Unicode
အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်မယ့် နည်းလမ်း (၁၀)ခု
“အချိန်နဲ့ ဒီရေသည် လူကို မစောင့်” ဆိုတဲ့ စကားပုံ အတိုင်း အချိန်ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစောင့်ဘဲ ဆက်သွားနေ မှာ ဖြစ်ပါ တယ်။
အချို့သော လူတွေက အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ကြသလို၊ အချိန်ကို အကျိုးရှိရှိ အသုံးမချ ကြတဲ့ သူတွေလည်း ရှိပါတယ်။ အောင်မြင်သူတွေနဲ့ ကျရှုံးသူတွေရဲ့ အဓိက ကွဲပြားခြားနားခြင်းက အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ မရှိခြင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံး တစ်ရက်မှာ ၂၄ နာရီဆိုတဲ့ အချိန်ကို ညီတူညီမျှ ရနေကြ တာပါ။ အချိန်ရှိတယ်၊ မရှိဘူးဆိုတာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အချိန်ကို ဘယ်လို အသုံးချလဲ ဆိုတဲ့ အချက်ပေါ် မှာသာ မူတည်တာ ဖြစ်ပါ တယ်။
အိပ်မက်တွေ၊ အောင်မြင်မှုတွေကို အကောင်အထည်ေ ဖာ်ချင်ရင် ရေတို၊ ရေရှည် စီမံကိန်းတွေ ချမှတ်ထားဖို့ လိုအပ် ပါတယ်။ ဒါ့အပြင် သင့်ဘေးမှာရှိတဲ့ အနှောင့်အယှက်တွေနဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို ဖယ်ရှားပစ်ဖို့လည်း လိုအပ် ပါတယ်။
အချိန်ကို စနစ်တကျ စီမံခန့်ခွဲ နိုင်ခြင်းက ကျွန်တော်တို့ရဲ့ အလုပ်နဲ့ ဘဝကို ဟန်ချက် ညီအောင် ကူညီပေးနိုင်ပါတယ်။ ဘဝမှာ ဟန်ချက် ညီအောင် ထိန်းညှိ နိုင်ခြင်းက အောင်မြင်မှု အတွက် အခရာကျပါတယ်။
ဘာလို့လဲ ဆိုတော့ အလုပ်နဲ့ ဘဝ ဟန်ချက်မညီရင် စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပြီး ကိုယ်ပိုင်အားလပ်ချိန်နဲ့ မိသားစုအတွက် အချိန်လည်း ချန်ထားနိုင်မှာ မဟုတ်ပါဘူး။ ဘဝဆိုတာ တိုတိုလေးပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ နည်းလမ်း (၁၀) ချက်ကို အသိပေးလိုက်ပါရစေ။
၁။ ပန်းတိုင်တွေကို စနစ်တကျ ချမှတ်ပါ။
၂။ အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲ နိုင်တဲ့ စနစ်ကို ရှာရ ပါမယ်။
၃။ တစ်ပတ်စာ အချိန်အသုံး ချမှုကို လေ့လာ ဆန်းစစ်ပါ။
၄။ နံနက်ခင်းမှာ အရေးအကြီးဆုံး လုပ်ငန်းတွေကို လုပ်ဆောင်ပါ။
၅။ မကောင်းတဲ့ အလေ့အထတွေ ကို စွန့်လွှတ်ပါ။
၆။ အလုပ်လုပ်ရင် ခဏတဖြုတ်နား တဲ့ အကျင့်လုပ်ပေးပါ။
၇။ နံနက်တိုင်း တရားထိုင်ခြင်း ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပါ။
၈။ ညနေတိုင်း သို့ အိပ်ရာမဝင် ခင်တိုင်း နောက်တစ်နေ့တာ အတွက် လုပ်ရမယ့်ဟာတွေကို ချရေးဖြစ်အောင် ရေးပါ။
၉။ လူမှုကွန်ရက်နဲ့ ဆက်စပ်နေတဲ့ Application တွေရဲ့ Notification တွေကို ပိတ်ထားပါ။
၁၀။ မိမိအလုပ်လုပ် တဲ့နေရာကို သပ်သပ် ရပ်ရပ်နဲ့ စနစ်တကျ ထားပါ။
တစ်ပုံချင်းစီထောက်၍ အသေးစိတ်ဖတ်ရှု့ပါ။⏬⏬⏬
အချိန်ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် သင့်ရဲ့ အချိန်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သင်သိ သွားသလို သူငယ်ချင်းတွေ လည်း အကျိုးများစေဖို့ ကျွန်တော်တို့ ဆောင်းပါးလေးကို Like နဲ့ Share လုပ်ပေးကြဖို့ မျှော်လင့်ပါတယ် ခင်ဗျာ။
Credit to original writer.#
No Comments