
အများသုံး သန့်စင်ခန်း ဆိုတာကတော့ ကျွန်ုပ်တို့အတွက် ကောင်းမွန်တဲ့ နေရာတစ်နေရာ မစတ်ုလောက်ပါဘူး။
ကျွန်ုပ်တို့တွေ အများသုံး သန့်စင်ခန်းတွေကို အသုံးပြုကြ တဲ့အခါ အိမ်သာတံခါးတွေက ဘာကြောင့်များ ကြမ်းပြင်ထိ ရောက်အောင် လုံလုံလောက်လောက် မရှည်တာ လဲလို့ စဉ်းစားမိလိမ့်မယ် ထင်ပါတယ်။
၎. ကုန်ကျစရိတ်ကို သက်သာစေတယ်။
ခရက်ဒစ်
ယူနီကုတ်
အများသုံးအိမ်သာ တံခါးတွေကို ဘာကြောင့် ကြမ်းပြင်ထိရောက်အောင် မရှည်ထားတာလဲ?
အများသုံး သန့်စင်ခန်း ဆိုတာကတော့ ကျွနု်ပ်တို့အတွက် ကောင်းမွန်တဲ့ နေရာတစ်နေရာ မစတု်လောက်ပါဘူး။
ကျွနု်ပ်တို့တွေ အများသုံး သန့်စင်ခန်းတွေကို အသုံးပြုကြ တဲ့အခါ အိမ်သာတံခါးတွေက ဘာကြောင့်များ ကြမ်းပြင်ထိ ရောက်အောင် လုံလုံလောက်လောက် မရှည်တာ လဲလို့ စဉ်းစားမိလိမ့်မယ် ထင်ပါတယ်။
အဖြေကတော့ သင့်ကို စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်စေဖို့ မဟုတ်ပါဘူး။ အများသုံးအိမ်သာတံခါးတွေရဲ့ အောက်ခြေက ဘာကြောင့် ကြမ်းပြင်နဲ့ လွတ်နေရတာလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
၁. အလွယ်တကူ သန့်ရှင်းရေး လုပ်နိုင်ရန်
အများသုံး သန့်စင်ခန်းတွေကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်စင်ခန်းတံခါးနဲ့ ကြမ်းပြင်ကြား ကွာဟနေမှုက သန့်စင်ခန်းကို မြန်မြန်နဲ့ လွယ်လွယ် သန့်ရှင်းရေး ပြုလုပ်နိုင်စေ ပါတယ်။
၂. မတော်တဆမှု တစ်စုံတစ်ရာဖြစ်တဲ့ အခါ အလွယ်တကူ ထွက်နိုင်မယ်
အကယ်လို့ လူတစ်ယောက်က အရေးပေါ် ကျန်းမာရေး အခြေအနေတွေနဲ့ ကြုံတွေ့ရ တဲ့အခါ အပြည့်အဝပိတ်ထားတဲ့ တံခါးတွေက တစ်စုံတစ်ယောက်ဆီက သတိပြုမှုကို ရရှိဖို့ အရမ်းကို ခက်ခဲပါတယ်။
တံခါးနဲ့ ကြမ်းပြင်ကြား ကွာဟထားရင်တော့ အရေးပေါ်အခြေအနေ တွေမှာ လူနာကို ကြမ်းပြင်ကနေ အမြန်ဆုံး သယ်ထုတ် နိုင်မှာ ဖြစ်ပါတယ်။ လူနာကိုတွေ့တဲ့လူက ကြမ်းပြင်အောက်ကနေ လျှောဝင်ပြီး တံခါးကို Lock ဖြုတ်နိုင်သလို တံခါးကို မဖျက်စီးပဲ နဲ့လည်း အထဲကို လွယ်လွယ်ကူကူ ရောက်စေ နိုင်ပါတယ်။
၃. သန့်စင်ခန်းတွင်းက မဖွယ်မရာ အပြုအမူတွေကို တားဆီးနိုင်မယ်
အများသုံး အိမ်သာ တစ်ခါးတွေကို အောက်ကြမ်းပြင်ထိ မပိတ်ထားခြင်းကလည်း သန့်စင်ခန်းထဲက မဖွယ်မရာ အပြုအမူတွေကို တားဆီးပြီးသား ဖြစ်စေမှာပါ။
၄. ကုန်ကျစရိတ်ကို သက်သာစေတယ်။
ကြမ်းပြင်မှ မျက်နှာကြက်အထိ ကျယ်ပြန့်သော ဆောက်လုပ်ရေးအခန်းကန့်များက ပိုမိုတိကျသောဒီဇိုင်းနဲ့အမျိုးမျိုးသော ကုန်ကျစရိတ်ကို များပြားစေတဲ့ ပစ္စည်းများအသုံးပြုရန် လိုအပ် ပါတယ်။
လုပ်ငန်းရှင် တစ်ယောက် အနေနဲ့တော့ အသုံးစရိတ်ကို ချွေတာနိုင်ဖို့ အတွက် ကြမ်းပြင်နဲ့ ကွာဟထားတဲ့ တံခါးတွေကို အသုံးပြုကြ ပါတယ်။
၅. သန့်စင်ခန်းအတွင်းရှိ အနံ့အသက်ဆိုးတွေကို ပယ်ရှားစေနိုင်တယ်
အလုံပိတ်ထားတဲ့ တံခါးတွေက သန့်စင်ခန်းအတွင်းထဲက အနံ့အသက်ဆိုးတွေကို ပျောက်သွားစေဖို့ ခက်ခဲပါတယ်။ ကြမ်းပြင်နဲ့ ကွာဟထားတဲ့ တံခါးတွေကတော့ အခန်းအတွင်းရှိ လေကို ပျံ့နှံ့စေပြီး အနံ့အသက်ဆိုးတွေကို လွယ်လွယ်ပျောက် သွားစေနိုင် ပါတယ်။
၆. သန့်စင်ခန်းအတွင်း လူရှိ၊မရှိ အလွယ်တကူ သိနိုင်တယ်
တံခါးတွေ အလုံပိတ်ထားရင် ကျွန်တော်တို့က အထဲမှာ လူရှိ၊ မရှိ မသိနိုင်ပဲ တံခါးကို ဆွဲဖွင့်မိတာတွေ ဖြစ်တတ်ပါတယ်။ တံခါးတွေကို ကြမ်းပြင်နဲ့ ကွာဟထားရင်တော့ အထဲမှာ လူရှိ၊ မရှိ လွယ်လွယ်ကူကူ သိနိုင်ပါတယ်။
၇. သန့်စင်ခန်းအပြင်မှာ တန်းစီနေတဲ့လူတွေကို မြင်နိုင်မယ်
သန့်စင်ခန်းတံခါးက လုံးဝအလုံ မပိတ်ထား ဘူးဆိုရင် အထဲကလူက သူ့ကိစ္စကို အမြန်ဆုံးလုပ်နိုင်ပြီး အပြင်က လူတွေ ကြာရှည်စွာ စောင့်စရာ မလိုတော့ပါဘူး။
၈. အိမ်သာသုံးစက္ကူကို အလွယ်တကူ ဝေမျှနိုင်မယ်
အိမ်သာအသုံးပြုနေစဉ် အိမ်သာသုံး စက္ကူကို ရှာမတွေ့တာက တကယ်ကို အခက်တွေ့စေ ပါတယ်။ အိမ်သာတံခါးတွေက အလုံမပိတ် ထားတာကြောင့် အခြားတစ်ယောက်က သင့်ကို အိမ်သာသုံးစက္ကူ အလွယ်တကူ ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုဆို သင်လည်း ရုပ်ပျက်ဆင်းပျက်ကြီး မဖြစ်တော့ဘူးပေါ့နော်။
No Comments