စိတ္ဓါတ္ခြန္အား ႀကီးမားသူတို႔ အက်င့္မ်ား - Amawpyay

စိတ္ဓါတ္ခြန္အား ႀကီးမားသူတို႔ အက်င့္မ်ား

စိတ္ဓါတ္ခြန္အား ႀကီးမားသူတို႔ အက်င့္မ်ား
Knowledge

စိတ္ဓါတ္ခြန္အား ႀကီးမားသူတို႔ အက်င့္မ်ား

ေအာင္ျမင္မႈ ဆိုတာ ဗလႀကီးတဲ့ သူေတြ ရတာ မဟုတ္ ပါဘူး။ စိတ္ခြန္အားႀကီးမား တဲ့သူေတြ ရရွိပိုင္ဆိုင္တဲ့ အရာ ျဖစ္ပါ တယ္။ ေအာင္ျမင္ေပါက္ေျမာက္ ထိပ္တန္းေရာက္ေန တဲ့ ေခါင္းေဆာင္ေတြ ဟာ သူတို႔ရဲ႕ စိတ္အရည္အခ်င္း ႀကီးျမင့္မႈေၾကာင့္ အဲဒီလို ေနရာေတြကို ‌ေရာက္လာတာပါ။

အခက္အခဲေတြ ၊ စိန္ေခၚမႈေတြနဲ႔ ႀကဳံခ်ိန္မွာ စိတ္ဓါတ္ႀကံ့ခိုင္သူေတြဟာ ပိုေကာင္းတဲ့ ရလဒ္ရေအာင္ ဦးေဆာင္ႏိုင္ ပါတယ္။ သင့္အေနနဲ႔ ဒီလိုမ်ိဳး အရည္အေသြး ေကာင္းေတြ လိုခ်င္တယ္ ဆိုရင္ စိတ္ဓါတ္ႀကီးျမင့္တဲ့ ေခါင္းေဆာင္ေတြရဲ႕ ဒီအေလ့အထ ေတြကို လိုက္နာက်င့္ သုံးသင့္ ပါတယ္။

(၁) ရႈံးနိမ့္မႈကို မေၾကာက္ဘူး

စိတ္ပိုင္းအရ ႀကံ့ခိုင္သန္မာသူေတြဟာ ေအာင္ျမင္မႈဆီ သြားတဲ့လမ္းမွာ အရႈံးေတြနဲ႔ လမ္းခင္းထားတယ္ဆိုတာ သိထားသူေတြပါ။ အမွားေတြနဲ႔ ရင္ဆိုင္ရင္း ၊ စိန္ေခၚမႈေတြကို ေျဖရွင္းရင္း အခက္အခဲနဲ႔ အတားအဆီးေတြရဲ႕ အၾကားမွာ ဆက္လက္ ရပ္တည္ ႏိုင္တဲ့ ဇြဲရွိၾက သူေတြ ျဖစ္ပါတယ္။

သင္လည္း ေအာင္ျမင္ခ်င္တယ္ဆိုရင္ အရႈံးကို ေၾကာက္တဲ့ စိတ္ကို ဖယ္ရွားထားၿပီး အမွားေတြကေန သင္ယူသြားမယ္လို႔ အဓိဌာန္သင့္ပါတယ္။

(၂) စြဲျမခိုင္မာမႈ ရွိတယ္

စိတ္ပ်က္ အားေလ်ာ့ စရာေတြ ရွိခဲ့ရင္ေတာင္ ပန္းတိုင္ကို ဆက္သြား မယ့္စိတ္က ယိမ္းယိုင္ၿပိဳလဲမသြားဘူး။ စိတ္ဓါတ္ဟာ စြဲၿမဲ ခိုင္မာတဲ့ ယုံၾကည္မႈနဲ႔ ေရွ႕ဆက္သြားဖို႔ ျပင္ဆင္ေန သူကို ဘယ္တံတိုင္းမွ ဆီးတားထားလို႔ မရဘူး ဆိုတာကို စိတ္ဓါတ္ႀကံ့ခိုင္ သူေတြက နားလည္ၾက ပါတယ္။

ေအာင္ျမင္ဖို႔ ဆိုတာ အခ်ိန္ ဘယ္ေလာက္ ၾကာမယ္လို႔ ေသခ်ာေျပာ မျပ ႏိုင္တဲ့ အရာျဖစ္လို႔ သင့္ဘက္က ေန႔တိုင္းမွာ ထက္သန္ျပင္းျပတဲ့ စိတ္သာ ေလာင္စာထိုးၿပီး ႀကိဳးစားေန ဖို႔ လိုမွာပါ။

(၃) အေကာင္းျမင္တယ္

ဘဝမွာ ျဖစ္ျဖစ္ စီးပြားေရးမွာ ျဖစ္ျဖစ္ သင္ထိန္းခ်ဳပ္ ထားလို႔ မရတဲ့ အရာေတြ အၿမဲ ရွိပါတယ္။ အတက္အက် အနိမ့္အျမင့္ တိုင္းဟာ သင့္ေၾကာင့္ခ်ည္းလည္း ဟုတ္ခ်င္မွ ဟုတ္မွာပါ။

ဘာပဲ ျဖစ္ျဖစ္ အဆိုးၿပီးရင္ အေကာင္းလာမယ္ဆိုတဲ့ ေမွ်ာ္လင့္ယုံၾကည္တဲ့ စိတ္ရွိမယ္ ဆိုရင္ ေရွ႕ခရီးအတြက္ အားအင္နဲ႔ သတၱိရရွိမွာ ျဖစ္ပါတယ္။ ဒီလို အေကာင္းျမင္တဲ့ အတြက္ေၾကာင့္လည္း ဘဝမွာ ပိုေကာင္းတာေတြ ဖန္တီးျဖစ္လာပါလိမ့္မယ္။

(၄) အေထာက္အကူရွာတယ္

စိတ္ဓါတ္အားေကာင္းတယ္ ဆိုတာနဲ႔ပဲ တစ္ျခားသူေတြ ဆီက အကူအညီယူစရာမလိုဘူးလို႔ ထင္ရင္ မွားသြားမွာပါ။ ႀကီးက်ယ္တဲ့ အရာေတြကို တစ္ေယာက္တည္းအားနဲ႔ တည္ေဆာက္ခဲ့ တာ မဟုတ္ပါဘူး။

စိတ္ဓါတ္ႀကံ့ခိုင္ ထက္သန္သူေတြဟာ အားေကာင္းတဲ့ ပံ့ပိုးမႈ စနစ္တစ္ခုကို ဖန္တီးၿပီး အဲဒီကေနမွ သူလိုခ်င္တဲ့အရာေတြကို တစ္ဆင့္ခ်င္း ပုံေဖာ္သြားတာ ျဖစ္ပါတယ္။

(၅) စြမ္းအင္စီမံခန႔္ခြဲတယ္

လူတိုင္း တစ္ေန႔မွာ ၂၄ နာရီပဲ ပိုင္ဆိုင္တာပါ။ အလြန႔္ကို ထူးျခားေအာင္ျမင္တဲ့သူေတြလည္း တစ္ေန႔ ၂၄ နာရီထဲမွာ က်င္လည္ေနတာ ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး သူတို႔လည္း အခ်ိန္ပိုမရပါဘူး။ အေရးႀကီးတာက သူတို႔ဟာ စီမံခန႔္ခြဲမႈ ေကာင္းပါတယ္။

အခ်ိန္နဲ႔ လူေတြကို သူ႔ေနရာ ၊ သူ႔ကာလနဲ႔သူ စီမံသလို သူတို႔ရဲ႕ စြမ္းအင္အရင္းအျမစ္ကိုလည္း ထိထိေရာက္ေရာက္ စီမံခန႔္ခြဲမႈ လုပ္ပါတယ္။

ဒီလို စီမံခန႔္ခြဲတာေၾကာင့္ပဲ သူ႔အလုပ္နဲ႔ ဘဝဟာ ဟန္ခ်က္မွ်ၿပီး စည္းခ်က္ညီေနပါတယ္။ ေအာင္ျမင္ေအာင္ ခါးကုန္းၿပီး ႀကိဳးစားစရာမလိုဘဲနဲ႔ နည္းလမ္းေကာင္းေတြ တည္ေဆာက္ တတ္သူဟာ

စိတ္ပိုင္းအရ အားႀကီးသူ ျဖစ္ပါတယ္။ စိတ္ခံစားမႈကို အေလ့အက်င့္လည္း လုပ္ထားလို႔ သူတို႔ဟာ ေလာကဓံအတက္အက်မွာ သိပ္ၿပီး ဝမ္းသာမကဲ ဝမ္းနည္းမမ်ားသူေတြ ျဖစ္လာၾကပါတယ္။ ခရက္ဒစ္

ယူနီကုတ္

စိတ်ဓါတ်ခွန်အား ကြီးမားသူတို့ အကျင့်များ

အောင်မြင်မှု ဆိုတာ ဗလကြီးတဲ့ သူတွေ ရတာ မဟုတ် ပါဘူး။ စိတ်ခွန်အားကြီးမား တဲ့သူတွေ ရရှိပိုင်ဆိုင်တဲ့ အရာ ဖြစ်ပါ တယ်။ အောင်မြင်ပေါက်မြောက် ထိပ်တန်းရောက်နေ တဲ့ ခေါင်းဆောင်တွေ ဟာ သူတို့ရဲ့ စိတ်အရည်အချင်း ကြီးမြင့်မှုကြောင့် အဲဒီလို နေရာတွေကို ‌ရောက်လာတာပါ။

အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေနဲ့ ကြုံချိန်မှာ စိတ်ဓါတ်ကြံ့ခိုင်သူတွေဟာ ပိုကောင်းတဲ့ ရလဒ်ရအောင် ဦးဆောင်နိုင် ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုး အရည်အသွေး ကောင်းတွေ လိုချင်တယ် ဆိုရင် စိတ်ဓါတ်ကြီးမြင့်တဲ့ ခေါင်းဆောင်တွေရဲ့ ဒီအလေ့အထ တွေကို လိုက်နာကျင့် သုံးသင့် ပါတယ်။

(၁) ရှုံးနိမ့်မှုကို မကြောက်ဘူး

စိတ်ပိုင်းအရ ကြံ့ခိုင်သန်မာသူတွေဟာ အောင်မြင်မှုဆီ သွားတဲ့လမ်းမှာ အရှုံးတွေနဲ့ လမ်းခင်းထားတယ်ဆိုတာ သိထားသူတွေပါ။ အမှားတွေနဲ့ ရင်ဆိုင်ရင်း ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းရင်း အခက်အခဲနဲ့ အတားအဆီးတွေရဲ့ အကြားမှာ ဆက်လက် ရပ်တည် နိုင်တဲ့ ဇွဲရှိကြ သူတွေ ဖြစ်ပါတယ်။

သင်လည်း အောင်မြင်ချင်တယ်ဆိုရင် အရှုံးကို ကြောက်တဲ့ စိတ်ကို ဖယ်ရှားထားပြီး အမှားတွေကနေ သင်ယူသွားမယ်လို့ အဓိဌာန်သင့်ပါတယ်။

(၂) စွဲမြခိုင်မာမှု ရှိတယ်

စိတ်ပျက် အားလျော့ စရာတွေ ရှိခဲ့ရင်တောင် ပန်းတိုင်ကို ဆက်သွား မယ့်စိတ်က ယိမ်းယိုင်ပြိုလဲမသွားဘူး။ စိတ်ဓါတ်ဟာ စွဲမြဲ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ရှေ့ဆက်သွားဖို့ ပြင်ဆင်နေ သူကို ဘယ်တံတိုင်းမှ ဆီးတားထားလို့ မရဘူး ဆိုတာကို စိတ်ဓါတ်ကြံ့ခိုင် သူတွေက နားလည်ကြ ပါတယ်။

အောင်မြင်ဖို့ ဆိုတာ အချိန် ဘယ်လောက် ကြာမယ်လို့ သေချာပြော မပြ နိုင်တဲ့ အရာဖြစ်လို့ သင့်ဘက်က နေ့တိုင်းမှာ ထက်သန်ပြင်းပြတဲ့ စိတ်သာ လောင်စာထိုးပြီး ကြိုးစားနေ ဖို့ လိုမှာပါ။

(၃) အကောင်းမြင်တယ်

ဘဝမှာ ဖြစ်ဖြစ် စီးပွားရေးမှာ ဖြစ်ဖြစ် သင်ထိန်းချုပ် ထားလို့ မရတဲ့ အရာတွေ အမြဲ ရှိပါတယ်။ အတက်အကျ အနိမ့်အမြင့် တိုင်းဟာ သင့်ကြောင့်ချည်းလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။

ဘာပဲ ဖြစ်ဖြစ် အဆိုးပြီးရင် အကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ယုံကြည်တဲ့ စိတ်ရှိမယ် ဆိုရင် ရှေ့ခရီးအတွက် အားအင်နဲ့ သတ္တိရရှိမှာ ဖြစ်ပါတယ်။ ဒီလို အကောင်းမြင်တဲ့ အတွက်ကြောင့်လည်း ဘဝမှာ ပိုကောင်းတာတွေ ဖန်တီးဖြစ်လာပါလိမ့်မယ်။

(၄) အထောက်အကူရှာတယ်

စိတ်ဓါတ်အားကောင်းတယ် ဆိုတာနဲ့ပဲ တစ်ခြားသူတွေ ဆီက အကူအညီယူစရာမလိုဘူးလို့ ထင်ရင် မှားသွားမှာပါ။ ကြီးကျယ်တဲ့ အရာတွေကို တစ်ယောက်တည်းအားနဲ့ တည်ဆောက်ခဲ့ တာ မဟုတ်ပါဘူး။

စိတ်ဓါတ်ကြံ့ခိုင် ထက်သန်သူတွေဟာ အားကောင်းတဲ့ ပံ့ပိုးမှု စနစ်တစ်ခုကို ဖန်တီးပြီး အဲဒီကနေမှ သူလိုချင်တဲ့အရာတွေကို တစ်ဆင့်ချင်း ပုံဖော်သွားတာ ဖြစ်ပါတယ်။

(၅) စွမ်းအင်စီမံခန့်ခွဲတယ်

လူတိုင်း တစ်နေ့မှာ ၂၄ နာရီပဲ ပိုင်ဆိုင်တာပါ။ အလွန့်ကို ထူးခြားအောင်မြင်တဲ့သူတွေလည်း တစ်နေ့ ၂၄ နာရီထဲမှာ ကျင်လည်နေတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး သူတို့လည်း အချိန်ပိုမရပါဘူး။ အရေးကြီးတာက သူတို့ဟာ စီမံခန့်ခွဲမှု ကောင်းပါတယ်။

အချိန်နဲ့ လူတွေကို သူ့နေရာ ၊ သူ့ကာလနဲ့သူ စီမံသလို သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်ကိုလည်း ထိထိရောက်ရောက် စီမံခန့်ခွဲမှု လုပ်ပါတယ်။

ဒီလို စီမံခန့်ခွဲတာကြောင့်ပဲ သူ့အလုပ်နဲ့ ဘဝဟာ ဟန်ချက်မျှပြီး စည်းချက်ညီနေပါတယ်။ အောင်မြင်အောင် ခါးကုန်းပြီး ကြိုးစားစရာမလိုဘဲနဲ့ နည်းလမ်းကောင်းတွေ တည်ဆောက် တတ်သူဟာ

စိတ်ပိုင်းအရ အားကြီးသူ ဖြစ်ပါတယ်။ စိတ်ခံစားမှုကို အလေ့အကျင့်လည်း လုပ်ထားလို့ သူတို့ဟာ လောကဓံအတက်အကျမှာ သိပ်ပြီး ဝမ်းသာမကဲ ဝမ်းနည်းမများသူတွေ ဖြစ်လာကြပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …