် ပစ်ချ သွားတတ်တယ် ဆိုတဲ့ စကားကို လူတိုင်း သိမှာပါ။ ဒါကို မှန်တယ်လို့ ပြောလို့မရပါဘူး။
တကယ်တော့ ချစ်ပြတိုင်း ပစ်ချ သွားတတ်တာ မဟုတ်ပါဘူး။ လိုတာ ထက်ပိုကောင်းပြ လိုက်လို့ ပစ်ချခံ ရတာပါ။ ဒါကြောင့် ကိုယ်သူ့ကိုချစ်တယ် ဆိုတာကို သူသိအောင်ဖော်ပြပါ၊ အရမ်းကြီးတော့ မကောင်းပြ ပါနဲ့။
(၃) သူ့အသိုင်းအဝိုင်းအပေါ်ကောင်းကောင်းဆက်ဆံပါ
ချစ်သူတွေဖြစ်တဲ့အခါမှာလည်း နှစ်ယောက်လုံးရဲ့အသိုင်းအဝိုင်းနဲ့ပတ်သက်ဆက်ဆံရပါတယ်။ သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း စတာတွေနဲ့ ပတ်သက်ဆက်ဆံရတဲ့အခါ ကောင်းကောင်းဆက်ဆံပါ။ သူ့ဘက်၊ကိုယ့်ဘက် အသိုင်းအဝိုင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်းက အချစ်ရေးကိုပိုအဆင်ပြေစေပါတယ်။
(၄) ချီးကျူးစကားလေးတွေပြောပါ
လူတိုင်းက ကိုယ်ကြိုးစားလို့ရလာတဲ့ အောင်မြင်မှု အတွက် အသိအမှတ်ပြုတာ၊ ချီးကျူးတာကို လိုချင်ကြပါတယ်။ ဒီထဲမှာ သင့်ချစ်သူလည်း သေချာပေါက်ပါနေမှ ာပါပဲ။
သူ့ရဲ့ကြိုးစားအ ားထုတ်မှု၊ အောင်မြင်မှုတွေနဲ့ပတ်သက်လို့ ချီးကျူးစကားလေးတွေပြောပေးတာက ဘယ်လောက်မှ အပန်းမကြီးပါဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ ကြီးမားပါတယ်။ ချီးကျူးစကားလေးတွေက သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးအဆင်ပြေခိုင်မြဲဖို့ တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။
(၅) သူ့ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့
လူအများစုက ကိုယ့်ချစ်သူကို ပြောင်းလဲဖို့၊ ပြုပြင်ဖို့ကြိုးစားတတ်ကြပါတယ်။ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ သူပြောင်းလဲ နိုင်မယ်လို့လည်း ထင်တတ် ကြပါ တယ်။
တကယ်တော့ လူတစ်ယောက်ရဲ့ဗီဇနဲ့စွဲနေတဲ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ချစ်တဲ့ သူကိုပြောင်းလဲဖို့ လွှမ်းမိုးဖို့ကြိုးစားတာ ဟာလည်း ကောင်းကျိုးထက်၊ဆိုးကျိုးကို သာပိုဖြစ်စေ ပါလိမ့်မယ်။
RAY
No Comments