မီလ်ံနာေတြဆီက သင္ယူရမယ့္ ေအာင္ျမင္ေရးအေလ့အက်င့္ (၅) ခု - Amawpyay

မီလ်ံနာေတြဆီက သင္ယူရမယ့္ ေအာင္ျမင္ေရးအေလ့အက်င့္ (၅) ခု

မီလ်ံနာေတြဆီက သင္ယူရမယ့္ ေအာင္ျမင္ေရးအေလ့အက်င့္ (၅) ခု
Knowledge

မီလ်ံနာေတြဆီက သင္ယူရမယ့္ ေအာင္ျမင္ေရးအေလ့အက်င့္ (၅) ခု

လူကို အက်င့္က ဦးေဆာင္တယ္ ဆိုတဲ့ စကား ရွိပါတယ္။ ေအာင္ျမင္မႈဆီ သြားတဲ့ လမ္းေၾကာင္းမွာလည္း အေလ့အထက အေရးပါ လွပါတယ္။

ခ်မ္းသာႂကြယ္ဝ သူေတြကို ဘဝမွာ ေအာင္ျမင္သူေတြလို႔ သတ္မွတ္မယ္ဆိုရင္ ေအာင္ျမင္ ခ်င္ရင္ သူတို ႔လက္ကိုင္ ထားတဲ့ အေလ့အက်င့္ေတြကို လိုက္နာဖို႔ လိုပါမယ္။ ဒီအတြက္ ႐ိုးရွင္းၿပီး ေန႔တိုင္း လုပ္ေဆာင္ သြားႏိုင္တဲ့ အေလ့အက်င့္ေတြ ရွိ ပါတယ္။

(၁) တိုးတက္ဖို႔ စာဖတ္တယ္

သန္းႂကြယ္သူေဌးေတြမွာ ေတြ႕ေလ့ရွိတဲ့ ဝါသနာတစ္ရပ္က စာဖတ္တာပါပဲ။ အေတာ္မ်ားမ်ားက ေန႔တိုင္း စာဖတ္ ပါတယ္။ ဖတ္တဲ့ စာေတြကလည္း Personal Development ပိုင္းအတြက္ အက်ိဳးရွိတဲ့ စာေတြ ျဖစ္ပါတယ္။

ကိုယ္စြမ္းကိုယ္စနဲ႔ ခ်မ္းသာ လာသူေတြရဲ႕ ၈၅% ဟာ တစ္လကို အနည္းဆုံးစာအုပ္ ၂ အုပ္ဖတ္ၾကတယ္လို႔ ဆိုပါတယ္။ ဝါရင္းဘတ္ ဖတ္ဆိုရင္ တစ္ေန႔တာရဲ႕ ၈၀% ကို စာဖတ္ရင္း ကုန္ဆုံးေစသူ ျဖစ္ပါတယ္။

(၂) ဝင္ေငြရေပါက္ အမ်ားႀကီး လုပ္ထားတယ္

ေနာက္ထပ္ ခ်မ္းသာ သူေတြရဲ႕ ေအာင္ျမင္ေရး အေလ့အက်င့္က ဝင္ေငြစီးေၾကာင္း တစ္ခုတည္းေပၚ အားမကိုးဘဲ ဝင္ေငြရမယ့္ လမ္းေၾကာင္းေတြ အလုပ္ေတြ အမ်ားႀကီး လုပ္တာ ျဖစ္ပါတယ္။

အလုပ္နဲ႔ ဝင္ေငြ ရေပါက္ေတြ ခြဲထားလို႔ လုပ္ငန္း ထိခိုက္မႈမွာလည္း ခံသာသလို လုပ္ငန္းတည္တံ့တိုးပြားဖို႔အတြက္လည္း ပိုၿပီး စိတ္ခ်ရပါတယ္။ မီလ်ံနာေတြဟာ ဝင္ေငြစီးေၾကာင္းသစ္ေတြ တည္ေဆာက္ဖို႔အတြက္လည္း အၿမဲေလ့လာေနသူ ျဖစ္ပါတယ္။

(၃) ေငြေၾကး စီမံၿပီး တိုးပြားေအာင္လုပ္တယ္

ကိုယ္စြမ္းကိုယ္စနဲ႔ ခ်မ္းသာလာ တဲ့သူေတြဟာ ကံကိုယုံၿပီး အေလာင္းအစား မလုပ္ၾကပါဘူး။ သူတို႔ဟာ ဝင္ေငြ/ထြက္ေငြ စီးေၾကာင္းကို နားလည္ေအာင္ ေလ့လာၿပီး လစဥ္ အသုံးစရိတ္ကို ခ်ိန္ဆၿပီး စီမံခန႔္ခြဲပါတယ္။

ေငြေၾကးကိုလည္း စု႐ုံ သက္သက္ထက္ တိုးပြားမယ့္ ေနရာေတြမွာ ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ပါတယ္။ ဒီအတြက္လည္း လုပ္ငန္း လည္ပတ္တဲ့ ေငြေၾကး ပုံစံကို သိေအာင္ လုပ္ၿပီး ေငြကုန္ေၾကးက် သက္သာမယ့္နည္းလမ္းကို ရွာပါ တယ္။

(၄) အေႂကြးကင္းေအာင္ ေနတယ္

မီလ်ံနာေတြရဲ႕ ဒီအက်င့္ဟာ သင့္ရဲ႕ ေန႔စဥ္ဘဝမွာပါ အသုံးဝင္ပါလိမ့္မယ္။ သူတို႔ဟာ တကယ္လိုအပ္တာပဲ ဝယ္ ပါတယ္။ ဟိုတယ္ေတြ ၊ ေလယာဥ္လက္မွတ္ခေတြကို Credit Card သုံးၿပီး ေငြမေခ်ပါဘူး။ အေႂကြးဝယ္ကဒ္သုံးရင္ တက္မယ့္ အတိုးႏႈန္းကို သူတို႔ သတိ ထားပါတယ္။

ခ်မ္းသာတယ္ ဆိုၿပီး ဗုံးေပါလေအာင္ မသုံးပါဘူး။ တန္ဖိုးႀကီးကားေဝြ ၊ luxury brand ေတြကို ဝယ္ဖို႔ထက္ လုပ္ငန္းတိုးခ်ဲ႕ဖို႔ဘက္ ပိုစိတ္အား ထက္သန္ၾက ပါတယ္။ ဒါဟာ ေငြေၾကးစီမံမႈ အတတ္ပညာတစ္ခုပါပဲ။

(၅) ေန႔တိုင္း ပန္းတိုင္ထားတယ္

သင့္အေနနဲ႔ ဘာလုပ္ငန္းပဲ လုပ္လုပ္ ေအာင္ျမင္ဖို႔အတြက္ ေရတိုရည္မွန္းခ်က္ေလးေတြလည္း ထားတတ္ဖို႔ လိုပါ တယ္။ ေန႔တိုင္းဟာ အသစ္ျဖစ္ေန တာပါ။ ဒါ့ေၾကာင့္ ခ်မ္းသာေရးအတြက္ သြားတဲ့ သင့္လမ္းေၾကာင္းမွာလည္း သတင္းအခ်က္ အလက္သစ္ေတြ ၊ လုပ္ေဆာင္ခ်က္သစ္ေတြ ျပင္သြားရမွာ ျဖစ္ပါတယ္။

တစ္ေန႔တာအလိုက္ ေန႔စဥ္ ဦးစားေပးလုပ္စရာေလးေတြ ပုံမွန္အာ႐ုံစိုက္သြားရင္ ဒီအေလ့အက်င့္ေၾကာင့္ တစ္ေန႔မွာ ခ်မ္းသာႂကြယ္ဝၿပီး ေငြေၾကးမပူပန္ရသူ ျဖစ္လာမွာပါ။

ခရက္ဒစ္

ယူနီကုတ္

မီလျံနာတွေဆီက သင်ယူရမယ့် အောင်မြင်ရေးအလေ့အကျင့် (၅) ခု

လူကို အကျင့်က ဦးဆောင်တယ် ဆိုတဲ့ စကား ရှိပါတယ်။ အောင်မြင်မှုဆီ သွားတဲ့ လမ်းကြောင်းမှာလည်း အလေ့အထက အရေးပါ လှပါတယ်။

ချမ်းသာကြွယ်ဝ သူတွေကို ဘဝမှာ အောင်မြင်သူတွေလို့ သတ်မှတ်မယ်ဆိုရင် အောင်မြင် ချင်ရင် သူတို့လက်ကိုင် ထားတဲ့ အလေ့အကျင့်တွေကို လိုက်နာဖို့ လိုပါမယ်။ ဒီအတွက် ရိုးရှင်းပြီး နေ့တိုင်း လုပ်ဆောင် သွားနိုင်တဲ့ အလေ့အကျင့်တွေ ရှိ ပါတယ်။

(၁) တိုးတက်ဖို့ စာဖတ်တယ်

သန်းကြွယ်သူဌေးတွေမှာ တွေ့လေ့ရှိတဲ့ ဝါသနာတစ်ရပ်က စာဖတ်တာပါပဲ။ အတော်များများက နေ့တိုင်း စာဖတ် ပါတယ်။ ဖတ်တဲ့ စာတွေကလည်း Personal Development ပိုင်းအတွက် အကျိုးရှိတဲ့ စာတွေ ဖြစ်ပါတယ်။

ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာ လာသူတွေရဲ့ ၈၅% ဟာ တစ်လကို အနည်းဆုံးစာအုပ် ၂ အုပ်ဖတ်ကြတယ်လို့ ဆိုပါတယ်။ ဝါရင်းဘတ် ဖတ်ဆိုရင် တစ်နေ့တာရဲ့ ၈၀% ကို စာဖတ်ရင်း ကုန်ဆုံးစေသူ ဖြစ်ပါတယ်။

(၂) ဝင်ငွေရပေါက် အများကြီး လုပ်ထားတယ်

နောက်ထပ် ချမ်းသာ သူတွေရဲ့ အောင်မြင်ရေး အလေ့အကျင့်က ဝင်ငွေစီးကြောင်း တစ်ခုတည်းပေါ် အားမကိုးဘဲ ဝင်ငွေရမယ့် လမ်းကြောင်းတွေ အလုပ်တွေ အများကြီး လုပ်တာ ဖြစ်ပါတယ်။

အလုပ်နဲ့ ဝင်ငွေ ရပေါက်တွေ ခွဲထားလို့ လုပ်ငန်း ထိခိုက်မှုမှာလည်း ခံသာသလို လုပ်ငန်းတည်တံ့တိုးပွားဖို့အတွက်လည်း ပိုပြီး စိတ်ချရပါတယ်။ မီလျံနာတွေဟာ ဝင်ငွေစီးကြောင်းသစ်တွေ တည်ဆောက်ဖို့အတွက်လည်း အမြဲလေ့လာနေသူ ဖြစ်ပါတယ်။

(၃) ငွေကြေး စီမံပြီး တိုးပွားအောင်လုပ်တယ်

ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာလာ တဲ့သူတွေဟာ ကံကိုယုံပြီး အလောင်းအစား မလုပ်ကြပါဘူး။ သူတို့ဟာ ဝင်ငွေ/ထွက်ငွေ စီးကြောင်းကို နားလည်အောင် လေ့လာပြီး လစဉ် အသုံးစရိတ်ကို ချိန်ဆပြီး စီမံခန့်ခွဲပါတယ်။

ငွေကြေးကိုလည်း စုရုံ သက်သက်ထက် တိုးပွားမယ့် နေရာတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်ပါတယ်။ ဒီအတွက်လည်း လုပ်ငန်း လည်ပတ်တဲ့ ငွေကြေး ပုံစံကို သိအောင် လုပ်ပြီး ငွေကုန်ကြေးကျ သက်သာမယ့်နည်းလမ်းကို ရှာပါ တယ်။

(၄) အကြွေးကင်းအောင် နေတယ်

မီလျံနာတွေရဲ့ ဒီအကျင့်ဟာ သင့်ရဲ့ နေ့စဉ်ဘဝမှာပါ အသုံးဝင်ပါလိမ့်မယ်။ သူတို့ဟာ တကယ်လိုအပ်တာပဲ ဝယ် ပါတယ်။ ဟိုတယ်တွေ ၊ လေယာဉ်လက်မှတ်ခတွေကို Credit Card သုံးပြီး ငွေမချေပါဘူး။ အကြွေးဝယ်ကဒ်သုံးရင် တက်မယ့် အတိုးနှုန်းကို သူတို့ သတိ ထားပါတယ်။

ချမ်းသာတယ် ဆိုပြီး ဗုံးပေါလအောင် မသုံးပါဘူး။ တန်ဖိုးကြီးကားဝွေ ၊ luxury brand တွေကို ဝယ်ဖို့ထက် လုပ်ငန်းတိုးချဲ့ဖို့ဘက် ပိုစိတ်အား ထက်သန်ကြ ပါတယ်။ ဒါဟာ ငွေကြေးစီမံမှု အတတ်ပညာတစ်ခုပါပဲ။

(၅) နေ့တိုင်း ပန်းတိုင်ထားတယ်

သင့်အနေနဲ့ ဘာလုပ်ငန်းပဲ လုပ်လုပ် အောင်မြင်ဖို့အတွက် ရေတိုရည်မှန်းချက်လေးတွေလည်း ထားတတ်ဖို့ လိုပါ တယ်။ နေ့တိုင်းဟာ အသစ်ဖြစ်နေ တာပါ။ ဒါ့ကြောင့် ချမ်းသာရေးအတွက် သွားတဲ့ သင့်လမ်းကြောင်းမှာလည်း သတင်းအချက် အလက်သစ်တွေ ၊ လုပ်ဆောင်ချက်သစ်တွေ ပြင်သွားရမှာ ဖြစ်ပါတယ်။

တစ်နေ့တာအလိုက် နေ့စဉ် ဦးစားပေးလုပ်စရာလေးတွေ ပုံမှန်အာရုံစိုက်သွားရင် ဒီအလေ့အကျင့်ကြောင့် တစ်နေ့မှာ ချမ်းသာကြွယ်ဝပြီး ငွေကြေးမပူပန်ရသူ ဖြစ်လာမှာပါ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …