လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိရဖို့အတွက်
ဘယ်လိုနေ ရမှန်း မသိရင် ရိုးရိုး သားသားနေ ပါ
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို သိရဖို့ အတွက်
တခါတလေ အ, ချင်ယောင်ဆောင် ရတယ် ။ တခါတလေ အချိန် တချို့ရင်း ရတယ်။ တခါတလေ ရင်ဘတ်ကြီး, တစ်ခုလုံး ရင်းလိုက် ရတယ်။
မင်းကို ဘယ်တော့မှ ဒုက္ခမပေးမယ့် သူတွေ ရှိတယ်။ အဲ့ဒီ လူတွေ ကတော့… မင်းကိုမေတ္တာထားတဲ့သူ ဒါမှမဟုတ် မင်းကို တကယ် ချစ်တဲ့သူ။
အတိတ်ကို ပြန်အမှတ် ရပြီး ပူဆွေး တာက မင်းကို အားအင် ကုန်ခမ်းစေ တယ်။
အနာဂ္ဂါတ် ကိုတွေးပြီး ရင်ခုန်ကြည့် တာကမှ မျှော်လင့်ချက် ရောင်ခြည်သန်းလာ စေနိုင်သေး တယ်။
မင်းကို ရည်ရွယ်ချက် ရှိရှိနဲ့ နာကျင်စေ တဲ့သူ… ယုံကြည်မှုကို ခဏခဏ အလွဲသုံးစား လုပ်တက်တဲ့သူ
အဲ့ဒီလူတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေပါ။ ဒါမှ မဟုတ် သတိထားပါ။ မြွေးပွေး ထက် ဆိုးတယ်။
မြွေးပွေးက တစ်ချက် နှစ်ချက်ပဲ ပေါက်တာ အဲ့ဒီ လူတွေက အခွင့်ရေး ရတိုင်း မင်းကို ဒုက္ခပေး လှည့်ဖြားမဲ့သူတွေ ဖြစ်တယ်။
မင်းကို ယုံကြည် ရတဲ့ အကြောင်းရင်း ရှိလို့… ယုံကြည်ပေး တဲ့သူ အချစ် သံယောဇဉ်တွေကြောင့် မျက်လုံးစုံမှိတ် ယုံကြည်ပေး တဲ့သူ
အဲ့ဒီလူတွေနဲ့ ကြုံဆုံ လာတဲ့အခါ… သူတို့ရဲ့ ယုံကြည်ပေးမှုကို အသိမှတ်ပြုပါ၊ လေးစားပါ။
ယုံကြည်မှုဆိုတာ ငွေပေးပြီးလည်း မရဘူး။ ဘယ်တန်ခိုးရှင် မှလည်း မဖန်တီးပေး နိုင်ဘူး။
ယုံကြည်မှုဆိုတာ နေ့စဉ် လူမှုဘဝတွင် သာမက စီးပွားရေး၊ နိုင်ငံရေးတွေထိ ကို အရေးပါတဲ့ အရာဖြစ်တယ်။
ပတ်ဝန်ကျင်ကို ဂရုစိုက်စရာ မလိုပါဘူး။ မင်းကောင်းတာ လုပ်နေတယ် ဆိုရင်ပေါ့။
လူတွေက များသော အားဖြင့် လိုအပ်ချက် ရှိမှ ရောက်လာကြ တယ်။ ဒါလူတွေရဲ့… သဘာဝပဲလေ။
ဘာများမကျေစရာ ရှိလို့လဲ… ကူညီ နိုင်ရင် ကူညီ၊ မကူညီနိုင် ရင် မကူညီနဲ့… မင်းမှာ ရွေးချယ်ပိုင်ခွင့် ရှိပြီးသားပါ။
ဝတ္တရားဆိုတာ ကိုယ့်အသိ စိတ်ဓါတ်နဲ့ လုပ်တာ… စေသနာက ပြန်အကျိုးပေးတက်ပါတယ်။
ရင်ထဲ အလေးနက် ထားခဲ့ရ တဲ့သူ ဖြစ်ခဲ့တယ် ဆိုရင်တောင် စွန့်လွှတ် သင့်တယ် ဆိုရင်… ပျက်ပျက်သားသား စွန့်လွှတ်ပါ။
နည်းနည်းအထီးကျန် သွားတာကလွဲလို့… ကျန်တာ အဆင်ပြေပါတယ်။
လူတစ်ယောက်ရဲ့ လက်ထဲမှာ ကိုယ့်ရဲ့ အနာဂ္ဂါတ်တွေ… ပျောက်ဆုံးနေတာမျိုးတော့ မဖြစ်ပါစေနဲ့။
စကားအပြောအဆို စဉ်ခြင်ပါ။ ဖြစ်နိုင်ရင် စကားပြော ကောင်းသည်ထက်ကောင်းအောင် လေ့ကျင့်ပါ။
တခါတလေ စကားအပြောအဆို မတက်ရင် သွယ်ဝိုက်ပြီး ဆဲလိုက်သလိုပါပဲ။
နုတ်ကောင်းရင် တိုင်းပြည်ကိုတောင် အုပ်စိုးရနိုင်တယ်။ အနည်းဆုံးတော့… လူတချို့ရဲ့ နှလုံးသားကို စိုးမိုးနိုင်တယ်။
ပတ်ဝန်းကျင်ကို မထီမဲ့မြင်တော့ မပြုနဲ့။ မင်းလူဆိုးလား၊ လူကောင်းလား သိချင်တဲ့အခါ… မင်းကို တိုက်ရိုက်လာမေးမှာ မဟုတ်ဘူး။
မင်းရဲ့ ပတ်ဝန်ကျင်မှာ လာစုံစမ်းမှာ ပတ်ဝန်ကျင်ဆိုတာ မင်းရဲ့ (Media)ပါ။ (Media အကောင်းတွေနဲ့ တွေ့ပါစေ)
လူတိုင်းကို ယုံပါတယ်လို့ မပြောမိပါစေနဲ့… ငါ့ကို ကြိုက်သလောက် လိမ်ပါလို့ ခွင့်ပြုပေးလိုက်တာနဲ့ အတူတူပဲ
လောကမှာ ဝေဖန် အပြစ်တင်ခံရ လွတ်တဲ့သူ မရှိဘူး။
စာတစ်ကြောင်း ဖတ်ဖူးတယ်။ ဝေဖန် အပြစ်တင် မခံချင်ရင်… ဘာမှ မလုပ်နဲ့။ ဘာမှ မပြောနဲ့…
နောက်ဆုံး လူတစ်ယောက်လိုလည်း ရှင်သန်မနေ ပါနဲ့တဲ့။
အားလုံးကို လေးစားလျှက်